အားလုံးပဲ၊မင်္ဂလာပါ၊ဒီဇင်ဘာ(2011)ကိုရုန်းကန်ဖြတ်ကျော်ရင်း သည်ရွာကလေးနဲ့အဆက်ပြတ် သွား ခဲ့ တာ၊ တစ်လနီးနီးပါပဲ၊ကုမ္ပဏီ ရဲ့ ရည်မှန်းချက်                                                      ( တာ့ဂက်) ပြည့်နိုင်ခဲ့သလို၊ နှစ်ချုပ်တဲ့စာရင်း ပိတ်ရာသီ မှာမျက် နှာ ပန်းလှခဲ့ပါတယ်။

ဝန်ထမ်းအကဲဖြတ်အမှတ်ပေးပွဲ၊အောက်မြန်မာပြည်ဆုပေးပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ သည့်နောက်တော့ (27.12.2011)  မှ စပြီးအလုပ်အားရက် (4.01.2012) ထိရုံးပိတ်ရက်၊အနားယူရက်ရခဲ့ပါတယ်။

သည် ပိတ် ရက်အတွင်းမှာ ကျိုက်ထိးရိုးဘုရားဖူးခရီးကို မိသားစုနှင့်အတူသွားဖြစ်ခဲ့ပါတယ်၊မရောက်တာ လေး နှစ် လောက်ရှိခဲ့ပေမည့် ၊ ရသေ့တောင်မှ ဘုရားရင်ပြင် အနီး အထိ တောင်တက်လမ်း အသစ်ဖေါက်လိုက် တာ၊ ရင်ပြင်တော်ပေါ်နဲ့၊ရင်ပြင်အနီးတည်းခိုခန်း တွေပိုများ များ ဖွင့် နိုင်လာတာ၊ဘုရားကြီးရဲ့ဘေးဘက်ဝဲ၊ယာ မှာရှိတဲ့ အခြား ထင်ရှားသော သမိုင်းဝင် နေရာတောင် ကြောလမ်း တွေမှာ စေတီငယ်၊ရုပ်ပွါးတော်တွေတိုးပွား လာပြီး၊အလှုခံတွေမှိုလိုပေါက်လာတာ ကလွဲပြီး၊ ကျန်မြင်ကွင်း နှင့် အကြောင်းအရာ တွေကတော့မ ပြောင်းလဲ သေးပါဘူး၊ ဒီဇင်ဘာ၊ 27  ည မှာစထွက်ပြီး၊ 28 ရက်မှာကင်ပွန်းစခန်းရောက်ပါတယ်၊တောင်တက်ကားနဲ့ ရင်ပြင်ပေါ်အရောက်

ကားစီးပြီးတက်ပါတယ်၊ အဲသည်တောင်ပေါ်အတက်ကားစီးရတဲ့ ကင်ပွန်းစခန်း၊တောင်ခြေကားဂိတ်မှာ ပဲ –ဘကြီး တစ်ယောက် ဒေါသနဲ့ စဖွင့်ခဲ့ရပါတယ်ဗျား၊ဘုရားဖူးတွေ က အဲသည်ကားဂိတ်မှာ ကားပေါ်တက် တဲ့ စတီးလှေခါးပေါ်မှာတန်းစီပြီးကားပေါ်တက်ဘို့စောင့်နေကြပေမည့်၊ကားကအဲသည်လှေခါးနားလည်း ဆိုက်ရော၊  ဟော — အားကောင်းမောင်သန် ယောကျာင်္းတွေကလှေခါးကမတက်ပဲ ကားဘေးဘီ ၀ဲ /ယာ တွေကနေအတင်းတွယ်တက်တော့တာပါပဲ၊သည်တော့လှေခါးတွေပေါ်မှာတန်းစီစောင့်နေတဲ့ သက်ကြီးရွယ် အိုတွေ၊ကလေးတွေ၊မိန်းမတွေခဗျာနေရာမရတော့ပဲ အပေါ်အရင်ရောက်သူတွေရဲ့တွန်းထိုးဖယ်တာခံကြရပြီး၊အလုအယက်တက်နိုင်သူတွေ သာနေရာ ရကြပါတယ်၊ တစ်ချို့လည်းအဖွဲ့လိုက်လာတာ၊ နှစ်ယောက်ကကား ပေါ်မှာ၊ကျန်တဲ့လူတွေကကားအောက်မှာကျန်ခဲ့ပေါ့၊ လူစုကွဲပြီးအော်ကြ၊ဟစ်ကြ၊ နဲ့ နိုင်ငံခြားသား တွေက သည်မြင်ကွင်းကို အထူးအဆန်း ရိုက်လိုက်တဲ့ဓါတ်ပုံတွေ၊တစ်ဖြတ်ဖြတ်ပါပဲ၊(2012) ကဗ္ဘာပျက်ကားထဲက လူတွေ အသက်ရှင်ဘို့အရေးအလုအယက်တိုး ဝှေ့ပြီးလေယာဉ်တွေ၊ သင်္ဘောတွေပေါ် တက်တဲ့မြင်ကွင်း ကို သတိယမိပါတယ်၊ ဖြစ်ချင်တော့ အဲသည်ကားတွေပေါ်လုတက်ရင်း၊ ကျုပ်ကလေးနှစ်ယောက်ကိုသူတို့ အမေနဲ့အဒေါ်ကကားပေါ်တွန်းတင်တာကားပေါ်လည်းရောက်ရော၊ ခပ်ကြီးကြီးမိန်းမတစ် အုပ်နဲ့ယောက်ကျား တစ်အုပ်က၊ကျုပ်ကလေးတွေနေရာမထိုင်ခင်သူတို့ခန္တာကိုယ် ကိုမနဲပြန်ရပ်နေတုန်းနေရာအတင်းဝင်လုပြီး ဦးအောင်ထိုင် တော့ ကလေးတွေခဗျာနေရာမရပဲမတ် တပ်ရပ်နေရပါရော၊ အဲသည်အချိန်ကျုပ် ကသူတို့နဲ့ဆန့် ကျင်ဘက်တစ်ဖက် ကားဘောင်ကနေကျော်ခွတက်ပြီးနေရာဦးနေတာပေါ့၊ လူတွေအလုယက်ဆူညံနေတော့ ကျုပ်ကိုလည်းမိသားစုက အာရုံမရပဲ သူ့နည်းသူ့ဟန်နဲ့ကားပေါ် ရောက်ရေး ကလေးတွေကိုအရင် တွန်းတင် တာကလား၊ ကျုပ်ဦးထား တဲ့နေရာ က လည်း၊ သူများလူအုပ်ကအတင်းအလုံးအရင်းဝင်ထိုင်တော့ ၊၊ကျုပ်ပြန် ဆင်း ရပြန်တယ်၊ အဲသည် အချိန် မှာ ခယ်မကလေးက ကျုပ်တို့ခရီးဆောင်အိတ်တွေကို ကားရဲ့နောက်က ပစည်းထည့်တဲ့ ၀က်ခြံအကန့် က လေးထဲပစ်ထည်လိုက်မိလျှက်သားဖြစ်သွားပါရော၊ သည်တော့က လေးနှစ် ယောက်ကကားပေါ်မှာ၊ အိတ် တွေ ကလည်းကားပေါ်ထည့်ပြီးနေ၊ အဲဒါ ကားစပါယ်ယာကို အိတ်တွေပြန်ချ ပေး ပါအကျိုးအကြောင်းပြောတော့ ၊အိတ်တွေကအောက်ဆုံးရောက်သွားလို့ မရတော့ဘူးဆိုပြီးငြင်းပြီးရှောင် ထွက် သွား ပါတယ်၊ကဲ အဲဒါနဲ့ မိန်းမနဲ့ ခယ်မကိုနောက်ကားမှလိုက်ခဲ့ ကလေးတွေကိုသည် အတိုင်းခုံထိုင်စရာမရ လည်း ကြပ်ညှပ် တဲ့လူ တွေကြားမှာ ဖြစ်သလိုလိုက်စေပြီး ငါလည်းဖြစ်သလိုလိုက်သွားမယ် ဆိုကာအဲသည် ကား ပေါ် အတင်း တွယ်ကပ် တက်ပြီး၊ ခုံမရလည်းလူတွေကြားမှာမတ်တပ်ရပ်လိုက်ဘို့ဆုံးဖြတ်လိုက်ပါ တယ်၊ အဲသည်မှာ ကျုပ်ဇတ်လမ်းက စတော့ တာပါပဲ၊ ကျုပ်နောက်မှာထိုင်နေတဲ့ လူက လူပြည့်နေတာ ဘယ်လိုလိုက် လို့ရမှာလည်း၊ဘာ ညာဆိုအတင်းပြန် ဆင်းခိုင်းပါတော့တယ်၊ ကျုပ်ကအကျိုးအကြောင်းရှင်းပြပြီး ပြောတာ မရ တော့ ၊ဒေါသကပေါက်ကွဲလာပါပြီ၊ ဘယ် လောက်  တောင် အဲသည် လူကိုအော် ငေါက်ပြစ်လိုက် တယ်မသိ တော့ပါ၊ ချရမယ်ဆိုလည်းလက်သီးချင်းချ ဘို့ပါ ကျုပ်ကပြင်လိုက်တော့ အဲလူလုံဝအသံတိတ်သွားပါတယ်၊  ပြောရရင်ကျုပ်ကလေး  တွေ အရင်ရတဲ့နေရာ ကိုသူတို့ လူအုပ်အတင်းဝင်လုထိုင်တာလေ၊ ခဏနေတော့ ခုန ရှောင်နေတဲ့စပါယ်ယာ ရောက်လာပြီး၊ လူရေ တွက်၊ ကားတစ်စီးလူ(40)ပဲတင်ခွင့်ရှိတယ်ဘာ ညာ လုပ်ပြန် တော့၊ကျုပ်အော်ငေါက်ခံရလို့ပါးစပ်ပိတ်သွားတဲ့ အကောင်က တစ်စခန်းထပြီး ကျုပ်ကိုလက်ညှိုးထိုးကာ စပါယ်ယာဘက်လှည့်ပြီး၊လူပိုနေပြီဘယ် လိုလုပ် မှာ လည်း ဆိုပြီးစပယ်ယာ ကိုမြှောက်ပေးပြန် ရော၊ စပါယ်ယာ ကတစ်ကယ်တော့ သည်ဖြစ်ရပ်ကို အစဆုံး သူသိ ပြီး သား၊ သည်တော့ကျုပ်ကိုလည်းမပြောရဲတော့ပဲ၊ ခင်ဗျားတို့ဘာသာ အတင်း လုယက် တက်ကြတာ၊ ကျုပ်တို့နဲ့ မဆိုင် ဘူးတဲ့ဗျား၊ကျုပ်လည်းပေရပ်နေတာပေါ့၊ သည်တော့ကားကမထွက် ဘူး ဆိုလုပ်က ရော၊သည်တော့မှ ကျုပ်ကလေးတွေနေရာကို အတင်း တက်လုထိုင်တဲ့ မိန်းကလေးခပ်ကြီးကြီးတွေက ကလေးနှစ်ယောက် ကိုသူတို့ ပေါင် ပေါ်ဆွဲထိုင်ခိုင်းပြီး၊ ကျုပ်မတ် တပ်ရပ် နေ တဲ့ရှေ့ ခုံတန်းကကောင် မလေး ကလည်း သူ တို့ခုံတန်း လူ(5) ယောက်ပဲရှိသေးတယ်၊ (6)ယောက် ထိုင် ရမှာ၊တစ်ယောက်စာရသေးတယ် ဦးလေးလည်းဝင်ထိုင်လိုက်ပါဆိုပြီး ဘေးတိုးကပ် လိုက် တော့ ကျုပ် တစ် နေ ရာစာရပြီး၊ ထိုနေ့က ထိုကားဖြင့် တောင်ပေါ်ရောက်ခဲ့ပါသည် ခင်ဗျား။

မည်သို့ဆိုစေ ဘုရားကြီးဖူးလိုက်ရလို့ အပန်းတော့ပြေရပါသည်၊ ဒီဇင်ဘာရက်(20)နဲ့ခရစ်စမတ်၊ ဟက်ပြီးန ယူး ရီးယား ရက် အထိ ကျိုက်ထီးရိုးဘုရားဖူးတွေ အလွန်များပြားသောနေ့ များဖြစ်တဲ့အတွက်၊ တည်းခိုခန်းတွေလည်းဈေးအလွန်ကြီးတတ်တာနှစ်စဉ်လိုပါပဲ၊ ပုံမှန်လူ(5)ယောက်တည်းတဲ့အခန်းကို တစ်ရက်တည်းခ 25000 ကျပ်က နေ ကျုပ်တို့ 40000ကျပ် ထိပေးခဲ့ရပါတယ်၊ ဒါဟာကျိုက်ထီးရိုးလို့ မအော်ချင်ပါဘူး ၊တစ်နှစ်တစ်နှစ် ဂေါပက တွေ ရဲ့လေလံကြေးတွေဟာ ဘုရားဖူးလုပ်သားပြည်သူတွေအပေါ် လေးလံသော ၀န်ထုပ်  ဖြစ်စေ တဲ့အဓိက အ ကြောင်းပါပဲ၊လေလံဘယ်လောက်သောင်းကျန်းသလည်းဆို၊ ကျီးကန်းပါးစပ်တို့၊မုဆိုး တောင်တို့ဘက် အသွား လမ်း တွေမှာ၊လေလံရ ဘုရားတည်သူတွေအလွန်များပြား လာပြီး၊ပုံပြင်၊ဒန္ဒာရီ အမျိုးမျိုး၊ နဲ့ လှူရင်ဘယ် လိုဖြစ် တယ်၊မလှူရင်ဘယ်လိုဆိုပြီးကြောက်တတ်၊တဲ့ မြန်မာဘုရားဖူး တွေရဲ့ အလှူငွေတွေ ထွက်အောင် စွမ်းနိုင်ကြပါ ပေတယ်။ ဒါ ဒို့တိုင်း ဒို့ပြည်x ဒို့မြန်မာပြည် ပါကလားကွယ်ရို့။

အစဉ်ပြေတာလေးတွေလည်းရှိပါတယ်၊ မိသားစုလိုက်ဆိုတော့ မဒမ် ဘကြီးက ဟင်းတွေကိုအိမ်မှ စီစဉ်ယူသွားတော့ တောင်ပေါ်မှာထမင်း ပဲဝယ်ရတယ်၊ ထမင်းပူပူလေး ကို တစ်ထုပ်မှ နှစ်ရာ၊ သုံးရာရောင်းပေးတယ်၊ တန်ပါ တယ်၊ ရေနွေးလည်းရောင်ပေးတယ် သာဓု လိုတောင်ခေါ်ခဲ့မိသေးပေါ့၊ အဲ ကျီးကန်းပါးစပ်ဘက်အသွား အတက် / အဆင်းတွေက များလှတော့ အဲနား လည်းရောက်ရော၊ တော်တော်မောလာတာပေါ့ ၊သည် တော့ ရေဆာ၊ ရေနွေးကြမ်းကလေးသောက်ပြီး၊မဖြစ်မနေထိုင်ပြီးခဏနားချင်လာပါရော၊ အဲသည်နေ ရာရောက်  ရင် အဲလို ခံစားရတာ လူတော်တော်များများပါပဲ၊ချိန်ကိုက်၊နေရာကိုက်လို့တောင်ပြောရမယ်၊ အဲသည်အနားမှာလှေခါး ထစ်အမြင့်တစ်ထပ်တက်ပြီးရင် အဲသည်ကုန်းပေါ် တည့်တည့်မှာ တောင်စောင်းလေးကိုကဘောင် တင်ပြီး ဗျူးကောင်းကောင်းဆောက်ထားတဲ့ အကြော်စုံတဲကလေးရှိပါသဗျား၊တစ်ပွဲ နှစ်ထောင် နဲ့ ပြင်းတွဲတွဲ အကြော်ကိုကြိတ်မှိတ် စားခဲ့ရပါတယ်၊ ဆပ်သားခြောက်စားကြည့်တော့လည်း၊ကိုက်မရ၊ဖဲ့မပါ အရွတ်တွေအများကြီးနဲ့မို့၊ ပန်း ကန်ပြားသေးလေးတစ်ပွဲ နှစ်ထောင် ပေးလိုက်ရပြန်ရော၊ နှမြောစရာလို့၊ မှတ်ကြီး မှတ်လိုက်ပါတော့တယ်ညဘက်ဘုရားဖူးပြီး၊ တော့မိသားစု မောမောနဲ့ မနက်အာရုံဏ်ဆွမ်းကပ်အမှီ စောစောအိပ်လိုက်ပါတော့တယ်။

နံက်ပိုင်း(4)နာရီလောက်ထပြီး၊ကျိုက်ထီးရိုးဘုရားကြီးကို အာရုံဏ်ဆွမ်းကပ်၊ရွှေသင်္ကန်းကပ်ကြပါတယ်၊ပြီးတော့ အလုအယက်တက်ရမည့်၊ တောင်ဆင်းကားများစီးရန်၊ ကျိုက် ထီး ရိုးတောင်ကြီးကိုအာရုံတက် နှုတ်ဆက် ခဲ့ပါ တယ်။

ထုံစံအတိုင်းရင်ပြင်တော်မှဆင်းပြီး၊ဘုရားမုဒ်ဦးရောက်တော့ ၊ကားဂိတ်မှာအဆင်းလူတွေပြည့်ကြပ်ပြီး၊ အလု အယက် တက်နေပြန်ပါတယ်၊ တိုးရ၊လုရပေအုန်းတော့မည်၊ ရင်မောစ ရာ ပါပဲ။အဆင်းဂိတ်မှာ ရသေ့တောင်ဆင်းမည့်သူ၊ ကင်ပွန်းစခန်းဆင်းမည့်သူရယ်လိုရှိရာ၊ ဘယါဘက်အခြမ်းမှကား ကိုစီးရမလား၊ ညာဘက်က၊ ကားစီး ရ မ လား ဘာသင်္ကေတမှ မရေးထားသမို့ ထိုနေရာမှာ၊ ကားဆရာများကိုအမိန့်ပေး ဟောင်ဘွာလဘွာ လုပ်နေ သူတစ်ဦးကို ခွဲခြားသိရန်သွားမေးမိသည်၊ သိချင်ဟို မိုက် နဲ့အော်နေတဲ့ ဂိတ်မှာသွားမေးတဲ့ဗျား၊ ကဲတစ်ကယ်တော့ ထိုသူသည်ထိုနေရာ၏၊ကွပ်ကဲရေးတစ်ယောက်ဖြစ်ရာ၊ခရီးသည်အပေါ် ပြီးပြီးရောပထုတ် လိုက်သည်မှာ၊ တော်တော်အချဉ်ပေါက်စရာကောင်း လှပေရော့သည်။ ကားတွေတစ်စီးပြီးတစ်စီးဆိုက်သည်၊ထုံးစံအတိုင်း တိုးနိုင် ဝှေ့နိုင်သူတွေသာပါသွား သည်၊လှေခါးပေါ်တန်းစီထားသူတွေလုံးဝမပါ၊ တစ်ခါတွင်၊ကား (4)စီးလောက်လာသည်၊ တန်းစီထားသောနေရာပင် ထိုကားများမရောက်ခင် ကားပေါ်လုတက်ကြသူတွေ ပြည့် သွားပြီ၊လူတစ်ယောက် သူ့တို့အိပ်တွေကားပေါ်ပါသွားပြီး၊လူတွေကျန်ရစ်လို့ စောစောက ကြည့်ကြပ်နေသူထံအကူညီတောင်းရှာသည်၊သနားစရာမျက်နှာငယ်နှင့် ထိုကြည့်ကြပ်သူက စပါယ်ယာနှင့်ပင်ပေါင်းပြီး ထို ဒုခသည် ကို၊ သည်လောက် တောင်နားမလည် ရကောင်း လား၊ ဆိုပြီးဝိုင်းဟောက်သည်၊ သူရို့ဘက်မှ ဘယ်လိုကူညီပေး မည် ဟု တစ်ခွန်းမှ ထွက်မလာ၊ထိုမြင်ကွင်းကိုကြည့်ရင်း စောစောက စိတ်အချဉ်ပေါက်တာတွေက ကျနော့ကို

အမြှုပ်ထွက်အောင်ဆူပွက်စေတော့ပြီ၊   ( မင်းတို့လုပ်တာတွေ သောက်သုံးမှမကျပဲ၊ စစ်စတန် ကိုမရှိဘူး ၊ခရီး သည် တွေပဲမဲ ဆူနေတယ်၊ ဘယ်လိုကူညီပေးမယ်ဆိုတာ၊တစ်ခွန်းမှ ကိုမဟ ဘူး)ဟုကျနော် ၀င်ဟောက် မိရာ မှ တစ်ယောက်တစ်ခွန်း စကားများပါလေတော့သည်၊ အလုအယက်မတက်နိုင်သော သက်ကြီးရွယ်အိုများ၊ မိန်းမကြီးများအားလုံး ကျနော့ဘက်မှ ၀င်ထောက်ခံကြတော့ ထိုသူတွေနဲနဲညိမ်ပြီး အသံပိတ်ကာ၊ ကျနော့ကို ဘုရှိုးကြပါတော့သည်၊ ဇနီးသည်ကတော့ ကျနော့အကြောင်းသိပြီးမို့ တော်တော့ ဆိုပြီး လက်ကိုဆွဲပြီးတား ရှာ သည်။ဟန်ကိုယ့်ဘို့ ဆိုသလို ကျနော်က၊ကားတန်းကို ကင်မရာဖြင့် ရိုက်ပြီး၊ ငါ ရန်ကုန်ရောက်ရင် တင်ပစ်မှာဟု ခပ်ကျယ်ကျယ် ပြောလိုက်တော့ ဘုရှိုးေ န သူလေး ငါးယောက်၊ကျနော့မြင်ကွင်းမှပျောက် သွား ကြပါသည်ခင်ဗျား။

တစ်ကယ်ဆို တန်းစီစံနစ်သုံးသုံး၊ လက်မှတ်ရောင်း၊ကား၏ခုံပုံစံ ပလမ်နှင့် ကိုယ်ကားနံပါတ်ကိုယ်တက်စံနစ် ဆိုရပါလျှက် နှင့် ကားခရဘို့ နှင့် ကားပေါ်လူ(40)ထက်ပိုမတက်ရ ဘူး ဆိုတာလေးပဲအား စိုက်ကာ၊ ဘုရားဖူး တွေအစဉ်ပြေရေးလုံးဝထည့်မတွေးသောကိစ္စသည် ၊နိုင်ငံခြားသားတွေကြားတွင်ဓါတ်ပုံတစ်ဖြတ်ဖြတ်နှင့် လွန်စွာရှက်ဘို့ကောင်းပါကြောင်း။

အပြန်မှာ ပဲခူး ဘုရားတွေဖြစ်တဲ့ ရွှေမော်တော ဘုရားကြီး၊ရွှေသာလျှောင်း၊ကိုးသိန်းကိုးသန်း ဘုရားတွေ ၀င်ဖူးကြပါတယ်၊ ရွှေသာလျှောင်းဘုရားဝင်းမှ ပဲခူးမနီ ငါးဖယ်ချဉ် ဆိုင်ဘေး(ဘယ်ဘက်ဆိုင်) မှ ကောက်ညှင်းထုပ်ကြီးတွေ တစ်ထုပ် နှစ်ရာကျပ် နဲ့ ၀ယ်ခဲ့ပါတယ်၊သူနမူနာပြတဲ့ကေါက်ညှင်းထုပ် လိုမဟုတ်ပဲ သူကကောင်တာရွေးပေးမယ် ဆိုရွေးပေး လိုက်တာ အိမ်ရောက်တော့ ဖွင့်စားမယ် ကြည့်တော့ (5)ထုပ်စလုံးကအသိုးတွေ ဖြစ်နေပါသဗျား ။ငွေတစ်ထောင် ပလုံသွားပါတယ်။အစားအစာနှင့်ဆေးဝါးကွပ်ကဲ သူများ တန်ခိုးကြီး ဘုရားတွေမှာ၊  အစား အသောက်ရောင်း တဲ့ဆိုင်များကိုပစ်မထား သင့်ပါကြောင်း၊နိုင်ငံခြားသားတွေ ၀ယ်မိရင် တိုင်းပြည်နှင့်ချီ ပြီး ရှက်စရာကောင်းပါကြောင်း အပြုသဘောဖြင့်ဖေါ်ပြပါသည် ။

အားလုံးကိုလေးစားစွာဖြင့်—- ဘကြီး။

 

 

 

 

About ba gyi

ba gyi has written 34 post in this Website..