ကိုနေချားရေ အပြင်မှာ နှင်းတွေဆွတ်ဆွတ်ဖြူ ကျနေလေရဲ့ ဆိုင်ကယ်မီးတစ်ထိုးစာ အလင်းလေးနဲ့ မနက်ခင်း သွားနေရပါတယ်။ကျွန်တော် တို့ အခုသွားနေတာအိမ်မဲမြို့နယ် ညောင်ပင်စုကျေးရွာလေးကိုပါ။
အဲ့ ဒီမှာ အသက်၈၃နှစ် လောက်ရှိတဲ့ ဆင်းရဲသူကြီးအဖွားအိုတစ်ယောက် ပေါင်ရိုးကျိုးလို့ပါ။ကျွန်တော်ကလည်း ဒီနေ့မနက် ၁၀နာရီလောက်ဆို မြောင်းမြကို သွားရမယ်လေ။ဒါကြောင့်ပဲနှင်းမပွဲခင်ကပဲ သွားလိုက်
ရတာပါ။
အဖွားအို က၀ိပဿနာအားထုတ်တာနှစ်၂၀လောက်ရှိပြီလို့ သိရပါတယ်။ဘုန်းကြီးကျောင်းမှာနေတာပါ အရိုးကျိုးသွားမှသားသမီးတွေအိမ်ကို ပြန်ရောက်ရတာလို့ သိရပါတယ်။ဟိုရောက်တော့ အဖွားအို က
ညည်းတွားနေပါတယ်။ပေါင်ထိပ်ကထိုးတယ်ကိုက်တယ်လို့ပြောပါတယ်။ကျွန်တော်က အဘွားအိုကို လှဲလျှက်ကပဲခြေနှစ်ဘက်ကို ညှိကြည့်ပါတယ်။ခြေနှစ်ချောင်းရဲ့ ခြေဖနောင့်လေးတွေကို ညီအောင်လုပ်ကြည့်
ပါတယ်။ခြေတစ်ဖက်က တစ်လက်မလောက်နီးနီးတိုဝင်နေပါတယ်။သေချာပြီပေါင်လည်ပင်းရိုးလေးကျိုးတာပဲ။ရပ်လို့လည်းလုံးဝမရတော့ဘူးလို့ပြောပါတယ်။ဒီမှာသတိရမိတာက ကိုနေချားရဲ့ “ခင်ဗျားဓါတ်မှန်တော့
ရိုက်ထားသင့်တယ်ဆိုတာပါပဲ။ အခုကျွန်တော်ရောက်တဲ့နေရာက အိမ်ခြေ၂၀လောက်ရှိတဲ့ ရွာလေးပါ။ဆင်းရဲတာလည်း ကျွန်တော်ထိုင်ဖို့တောင် ဖျာ ကခပ်စုတ်စုတ်ရယ်။
အဖွားက နားလေးပါတယ် ကျွန်တော်ပြောတာကို မကြားပါဘူး ဘေးက သူ့ချွေးမကဘာသာပြန်ပေး ပြောပေးရပါတယ် ကရင်လို ပြောရတာပါ။နောက်တစ်ခုက ကျွန်တော်လန့်တာပါ အသက်အရမ်းကြီးနေတဲ့
ဒီအဖွားကို အရိုးဆက်ဖို့ ခဲယဉ်းပါတယ်။ မကုပဲထားပြန်ရင်လည်း ဒီခောတ်ကာလ စတီးရိုးထည့်ဖို့ အဖွားမတတ်နိုင်ရှာပါဘူး။နောက်တစ်ခုက မတတ်နိုင်ရှာတဲ့ အဖွားကို စေတနာနဲ့ဆေးဖိုးလေးအနည်းငယ်ထုတ်ပေးတဲ့
စေတနာရှင်ကိုလည်း ပေးတာနည်းလို့ ဒီဆရာကမကုတာလို့ ထင်မှာလည်းစိုးတယ်။အဓိက ကတော့ဆေးဆရာတစ်ယောက်ရဲ့ မေတ္တာကဦးဆောင်သွားလို့ ကုဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကိုနေချားရေ ခင်ဗျားယုံနိုင်မှာမဟုတ်ဘူး အဖွားဒေါ်စီ ဟာ ဆေး၆ခါပဲစည်းရသေးတယ် လမ်းပြန်လျှောက်နိုင်ပါပြီ။လူလွတ်ကိုလျှောက်တာပါ။သို့သော် အထိုင်မှာတော့ လူတွဲရသေးတယ် အထမှာလည်းလူတွဲရသေးတယ်။ကုသမူဆက်လုပ်ရအုံးမယ် ကျန်သေးတယ်ကိုနေချားရေ။
နောက်တစ်ခုကတော့ဒီအဖွားကို ကုသပေးတဲ့ မေတ္တာရှင်က ကြိုပို့ ဆိုင်ကယ်နဲ့ လုပ်ပေးပါတယ် ငွေခြောက်သောင်းပေးပါတယ်။ ကျွန်တော်က ခြောက်သောင်းစိုက်ထုတ်ပါတယ်ဆရာ။
ကိုနေချားရေ လူတစ်ယောက်ဟာ လမ်းမလျှောက်နိုင်ရင် စိတ်ဓါတ်အရမ်းကျတတ်ပါတယ်။ခြေကျိုးတဲ့ လူတစ်ယောက်ဟာ စိတ်သွားတိုင်းကိုယ်မပါတော့ အရမ်းစိတ်ဓါတ်ကျပါတယ်။ ခိုင်လို့ပဲမှတ်လိုက်ပါ
ကောင်မလေးတစ်ယောက်က ကားပေါ်ကအဆင်းခြေချော်ကျပြီး ခြေကျင်းဝတအဆစ်လွဲခဲ့ပါတယ်။ခြေသလုံးရိုးလည်းအက်သွားပါတယ်။ ဖြစ်ဖြစ်ချင်းပဲ ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ဈေးသက်သာ
တဲ့ တရုတ်ဆေးပညာရှင်တစ်ယောက်နဲ့ ကုပါတယ်။အရိုးကျိုးတာ တရုတ်ဆေးက ကောင်းကောင်းဆက်နိုင်ပါတယ်။ဒီကလေးမလေးက ၅ခါလောက်ဆေးစည်းပြီး သက်သာရုံပဲ သက်သာတယ်ဆိုပြီးမသွားတော့ပဲ ဆေးခန်း
ပြောင်းပြပါတယ်။ လမ်းကမလျှောက်နိုင် ၊ရုံးပျက်တာများတော့ အလုပ်ပျက်မှာစိုး နဲ့ မစားနိုင်မအိပ်နိုင်ဖြစ်တော့တာပဲ။ သူမှာကလည်း အကိုနဲ့ ကပ်နေရတယ်။ စုထားတာလေးကလည်း ဆေးကုတာကုန်ပြီ လမ်းကလည်း
မလျှောက်နိုင် ။ဘ၀ကို ဘယ်လိုရှေ့ဆက်ရမလဲတွေးပူနေရတဲ့အချိန်ပေါ့ဆရာရေ။ ဒီလိုနဲ့ သူမရဲ့လမ်းထဲမှာကျွန်တော်ကုပေးလို့ ကောင်းသွားတဲ့ ကျိုဖူးတဲ့ လူနာကဆက်စပ်ပေးပြီး ကျွန်တော်နဲ့တွေ့ခဲ့တယ်။
ဆရာ ရယ် ရက်နှစ်ဆယ်ရှိပြီ ရုံးပျက်ရက်တွေများလွန်းနေတော့ ………။ ကျွန်တော်ကခြေတောက်ကို စစ်ဆေးပြီး ပုံစံချတယ် ပြီးတော့ဆေးစည်းတယ်ဆရာ။နှစ်ကြီမ်စည်းပြီးတော့ ထောက်နိုင်တယ် ။
နောက်ရက်ပိုင်းကျတော့ ဆေးတစ်ကြိမ်စည်းတယ် ကလေးမလေးကထော့နဲ့ထော့နဲ့နဲ့ ရုံးတော့ ပြန်တက်နေပါပြီ။ဒါတော့ဓါတ်မှန်ရှိပါတယ်ဆရာ။
နောက်တစ်ခုက ဒူးအတက်ထွက်တဲ့ သိမ်ဖြူဈေးမှတ်တိုင် နားက ဖို့မြေလမ်းက ဒေါ်ဘေဘီဆိုတဲ့ အသက်၅၄နှစ်ရှိတဲ့ အမကြီးတစ်ယောက်အကြောင်းပြောချင်ပါတယ်။ဒူးကဒါဏ်ရာရတာကနေ အရိုးကျီးပေါင်းဖြစ်ပြီး
အတက်ကလေးဖြစ်တာပါ။ လမ်းလျှောက်ကြာကြာ လျှောက်ရင် နာတယ်၊အကွေးအဆန့်မရဘူး နာတယ်။ညအိပ်ရင် ခြေတောက်ကိုရွှေ့ရင် နာတယ်၊လမ်းများများလျှောက်ရင် ညဆိုကိုက်လို့ မအိပ်နိုင်ရှာဘူး
ဆောင့်ကြောင့်လည်း ထိုင်လို့မရတော့ ဆေးခန်းပြတယ် ခွဲစိတ်ရမယ့် အခြေအနေလို့ ပြောပါတယ်။ဒီမှာတင် မိတ်ဆွေ တိုင်းရင်းဆေးဆရာတစ်ယောက်က ဆရာထက်ဆိုတဲ့လူနဲ့ ပြပါလို့ပြောတော့လည်း အင်တင်တင်ပေါ့
နောက်ဆုံးကုဖြစ်ပါတယ်။ ဆေး၅ခါ စည်းပြီးတော့ စောစောကဝေဒနာတွေ တော့ပျောက်သွားပါပြီ။ ကြပ်ထုပ်ထိုး ဆေးလိမ်းတော့လုပ်နေရတယ်။ကျွန်တော်သေသေချာချာမေးကြည့်တယ် ခင်ဗျား လုံးဝပျောက်တာလား
အရင်ခံစားမူတွေရှိသေးလားဆိုတော့ ဆရာရယ် လုံးဝမရှိတော့ပါဘူးတဲ့ ။ကဲဒါဆို ကျွန်တော်ဆရာကြီးကမှာထားပါတယ် ဓါတ်မှန်ရိုက်ပေးပါ။ဆရာဝန်ကိုလည်းဓါတ်မှန်ဖတ်ခိုင်းပါလို့ ပြောရတာတာပေါ့ဗျာ။
ဓါတ်မှန်ကတော့ရပြီဆရာရေ့ ညက သိမ်ဖြူလမ်းက အင်တာနက်ဆိုင်မှာ စကင်ဖတ်တာမထင်ဘူး ဓါတ်ပုံရိုက်ပြီးဖတ်ကြည့်အုံးမယ်။ဒီအကြောင်းပြည့်ပြည့်စုံစုံလေးရေးချင်ပါသေးတယ်။
နောက်တစ်ခုကတော့ မြောင်းမြက စာရေးဆရာတစ်ယောက်ရဲ့ဇနီး ဆရာမ ကို ဆေးကုပေးရင်းကြုံရတာပါ။ဆရာမကတော့ချော်လဲရင်းလက်ပြင်အက်သွားတာပါ
ဖြစ်တာကတော့ ၆လလောက်ရှိပါပြီ ရန်ကုန်မှာဆေးပြရင်းဆေးစားလုပ်နေတာပါ။နောက် မြောင်းမြရောက်တော့ မိတ်ဆွေတွေဆိုတော့ အိမ်ဝင်ရင်းနဲ့ စကားစပ်မိတာပါ။ အိမ်မဲကိုထွက်မယ့်ကားကလည်း အချိန်ကနီးနေတော့
ဆေးမကုပေးဖြစ်ပါဘူး။ခြေတောက်တွေ အကြောတက်တာကိုတော့ ရေနွေးနဲ့ ဆားရောစပ်ပြီးညကို စိမ်ခိုင်း ပါတယ် ပြီးရင်လိမ်းပါဆိုပြီး အမကြောလိမ်းဆေးပေးခဲ့ပါတယ်။နောက်တစ်ခေါက်မှကုပေးပါရစေလို့ မေတ္တာရပ်ခံခဲ့
ရပါတယ်။နောက်တစ်ခေါက်ရောက်တော့ ကျွန်တော်ဆေးစည်းပေးတယ်။နောက်တစ်ပတ်တစ်ကြိမ် ဆေးစည်းပေးတယ်။ဆရာကဖုန်းဆက်ပါတယ် ကျေးဇူးတင်တယ်ကိုထက်ဝေးရေ့ ဆရာမလုံးဝကောင်းသွားပြီတဲ့
နောက်တစ်ခေါက်သွားတဲ့ နေ့ အဲ့ဒီနေ့ကကျွန်တော်ကြေကွဲတဲ့နေ့ပါ။ ဆရာ့အိမ်ကို အဘွားအိုတစ်ဦးတက်လာပါတယ်။ လက်မောင်းဆစ်ဟသွားပါတယ်တဲ့ လက်ကမြှောက်လို့ ပင့်လို့မရတော့ပါ တဲ့
ဆရာကုပေးပါဆရာရယ်လို့ ညိုးညှိုးငယ်ငယ်လေး ပြောရှာပါတယ်။ ကျွန်တော်ကမြောင်းမြသွားဖို့ ရက်က သိပ်မရှိတော့ပါဘူး ။အဖွားအိုကလည်း ကုန်ကျစရိတ်ကိုပေးနိုင်မှာမဟုတ်ဘူးလေ။ကျွန်တော်အဖွားအိုကို
မကုပေးနိုင်တဲ့ အကြောင်း နားဝင်အောင် သာယာပျော့ပြောင်းစွာပြောခဲ့မိပါတယ်။ဒီလက်မျိုးကို ဆေးစည်းရင် ၇ခါလာရင်တစ်ခေါက်ကို စရိတ်ကတစ်သောင်းနီးပါးကုန်မယ်။ဆေးသုံးစွဲမူပါထပ်ပေါင်းရရင် ခက်ရချည်ရဲ့။
အဖွားရယ် ဒီမြို့က ဆရာတွေနဲ့ပဲကုလိုက်ပါနော် လို့ မချင့်မရဲလေးပြောတဲ့ အခါ အဖွားအို က သားရယ် အဖွားအသက်က၉၃နှစ်ရှိပါပြီ အားကိုး စရာသားသမီးတွေလည်းမရှိပါဘူးတူမတွေ ဆရာလေးကိုကန်တော့ပါ့မယ်
ကုပေးပါဆရာလေးရယ်..နော်လို့ တောင်းပန်သံလေးနဲ့ ပြောပါတယ်။ဒီမှာပဲကျွန်တော် လက်ကိုစစ်ဆေးတယ် သွေးကြောပြင်တယ် ဆေးလိမ်းတယ် နေသားတကျဖြစ်အောင် ပြုပြင်လိုက်တယ်။ဆေးတော့မစည်းပေးမိခဲ့ပါဘူး
လိမ်းဆေးတစ်ဗူး ပေးခဲ့ပါတယ်။အဖွားအိုက ဆေးဖိုးလေးယူပါဆိုပြီး တုန်တုန်ချိချိနဲ့ ပိုက်ဆံထုတ်ပေးပါတယ်။နေပါစေ အဖွားရယ် မယူပါရစေနဲ့ ဆိုပြီး ကျွန်တော် ပြန်ဖို့လုပ်တော့ ကျွန်တော်လက်ကို ကိုင်ပြီးမေတ္တာတွေပို့ပါ
တော့တယ်။
ကိုနေချားရေ့ နောက်နေ့စာရေးဆရာက ဖုန်းဆက်ပါတယ်။ ကိုထက်ဝေးရေ့ အိမ်နားကအဖွားကြီးက ညကအိပ်လို့ရတယ် ကိုက်တာတွေဘာတွေမရှိတော့ဘူး တော်တော်သက်သာတယ်ဗျာ ခင်ဗျားကိုလည်းမေတ္တာပို့တယ်
ကျွန်တော်ဆရာနဲ့ ဖုန်းစကားပြောပြီးတော့ ရင်ထဲဆို့နှစ်သွားရပါတယ် ကျွန်တော်ကလည်း ဆင်းရဲတော့ အကုန်အနှစ်နာခံ ကူညီချင်ပေမယ့် မဖြစ်နိုင်ခဲ့ဘူး။ သမားတော်ဆိုတာ ဆင်းရဲချမ်းသာမရွှေးရဘူးမဟုတ်လား
န၀ရတ်ကတိစ္စာကိုချိုးဖေါက်သလိုများဖြစ်နေမလား၊
ထိုညက ..အဲ့ဒီညက ကျွန်တော်အဖွားကြီးမျက်နှာကိုပဲမြင်ယောင်မိပြီးရင်ထဲကြေကွဲခဲ့ရပါတယ် ခင်ဗျာ။

About htet way

has written 133 post in this Website..