လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် အိမ်မှာ နေတုန်းလေး ခြံထဲမှာ ရှိတဲ့ ပန်းတွေကို လက်တည့်စမ်းရင်း အတွေးတစ်ခု ပေးစွမ်းခဲ့ပါတယ်။ ဒါကတော့ ဘာလဲဆိုတာ….

လှပဝေဆာ ပန်းဘ၀မှာ
သာမွှေးနံ့ထုံ ရနံ့စုံစဉ်
မြင်သူအပေါင်းကတပ်မက်ကြ၏
ပန်းအလှလေးမို့
တချို့ကလည်း ဘုရားလှူဖို့
တချို့ကျပြန် ခေါင်းထက်ပန်ဆင် လှချင်သမို့
သူတို့ဆန္ဒပြည့်ဝဖို့ကို
အို…. ပန်းပွင့်လေးဖြည့်ပေးခဲ့တယ်
မနွမ်းခင်လေး ခဏတာမှာ
သူတကာအတွက် ဖြည့်စွက်ခဲ့လည်း
နွမ်းလို့ ကြွေစဉ်ချိန်ခါမှာတော့
စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ်
သြော်….
အဖြည့်ခံ ပန်းဘ၀လေးပါတကား….

ပွင့်တဲ့ပန်းတိုင်း လန်းစေချင်

နှစ်သစ် လက်တည့်စမ်းထားသည့် ခြံတွင်းမှ ပန်းများ ဖြစ်ပါတယ်

ဒီနှင်းဆီပင်ကတော့ ခြံပေါက်ဝနားမှာ စိုက်ထားခြင်း ဖြစ်ပါတယ်။ အပွင့်သေးပြီး ပွင့်ချပ်များတဲ့ နှင်းဆီတစ်မျိုး ဖြစ်ပါတယ်။

ဒါကတော့ ခုန အပွင့်သေးတဲ့ ပွင့်ချပ်လွှာတွေမြင်ရတဲ့ နှင်းဆီတစ်မျိုးပါပဲ။

အနီရောင် နှင်းဆီပင်လေးကတော့ ခုမှ စပြီး ပွင့်ဖို့ ကြိုးစားနေတုန်းပါပဲ။

အော်လံပန်းလို့ အများက ခေါ်ကြတဲ့ပန်းဖြစ်ပါတယ်။ ခုတော့ တစ်ခိုင်ထဲမှာ သုံးပွင့်ပွင့်နေပါပြီ။ တစ်ပွင့်ထဲပွင့်တုန်းက ရိုက်လိုက်တာပါ။

သူ့အပင်နဲ့ သူ့အပွင့်ကတော့ တကယ်ကို ပဏာတင့်လှပါတယ်။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။