ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြည့်မြင်တိုင်၊အိုးဘိုရပ်ကွက်မှာ စာပေဟောပြောပွဲတစ်ခုရှိခဲ့တယ်လေ… အဲဒီမှာ ဆရာမောင်ဝံသ ၊ ဆရာဖေမြင့် နဲ့ ဆရာမဒေါ်စန်းစန်းနွဲ့(သာယာဝတီ) တို့ဟောပြောကြတာပါ။ PP ကတော့ ဆ၇ာမဒေါ်စန်းစန်းနွဲ့ ဟောသွားတာတွေကို မိမိမှီသလောက် ဂဇက်အဖွဲ့သားတွေနဲ့ ဂဇက်လာပရိသတ်တွေကို ပြန်လည်မျှဝေချင်ပါတယ်….

ဆရာမပြောတာက ပညာရေးအကြောင်းပါ… အခုခောတ်မှာ ပညာဆိုတာကို ရွှေအိုးနဲ့ဆက်နေရပါတယ်.. ငွေကြေးသုံးစွဲနိုင်သလောက်ပဲတတ်တဲ့ပညာရေးလို့ဆိုပါတယ်… ယခင်က ဦးသန့်က ပညာရေးနဲ့ပတ်သတ်ပြီး ကျမ်းပြုစုခဲ့ပါတယ်… ကလေးတွေကို မူလတန်းပညာကို အခြေခိုင်အောင်သင်ကြားပေးဖို့ဆိုရင် မူလတန်းဆရာတွေရဲ့ လုပ်ခလစာကိုတိုးမြှင့်ပေးရမည်ဖြစ်ကြောင်း နှင့် အင်္ဂလိပ်စာဟာ မြန်မာစာပြီးရင် ဒုတိယဘာသာစကားဖြစ်သင့်ကြောင်း ( ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်စာဟာ International Language ဖြစ်တဲ့အတွက်ကြောင့် ) ၊ အကယ်ရ်ျ လစာတိုးမြှင့်မပေးခဲ့ရင် မူလတန်းကစပြီး ကလေးတွေဟာ အခြေမခိုင်နိုင်ပါဘူးတဲ့ ။ အခုဖြစ်နေတာနဲ့ဆိုရင် တကယ်ကိုမှန်နေပြီ….မိမိမိသားစုစားဝတ်နေရေးအတွက် သောကရောက်နေတဲ့ ဆရာ ၊ တခြားကို အာရုံရောက်နေတဲ့ဆရာမ၊ မိမိကိုယ်တိုင်ပြေလည်ဖို့အတွက် ဖန်တီးနေရတဲ့အခါ သင်ကြားရေးမှာ အားနည်းချက်တွေအများကြီးဖြစ်လာခဲ့ပါတယ် ….  အောင်ချက်ကောင်းတယ်ဆိုတဲ့ ကျောင်းတွေကို ဆရာ/ဆ၇ာမတွေ ပြောင်းရဖို့ သိန်း 20 ခန့်ကုန်ကျပါတယ်တဲ့…. အဲဒီ သိန်း 20 ဘယ်လိုရှာကြလဲဆိုတော့ မရ ရအောင် ဆွဲလွဲပြီးရှာပေးလိုက်တယ်.. ပြီးတော့ ကျူရှင်ပြရင် တစ်လနဲ့ကျေတယ်လို့ပြောပါတယ်…အော် ပညာရေးစနစ်ကြီးဟာ တဖြည်းဖြည်းနဲ့ ငွေပုံပေါ်ကိုရောက်နေပါပြီ…………. တခါက ဓနုဖြူမှာ ဆရာကန်တော့ပွဲရှိလို့သွားတဲ့အခါ ကန်တော့ခံ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက ခောတ်တွေတိုးတက်လာပေမယ့် ငါကတော့ နည်းပညာအစုတ်အပြတ်၊ ယဉ်ကျေးမှုအစုတ်အပြတ်တွေ ကျယ်ပြန့်လာမှာတော့မလိုလားဘူးတဲ့ … ကျွန်မလည်းတွေးမိပါတယ် .. အခု facebook , Twitter အစရှိတဲ့ အင်တာနက်စာမျက်နှာတွေကနေတဆင့် တန်ဖိုးရှိတဲ့ နည်းပညာတွေကို မလေ့လာပဲ ဂိမ်းကစားနေမယ်၊ စတဲ့ မိမိကိုအကျိုးမရှိစေတဲ့ နည်းပညာတွေကို အစုတ်အပြတ်နည်းပညာတွေပေါ့ … ဒီလိုပဲ ယဉ်ကျေးမှုမှာလဲ ဘယ်သူတွေကတော့ သူတို့ရဲ့ ယဉ်ကျေးမှုကို ဘယ်လိုထိန်းသိမ်းတယ် အစရှိသဖြင့် အတုမခိုးပဲ မကောင်းတဲ့နေရာတွေကို အတုခိုးဝတ်စားဆင်ယင်နေရင် ဒါဟာလဲ ယဉ်ကျေးမှုအစုတ်အပြတ်ပဲလို့ တွေးမိပါတယ်……ဒါကြောင့် လူငယ်တွေအနေနဲ့ မိမိတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို ကြံဆတွေးတော လုပ်ဆောင်နိုင်မှသာ နိုင်ငံသားကောင်း၊သမီးကောင်းတွေဖြစ်လာမှာ ဖြစ်ပါတယ်….ပြီးတော့ လူငယ်တွေဟာ မှန်မှန်ကန်ကန်ပြောတတ်ဖို့လဲလိုပါတယ်တဲ့ …. ဘုရားကဟောထားပါတယ် မုသာဝါဒါ ဝေတာမနိသစာပတံ သမာတိရာမိ… လိမ်ညာလှည့်ဖြားသောစကားကို မပြောပါနဲ့ဆိုတာ မှန်သောစကားကိုသာပြောပါလို့ဆိုတာပါ… မှန်သောစကားကိုလည်း မရိုးသားသောစိတ်နဲ့ ရိုင်းစိုင်းစွာမပြောဆိုရပါဘူးလို့ ဘုရားကဆက်ဟောထားပါတယ် … မှန်မှန်ကန်ကန် ရိုးရိုးသားသား ယဉ်ယဉ်ကျေးကျေး ပြောရပါမယ်တဲ့….. ဒါကြောင့် မူလတန်းကစပြီး စာပေအပြင် ပြည်သူ့နီတိ၊ စိတ်နေစိတ်ထား စတာတွေကိုပါ သင်ကြားရမှာဖြစ်ပါတယ်..လို့  ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်

အထက်ပါစာပိုဒ်ကတော့ ဆရာမဟောသွားတာကို မှီသလောက်ချုံ့ပြီး တင်ပြပေးတာပါ…. ရှေ့ပိုင်းတွေကိုတော့ မမှီလိုက်ပါဘူး …

ဆိုလိုချင်တာက အခုလို စာပေဟောပြောပွဲတွေ နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်ရင် ပြည်သူတွေအတွက် အလွန်အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အခြေခံလူတန်းစားတွေ နားထောင်မိရင်လည်း သူတို့အတွက် ဗဟုသုတအလွန်များပြီး ရင့်ကျက်တဲ့အတွေးခေါ်တွေကို လေ့ကျင့်ပေးသလိုဖြစ်မယ်လို့လည်းထင်ပါတယ်… အလွန်ကောင်းတဲ့ ကိစရပ်ပါ………. PP ကတော့ ဒီလိုစာပေဟောပြောပွဲတွေအပြင် ၊ စီးပွားစီမံခန့်ခွဲမှု အစရှိတဲ့ နည်းပညာတွေကို မြို့နယ်အလိုက် မကြာမကြာကျင်းပပေးရင် ပြည်သူတွေ မျက်စိကျယ်၊နားပွင့်လာပြီး မိမိရဲ့ အသုံးစရိတ်ကိုပါ စီမံခန့်ခွဲနိုင်ပြီး ယဉ်ကျေးတိုးတက်အောင်မြင်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ အများကြီးအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်…

လေးစားစွာဖြင့်……………….. တော်သေးပြီ။

About Phaung Phaung

has written 25 post in this Website..

သစ်တစ်ပင်ကောင်းလို့ ငှက်တစ်သောင်းနားနိုင် တဲ့သူဖြစ်လို၏....