Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျော်ပျော်ပါးပါးခရီးသွားကြစို့

zarlayJanuary 12, 20121min41414

‘နေပြည်တော်ရေပူဆမ်းအပန်းဖြေစခန်း’  ဆိုလို့ဇာတို့ ရုံးမှာ English စာသင်တန်း (၁) လပြီးတော့ ဆရာက သင်တန်းသားအချင်းချင်း ပိုပြီးရင်းနှီးအောင် excursion ထွက်ကြမယ်ဆိုတော့ ရေပန်းတို့ ဆာဖာရီတို့ တိုင်းရင်းသားကျေးရွာတို့သွားတာထက်ပိုပြီးအကျိုးရှိအောင် Hot Spring ကိုသွားကြမယ်ဆိုပြီး ဆရာက ဆုံးဖြတ်လိုက်တယ်လေ ဇာတို့အဖွဲ့ကဆရာကြီးအပါအဝင်ကားသမားကော(၂၆)ယောက်ပေါ့နော် (၂၆)ယောက်လုံးဘယ်သူမှ ရေပူဆမ်းကိုမရောက်ဘူးကြဘူးလေ မနက် (၇)နာရီ နေပြည်တော်ကစထွက်တာပေါ့နော် ရေပူဆမ်းကတပ်ကုန်းဘက်ကိုစထွက်ရတာလေ လမ်းမှာ ပင်လောင်းသို့ဆိုတဲ့ ဆိုင်းဘုတ်ဘက်ကိုကွေ့ရတာ တစ်ရာရီလောက်မောင်းပြီးတော့လည်း ရောက်နိုးနိုးပေါ့နော် နောက် နှစ်နာရီ မောင်းပြီးတော့လည်း ရောက်နိုးနိုးပေါ့ လမ်းကလဲ ရှမ်းပြည်ဘက်ဆိုတော့ တောင်တက်လမ်းဖြစ်နေတယ်လေ ဖုန်ကလဲထူသလားမမေးနဲ့ ကားက Light Truck ဆိုတော့ ဘယ်သူ့မျက်နှာကြည့်ကြည့် ပေါင်ဒါရိုက်ထားသလိုပဲ ဖုန်တွေဖွေးနေတာပဲ လှမှလှ ကားကတက်လို့မရတဲ့နေရာရောက်ရင် တဝက်လောက်က လမ်းဆင်းလျှောက်ရသေးတယ် ဆရာကတော့အဲဒီလိုလမ်းဆင်းလျှောက်ရတာကိုပိုကြိုက်တယ် တပည့်တွေကိုလည်း အကုန်ဆင်းလျှောက်စေချင်တယ် နာရီဝက်လမ်းလျှောက်ရမယ်ဆိုတော့ တချို့ကနေလဲပူတော့ မလျှောက်နိုင်ကြဘူး (၁၂)ယောက်လောက်ကတော့လျှောက်နိုင်တယ် အဲဒီထဲမှာဇာလည်းပါတာပေါ့နော် အဲဒါနဲ့ရောက်ခါနီးကျမှ ကားကဆက်မတက်နိုင်တော့ဘဲ ထိုးရပ်သွားတယ် လမ်းကလဲကျဉ်းတော့ နောက်ကကားကိုပိတ်မိသွားရော ပိတ်မိတဲ့ကားကလည်း ‘သီတဂူ’ ဆရာတော်ရဲ့ကားဖြစ်နေတယ် အဲဒါနဲ့ကားကို ဆရာနဲ့ယောကျင်္ားလေး တချို့ကဝိုင်းဖယ်ပေးလိုက်ပြီး ကျန်တဲ့လူတွေကတော့ ရောက်တဲ့ထိ လမ်းဆက်လျှောက်ကြတယ် ဆရာကတော့ခက်ခက်ခဲခဲခရီးပေမယ့် မင်းတို့ကံကောင်းတယ်ပေါ့နော် ‘သီတဂူ’ ဆရာတော်ကို အနီးကပ်ဖူးရလို့၊ (၁၁း၃၀) လောက်မှ ရေပူဆမ်းကိုရောက်တယ်လေ အဲဒါနဲ့ခဏနားပြီး ထမင်းစားကြတယ် ဟင်းကလည်းဆရာကကိုယ်တိုင်ပဲ ဝိုင်းချက်ထားတာကိုစားချင်တယ်ဆိုတော့ အကုန်စုချက်ထားတာပေါ့နော် ဇာတို့ရေပူကန်မှာ ကြက်ဥပြုတ်စားကြသေးတယ် ရေကပွက်ပွက်ဆူနေတော့ ၃ မိနစ်ပဲ ပြုတ်ရတယ်  (၁း၃၀)လောက်မှာရေပူစိမ်ကြပြီး(၃)နာရီမှာ ပြန်ထွက်လာကြတယ် နေပြည်တော်ကို (၆)နာရီလောက်ပြန်ရောက်တယ်လေ ဒီလောက်ပါပဲနော် ဇာတို့ရိုက်ခဲ့တဲ့ ပုံတွေထဲက နှစ်ပုံကိုတင်ပေးထားမယ်နော်  ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်

14 comments

    • Moe Z

      January 12, 2012 at 1:55 pm

      ဘဘကင်းရဲ့ အရမ်းလှလိုက်တာ … 😛 ကို သိတယ်နော်

      ကျေးဇူးတင်ခံချင်လို့မဟုတ်ပဲ ဖတ်သွားပါတယ်မဇာလေးရေ
      ဒါနဲ့ ရေပူစမ်းမဟုတ်ဘူးလားဟင် 🙂 (မမကိုယ်စား)

      • MaMa

        January 12, 2012 at 2:49 pm

        ဆရာမလေး မိုးစက် တော်တယ်။
        ရေပူသာ ဆမ်း လိုက်လို့ရှိရင် ကျောကော့သွားမှာပဲ။
        တော်ကြာ-excursion မှာ လူသားစွပ်ပြုတ် သောက်နေရဦးမယ်။ 😀

  • manawphyulay

    January 12, 2012 at 2:30 pm

    ဇာလေးတို့လည်း သိပ်ပြီး ဘယ်သူမှမသွားဖြစ်တဲ့နေရာ ရောက်သွားတော့ အတွေ့အကြုံအသစ် ရှုခင်းအသစ်တွေနဲ့ တော်တော်ပျော်ခဲ့ကြမှာပဲနော်။ ဖတ်ရင်းနဲ့တောင် သွားချင်စိတ်ပေါက်လာတယ်။ ပုံလေးတွေတင်ပေးဦးလေး ကြည့်ရအောင်။

  • windtalker

    January 12, 2012 at 2:51 pm

    အဖြူအပြာ နဲ ့
    မူယာတွေ ပိုနေတဲ့
    အလှသွေးကြွယ်
    ဇာလေး နှမငယ်

    • M-Lulin

      January 16, 2012 at 12:58 am

      အဗေဒါ ပုံ ချိန်းသွားပြီ ဗျ ..

  • Shwe Tike Soe

    January 12, 2012 at 3:07 pm

    အန်တီဇာနောက်တယ်.. ပုံလဲပါပဲနဲ. ထပ်တင်ပေးအုံးနော်..
    ရေပူစမ်းက တောထဲမှာလား…

  • htet way

    January 12, 2012 at 6:02 pm

    ရေပူချိုးတာတော့ ကောင်းတယ်ဗျာ
    အကြောတွေပွင့်သွားတာပေါ့ red wave ပေးသလိုပဲ
    ကျုပ်တို့ကတော့ ခရီးမထွက်နိုင်ရှာပါဘူးကွယ်
    ဘဝခြင်းခြားနားတာ …ပြောပါတယ်
    အနီးဆုံးချောင်းသာကို တောင် မရောက်ဖြစ်ဘူး
    တလောက ရန်ကုန်က ကျုပ်ဆေးကုထားတဲ့ ကလေးမလေးတို့ မိသားစုက
    စပွန်ဆာလုပ်ခေါ်တာတောင် မလိုက်နိုင်ရှာဘူး။
    ခရီးသွားတာကောင်းပါတယ် ပျော်ဖို့လိုပါတယ်
    ကြုံလို့ ပြောရရင်တော့ ရန်ကုန်ကို သွားတာ အိမ်မဲကား၄နာရီစီးမိတယ်
    ဘေးက ကောင်မလေးတယောက် ပါတယ်နှစ်ယောက်ထိုင်ခုံကိုး သင်းက ကားစထွက်
    ကတည်းကအိပ်တာ ပဲ သူကိုယ်လုံးကကျုပ်အပေါ် ပြိုဆင်းလာလိုက် ကျုပ်က တွန်းထားလိုက်
    နောက် ညာဖက် အင်္ကျ ီက စိုနေတာသတိထားမိတယ်။နှင်းပက်တာလားပေါ့ လက်နဲ့ သုတ်ပြီးနမ်းကြည့်တော့ အား သရေတွေဗျာ..နံလိုက်တာ။ညောင်တုန်းမှာကားရပ်တော့
    ဆင်းပြီးကျုပ်လည်း အဆာပြေ လက်ဖက်ရည်လးဘာလေးသောက်တာပေါ့ သင်းက
    မုန့်ဟင်းခါးစားနေတယ်၊နောက် လက်ဖက်ရည်သောက်တယ် ကျုပ်ကားပေါ်ထက်တော့
    အသိတစ်ယောက်နဲ့ကျုပ် နေရာခြင်းလဲထိုင်လိုက်တယ်။
    ထင်တဲ့ အတိုင်း ဒီကောင်မလေး အံပါလေရော ပြူတင်းပေါက် ဘေးကကျုပ်နေရာလေ
    အဲ့ဒီမှာထိုင်တဲ့ လူအပေါ်အံချလိုက်တာ ပွက်လောညံသွားပါရောလား …ကံသီလို့ အမှားကြီးမှားတော့မလို့။ ဒီလို ခရီးကပျော်စရာ မဖြစ်ဘူး မဇာလေးရေ..။

  • Thel Nu Aye

    January 12, 2012 at 6:20 pm

    မဇာလေးရေ ရေပူစမ်းကတော်တော်ပူတယ်ထင်ပါ့။ အငွေ့ကိုထောင်းထောင်းထလို့။

  • Khin Latt

    January 12, 2012 at 9:44 pm

    ပုံ ကို ဒီမှာ ကြည့်ကြပါ။
    http://myanmargazette.net/93043/travel
    ဆရာဝင်လုပ်ခြင်း မဟုတ်ပါ ရွာသူ/သား အပေါင်းတို့။ ချိတ်ဆက်တာ အကျင့်ဖြစ်နေလို့ပါ။ 😉
    Post လေး အတွက် ကျေးဇူးပါ ဇာလေးရေ။

  • ဦးဦးပါလေရာ

    January 13, 2012 at 12:59 am

    အကျင့်မရှိပဲနဲ့ ရေပူစမ်းမှာစိမ်နိုင်တာကတော့ ထူးဆန်းတာပဲ။
    အဲသလောက်ပူတဲ့ ရေနွေးနဲ့ အိမ်မှာရေချိုးရင် ချိုးနိုင်မယ်မထင်ဘူး…

  • favourite

    January 13, 2012 at 1:36 pm

    ဘာပဲဖြစ်ဖြစ် ဒီနေ့ ဇာလေးရဲ့ပိုစ်နှစ်ခုကို နဲ့ comment တွေကို ဖတ်ပြီး ရီလိုက်ရတာတော့ အမြတ်ပဲ
    ပို့စ်က တစ်ပုဒ် ပုံက တစ်ပုဒ်နဲ့ အရမ်းနောက်တာပဲ
    လူဆိုး

    တီလေးခင်လတ်ချိတ်ပေးထားပေလို့သာပေါ့

  • FattyCat

    January 13, 2012 at 2:35 pm

    ရေပူစမ်းကို ခေါင်တိုင်ရေပူစမ်း၊ လားရှိုးရေပူစမ်းနဲ့ ယိုးဒယားဘက်က ရေပူစမ်း၊ စုစုပေါင်း (၃)ခုရောက်ဖူးတယ်…
    ရေစိမ်လိုက်တာနဲ့ ဥတွေကျက်သွားတာပဲ (ကြက်ဥတွေပြောတာပါ)….
    အရမ်းပူလို့ ရာသီဥတု ဘယ်လောက်ပူပူ မစိမ်နိုင်ပါဘူးကွယ်…
    အရင် ဘဝတွေကိုတော့ သတိရသား….

Leave a Reply