စပ်မိစပ်ရာစကားထွေလာ အပိုင်း (၁)

စပ်မိစပ်ရာဆိုတဲ့အတိုင်းပြောရအုံးမယ်၊ ကျွန်တော်တနေ့က သူငယ်ချင်းတွေနဲ့အတူလ္ဘရည်ဆိုင်ဆီသို့ထွက်လာခဲ့တယ်။ ဆိုင်ထဲမှာလဲလူတွေကအပြည့်ပေါ့
မထင်မှတ်တဲ့မြင်ကွင်းလေးကတွေ့ကြုံလာခဲ့တယ်လေ။ အဲဒါကတော့ လ္ဘရည်ဆိုင်ထဲမှာရုတ်ရုတ်ဖြစ်နေတာပါပဲ၊ကျွန်တော်လည်းဘာဖြစ်တာလဲပေါ့
အဲကလေးတစ်ယောက်ကိုဆိုင်ကအမတစ်ယောက်ပြောနေတာကိုး ကလေးဆိုပေမဲ့ ဆယ်နှစ်လောက်တော့ရှိနေပြီထင်ပါရဲ့ ဘာဖြစ်တာလဲလို့မေးကြည့်တော့
ဆိုင်ထဲကိုလာတောင်းနေတာတဲ့ အစကတော့ အော် ဒီလိုကိစ္စတွေက အများသားပဲဆိုပြီး ဒီတိုင်းနေလိုက်တယ်၊ နောက်တစ်ခါပြန်ဖြစ်နေတယ်၊
ကျွန်တော်လည်းဒီတစ်ခါမနေနိုင်တော့ဘူးလေသေချာကြည့်လိုက်တာပေါ့ ဒိုင်းဆိုသလို ကျွန်တော့်ရင်ထဲမှာတုန်လှုပ်သွားတယ်။
ဘာဖြစ်တာပါလိမ့် ဘာဖြစ်ရမှာတုန်း ကလေးကပိုလီယိုလေးလေ အော်တကယ်မရှိလို့ဟ ကလေးတကယ်ဆာနေမှာပဲဆိုပြီးမသိစိတ်ကသနားလာမိလာတယ်၊
အဲဒါနဲ့ဆိုင်ကအမတစ်ယောက်ကိုပြောလိုက်တယ် အဲဒီကလေးစားချင်တာကျွေးလိုက်ပါ ကျသင့်ငွေ ကျွန်တော်ရှင်းမယ်လို့ပြောလိုက်တယ်။
ကျွန်တော်မထင်ထားဘူး သူြူပန်ပြောလိုက်တာက”ကျွေးချင်ရင် ကိုယ်တိုင် ထကျွေးတဲ့ ရွံ့တယ်၊ မကျွေးနိုင်ဘူး “တဲ့။
ဒါနဲ့ကျွန်တော်တခြားတစ်ယောက်ကိုခေါ်ပြီးကျွေးခိုင်းရတယ်ဗျာ။ တခါတလေမှာမထင်မှတ်တဲ့အရာတွေကထူးဆန်းသလိုဖြစ်နေတယ်။</h6%