နွေရာသီမကြာမီေ၇ာက်တော့မည်…………
စိတ်မှာအမေ့အားသတိရလွမ်းဆွတ်လာပြန်သည် ။
သြော်……………………..နွေ၇ာသီရောက်၊ ကျောင်းကပိတ်ပြန်ပေဦးမည်။အချိန်တိုင်းအလုပ်နှင့်လက် အမြဲတစေမပြတ်သည့်သူကအမေပင်ဖြစ်တော့သည်။ ကျမတို့မောင်နှမတွေအားလုံးအား ၊ အလုပ်နှင့်လက်မပြတ်အောင်ခိုင်းတတ်တာကလည်းအမေပင်။
နွေရာသီကျောင်းပိတ်၇က်ရှည်များတွင် အိမ်နောက်ဖေးခြံထဲ၌ အုန်းလက်ကြွေများအား
တွေ့ မြင်ပါက ၊ သူတစ်လက်ကိုယ်တစ်လက် ကောက်ယူကာ အုတ်ပုံပေါ်တွင် ညီညီညာညာထပ်၍စုပုံပြီးတင်ထားပေးကြရပါသည် ။ ထိုကျောင်းပိတ်၇က်ရှည်ကာလများတွင် အုန်းလက်ခြောက်များအား အမေနှင့်အတူတကွ ရှင်းကြရပေသည် ။ ထမင်းစားပြီးသောက်ပြီး နေ့ခင်းနေ့လည်ဖက် အားလပ်သည့်အချိန်အခါများတွင် အမေဘာခိုင်းအုန်းမလည်းဟု ဆိုကာမောင်နှမတွေမျက်ခုံးလှုပ်ကြ၇ပြန်ပါသည်။ အမေခိုင်းပြီဆိုလျှင်မောင်နှမအားလုံးလွန်စွာ အလုပ်ရှုတ်ကြ၇မည်ကို ကြိမ်းသေတတ်အပ်သိနေကြ၍ဖြစ်ပါသည် ။ မကြာပါချေ ကျမတို့အားတစ်ယောက်ထိုင်စာ နှီးချောဖျာလေးများအား အိမ်နောက်ဖေး ဂိုဒေါင်အိမ်လေးရှေ့ရှိ သံတမံလင်းခင်းထားသည့်အင်္ဂတေလမ်း(လူလျှောက်
်ပတ်လမ်းလေး)ပေါ်၌ သွားချထားချေ ၊ ဟုအမေဆိုကဆိုပါလျှင် ၊မောင်နှမတွေအားလုံးပင် ကိုယ်စီကိုယ်ဌ နှီးချောဖျာလေးများအား သွားယူကာချထားပေး၇ပါတော့သည် ။ ပြီးလျှင်တော့ခြံနောက်ဖေးခြံထဲ အုတ်ပုံများပေါ်၌ သင့်သလိုညီညီစီကာထပ်၍တင်ထားသည့် အုန်းလက်ခြောက်များအား တစ်ယောက်တလက် သွားဆွဲယူလာကြကာ ကျမတို့ နှီးချောဖျာချထား၇ာနှင့် အနီးဂိုဒေါင်အိမ်လေးနှင့်မျက်နှာချင်းဆိုင်တွင်ရှိသည့် ထင်း၇ုံလုပ်ထားသော နေ၇ာတွင်ပုံထားပေးကြ၇ပါသည် ။ အမေက ဒါးမကြီးတစ်ချောင်းယူငင်ပြီး အုန်းလက်ခြောက်အား သူကိုယ်တိုင် အရင်းပိုင်းမှစကိုင်၍ လက်တဖက်နှင့်မြှောက်ကိုင်ကာ ဒါးမကြီးဖြင့် အဖျားတဆုံးထိ အုန်းရွက်လက်ကလေးများအား တခုစီသပ်ချပေးသွားပါသည်။ ကျမတို့ကအမေသပ်ချပေးသည့် အုန်းလက်ရွက်ကလေးများအား ကောက်ယူကာ စု၍စီထားပေးကြ၇ပြန်ပါသည် ။ ပြီးလျှင်အမေက အုန်းလက်ရွက် အရင်းထိတ်ပိုင်းများအား အရွက်နှင့်အရိုးတံများအား ခွာ၍ကောင်းအောင်ခုတ်ပေးပြီးပြီဆိုရင်တော့ ကျမတို့ကနှီးချောဖျာလေးပ်ါမှာ ကိုယ်စီထိုင်ကြကာ အုန်းလက်ကလေးများအား တစ်ချောင်းစီယူငင်ကာ အရွက်နှင့် အ၇ိုးအား သီးခြားဖြစ်သွားအောင် ခွာ
၇တော့သည် ။ ခွာသည့်အခါတွင်
လည်းလက်ဝင်လှပါသည်။ (ထိုသို့ပြုလုပ်သည်ကိုအမေတို့ကအုန်းလက်သင်သည်ဟုပြောဆိုကာသုံးနှုံးကြပါသည်)
အုန်းရွက်ခြောက်ကုန်စင်အောင်ခွာ၍ ပြီးသွားပါ ကလည်းအုန်းလက်အ၇ိုးတံအချောင်းသေးသေးလေးအား လက်တဖက်ကကိုင်၍ လက်တဖက်က
ဓါးပြားပါးပါးလေးဖြင့်ဖိသပ်သွားကာ အ၇ိုးတံအားချောမွတ်သွားအောင် သပ်ပေး၇ပြန်ပါသည် ။ အချောသပ်ထားပြီးသား အုန်းလက်၇ိုးတံလေးများအား အမေကအုန်းလက်တံမျက်စည်းလေးများအား ကိုင်၍ကောင်းသည့်အနေထားအား အမြင်မျက်မှန်းဆကာ အပုံလေးတွေပုံပါသည် ။ ထိုအုန်းလက်၇ိုးတံပုံလေးများအား တပုံစီလက်ကကိုင်ယူပြီးလျှင် ကြပ်ခိုးတင်ထားသည့်နှီးချောလေးနှင့်စည်းနှောင်
ကာတုတ်ပေး၇ပါသည် ။ အမေကကိုင်၍ကောင်းအောင် ဟုဆိုကာပိတ်စကြိုးလေးများနှင့် အထပ်ထပ်ချည်တုတ်ကာစည်းသေးသည် ။ အုန်းလက်တံမျက်စည်း၏အဖျားပိုင်းအ၇ိုးတံလေးများအား တထွာလောက်ခုတ်ပစ်ပါသေးသည် ။ ကျမမောင်နှမတွေအားလုံးလုပ်ဆောင်ရသည့် အပိုင်းပြီးသွားသော်လည်း၊ အမေ့အပိုင်းကမပြီးသေးပါ။ ကျမတို့အာ့း်ဆော့ချင်သည့်ဆန္ဒရှိပါက
ဆော့၇န်ခွင့်ပြုပေးပါတော့သည် ။ တလက်စတည်းပင် အမှိုက်များအားသိမ်းဆည်းသွား၇န်နှင့် ကျမတို့သင်ထားသည့် အုန်းလက်အရွက်ခြောက်လေးများအား မီးစာလုပ်ရန်(မီးမွှေး၇ာတွင်အသုံးပြု၇န်)၊ အတွက်ဟုဆိုကာ အလုံးလုံးလေးများပြုလုပ်ပြီး သူ့အရွက်နှင့်သူပြန်ချည်ကာ ပြုလုပ်ပြီးမီးဖိုနှင့်တဆက်တည်းပြုလုပ်ထားသည့် နေ၇ာအောက်၌ထားပေးသွား၇န် ပြောပါတော့သည် ။
ကျမကအမေ့နားကမခွာနိုင်သေးဘဲ အမေလုပ်နေတာကိုစိတ်ဝင်စားနေမိပြန်ပါသည် ။ အမေကားအိမ်အပေါ်လှဲ၇န်(အိမ်မျက်နှာကျက်၊အိမ်ခေါင်မိုးပေါ်ရှိပိုးမျှင်များ၊ပင့်ကူမျှင်များ လှဲကျင်း၇န်အတွက်)ဟုဆိုကာ စိတ်ရှည်လက်ရှည်ဖြင့် အပေါ်လှဲအုန်းလက်တံမျက်စည်းအားထပ်မံပြုလုပ်
နေခြင်းပင်ဖြစ်ပါသည် ။
သ္မီးဘာ၇ပ်ကြည့်လုပ်နေတာလဲဟုအမေကမေးလျှင်……….၊ကျမကအမေအခုလုပ်နေတာစိတ်ဝင်စားလို့ပါ ဟုပြောမိပါသည်။ ထိုအခါအမေကကျမအားပြောပြသည်မှာ………
အပေါ်လှဲမည့်အုန်းလက်တံမျက်စည်းကလုပ်ရတာလက်ဝင်သည်အချိန်လည်းကုန်သည် ။ ဈေးမှာဝယ်ကပိုတန်သည် ၊ အုန်းလက်တံမျက်စည်းကတန်ဘိုးသိတ်မပေးရ ။ ခိုင်တာကိုကြည့်ဝယ်တတ်က၇ပါသည် ။ အမေကစာမတတ် ၍အချိန်ကိုအလဟဿမထားချင်၊ဒါကိုလုပ်တာကလက်ဝင်သည့်အပြင်၊အချိန်လည်းကုန်သည်လူလည်းပန်းသည်၊ပြီးလျှင
်ဒါတွေလုပ်တာ နင့်အဖေကမကြိုက် သမီးတို့ပညာတတ်လျှင်ဒါတွေလုပ်ဖို့အချိန်ရှိမှာမဟုတ်၊အခုသ္မီးတို့လုပ်တာပင်ပန်းသွား၍အမေနားခိုင်းခြင်းဖြစ်သည်၊အဖေမြင်၇င် ကလေးတွေကိုနှိပ်စက်တာလားဟု မေးလျှင်အမေစိတ်မကောင်းဖြစ်ရမည်။နောက်ပြီးနင့်တို့အဖေကအပေါ်လှဲ တံမျက်စည်းလုပ်တာတွေ့ ရင်လုံးဝမကြိုက် သူ့စိတ်ထဲသိမ်ငယ်သည့်အလုပ်ဟူ၍ထင်နေသလားဟူ၍ကား၊ငါ
မပြောတတ်ပါ ။ တယောက်နှင့်တယောက်အမြင်ခြင်း၊အတွေးခြင်းတွေက မတူကြဟုအမေကပြောပါတော့သည်။ ကျမကအမေ၇ယ်…ခဏလေးကြည့်တာပါ၊သ္မီးစိတ်ဝင်စားသည် အဖေလာတာမြင်၇င်သ္မီးပြေးမှာပေါ့ဟုပြောကာ အမေ့အား ဈေးဆစ်မိကာအမေလုပ်နေတာကို
ခဏတာမျှကြည့်နေမိပါသည် ။ အမေသည်အသင့်ယူထားကာအနားမှာချထားသည့် ၀ါးလုံးတုတ်ချောရှည်လေးတချောင်းအား အလယ်ညှပ်၍ ကြပ်ခိုးတင်ထားသည့်နှီးချောကြိုးလေးများအား ကွင်းလေးများအဖြစ်ယှက်ကာထိုးယူပြီး ၊ တဖြေးဖြေးအ၀ိုင်းဖြစ်အောင်ချဲ့ ကားထိုးယူသွားပြီး အုန်းလက်အရိုးတံအချောင်းလေးများအားနှီးချောကွင်း
လေးများတွင်ညှပ်ညှပ်ပြီးထိုးထဲ့သွားကာချည်ငင်ယူသွားပြီး အပေါ်လှဲတံမျက်စည်းပြုလုပ်သွားပါသည် ။ ပြီးလျှင်ထိတ်ဝအားကျွတ်မထွက်နိုင်အောင် ပိတ်ကြိုးစခိုင်ခိုင်ဖြင့်အသေအချာတုတ်နှောင်ကာ
စည်းနေပါတော့သည်။ပြီးလျှင်ထိတ်ဖျားကိုမူအမေက
မဖြတ်ပါ၊ကျမကစပ်စုသူပီသစွာ…… အမေထိတ်ဖျားတွေကဘာလို့မဖြတ်တာလဲဟုမေးမိပါသည်၊ထိတ်ဖျားတွေကပိုးမျှင်တွေပိုကပ်လို့ဟုဆိုကာ
ကျမအားပြောပြပါသည် ။ အမေလုပ်နေစဉ်တုံးကဖြောင့်ဖြောင့်မကြည့်ထား၇ပါ၊အဖေ့အား ကြောက်၍
အိမ်ရှေ့ ပေါက်ဝဖက်မျက်နှာတည့်တည့်လှည့်ထားကာ အဖေ့လာမှာကိုသတိပြုကာကြည့်နေရသေး၍ဖြစ်ပါသည်။ စိတ်အတွေးမှာလည်း …….၊ အမေအပေါ်လှဲသည့်အုန်းလက်တံမျက်စည်းလုပ်လျှင် အဖေသိတ်မကြည်ချင်မှန်းတော့သိသည်။ဘာကြောင့်မှန်းလည်းမသိရပါ ၊ ပဟေဠိဆန်သည်ဟုထင်မိခဲ့ပါသည်။ အမေကားအုန်းလက်များချွေယူပြီးသွားသည့်၇ိုးတံ
အုန်းလက်ခြောက်ကိုင်းအား အပိုင်းပိုင်းခုတ်ထစ်ဖြတ်ပြီးကာငါ့သ္မီးတွေကိုအဲဒါတွေမသင်ပေးနဲ့ဟုအဖေကအမေ့ကိုပြောတတ်၍လည်း ဖြစ်ပါသည် ။ တစ်ခါတွင်……………….၊ အဖေ့အား ကျမတို့မောင်နှမများက အုန်းလက်တံမျက်စည်းလုပ်ရတာကို ပျော်ပါတယ်အဖေဟုဝိုင်းပြောကြ၍သာ၊ဒါဆိုအောက်လှဲသည့်ဟာလုပ်တာကအဖေလည်းသိပါတယ်၊အိမ်မှာလည်းအလွန်အသုံးများတာမို့အဖေမပြောလိုပါဘူး၊ဒါပေမယ့်အပေါ်လှဲတဲ့ဟာကလုပ်၇တာအ၇မ်းလက်ဝင်လို့ပါ………၊ ၀ါးတုတ်တံအလုံးရှည်က ဈေးမှာသွားဝယ်မှ၇တာ၊သယ်ပြီးယူပြန်လာလည်း
တုတ်ကရှည်တော့ကန့်လန့်နဲ့စိတ်ကရှုတ်စရာ။အိမ်မှာ
ခိုင်းတဲ့ကောင်လေးတွေကလုပ်ချင်
မလုပ်ချင်မှန်းမသိခိုင်း၍သာလုပ်ရမည်၊မကောင်းတတ်သဖြင့်လုပ်ပေး၇မှာဟုဆိုပါသည်။(ကုန်ကြမ်းပစ္စည်းကအိမ်မှာရှိတဲ့
ဟာလည်းမဟုတ်)၊ ကဲဘာထူးမှာလဲ……….၊ အချိန်တွေကုန်တာသာအဖတ်တင်သည် ၊ အဲဒါတွေလုပ်မည့်အစားတခြားဟာလုပ်ပါက အကျိုးရှိသေးသည်ဟုအမေ့အားအဖေက
ပြောကာဆူပါတော့သည်။ အမေက…အဖေ့အား တံမျက်စည်းတချောင်းလုံးဝယ်ယူ၇တာနဲ့စာ၇င်တော့
ပိုသက်သာတာပေါ့၊ဈေးဘိုးပိုထွက်လာလည်း သားသ္မီးများအားကောင်းကောင်းမွန်မွန်ပိုမိုကာကျွေးနိုင်သည်
ဟုပြောပါသည်။ ကျမက“အင်း”…….ဟုသာသက်ပြင်းတချက်ချမိပါတော့သည်။
အဖေကတမျိုး၊အမေကတမျိုးဆယ့်နှစ်လမှာေ၇တခါချိုးဟုဆိုကာ….အမေ့အားစ၍အနားမှပြေးထွက်ခဲ့မိပါတော့သတည်း ။
အမေက…..ကျမတို့မောင်နှမအားလုံးတို့၏စံနမူနာယူထိုက်ပါပေသည်။ အုန်းမျိုးကောင်းများအားမျိုးဖောက်ကာရောင်းချတတ်သေးသည်၊အပင်မှချသောအုန်းသီး များအားသူကိုယ်တိုင်လက်ဖြင့်ဆ၍လက်ပေါ့၊လက်လေးရွေး၍မျိုးကောင်း၊မျိုးသန့်ထား ကာအပင်ဖောက်ရောင်းချတတ်သေးသည်။
ဆန်ဆေးသည့်ရေ၊ပန်းကန်ဆေးသည့်ရေတို့လည်းမနေရ၊ ပန်းကန်ဆေးသည့်အုတ်ခုံပေါ်၊ဘောင်နခမ်းဘေးများ
တလျှောက်၌ အစို့ညှောက်ထွက်နေသည့်
အုန်းများအား အစီအ၇ီချထားကာ ကျမတို့မှာပန်းကန်ဆေးသည့်နောက်ဆုံးေ၇ကြည်၊ဆန်ဆေးရေများဖြင့်ပက်ဖျန်းပေး၇သည်။ အပင်
ပေါက်သက်တမ်း(၂ )နှစ်ကျော်လာပါက
တပင်ကို(၁၂)ကျပ်နှုံးဖြင့်ရောင်းချပါတော့သည်။ (ပဉ္စမတန်းတက်တုံးကဖြစ်ပါသည်)
ကျမမှတ်မိတတ်ကာစ(၅)နှစ်သ္မီးအရွယ်တုံးကတော့တပင်ကို(၁)ကျပ်ခွဲ၊ ငါးမတ်နှုံးလောက်ရှိပါသည်။ ၀ယ်သူလာ၍ဈေးဆစ်လျှင်အမေကအလွန်ပင်စိတ်တ
ိုတတ်ပါသည်။အုန်းက ချက်ခြင်းစိုက်၍မရ ၊ အနည်းဆုံးတော့(၂)နှစ်ခွဲကျော် သုံးနှစ်မှသာမြေမှာချစိုက်နိုင်ပါသည်။ နှစ်ပေါက်အောင်ထားထားကာပျိုးထား၇သည်။(ယုယ
ကာပြုစုထား၇၍ဖြစ်သည်ဟုအမေကဆိုပါသည်)ငါကားသူများလိုလည်းအမြတ်မတင်ထားဟုဆိုကာဝယ်သူများကို
ရှင်းပြတတ်ပါသည် ။ ပြန်တွေးလျှင်အမေ့ကျေးဇူးများအား သတိရကာတမ်းတမ်းတတဖြစ်ရပါတော့သည် ။
(ကိုယ်တွေ့ ခံစားချက်များသာဖြစ်ပါသည်
ဝေဖန်ထင်မြင်ချက်များတောင်းခံအပ်ပါသည်။)

aye.kk

About aye.kk

has written 246 post in this Website..