ဟိုတလောက တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် မြန်မာပြည်သို့ ကြွရောက်အပူဇော်ခံပါတယ်။ ကဘာအေး ( ပဆင့်တွေရိုက်လို့မရ) ကုန်းမြေထိ သွားရောက်မဖူးမြော်ဖြစ်ပေမယ့် တီဗီကနေ နေ့စဉ်ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ အရမ်းလဲကြည်ညိုမိပါတယ်။ အဲဒီမှာ မြန်မာလူမျိုးတွေ ဘယ်လောက်အလှူအတန်း ရက်ရောသလဲ ၊ သဒါတရားရှိသလဲဆိုတာ တွေ့မြင်ခဲ့ရပါတယ်။ မိမိဝတ်ထားတဲ့လက်ဝတ်ရတနာကို ချွတ်လှူတဲ့ ပုဂိုလ်တွေလည်း အများကြီးပါ ။ သိန်းဂဏန်းနဲ့ လှူတဲ့ပုဂိုလ်တွေလည်း ဂုဏ်ပြုမှတ်တမ်းလေးတွေ လက်ခံပြီး ပိတိဖြာနေကြတာကိုလည်း တွေ့ရပါတယ်။ ကိုယ်တိုင်လည်း အဲလောက်တော့ မလှူနိုင်ပါဘူး ..လှူနိုင်တဲ့လူတွေကို ချီးကျူးမိပါတယ် .. ( အော် … ဒီ အလှူခံရရှိငွေတွေကိုတော့ မြန်မာ့သာသနာရေးမှာ အသုံးပြုမှာပဲလို့ ကိုယ့်ဘာသာတွေးတာပေါ့နော် …. ) အဲဒီအချိန်မှာ ဒီလှူဒါန်းငွေတွေကို မြစ်ဆုံစီမံကိန်းအတွက် မြန်မာအစိုးရက တရုတ်ကို လျှော်ကြေးပေးဖို့ သဘောတူပြီးသား ဆိုတဲ့ ကောလဟာလတွေလည်း ကြားနေရပါတယ်။

အဲနောက်တော့ ဂျာနယ်တစ်စောင်မှာ ဗုဒ္ဓမြတ်စွယ်တော်အတွက် အလှူခံရရှိသော ရွှေငွေကျောက်မျက်ရတနာများနှင့် ငွေသားများကို တရုတ်ဘုန်းတော်ကြီးထံသို့ လွှဲပြောင်းပေးအပ်တယ်ဆိုတာ ဖတ်လိုက်ရပါတယ်။

ကိုယ်လဲမလှူရပါဘဲနဲ့ အဲဒီအပေါ်မှာ အတ်တဆန်စွာနဲ့တွေးကြည့်မိတယ်။ တို့နိုင်ငံမှာ ဆင်းရဲနွမ်းပါးပြီး မပြည့်စုံတဲ့ ပရိဟိတဂေဟာတွေ ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေ၊ သီလရှင်စာသင်တိုက်တွေ ၊ မိဘမဲ့ဂေဟာတွေ ၊ စိတ်ကျမ်းမာရေး ၊ ဘိုးဘွားရိပ်သာတွေ ၊ ဆေးရုံတွေ တပုံတခေါင်းကြီး လှူစရာနေရာတွေအများကြီးရှိရက်နဲ့ တစ်နိုင်ငံလုံးက အခုလိုများဝိုင်းပြီး ရက်ရက်ရောရောလှူလိုက်ကြရင် ဘယ်လောက်ကောင်းမလဲလို့ပါ …  ( ဗုဒ္ဓစွယ်တော်နဲ့ယှဉ်လို့မရဘူးပေါ့လေ ) ဘုရားကိုရည်စူးပြီး လှူဒါန်းတာမှန်ပေမယ့်လို့ တရုတ်ပြည်ကရသွားတာကိုး …….

Phaung  ကတောလေ …… ဘတ်စကားစီးရင်း/ သွားရင်း လာရင်း တွေ့တဲ့  ယောဂီအိုကြီးတွေ ၊ သီလရှင်ဆရာကြီး/လေးတွေ၊ ဘုန်းကြီးအိုကြီးတွေ ၊ လမ်းမှာတောင်းရမ်းနေရတဲ့ အဘိုး/အဘွားအရွယ်တွေကို တတ်နိုင်သလောက် 100 ကနေ 500/1000 ထိ ကြုံတိုင်းလှူဖြစ်တယ် …ကိုယ်တတ်နိုင်သလောက်လေးပေါ့

တီဗီကနေ ဝေေ၀ဆာဆာနဲ့ ဂုဏ်ပြုမှတ်တမ်းတွေနဲ့လှူနေကြတာကိုတွေ့ရလို့ မိမိအမြင်နဲ့အတွေးလေးကို တင်ပြမိတာပါ…

အမှားပါရင်ခွင့်လွှတ်ကြပါ။

About Phaung Phaung

has written 25 post in this Website..

သစ်တစ်ပင်ကောင်းလို့ ငှက်တစ်သောင်းနားနိုင် တဲ့သူဖြစ်လို၏....