ရင်ထဲကတစ်ခါတစ်ခါ ခံစားချက်တွေစုဆုံပီး ပြင်းထန်လာရင် ကျုပ်မနေနိုင်ဘူးဗျာ။

ထိုင်ရမလို ထရမလို လမ်းလျှောက်ရမလိုနဲ့ …ရင်ထဲမှာလည်းကတုန်ကရင်နဲ့..ဒါနဲ့

မနေနိုင်လွန်းလို့ ရင်ဖွင့်တဲ့အနေနဲ့ ဒီစာကိုကောက်ရေးလိုက်တာဘဲ…အင်းရေးပြန်တော့လဲ

ဘယ်သူ့ဆီလိပ်မူရမှန်းမသိပြန်ဘူး..ဒီတော့ ဒီစာတိုလေးကို တနည်းနည်းနဲ့ ဖတ်ရှု့ခွင့်ရသူကိုဘဲ ရော်ရမ်းပီးရည်၇ွယ်လိုက်ရတယ်…

ကျုပ်ဘ၀ဟာမဆိုးပါဘူး.. မဆိုးပါဘူးဆိုတာက ကောင်းပါတယ်လို့မပြောနိုင်သလို

သိပ်ဆိုးလှတယ်လို့လဲမဆိုနိုင်တာပါ..

နောက်တစ်ချက်က .. မဆိုးပါဘူးဆိုတဲ့အကဲဖြတ် ချက်ဟာ ဘယ်သူ့ဘ၀နဲ့မှ နှိုင်းပီးပြောတာမဟုတ်ပါဘူး..ကျုပ်ဖြတ်သန်းလာခဲ့ရတဲ့ဘ၀နဲ့ ယခုလက်ရှိဘ၀ ယှဉ်ပီးသာပြောတာ…ဒါပေမဲ့ဗျာ ကှုပ်ဟာကိုယ့်ကိုယ်ကို မပိုင်သလိုဖြစ်နေတယ်..အဲ့ဒါအခံစားရဆုံးဘဲ…

ကျုပ်ဘာကိုယုံကြည်လဲ…အဲဒါကိုလုပ်လို့မဖြစ်ဘူး

ကျုပ်ဘာလုပ်ချင်လဲ…အဲဒါမလုပ်နိုင်ဘူး

အဲဒါတွေအားလုံးမင်းကိုဘယ်သူကပိတ်ပင်တားမြစ်ထားလို့လဲလို့မေးစရာရှိတယ်…

လူပု၈္ဂိုလ်တစ်ယောက် ကတော့မဟုတ်ဘူး…“ပါတ်ဝင်းကျင်“ “အသိုင်းအ၀ိုင်း“

“ဆွေမျိုးစု“ “ဓလေ့ထုံးစံ“ ဒါတွေကဘဲ..အဲ..အဆိုးဆုံးကတော့ “ဲဆွေမျိုးစု“ ဘဲ

ယုံကြည်ချက်တစ်ခုကိုအကောင်အထည်ဖေါ်တဲ့နေရာမှာ ရန်သူထက်မိတ်ဆွေက

ပိုပီးအဟန့်အတားဖြစ်နေတတ်တယ်ဆိုတာသိပ်မှန်တယ်ဗျာ..ဒီနေရာမှာမိဘကအဓိကအကျဆုံးဘဲ..မိဘဆိုတာကျေးဇူးရှင်ဘဲ..ဆပ်လို့တောင်မကုန်ပါဘူး..

ကျုပ်အိပ်ရာဝင်တိုင်း မိဘမေတ္တာကိုဆင်ချင်အောင့်မေ့ပီး မေတ္တာပို့ပါတယ်..ဒါပေမဲ့

ဘယ်မိဘမဆိုပေါ့ဗျာ..သားသမီးကိုစိတ်လွတ်လပ်မှု့တော့ ပေးသနားသင့်ပါတယ်..ကျုပ်အလိုချင်ဆုံးကလဲအဲဒီလွတ်လပ်မှု့ဘဲ..

ကျုပ်ကိုမိဘတွေမပေးနိုင်တာကလဲ အဲဒီလွတ်လပ်မှု့ဘဲ ..ဘာစိတ်လွတ်လပ်မှု့လဲလို့ခင်ဗျားမေးချင်လိမ့်မယ်..ကျုပ်ရှင်းပြပါမယ်…

ကိုယ်မှန်တယ်ထင်တာကိုယုံကြည်ချင်တာ။

ကိုယ်မှန်တယ်ထင်တာကလိုက်နာလုပ်ကိုင်ချင်တာ

ကိုယ်မှန်တယ်ထင်တဲ့အယူအဆအတွေးအခေါ်ကို လက်ခံချင်တာ..ဒါတွေပေါ့ဗျာ

ဟုတ်ပီ..ဒါတွေကိုယ့်ဘာသာကိုယ်လုပ်လို့မရ ဘူးလားလို့ဆိုတော့…

ရတော့ရတာပေါ့..ဒါပေမဲ့ မပေးဘဲယူရတဲ့ပစ္စည်းလိုပေါ့..ခိုးသလိုဖြစ်မနေဘူးလား..

ဘယ်စိတ်ချမ်းသာမလဲဗျာ..ပီးတော့မိဘတွေမှာအယူအစွဲတစ်ခုရှိတာက…

 

 

 

မိမိရဲ့မျိုးရိုးစဉ်လာဓလေ့ထုံးစံတစ်ခုကို..မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ..

မိမိတို့ယုံကြည်လက်ခံထားသလို လက်ခံရမယ်ဆိုပီး အမွေအတင်းပေးတာဘဲ..

မယူရင်မျိုးရိုးရဲ့်သစ္စာဖေါက်..ကျေးဇူးကန်းတဲ့ကောင်..မိဘကိုစိတ်ဆင်းရဲကိုယ်ဆင်းရဲ

ဖြစ်အောင်လုပ်တဲ့ လူမိုက် လူဆိုး လူ့အန္ဒ…ဒီလိုသဘောထားတာ..

သူတို့စကား နားမထောင် မလိုက်နာလို့ကတော့ အဲဒီလူရဲ့ပေးကမ်းထောက်ပံ့မှု့ကို၎င်း

စေတနာမေတ္တာကိုသော်၎င်း..လုံးဝလက်သင့်မခံဘူး..ငတ်ပီးသေရင်သေသွားပါစေဆိုတဲ့

အစွဲရှိတယ်…အဲဒါအဆိုးဆုံးနဲ့ ခံရအခက်ဆုံးဘဲ…

သားသမီးတွေလူလားမြောက်လာရင်..မိမိကိုယ်ကိုမိမိတာဝန်ယူပီး ဘ၀ကိုထိန်းကျောင်း

သွားဘို့..ယုံကြည်ရာလက်ခံလုပ်ကိုင်ဘို့..ဒါတွေခွင့်မပြုချင်ကြဘူး…အဲဒါကတော့

မိဘအများစုမှာ ထူးဆန်းစွာတူညီနေကြတဲ့ ခံယူချက်ဘဲ..ဒါကြောင့်လဲ လူ့လောကမှာ

ရင်နာစရာတို့  ကြေကွဲစရာတို့ စိတ်ဆင်းရဲစရာတို့ ပေါ်ပေါက်နေတာဘဲလို့ထင်တယ်။

ကျုပ်ကိုဘဲဥပမာကြည့်လေ..ကျုပ်လုပ်ချင်တာတော့ဒီကနေ့မှာလုပ်နေပီ…ဒါပေမဲ့..

ကျုပ်ရင်ဘတ်ထဲမှာအမြဲဘဲ မွန်းကြပ် နေတယ်ဗျာ..

ကျုပ်တစ်ခုဘဲ တတ်နိုင်တယ်…အဲဒါကတော့ ကျုပ်သားသမီးတွေအလှည့်ကြရင်

ကျုပ်လိုမဖြစ်စေရဘူးဆိုတာဘဲ….

သည်းခံဖတ်ရှု့ပေးကြတဲ့ စာဖတ်သူမိတ်ဆွေ များကိုကျေးဇူးတင်ပါတယ်..

စာဖတ်သူများရဲ့ ဝေဘန် ထောက်ပျြမှု့များကိုကြိုဆိုပါတယ်….

ကြီးမိုက်

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)