7 Day News ဂျာနယ်၏ တိုင်ကြားချက်အရ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်သည့် ကိစ္စကို ကြီးသောအမှုငယ်အောင်၊ ငယ်သောအမှုကို ပပျောက်စေရအောင် လူမှုရေးအကူညီဖြေရှင်းပေးရန်အတွက် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က 7 Day News ဂျာနယ်မှ သတင်းထောက် မအေးသူစံအား ၂၀၁၀ပြည့်နှစ် မေလ ၂၃ရက်နေ့တွင်လည်းကောင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးအား ၂၀၁၀ပြည့်နှစ် မေလ ၂၆ရက်နေ့ကလည်းကောင်း တွေ့ဆုံညှိနှိုင်းခဲ့ကြရာ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ညှိနှိုင်း၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက မအေးသူစံနှင့် စာနယ်ဇင်းသမားများအား လူသိရှင်ကြား တောင်းပန်စေရေးအတွက် ညှိနှိုင်းပေးရန်၊ ဖော်ပြပါအစီအစဉ်အတိုင်း ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက ဆောင်ရွက်ပေးလျှင် တရားရုံးဦးတိုက်လျှောက်ထားမှုကို မအေးသူစံမှ ရပ်ဆိုင်းရန်၊ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက မအေးသူစံနှင့် စာနယ်ဇင်းသမားများအား ဖော်ပြပါအစီအစဉ်အတိုင်း တောင်းပန်မှုမပြုလျှင် မအေးသူစံဆန္ဒအတိုင်း ဆောင်ရွက်ရန်တို့ကို ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါသည်။ သို့သော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးအနေဖြင့် အထက်ဖော်ပြပါအချက်များကို လိုက်လျောသဘောတူညီမှု လုံးဝမပြုလုပ်နိုင်ကြောင်း ယင်း၏သဘောထားကို ပြန်ကြားပြောဆိုခဲ့ပါသည်။ သို့ဖြစ်၍ စာပေနှင့် အနုပညာသမားများဘ၀တူအချင်းချင်း ဗုဒ္ဓဘာသာမြန်မာလူမျိုးအချင်းချင်း အပြန်အလှန်ရိုင်းပင်းစာနာ နားလည်သည်းခံခွင့်လွှတ်ရမည့်အစား လွန်စွာရိုင်းပျခဲ့သည့်အပြင် လူမှုရေးအရ ဖြေရှင်းပေးခဲ့သည်ကို လိုက်လျောမှုမရှိသည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး၏လုပ်ရပ်ကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ၀မ်းနည်းစွာရှုတ်ချလိုက်ကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..