
ံHigh way လမ်းမကြီး

တောင်ပေါ်မှ မြင်ရတဲ့ ရှုခင်း

ကျိုက်သလန်ဘုရားပေါ်မှ မြင်ရတဲ့ရှုခင်း

ဇရပ်ပေါ်က ခိုကလေးနှစ်ကောင်

ဘုရားပေါ်မှ မြင်ကွင်း

ဘုရားပေါ်မှ လှမ်းမြင်ရပုံ

မော်လမြိုင်ထောင်ကို အပေါ်စီးမှ မြင်ရပုံ

ရှုခင်းသာနေရမှ ရိုက်ချက်

ရှုခင်းသာ ကနေ မြင်ရတဲ့ မော်လမြိုင်မြို့

တောင်ပေါ်သွားတဲ့လမ်းလေး

ရှုထောင့်ပေါင်းစုံက ရိုက်ချက်များ

မော်လမြိုင်မြို့လယ်က ဘုရားကို အပေါ်စီးမှ မြင်ရပုံ

တောင်ဝိုင်းဘုရားပေါ်က လှမ်းရိုက်လိုက်တဲ့ မော်လမြိုင်လေဆိပ်

ခေါင်းဆေးကျွန်း

သံလွင်တံတား

သံလွင်မြစ်

ကမ်းနားလမ်း (လမ်းလျှောက်လို့ကောင်းတယ်)
မော်လမြိုင်ပုံလေးတွေ ရွေးချယ်ပြီး တင်လိုက်ပါတယ်။ အမှတ်တရပေါ့။ မရောက်ဖူးတဲ့သူတွေလဲ မော်လမြိုင်ကို မှန်းကြည့်လို့ရအောင်… မော်လမြိုင်က လူမရှုပ်ဘူး။ သန့်ရှင်းတယ်။ တောင်လဲရှိ ရေလဲရှိတယ်။ ရာသီဥတုကောင်းတယ်။ အစားအသောက်ကောင်းတယ်။ ရှုခင်းကောင်းတယ်။
ကားလဲပေါတယ်။ ဓါတ်ပုံတွေရိုက်တဲ့နေ့က မြူနဲနဲရှိနေလို့ ပုံတွေသိပ်မကြည်ဘူးဖြစ်နေတယ်။
မြို့ထဲက ဘုရားပုံတွေကို ပေါင်းပြီး တစ်ခုတင်ပေးပါအုန်းမယ် … အခုမှပြန်ကြည့်တော့ ဘုရားနံမည်တွေမေ့နေလို့ … အတူသွားတဲ့ သူငယ်ချင်းကို ပြန်မေးရအုန်းမယ် ..
About weiwei
weiwei has written 367 post in this Website..
မင်္ဂလာပါ ....
Like this:
Like Loading...
Related
တော်တော်စိတ်ပျက်စရာကောင်းတဲ့ ကော်နက်ရှင်ကို အံတုပြီး ဓါတ်ပုံတွေတင်လိုက်ပါတယ် …
Was this answer helpful?
LikeDislikeမော်လမြိုင်က ဒူးရင်ယိုစားချင်တယ်
မော်လမြိုင်သားလုပ်ရင် ကောင်းမလားဘဲ( မော်လမြိုင်သူတစ်ယောက် email နဲ့ပို့ပေးပါဗျို့)
သံလွင်တံခါး ဟိုဘက်ကို လှမ်းကြည့်ရင် စစ်ကိုင်းတောင်နဲ့ ခပ်ဆင်ဆင်ဘဲ
သွားချင်လာပြီနော်
Was this answer helpful?
LikeDislikeမော်လမြိုင်ရှုခင်းလေးတွေအရမ်းသာယာပါတယ်
ဓါတ်ပုံတင်ပေးတာကျေးဇူးတင်ပါတယ်မဝေေ၀ခင်ဗျာ…
Was this answer helpful?
LikeDislikeမဝေရေ
တိုက်တိုက်ဆိုင်ဆိုင်ဒီညနေလေးတင်မှ မော်လမြိုင်ကပြန်လာတဲ့မိတ်ဆွေက “ကိုပေါက် ရောက်အောင်သွားသင့်တယ် ကိုပေါက်သာဆိုရင် ထမင်းမေ့ဟင်းမေ့ခလုပ်နှိပ်နေမှာသေချာတယ်ဓလို့တောင်ပြောလိုက်သေးတယ်။
အခုမဝေက မော်လမြိုင်ပုံတွေတင်လာတယ်။
သွားချင်စိတ်ကို ပို တိုးအောင်လုပ်လိုက်သလိုဘဲမဝေရေ။
ဟိုင်းဝေးလမ်းမကြီးရယ် ခေါင်းဆေးကျွန်းရယ် ခိုကလေးတွေပုံရယ် သံလွင်တံတားရယ်ကြိုက်တယ်မဝေရေ။
ကျေးကျေးပါ။
ကျွန်တော်မြန်မာပြည်အောက်ပိုင်းမရောက်ဘူးသေးဘူးဗျာ။
Was this answer helpful?
LikeDislikeကျွန်မအရင်ကဆို လူပုံလောက်ပဲ ရိုက်ဖြစ်တာ …
အခု ရွာလည်ပြီးမှ ရှုခင်းပုံနဲ့ မှတ်တမ်းဖြစ်နိုင်တဲ့ပုံတွေကို စိတ်ဝင်စားလာတယ် …
ကင်မရာက တော်တော်ဟောင်းနေပြီမို့ အသစ်တစ်လုံးတော့ ၀ယ်မှဖြစ်တော့မယ် …
Was this answer helpful?
LikeDislikeမော်လမြိုင်ရှု့ခင်းလေးတွေ ကြည့်ရတာ သစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ ခေါင်မိုးနီနီလေးတွေနဲ့ သဘာဝအလှက အေးချမ်းတဲ့ရသကို ခံစားရတယ်။
အထက်လူကြီး ကိုပေါက်လည်း အောက်ပြည်အောက်ရွာတွေကို ရောက်ဖြစ်အောင် သွားသင့်တယ်နော်။
အညာနဲ့မတူတဲ့ အောက်ပြည်က တမျိုးလှတယ်။
Was this answer helpful?
LikeDislikeကမ်းနားလမ်းဘေး ကို မိန်းမ နဲ့ အတူ လေညှင်းခံ လျှောက်ချင်မိသွားတယ် ဗျာ
Was this answer helpful?
LikeDislikeမဝေေ၇
လှလိုက်တာနော်….
မော်လမြိုင်ကို တခါမှ မေ၇ာက်ဖူးတော့ မဝေပုံတွေကြည့် ပြီး အ၇မ်းကို သွားချင်လာပြီ။
သာယာလှပတဲ့ ခေါင်းဆေးကျွန်းပုံ ကို အကြိုက်ဆုံးဘဲ။
ရိုက်ချက်တွေက ကောင်းလွန်းတော့ သံလွင်မြစ်ကို တောင် ထိုင်ငေး၇င်း အားလုံးမေ့ လောက်တယ်။
တောင်ဝိုင်းဘု၇ားပေါ်က လေဆိပ်ကို ရိုက်ထားတာဆို အ၇မ်းလှတယ်။
ဓာတ်ပုံတွေ ကို တ၀ကြီး ကြည့်လိုက်၇လို့ ကျေးကျေးပါနော်။
Was this answer helpful?
LikeDislikeကော်နက်ရှင်က ဓါတ်ပုံတင်တဲ့သူမပြောနဲ့ ကြည့်တဲ့သူတောင် သိပ်မလွယ်ဘူး။ ကိုယ်ချင်းစာပါတယ်။
မော်လမြိုင်က ရာသီဥတုလဲကောင်း ရေမြေလဲကောင်းတော့ လူ(ကျန်းမာရေး)ကောင်းကောင်းတွေ တော်တော်ထွက်ပါတယ်။
ဟိုးအရင်ခေတ်ကတော့ မော်လမြိုင်သူဆိုရင် စိတ်ချရလို့ မမြင်ရသေးပဲနဲ့ကို သားပေးသမီးယူလုပ်ကြသတဲ့။ ကြားဘူးတာလေးပါ….။ အဲဒီတုန်းက များသောအားဖြင့် အမျိုးသမီးတွေက ကျန်းမာရေးမကောင်းကြလို့ ဒီစကားဖြစ်လာတာဖြစ်မယ်။
Was this answer helpful?
LikeDislikeကျနော်ရောက်တုန်းက တံတားကြီးကဆောက်နေတုန်းပဲရှိသေးတယ်…၂၀၀၄ လောက်ကဖြစ်မယ်၊မော်လမြိုင်ကသာယာတယ်…ညနေစောင်းဆိုရင် ကမ်းနားလမ်းမှာလမ်းလျှောက်လို့အရမ်းကောင်တယ်…သံလွင်မြစ်ကြီးရဲ့အေးမြတဲ့လေကိုရူရင်း တစ်ယောက်သောသူရဲ့လက်ကိုတွဲကာ လျှောက်လိုက်ရရင်ဖြင့်…
အစားအသောက်လည်းကောင်းတယ် မော်လမြိုင်မြို့ရဲ့ အပေါ်ဈေးထဲက မွန်မကြီးထ္မင်းဆိုင်ကနာမည်ကြီးပဲ…စားလို့လည်းအရမ်းကောင်တယ်…
ကဲ…ကိုကြီးပေါက်ရေ…လူစုထားဗျာ…ပြန်လာရင် ရွာသူ၊ရွာသားတွေစုပြီး အထက်မြန်မာပြည်၊အောက်မြန်မာပြည် ဘုရားဖူးထွက်ကြမယ်….
Was this answer helpful?
LikeDislikeမော်လမြိုင်မှာ အဖေ့ အလုပ်ပြောင်းနဲ့ တစ်နှစ် နေဘူးတယ်။
ခေါင်းဆေးကျွန်း က ဒီဘက်ကမ်း နဲ့ ပိုပြီးကပ်လာသလား တောင်ထင်မိတယ်။
ဒီဘက်က သောင်တွေ ပိုပြီးထွန်းလာလို့များလား။
အမှန်တော့ ကမ်းနားလမ်းကလွဲလို့ ကျန်တာတွေ မမှတ်မိတော့ သလောက်ပါဘဲ။
အရမ်းလှတဲ့၊ သာယာတဲ့ ချစ်စရာမြို့ပါ။
မော်လမြိုင်သူတွေ ဟင်းချက်လဲ အရမ်းကောင်းတယ်။
မေ့နေတဲ့ စာတွေ ပြန်နွှေးပေးလို့ ကျေးဇူးပါ ဝေဝေရေ။
ကျန်တာတွေ ဆက်မျှော်နေပါတယ်။
Was this answer helpful?
LikeDislikeအဘ အမြင်တော့
မေါ်လမြိုင်ဟာ တော်တော် တိုးတက် ပြောင်းလဲလာနေပြီ ။
နေချင်စဖွယ် မြို့လေးပါ ။
( ၁ ) အဘ မေါ်လမြိုင် Strand Hotel ( အသစ် ) မှာတည်းခဲ့တယ် ၊
တည ၃၀၀၀၀ ပေးရတယ် ၊ ဈေးသင့်တယ်လို့ ပြောရမယ် ၊
ဒါပေမယ့် အခန်းတွေက နိုင်ငံတကာ လက်ခံနိုင်တဲ့ အဆင့် ရှိတယ် ။
Buffet Breakfast ကျွေးတယ် ။
( ၂ ) မေါ်လမြိုင် – ကျိုက္ခမီ သွားလမ်း တစ်လျှောက်လုံးမှာ
RC တိုက်သစ်တွေဆောက်နေတာ အောတိုက်ပဲ ။
အာရှ ဟိုက်ဝေး ဖေါက်မှာမို့လို့လို့ ပြောတာပဲ ။
( ၃ ) မေါ်လမြိုင် ကမ်းနားလမ်းက သန့်ရှင်း လှပနေတယ် ။
လေကောင်း လေသန့်ရတယ် ။ ကားရှင်း လူရှင်းတယ် ။
အစား အသောက်လည်း ဈေးမကြီးလှဘူး ။
” အခုမှပြန်ကြည့်တော့ ဘုရားနံမည်တွေမေ့နေလို့ ”
အဘ ထင်တယ် ၊
” မော်လမြိုင်ထောင်ကို အပေါ်စီးမှ မြင်ရပုံ ” ဆိုတဲ့ပုံဟာ
ကျိုက်သလ္လံ စေတီတော် ဓါတ်လှေခါး ပါတ်ဝန်းကျင်က ရိုက်ထားတာဖြစ်မယ် ။
Was this answer helpful?
LikeDislikeကျိုက်သလ္လံဘုရားကိုတော့ မှတ်မိတယ် …
ညနေစောင်းဆိုရင် ဘုရားမျက်နှာတော်ပုံ ရောင်ပြန်ဟပ်တယ်ဆိုတဲ့ စေတီနံမည် မေ့နေတယ် …
မြို့လယ်ခေါင်ကဘုရားတစ်ဆူလဲ နံမည်မေ့နေတယ် …
နံမည်မေ့နေတာကို ဒီအတိုင်းပဲ တင်လိုက်ပြီး သိတဲ့သူက ပြောပြမယ်ဆိုရင်လဲ ဖြစ်တာပဲ ….
ကျွန်မတို့သွားတုန်းက ကမ်းနားလမ်းပေါ်က ငွေမိုးဟိုတယ်မှာတည်းခဲ့တယ် … တစ်ခန်းကို ၂၅၀၀၀ ကျပ်နဲ့ မနက်စာကျွေးပါတယ် … မနက်ခင်း မနက်စာစားရင်း သံလွင်မြစ်ကို ကြည့်ရတာ အရသာရှိတယ် … ညနေဆည်းဆာချိန်မှာ ငွေမိုးဟိုတယ်က အကင်စားရင်း မြစ်ကိုကြည့်ရတာလဲ ကောင်းတယ် … ဒေါ်ပု မြန်မာထမင်းဆိုင်က ထမင်းဟင်းတွေ လက်ရာကောင်းပြီး ဈေးချိုတယ် … တစ်ခါစားမှ ၁၅၀၀ ပဲ ကျတယ် (လိုက်ပွဲမယူရင်ပေါ့ …) … အရင်တစ်ခေါက်သွားတုန်းက ဘုန်းကြီး တရုတ်စားသောက်ဆိုင်မှာစားဖူးတယ် (လက်ရာကောင်းတယ်) .. အခုတစ်ခေါက်သွားတော့ ဆိုင်ပိတ်ထားတာနဲ့တိုးခဲ့တယ် ..
Was this answer helpful?
LikeDislikeမော်လမြိုင်ဟာ.. တချိန်က….အင်္ဂလိပ်တွေအောက်မြန်မာပြည်သိမ်းတုံးက.. မြို့ကြီးပေါ့..။
ယူအက်စ်ကို.. အဦးဆုံး ၁၈၅၈ ကကျောင်းလာတက်ခဲ့တဲ့.. မောင်ရှောလူးက မော်လမြိုင်ကပါ..။
မဆလခေတ်မှာတော့.. မလေး-စင်္ကာပူမှောင်ခိုကုန်တွေနဲ့.. ထိုင်းက မှောင်ခိုကုန်တွေစီးဆင်းဖြတ်သန်းရာ မြို့ဖြစ်တာမို့.. မှောင်ခိုမြို့တော်ကြီးဖြစ်ပြီး.. အရမ်းစည်ခဲ့တာပေါ့…။
အခုတော့.. အကျဆည်းဆာချိန်တွေဖြတ်နေတာပါ..။
နောင်မကြာခင်မှာ… ထားဝယ်ရေနက်ဆိပ်ကမ်း အဟုန်နဲ့.ရွှေခေတ်.ပြန်ဝင်လာတော့မယ်ထင်မိပါတယ်..။
Was this answer helpful?
LikeDislikeကျုပ်ကတော့ မော်လမြိုင်မုတ္တမလှေဆိပ်မှာ
ငပိအိတ်ထမ်းဘူးဒယ်
တစ်နေ့ ၃၅၀ ကျုပ်
လွန်ခဲ့တဲ့ဆယ်နှစ်လောက်ဂ
Was this answer helpful?
LikeDislikeမမဝေရေ မရောက်ဖြစ်တာ အတော်ကြာနေပါပြီ ခုလိုပုံတွေ မြင်တော့သွားချင်စိတ်တွေ ပေါ်လာပါတယ်..
သွားနိုင်ဖို့ ကြိုးစားကြည့်ပါအုန်းမယ်…
Was this answer helpful?
LikeDislikeကမ်းနားပုံကို မြင်တော့ ရောက်ဖူးခဲ့တာတွေကို ပြန်သတိရမိတယ်။
ဘယ်မှာ တည်းရမယ်မှန်း မသိလို့ ဟိုမေး ဒီမေးနဲ့ ကမ်းနားလမ်းကနေ ကားနဲ့ သွားပြီး အဆင်ပြေတဲ့ မိသားစုနဲ့ အဆင်ပြေတဲ့ ဟိုတယ်မှာ တည်းခဲ့ရတယ်။ ဟိုတယ်တော်တော် များများ လူပြည့်နေတယ် ဆိုတာကြီးပဲ.. ခရစ်စမတ်လား နယူးရီးယားလားတော့ မသိတော့ဘူး အဲဒီ တုန်းက ဟိုတယ် သိပ်မရှိသေးဘူး အခုတော့ များမယ် ထင်ပါတယ်။ ခရီးသွားတွေ ဖွင့်လိုက်ရင်တော့ သိပ်မကြာခင် စည်ကားတဲ့ မြို့ဖြစ်လာလိမ့်မယ် ထင်တယ်။ လည်လို့ ပတ်လို့ နဲ့ သဘာဝ သိပ်မပျက်စီးလှသေးဘူး ဆိုတာတွေက အားသာချက်တွေလို့ မြင်မိတယ်။
Was this answer helpful?
LikeDislikeတံတားကြီးပြီးမှ မရောက်ဖူးသေးဘူး သံလျင်တံတားထက်ပိုရှည်လို့ မနာလို ဖြစ်မိတယ်..:(
အရင်တုန်းက ဇတ်သင်္ဘောတွေနဲ့ ကူးရတာ မနက်ထဲက စောင့်လိုက်ရတာ ညနေမိုးချုပ်မှ မော်လမြိုင်ကိုရောက်တယ် အရေးကြီး တွေ ပါလာရင်ပိုဆိုးပေါ့….မစီမဆိုင်စဉ်းစားမိတာ သံလျင်မှာလဲ အဲလို ကမ်းနားလမ်းလေး လုပ်ပေးရင် အရမ်းကောင်းမှာပဲလို့….လို့
Was this answer helpful?
LikeDislikeအခုဆောက်လုပ်နေတဲ့ ကြယ်စင်အိမ်ရာ စံမံကိန်းမှာ ဂျက်တီနဲ့ ဖယ်ရီပါမယ်ဆိုတော့ ကမ်းနားလမ်းလဲ လုပ်မယ်ထင်ပါတယ် … ကြိုပွိုင့်စနစ်နဲ့ ရောင်းပေးနေပြီ … စိတ်ဝင်စားရင် ၀ယ်ထားပါလား … တိုက်ခန်းအမြင့်တွေပဲ … တစ်ခန်းကို ရှစ်ရာလောက်ရှိတယ်လို့တော့ သတင်းကြားတယ် …
Was this answer helpful?
LikeDislikeကမ်းနားလမ်းလေး လှလိုက်တာ မဝေရေ။ မိသားစု လက်တွဲပြီး လမ်းလျှောက်ချင်သား။
Was this answer helpful?
LikeDislikeနေမ၀င်ခင်အထိတော့ လမ်းလျှောက်လို့ကောင်းတယ် …
နေ၀င်တာနဲ့ အကင်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် အအေးဆိုင်လေးတွေ ပလက်ဖောင်းပေါ် လာရောင်းကြတယ် … လမ်းလျှောက်လို့ မကောင်းတော့ဘူး ….
Was this answer helpful?
LikeDislikeမဝေရေ၊ ပုံလေးတွေနဲ့ မော်လမြိုင်ကို ရောက်ခဲ့ရပြီဗျို့။ ပုံလေးတွေ အားလုံးကြိုက်တယ်။ ခေါင်းဆေးကျွန်းက လှေကလေး ၂စီး အကြိုက်ဆုံး။
Was this answer helpful?
LikeDislikeအရမ်းလွမ်းတယ်ဗမာပြည်ကိုမော်လမြိုင်ကိုလဲမရောက်ဖြစ်တာ၎နှစ်ကျော်ပြီးဒီလိုရှူ့ခင်းလေးတွေကိုကြည့်ပြီးစိတ်ထဲဝမ်းတာပိတိဖြစ်ရတယ်သတိရဆုံးသောနေရာလေးကညနေခင်းကမ်းနားလမ်းမှာထိုင်တဲ့အရသာလေးကိုမေ့လို့မရဘူးဖြစ်နေတယ်မနက်ပိုင်းဆိုတောင်ပေါ်တန်းကိုပြေးတဲ့အရသာလေးလဲကောင်းတယ်နောက်ဖြစ်နိုင်မယ်ဆို၇င်တောင်ပေါ်တန်းမနက်စောစောလမ်းလျှောက်ထွက်တဲ့ပုံလေးတွေပါတင်ပေးပါနော်….
Was this answer helpful?
LikeDislikeအရမ်းလွမ်းတယ်ဗမာပြည်ကိုမော်လမြိုင်ကိုလဲမရောက်ဖြစ်တာ၎နှစ်ကျော်ပြီးဒီလိုရှူ့ခင်းလေးတွေကိုကြည့်ပြီးစိတ်ထဲဝမ်းတာပိတိဖြစ်ရတယ်သတိရဆုံးသောနေရာလေးကညနေခင်းကမ်းနားလမ်းမှာထိုင်တဲ့အရသာလေးကိုမေ့လို့မရဘူးဖြစ်နေတယ
်မနက်ပိုင်းဆိုတောင်ပေါ်တန်းကိုပြေးတဲ့အရသာလေးလဲကောင်းတယ
်နောက်ဖြစ်နိုင်မယ်ဆို၇င်တောင်ပေါ်တန်း
မနက်စောစောလမ်းလျှောက်ထွက်တဲ့ပုံလေးတွေပါတင်ပေးပါနော်
Was this answer helpful?
LikeDislike