ATM.aslNovember 8, 20091min1022
ငါမျှော်လင့်ထားခဲ့တယ် တစ်နေ့နေ့မှာတော့ ငါတို့နှစ်ယောက် လျှောက်ဖူးလိမ့်မယ်လို့ တစ်ယောက်လက်ကို တစ်ယောက်တွဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ပျော်ရွှင်စွာနဲ့ ဒီလမ်းလေးကို ယုံကြည်နေဆဲပါ ဝေးကွာနေလည်း မျှော်လင့်ခဲ့တယ် ငါ ……. ပျော်ရွှင်ရမှာလို့ ယုံယုံကြည်ကြည်နဲ့ စောင့်မျှော်ဆဲပါပဲ အခုထိအောင် ပေးခဲ့တာတွေနဲ့ ပြန်ရခဲ့တာတွေ မညီမျှခဲ့လည်း တကယ့်ကို ရင်ထဲက လမ်းလေးပါ ခဏတာဖြစ်ခွင့်ရရင်တောင် စိတ်ကူးမိတယ် ခဏတာတွေက ကြာရှည်မှာစိုးတယ် မပြောလိုက်ပါနဲ့ ဒီလမ်းလေးဟာ ငါ့ရင်မှာထာဝရရှင်သန်ဆဲ