ပန်းနှင့်တူသော မိန်းကလေးထံသို့

(ဤပုံအား ကုံလုံဆရာတော်ဘုရားကြီး၏ ပုံတူ ရုပ်ထု ရှိရာ စံကျောင်းတော် အရှေ့မှ ရိုက်ကူးခဲ့ခြင်းဖြစ်၏)

 

ရနံ့ထုံသင်း

ပန်းခင်းကြီး၌

ပြစ်မျိုးမှဲ့မထင်

ကြည်လင်ရှင်းသန့်

စင်ကြယ်စွာဖြင့်

မွှေးပျံ့နေလည်း

ပန်ဆင်သူမဲ့

ချွေလက်မရှိက

ကြွေကာနွမ်းခြောက်

ကြွေကျလိမ့်မည် …

သြော်

အနိစ္စ အနိစ္စ အနိစ္စ

မမြဲတဲ့သဘောမို့

အချိန်ရှိခိုက် လုံ့လစိုက်ကြစို့

…………………..

————————————————————————————–

ဘာကို ဆိုလိုမှန်း သိချင်သိကြလိမ့်မယ်ပေါ့ …… ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေက တူမယ်လူ ရှားမယ်လို့ထင်ပါတယ် … Comment များ ၀င်ရေးတဲ့အခါ မိမိရဲ့ ထင်မြင်ချက်ကလေးများကို မြင်ချင်မိပါတယ် .. :)

အားလုံးကိုချစ်ခင်လျှက်

KING

 

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................