anyartharJune 14, 20101min860
ငရဲဘုံဆိုတာ ကုသိုလ်ကောင်းမှူပြုခွင့်မရတဲ့ ဆင်းရဲခြင်းကိုအမြဲခံစားနေရတဲ့ နေရာတစ်ခုဖြစ်ပါတယ်……… ဒီကမ္ဘာမြေအောက်ယူဇနာပေါင်းတစ်သောင်းငါးထောင် (တစ်ယူဇနာ=8 မိုင်)ကွာဝေးသောအရပ်မှာ ဥမင်လှိူင်ကြီးသဖွယ်ဖြစ်လျှက် တည်ရှိပါတယ်………. ၁… သိဥိ္ဖးငရဲ ၂… ကာဠသုတ်ငရဲ ၃… သံဃာတငရဲ ၄… ရောရုဝငရဲ ၅… မဟာရောရုဝငရဲ ၆… တာပနငရဲ ၇… မဟာတာပနငရဲ ၈… အဝီစိငရဲ အဆင့်ဆင့်အစဉ်လိုက်ဖြစ်တယ်……… အဲဒီငရဲကြီးရှစ်ထပ်မှာလည်း တစ်ထပ်တစ်ထပ်မှာ 1… ဘင်ပုပ်ငရဲ 2… ပြာပူငရဲ 3… လက်ပံတောငရဲ 4… သန်လျှက်တောငရဲ 5… ဝေတ္တရဏီငရဲ (သံရည်ပူမြစ်ငရဲ) ဟုငရဲငယ်ငါးထပ် တံတိုင်းခတ်သကဲ့သို ့ရံပတ်နေပါတယ်……… အကုသိုလ်မကောင်းမှူများအလိုက် သက်ဆိုင်ရာငရဲသို ့ကျရောက်ရ၏…… ငရဲသားများသည် ကံကြောင့်ဖြစ်ရသောကြောင့် အကုသိုလ်ကံမကုန်မခြင်း မသေနိုင်ဘဝမပြောင်းနိုင်ပဲ ဆင်းရဲခြင်းများစွာကို ခံကြရ၏……… အချို ့မှာ ရက်အနည်းငယ် or […]


anyartharJune 14, 20101min740
ပုဒ်မ (၁) ပိုးပန်းသူများသော အမျိုးသမီးများသည် မိမိနှစ်သက်ရာ တစ်ဦးတစ်ယောက်ကို ရွေးချယ်ပြီး ကျန်သောယောက်ျားလေးများအား လိုအပ်နေသောသူများထံသို့ လွှဲပြောင်းပေးရမည်။ ပုဒ်မ (၂) ပူအိုက်သောရာသီတွင် ရင်စေ့၊ လက်ရှည်၊ ထမီနှင့် လုံအောင်ဖုံးထားသော အမျိုးသမီးများအား “သဘာဝအလှတရားကို အံတုသူများ” အဖြစ် အရေးယူရမည်။ ပုဒ်မ (၃/က) ယောက်ျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား “ဒုက္ခရောက်နေသူကို လျစ်လျူရှုမှု” ဖြင့်လည်းကောင်း၊ ပုဒ်မ (၃/ခ) ချစ်စဖွယ်စကားဆိုပြီး ညာညာခိုင်းတတ်သော အမျိုးသမီးများအား “လုပ်အားခ မပေးဘဲ စေခိုင်းမှု” ဖြင့်လည်းကောင်း၊ ပုဒ်မ (၃/ဂ) ချစ်သူရှိသော အမျိုးသားတစ်ဦးကို အခြားအမျိုးသမီးတစ်ဦးမှ ချစ်စဖွယ်အမူအယာများဖြင့် ချဉ်းကပ်သိမ်းသွင်းခြင်းကို “နွားခိုးမှု” ဖြင့်လည်းကောင်း အရေးယူမည်။ ပုဒ်မ (၄/က) မိဘချင်း ရင်းနှီးမှုကို အသုံးချ၍ ချဉ်းကပ်လာသော […]


anyartharJune 13, 20101min990
“အစာအိမ်ကင်ဆာ” ကြောင့် တနှစ်မှာ လူပေါင်း ရှစ်သိန်း သေဆုံးနေရတယ်။ ကင်ဆာတွေထဲမှာ စတုတ္တအဖြစ်များဆုံး။ ကင်ဆာကြောင့် သေရတာထဲမှာတော့ ဒုတိယအများဆုံး။ တတိယနိုင်ငံတွေ၊ တောင်အမေရိက၊ အရှေ့ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ တရုတ် နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံက တတိယထဲမှာတင် ရှိသေးလား၊ စတုတ္ထအဆင့် တက်ပြီလား မပြောတတ်ဘူး။ နောက်ပြီး သွေးအုပ်စု A မှာ ပိုဖြစ်တယ်။ O က အစာအိမ်လေနာ။ ဖြစ်စမှာ ဘာမှ မခံစာရလို့ရှိပြီး၊ သိတဲ့အချိန်ဆိုရင် နောက်ကျနေပြီလို့ ပြောနိုင်တယ်။ အစာမကျေသလို၊ အစားပျက်သလိုနဲ့ စတယ်။ နောက်ကြမှ ဗိုက်နာ၊ ပျို့ချင်-အန်ချင်၊ ဝမ်းပျက်၊ စားပြီးဗိုက်ကယ်၊ လူကပိန်လာ၊ အားယုတ်လာတယ်။ ဒီအထိက သိပ်ထူးတယ် မထင်ရသေးဘူး။ သွေးယိုတာနဲ့ အစာမြိူဘို့ […]


anyartharJune 13, 20101min1212
ပည်ပရောက်မြန်မာများ၏ ၂၀၀၉ ခုနှစ်၌ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေ အမေရိကန်ဒေါ်လာ ၁၄၈ သန်း ခန့်ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားကြောင်း အဆိုပါဘဏ်၏ တ ရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ပရောက် မြန်မာများ၏ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေပမာဏသည် တရားဝင်ဖော်ပြထားသော ကိန်းဂဏန်း ပမာဏသာဖြစ်ပြီး တရားဝင်လွှဲပို့သော လမ်းကြောင်းတွင် မဖော်ပြထားသော ပမာဏနှင့် အခြားငွေလွှဲ လုပ်ငန်း(ဟွန်ဒီ)မှတစ်ဆင့် လွှဲပို့သော ပမာဏပါ ထည့်ဝင်ပါက အမှန်တကယ်လွှဲပို့သောပမာဏမှာ ယခုပမာဏထက် ပိုနိုင်ကြောင်း သိရသည်။ ၂၀၀၅ ခုနှစ်တွင် ပြည်ပသို့ ထွက်ခွာသွားသည့် မြန်မာများ၏ အချက်အလက်များကို ကိုးကား၍ ကမ္ဘာ့ဘဏ်၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာသည့် ထိပ်တန်း နိုင်ငံများစာရင်းတွင် ထိုင်း၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ယူကေ၊ ဂျပန်၊ […]


anyartharJune 13, 20101min1343
ကျွန်တော်တို့နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်ကြောင်းကို ၁၉၄၈ခုနှစ် မတိုင်မီ ကနေ ဒီနေ့အထိ လူတော်တော်များများက ရေးခဲ့ကြပြောခဲ့ကြသည်။ ကျွန်တော်လည်းရေးခဲ့ဘူး ပြောဆိုဆွေးနွေးခဲ့ ဘူးတယ်။ ဒါပေမယ့် ဒီနေ့အထိဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဆန့်ကျင်နေသူ၊ လက်မခံနိုင်သူတွေ တော်တော်များများ ရှိနေသေးတယ်။ ဒီလိုလူတွေအထဲမှာ အခြေအနေမှန်ကိုမသိတဲ့၊ ရိုးသားတဲ့မျိုးချစ်ပုဂ္ဂိုလ်တွေ လူငယ်တွေ တော်တော်များများ ပါဝင်နေတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် မဆက်ဆံဘူးတဲ့ ဗမာလူငယ်တွေထဲမှာ ဒီလိုအမြင်သဘောထားတွေရှိနေကြတယ်။ ဒီနေ့လိုနိုင်ငံရေးအခြေအနေ ဆိုးတွေနဲ့ရင်ဆို်င်ကြုံတွေ့နေရတဲ့ ကာလမှာတောင် ဒီလိုအမြင်မျိုးတွေရှိနေသေးတာဟာ အခြေအနေဆိုးကို သက်တမ်းရှည်အောင် အားပေးထောက်ကူနေသလိုဖြစ်နေလို့ ဒီအကြောင်းအရာကို ကျွန်တော်ထပ်ပြီးရေးရတာ ဖြစ်တယ်။ နားလည်ကျေညက်ပြီးသူအနေနဲ့ ခွင့်လွှတ်သီးခံ စေချင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ စစ်မှန်တဲ့ပြည်ထောင်စု (ဒါမှမဟုတ်) ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုကို ခေါ်တာဖြစ်ပါတယ်။ ဖက်ဒရယ်(ဖက်ဒရေးရှင်း)ဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ဘူး။ ပူးပေါင်းခြင်း၊ စုပေါင်း ဖွဲ့စည်းခြင်းသာဖြစ်တယ်။ […]


anyartharJune 13, 20101min1052
စစ်အစိုးရက ကျင်းပပေးဖို့ရှိနေတဲ့ ဒီနှစ်ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ မဲပေးပိုင်ခွင့်ရှိသလို ဆန္ဒမရှိရင် မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ရန်ကုန်မြို့နေအိမ်မှာ ရှေ့နေဖြစ်သူနဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။ ဒီကနေ့ သောကြာနေ့ နေ့လည်ပိုင်းက ၂ နာရီလောက် တွေ့ဆုံခွင့်ရခဲ့တဲ့ အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာလို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် ပြောတာက မဲပေးဖို့ အခွင့်အရေး ရှိသလို မဲမပေးဖို့လည်း အခွင့်အရေး ရှိတဲ့ ဥပဒေ ပြဌာန်းချက်၊ အဲဒါကို ပြောပါတယ်။ လူထုအနေနဲ့ မဲမပေးတာကလည်း ဥပဒေအရ […]


anyartharJune 13, 20101min1121
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တစ်ပြိုင်နက် ရုပ်သိမ်းခဲ့သည့် ဥပဒေတစ်ရာကျော်ရှိခဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း တစ်ပြိုင်နက် ရုပ်သိမ်းခဲ့သည့် ဥပဒေတစ်ရာကျော် ရှိခဲ့ပြီး ၂၀၁ဝ ရွေးကောက်ပွဲပြီး နောက်ပိုင်း ပြောင်းလဲလာမည့် နိုင်ငံရေးအခြေအနေနှင့် ဥပဒေရုပ်သိမ်းမှုများ၊ ပြဋ္ဌာန်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် သုံးသပ်နိုင်ရန် နယ်ပယ်စုံမှဘွဲ့ရအချို့ ဥပဒေကို လေ့လာလိုက်စားမှု ယခင်ထက်ပိုမိုလာကြောင်း ဥပဒေကို စိတ်ဝင်စားလေ့လာ လိုက်စားနေသူ ဘွဲ့ရအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ ထိုသို့ လေ့လာလိုက်စားသူများ ထဲတွင် ဥပဒေဘွဲ့ရ ပညာရှင်များ သာမက စီးပွားရေး၊ အင်္ဂလိပ်စာ၊ သိပံ္ပ၊ ဝိဇ္ဇာ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ နိုင်ငံခြားဘာသာဘွဲ့ရများ ပါဝင်ကြောင်း သိရှိရပါသည်။ လက်ရှိကာလတွင်ရွေးကောက် ပွဲဥပဒေအား စိတ်ဝင်တစား လေ့လာသုံးသပ်သည့် လူငယ်များ ရှိနေပြီး ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲဥပဒေကို အဓိကထား လေ့လာကာ […]


anyartharJune 13, 20101min1093
ဗိတိန်နိုင်ငံမှ နို့ထွက်ကောင်းသော သားသည်အမေ တစ်ဦးသည် မိခင်နို့ရည်စစ်စစ်အား Online​ မှတဆင့် ရောင်းချနေကြောင်း သိရသည်။ ထို့ကြောင့်လည်းနို့မထွက်ဘဲ အခက်ကြုံနေရသည့် မိခင်အတော်များများသည်တိုနီအက်ဒွန်ထံမှနို့ရည်လေးအောင်စလျှင် (၁၅)ပေါင်နှုန်းဖြင့် ဝယ်ယူကာ ရင်သွေးများအားတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။ တိုနီက ယခုအကြံအစည်ကို သူမ၏နို့ထွက်နှုန်း ကောင်းလှသည့်အတွက် သူငယ်ချင်းတစ်ဦးက နောက်ပြောင်ပြီးပြောဆိုသည့် စကားမှ ရရှိခဲ့ခြင်းဟု ပြောကြားခဲ့သည်။ သူမအနေနှင့်ဝင်ငွေရခြင်းကို ပျော်ရွှင်မိသော်လည်း နို့ရည်လုံးဝ ခမ်းခြောက်သွားသည်အထိမဖြစ်အောင် သတိပြုနေကြောင်း တိုနီကဆိုသည်။ တိုနီသည် သားငယ်ဒေးဗစ်အားမွေးဖွားပြီးနောက် နို့ထွက်များလွန်းခြင်းကြောင့် သူမ၏ ရင်သားများမှာတင်းမာကြီးထွားလာပြီး နာကျင်မှုကိုလည်း ခံစားခဲ့ရသည်။ သူမသည် နို့ရည်ကို ပိုက်ဖြင့်စုပ်ထုတ်ကာ ရေခဲသေတ္တာအတွင်း ပုလင်းလေးများဖြင့် သိမ်းထားပြီးemail​ ဖြင့် ဆက်သွယ်ဝယ်ယူသူများထံ ရောင်းချပေးခြင်းဖြစ်သည်။ ယခုရောင်းချမှုကို နို့မထွက်သည့် မိခင်များက အထူးစိတ်ဝင်စားကြကြောင်းတိုနီကဆိုသည်။ အသက်(၂၆)နှစ်ရှိ တိုနီသည် ကလေး၏ ဖခင်နှင့်အတူမနေတော့သဖြင့် […]


anyartharJune 13, 20101min1536
တောင်အာဖရိက နိုင်ငံမှ ဆရာဝန် တစ်ဦးသည် ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ နေစဉ် အတွင်း အမျိုးသမီးထု အကြမ်းဖက် မုဒိမ်း ကျင့်ခံရခြင်းမှ ကင်းဝေးစေရန် ရည်ရွယ် ထုတ်လုပ် ထားသည့် ကွန်ဒုံး တစ်မျိုးအား အခမဲ့ ဖြန့်ဝေ ပေးသွား မည်ဟု သိရသည်။ ဒေါက်တာ ဆွန်းနက်အီလာက သူမ ကိုယ်တိုင် တီထွင် ထားသည့် အမျိုးသမီးသုံး ကွန်ဒုံးကို Rape-aXe​ ဟု အမည် ပေးထားကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ ကွန်ဒုံးတွင် အလွန် သေးငယ်သော ချိတ်ကလေးများ ပါဝင်ပြီး အမျိုးသမီး၏ လိင်အင်္ဂါ အတွင်း ထည့်သွင်း တပ်ဆင်ထားပါက အကြမ်းဖက် မုဒိမ်းကျင့်သူ အမျိုးသား၏ လိင်တံတွင် တွယ်ငြိ ကပ်ပါသွားမည် […]


anyartharJune 13, 20101min1082
မြန်မာနိုင်ငံ၏ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်းကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်း ည ၈ နာရီအချိန် ထုတ်လွှင့်ခဲ့သည့် သတင်း အစီအစဉ်တွင် ဖော်ပြခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သံတမန် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူဝါဒအရ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၆-၄-၂၀၀ရ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် မြန်မာနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံများဖြစ်သည့်နှင့်အညီ အခြားကမ္ဘာနိုင်ငံများနှင့် […]