တစ်လောက ကျွန်တော်တို့မရမ်းကုန်းမြို့နယ် ( ၆ ) ရပ်ကွက်မှာ ၂၇-၁-၂၀၁၂ ရက်နေ့ စာပေဟောပြောပွဲ ကျင်းပတယ်။
ကျွန်တော့်ရင်ထဲမှာ ဟောပြောပွဲမစခင်အချိန်ထိ ပီတိတွေတစ်လှေကြီးနဲ့ပါ၊ ကျွန်တော်တို့လို ရပ်ကွက်မျိုးမှာ စာပေဟောပြောပွဲကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဖြစ်မြောက်အောင်တာဝန်ယူတဲ့ သူတွေကို ကျေးဇူးတင်ရင်းနဲ့ပေါ့၊ ဟောပြောပွဲမှာ နိုင်ငံတော်က စာပေဆုချီးမြှင့်ခြင်းခံရတဲ့ စာရေးဆရာမ တစ်ဦး စာရေးဆရာ နှစ်ဦးနဲ့ စည်သူဘွဲ့ ချီးမြှင့်ခံရတဲ့ ဆရာကြီး ကိုဂုဏ်ပြုအခန်းအနားပါပါတယ်၊ စာပေဟောပြောပွဲ လဲပြီးရော ဖျော်ဖြေရေးအစီအစဉ်စပါတယ်၊ ပွဲကိုလာတဲ့ ပရိတ်သတ်အများစုဟာ အရွယ်မရောက်သေးတဲ့ကလေးသူငယ် တွေများပါတယ်။ အများစုက ဆယ်နှစ်ဝန်းကျင်မိန်းကလေးငယ်တွေပါ။ သူတို့ဟာ နာမည်ကြီးဟာသ သရုပ်ဆောင်တွေရဲ့ ဖျော်ဖြေမှုကိုလာရောက်အားပေးကြတာပါ၊ ကွင်းထဲမှာ ကလေးပရိတ်သတ်က ပိုများပါတယ်။ ဟာသသရုပ်ဆောင်နဲ့ ကာရာအိုကေစင်တင်ဖျော်ဖြေမှုလဲစရော ကျွန်တော် ကွင်းထဲမှာတောင်မနေနိုင်တော့ဘဲ အိမ်ပြန်ပြေးခဲ့ရပါတယ်၊ ယိုသူမရှက် မြင်သူရှက်ကြောင့်ပါ အိမ်ရောက်ပေမဲ့ ကျယ်လောင်လှတဲ့ ယုတ်ယုတ်ကန်းကန်းပျက်လုံးတွေကို တစ်ညလုံးစိတ်မချမ်းမြေ့စွာနဲ့ ကျွန်တော်ရင်နာခဲ့ရပါတယ်၊ကျွန်တော်နားမလည်တာက ဒီလို စင်ပေါ်မှာ မောင်နဲ့နှစ်မ သားအမိ နားထောင်ဘို့ မသင့်တဲ့ ယုတ်ယုတ်ကန်းကန်း လိင်ဆိုင်ရာ အောက်ပိုင်းပျက်လုံးတွေကို ပျက်ပြတာဟာ အမြင်မတော်တာ သရုပ်ဆောင်ကပြကြတာ ဖက်ရှင်တစ်ခုလား အစကနေအဆုံးထိ တစ်ခြားပျက်လုံးဆိုတာမပါရအောင်ကို လိင်ဆိုင်ရာပျက်လုံးတွေချည်းဘဲပျက်နေတာကို တားမည့်သူမရှိ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို သင်ကြားပို့ချနေတဲ့ လိင်ပျက်လုံးဟာသသရုပ်ဆောင်တွေကို ကျွန်တော်လေးစားအံ့သြခဲ့ရပါတယ်။ ဟာသကြောင့် ကျွန်တော့်နား ပဒါသ မဖြစ်ဘဲ သွားကြည့်မိတဲ့ ကိုယ့်ခြေထောက် ရိုက်ချိုးချင်စိတ်ပေါက်ခဲ့ရတာကို နားလည်ခံစားပေးကြပါလို့၊
ဒီပါကို

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..