မန်းဂေဇက်မှာ မှတ်ပုံတင်လိုက်ပြီဆိုတော့ ရွာသားအသစ် ဖြစ်လာပြီပေါ့နော….ဒီလိုပဲ ရွာစဉ်လည်ပြီး ဒုက္ခတွေ ပတ်ပြီးပေးနေတာလားလို့တော့ မမေးကြပါနဲ့ ..ရွာထဲကို ဖြတ်သွားဖြတ်လာ အကြိမ်ရေ များလာတော့ ရွာသားဖြစ်ချင်လာတာနဲ့ အခြေချလိုက်တာလေ…ရွာခံတွေဆီကလဲ အကူအညီတွေ မျှော်လင့်တာလဲပါတာပေါ့..အန်ကယ့်ဒုက္ခက ဒီလိုပါ..မရှိမဲ့ ရှိမဲ့ငွေလေးနဲ့ အရစ်ကျ ပေးဝယ်ထားတဲ့ ကွန်ပျူတာလေး အခု အတော်နာမကျန်းဖြစ်နေပါတယ်..ဆေးမြီးတိုတွေနဲ့ ကုနေတာလဲ အချိန်အတော်ကြာနေပါပြီ..LAN connection နဲ့ ရုံးမှာ သုံးခွင့်မရှိတော့ wifi ပါတဲ့စက် လေး ဝယ်သုံးပါတယ် ..wifi က အခုဆို ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး ဝိုင်ဖိုင်ဖွင့်လိုက်ပေမဲ့လည်း သင်္ကေတ လေး မပြပဲ လိုင်းမမိဖြစ်နေပါတယ် ။အမျိုးအစားက စူဇူကီးပါ..နာမည်သိပ်မရှိတဲ့ တံဆိပ်မို့များ ဖြစ်နေသလားမသိပါဘူး..။ စက်ကို shut down လုပ်လည်း shutting down စာတန်းနဲ့ပဲ တင်းခံနေပြီး ပိတ်မသွားပါဘူး။ ခလုတ်က နေပဲ ပိတ်နေရပါတယ်..။ ခလုတ်ကနေ ပိတ်လိုက်တိုင်း ဒုတ် ကနဲ hard disc က မြည်သွားတဲ့အသံကလည်း ရင်ဝကို ဆောင့်ကန်လိုက်သလိုကို ခံစားရပါတယ်..အခုခောတ်လို ဈေးတွေပေါလာမှ ဝယ်မိရင်ကောင်းသားနော်..ကွန်ပျူတာနဲ့ အင်တာနက်ပိုး က ဝင်လာတော့ အဝယ်စောသွားတာ ခံလိုက်ရပါတယ်..ဘယ်လို ကု စားရမလဲ..ငါ့တူတို့ ငါ့တူမတို့ရေ..သူကြီးကိုလည်း အားကိုးတကြီး အကူအညီတောင်းကြောင်း တင်ပြပေးကြပါဦး ..စက် ရဲ့ spec လိုရင်လည်း ကူညီနိုင်မဲ့သူဆီကို အားကိုးတကြီးပို့ပေးပါ့မယ်..ဒုက္ခ ပေးတယ်တော့ မထင်လိုက်ကြပါနဲ့..

About uncle kyaw

Aung Oo has written 6 post in this Website..

Hospitality staff