ဒီနေ့ Facebook ကိုမွှေနှောက်ဖတ်ရှု့ရာ သတင်းတစ်ခုတွှေ့လို့ ရွာသားတွေကို သိအောင်အသိပေးတာပါ…

ATM Cash Withdrawal ATM A/C to A/C Transfer အတွက် Commission Fees သတ်မှတ်ခြင်းကိစ္စ။
ATM စက်ဖြင့် Cash Withdrawal ATM A/C to A/C Transfer အတွက် ATM Commission fees နှုန်းထားအားအောက်ပါအတိုင်းသတ်မှတ်ပါသည်။
(က) ငွေကျပ်တစ်သိန်းတိတိတစ်ကြိမ်ထုတ်ယူမှု / လွှဲပြောင်းမှု အတွက် ကျပ် – ၅၀၀/-
(ခ) ငွေကျပ်တစ်သိန်းနှင့်အထက် (ကျပ်သုံးသိန်းအထိ) တစ်ကြိမ်ထုတ်ယူမှု / လွှဲပြောင်းမှု အတွက် ကျပ် – ၁၀၀၀/-

CB Bank ရဲ့ Facebook မှာ အဲ့ဒီ Status တင်ထားပါတယ်… ကျွန်တော်လည်း သူတို့ရဲ့ အဓိပါယ်ကို ဘာကိုဆိုလိုတယ်ဆိုတာ နားမလည်ပါဘူး…  ထင်တာကတော့ တစ်ခါ ATM စက်မှာထုတ်ရင် တစ်သိန်းအောက်ဆိုရင် ငွေ 500 တောင်ပေးရမတဲ့…. သကြီးရေတစ်ခါထုတ်တိုင်း ၅၀၀ ဆိုရင် ၁၀၀၀ ထုတ်ရင် ၅၀၀ ဘဲရတော့မဲ့ပုံဘဲ…

အဲ့ဒီသဘောမဟုတ်ဘဲ ATM Transfer ဖြစ်တဲ့ Location အလိုက်ကိုယူတာလား ???? ကိုယ်လုပ်တဲ့ Bank မဟုတ်ဘဲ တစ်ခြားတစ်နေရာကနေ ထုပ်လို့ရှိရင် ပေးရမှာကို ပြောတာလား…. မြန်မာပြည်မှာ နည်းနည်းလောက် နည်းပညာတိုးတတ်တဲ့ ပစည်းကို သုံးမယ်ကြံရင် ပေးလိုက်ရတဲ့ ဈေးနှုန်းက မတန်တဆဘဲ

ATM Credit Card ဆိုတာ ဘဏ်မှာ ငွေအပ်တဲ့သူတွေ ငွေထုပ်တဲ့အခါ အဆင်ပြေအောင်၊ ဘဏ်ကို လာစရာမလိုဘဲ အချန်မရွှေး ၂၄ နာရီ နီးစပ်ရာ စက်တွေမှာ ထုပ်လို့ရအောင် ဘဏ်က သူ့ရဲ့အပ်ငွေပေါ်မှာမူတည်ပြီး ပေးတဲ့ ၀န်ဆောင်မှု့ပါ… ဒါကိုသုံးတဲ့အတွက် နိုင်ငံခြား Singapore, Malaysia, Thailand, Cambodia တွေ တစ်ခြားနိုင်ငံတွေမှာ ဘာမှထပ်ပေးစရာ မလိုပါဘူး… သတ်မှတ်ထားတဲ့ ငွေပမာဏ ပြည့်မှလုပ်ပေးတာတော့ တစ်ချို့ဘဏ်တွေ ရှိခြင်ရှိမယ်… မြန်မာပြည်က ဘဏ်လုပ်ငန်းရှင်တွေက နိုင်ငံခြားဘဏ် ပြိုင်ဆိုင်မှု့ မရှိတော့ သူတို့လုပ်ခြင်သလို ပြည်သူတွေဆီက မရရတဲ့နည်းနဲ့ ငွေညစ်ယူနေကြတာ…. တကယ်သာ ဒီလိုလုပ်ရင် တစ်ချိန် နိုင်ငံခြားဘဏ်တွေ ၀င်ခွင့်ပြူ ဖွင့်ခွင့်ပြုလိုက်ရင် သူတို့ရှုံးတောင်သွားလိမ့်မယ်…. အခုဆိုရင် နိုင်ငံခြားဘဏ်တစ်ချို့ ဖွင့်ဖို့ စုံးစမ်နေကြတယ်လို့ကြားတယ်… အစိုးရက ပြည်တွင်းဘဏ်တွေ နိုင်ငံခြားဘဏ်တွေနဲ့ ယှဉ်နိုင်မှ ခွင့်ပြုမယ်တဲ့…နိုင်ငံခြားတိုင်းပြည်တွေမှာ ဒီလို ATM Credit Card လုပ်တာမပြောနဲ့ Visa Card လုပ်ရင်တောင် တစ်နှစ်စာမှ US$ 10 လောက်ဘဲကျတာ… အဲ့ဒီ Visa, Master Card နဲ့ တိုင်းပြည်အတွင်းထုပ်ရင် ဘယ်လောက်မှ ၀န်ဆောင်ခ မပေးရဘူး… သူများနိုင်ငံမှာ ထုပ်မှသာပေးရတာ…

ရွာသားတွေလည်း ဒ်ီကိစ္စ နဲ့ပတ်သတ်ပြီး ဘယ်လိုအမြင်ရှိလဲဆိုတာ ဆွေးနွေးကြည့်ရအောင်…

About kanjosan

has written 30 post in this Website..