ရန်ကုန်မှာပွင့်တဲ့ Cherry

weiweiMarch 10, 20111min24721

ရန်ကုန်မှာ တစ်ပင်လုံး ပန်းရောင်ပန်းတွေပွင့်နေတဲ့ အပင်တွေကို မြင်မိတော့ ပြချင်စိတ်ပေါ်လာတာနဲ့ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်ပါတယ်။ အလွယ်တကူ ချယ်ရီပန်းလို့ခေါ်ပေမယ့် တကယ့်ချယ်ရီပန်းအစစ်နဲ့တော့ မတူပါဘူး။ ဘာပန်းလို့ ခေါ်လဲဆိုတာ သိတဲ့သူရှိရင် ပြောပြပေးပါ။

21 comments

  • bigcat

    March 10, 2011 at 6:40 am

    အဲဒါစန္ဒကူးပန်းလို့ခေါ်ပါတယ်။

  • chancellor

    March 10, 2011 at 12:04 pm

    ကျနော်တို ့ဆီမှာတော့ အိပ်ချင်ပန်း လို ့ခေါ်ကြတယ်၊ မူလတန်းကျောင်းစည်းရိုးမှာ ရှိခဲ့ဖူးတယ်

    • weiwei

      March 11, 2011 at 3:48 pm

      အဲဒီပန်းပင်တွေကို ကျွန်မရုံးခန်းကနေ လှမ်းမြင်နေရတယ် .. ပွင့်နေတာ ၂ ပတ်လောက်ရှိပြီ … အားတိုင်းငေးကြည့်ပြီး အိပ်ငိုက်လာလေ့ရှိတယ် … 🙂
      အိပ်ချင်ပန်းဆိုတဲ့ နံမည်နဲ့ လိုက်ဖက်တယ် … 😛

  • santhit

    March 10, 2011 at 1:27 pm

    ပန်းရဲ့ ဝတ်ဆံက အဝါရောင်ချိတ်ကောက်လေးတွေ ဆိုရင် တို့ဘက်မှာ ခေါ်တာတော့ ဆောင်တော်ကူးပန်း လို့ ခေါ်ပါတယ်။

  • ဆူး

    March 10, 2011 at 1:28 pm

    တပင်လုံး ပန်းရောင်လေး လှပါတယ်။ ပန်းနာမည်တော့ မသိပါဘူး။ လှတယ်ဆိုတဲ့ အမြင်ကိုတော့ ခံစားမိတယ်။

  • mihninlay

    March 10, 2011 at 1:40 pm

    တို ့မန်းလေးမှာလဲရှိတယ် အဖြူရောင်လဲရှိတယ် ဘာပန်းခေါ်လဲတော့သိဘူး

  • bigbird

    March 10, 2011 at 3:17 pm

    ပန်းအမည်တွေ ကို တစ်နေရာမှာ တစ်မျိုးခေါ်နေကြပါလား။ ဒီနေရာမှာ.စကား
    မစပ် ဝင်ဆွေးနွေးရအုံးမယ်။ ပန်းချည်းပဲ မဟုတ်သေးဘူး၊သစ်သီးနာမည်တွေလည်း တစ်နေရာနဲ ့တစ်နေရာ မတူတာတွေ ရှိသေးတယ်။ တိရစာ္ဆန် သတ္တဝါ တွေရဲ ့ အမည်တွေလည်းမတူကြ
    တာ တွေ ့ရတယ်။ ဘာကြောင့်ဒီလိုဖြစ်ရလဲ မသိဘူးနော်.အမှန်ဆိုရင် တစ်နိုင်ငံလုံး အတူတူပဲ ဖြစ်သင့်တယ်။

    • etone

      March 12, 2011 at 4:02 am

      ISO မရှိလို့ပေါ့ … ခေါ်ချင်သလိုခေါ်နေကြတာ ။

  • ဆူး

    March 10, 2011 at 5:00 pm

    တနယ် တမျိုး ခေါ်တာဆို ရင် သတိထားမိတာ..
    ဆူးတို့ ဆီမှာ ခေါ်တဲ့ ငါးလုံး ဆိုတဲ့ ငါးသေးသေးလေးတွေ ဧရာဝတီ တိုင်းဘက်မှာကျတော့ ငါးသစ်တုံးတဲ့.. အထက်ဘက်ကျတော့ မြင်တောင် မမြင်ဘူးဘူး စားဘူးဖို့နေနေသာသာ။ အဲလိုတွေလည်း ရှိတတ်တယ်။

  • padonmar

    March 10, 2011 at 5:28 pm

    ငုစပ်ချယ်ရီလို့ထင်ပါတယ်၊

  • shwe

    March 11, 2011 at 11:03 am

    MA Padonmar ပြောတဲ့ ငုစပ်ချယ်ရီ လို့တော့ ကျမတို့ဘက်မှာခေါ်ကြတယ် ။

    ဆောင်တော်ကူးပန်း ကတော့ ဝတ်ဆံက အဝါရောင်ရှိပြီး နွယ်လိုအပင်မျိုး။ ဒီနားမှာဆောင်တော်ကူးပန်းပင်ရှိတယ် ။ အပွင့်တော.မရှိတော့ဘူးနဲ့တူတယ် ။နောက်ရက်မှ ပုံရိုက်ပြီးတင်ပေးဦးမယ် ။

  • ဆူး

    March 11, 2011 at 3:32 pm

    မနက်က ရွှေတိဂုံ ဘုရား လမ်းလျှောက်ထွက်တော့ ဘုရားဝန်းထဲမှာ အဲဒီ အပင်မျိုး တပင်လုံး ပန်းရောင် ပွင့်နေတာ တွေ့တယ်။

  • Gong Zhu

    March 12, 2011 at 4:51 pm

    သမီးက မြင်ကို မမြင်ဖူးတာ … တရုတ်ကားမှာ ပါပါနေတဲ့ ပန်းရောင်လေးနဲ့ ပန်းက ဘာပန်းလဲ … သိရင်ပြောပြပါလား … မွှေးလား …

    • weiwei

      May 23, 2011 at 6:26 am

      Meihua (မေဟွား) လို့ခေါ်တဲ့ ဇီးပန်းကလေးတွေ ဖြစ်မယ်ထင်တယ် …

  • kopauk mandalay

    May 23, 2011 at 6:09 am

    တရုပ်ကားထဲမှာ ပါတဲ့ပန်းက မက်မုံပန်းလို့ ခေါ်ပါသတဲ့ကွယ်

  • mnoe

    May 23, 2011 at 9:21 am

    လှလိုက်တာမဝေရယ်။ ကျေးဇူးပါ။ မဝေ ပြန်လာရင် မျူးိလာတောင်းမှထင်တယ်။

  • လင်းဝေကျော်

    May 23, 2011 at 9:38 am

    မဝေဆီက ဘာမျိုးတောင်းမှာတုန်း သွားပြီး စော်စော်ကားကား။
    ပုံကလည်း ရန်ကုန်နဲ့ မတူဘူး။ ဘယ်နားကတုန်း။

  • weiwei

    May 23, 2011 at 1:20 pm

    ရန်ကုန်အစစ်ပါ … ကျွန်မအလုပ်လုပ်တဲ့ စက်ရုံထဲမှာ ၅ ပင်လောက်ရှိတယ် … အရင်တုန်းကအများကြီးပဲ … နာဂစ်တိုက်လိုက်လို့ နဲနဲပဲ ကျန်ခဲ့တာ …
    mnoe မျိုးလိုချင်ရင် ပေးမယ်လေ … လောလောဆယ်တော့ ကိုင်းပဲစိုက်လို့ရမယ် … အစေ့တွေက ကြွေကုန်တာကြာပြီ …
    အဖြူရောင်အပွင့်ရှိတဲ့ အပင်တွေလဲ ရှိပါတယ် …

  • mnoe

    May 24, 2011 at 8:00 am

    ကျေးဇူးပါမဝေ။ အကိုကြီး လဝက ရေ.. ငုချယ်ရီမျိူးတောင်းနေတာပါ ။ ဘာမှားလို့တုန်း။ စာတွေးပဲတွေးပါနော်။

  • mnoe

    May 24, 2011 at 8:00 am

    ကျေးဇူးပါမဝေ။ အကိုကြီး လဝက ရေ.. ငုချယ်ရီမျိူးတောင်းနေတာပါ ။ ဘာမှားလို့တုန်း။

  • Kay Kay

    October 10, 2011 at 2:25 pm

    စစ်ကိုင်းမှာတော့ ဖွားဘက်တော်ပန်းလို့ခေါ်တာပဲ
    ပန်းပွင့်တဲ့အချိန်ဆို အရမ်းလှတယ်……..
    တလမ်းလုံးပဲဆိုတော့ ကြည့်လိုက်ရင် ပန်းရောင်တန်း အဖြူရောင်တန်းလေးပဲ…………

Leave a Reply