ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်ရတာလည်း

အထီးကျန်ဆန်လွန်းလှ

ချိုရည်ငြိမ့်ညောင်းပေမယ့်

မျိုးတူတို့ရင်ဘတ်နဲ့ မျောလွင့်ရတာလည်း

ငါ့နိဗ္ဗာန်ဘုံရဲ့အဝေး

ဒီပုံမျိုးနဲ့ဆို…မြင်းမိုရ်ကို ငါဖြိုနိုင်ပါ့မလား

အမှောင်ပါးပါးဆိုးထားတဲ့ အလင်းထဲကငါ့နေ့တွေ

ပြောပြချင်ပါသေးတယ်

ငါ့ရင်ထဲက ပျားရည်မြစ်တစ်စင်း ဒီနေ့အထိစီးဆင်းနေတဲ့အကြောင်း

ပန်းစုံတောရဲ့အလည်မှာ အထီးကျန်နေဆဲ လူတစ်ယောက်အကြောင်း

မင်းနားထောင်မယ်ဆိုရင်ပေါ့

About yannaingech

yan naing aung has written 24 post in this Website..

Residence of Myanmar, living in Mandalay, working in an internet cafe.