zaw mgJanuary 29, 20111min984
ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Pironmya) ကို ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မကြာခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဇန်နဝါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့ မီကားဆား ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ တွေ့ဆုံစဉ် စစ်အစိုးရနဲ့ နှစ်ဘက် အလျှော့အတင်းလုပ်ပြီး ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ သူမဘက်က လမ်းကြောင်းဖွင့်ထားတဲ့ […]


zaw mgJanuary 29, 20111min782
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃ နှစ်ခန့်က အသက် ၉ နှစ်သမီး အရွယ်သာ ရှိသေးတဲ့ မတင်တင်အေးဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း လူစည်ကားရာ ဈေးရှေ့က အိမ်ကြီးတလုံးထဲမှာ အပြင်ထွက်ခွင့် မရဘဲ ချုပ်နှောင် ခိုင်းစေခံရတာကို သူ့အကိုဝမ်းကွဲက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အသက် ၅ဝ ကျော်တန်းကို ရောက်နေပြီ ဖြစ်တဲ့ မတင်တင်အေးကို အဲဒီအိမ်ကြီးထဲမှာ ပိတ်လှောင်ခိုင်းစေ နေသူတွေဟာ အခုအခါ အသက် ၇ဝ ကျော် အရွယ် ရှိပြီ ဖြစ်တဲ့ ပဲခူးမြို့က ပူဇော်ခံ ကျောင်းဆရာမကြီးဟောင်း ဒေါ်ကျင်လွမ်တို့ ညီအမသုံးဦးလို့ ဆိုပါတယ်။ ဒီလို နှစ်ပေါင်းများစွာ ချုပ်ခြယ် ခိုင်းစေခဲ့တာကို တရားရုံး၊ ရဲနဲ့ အမျိုးသမီးရေးရာအဖွဲ့ စတဲ့ ဌာနဆိုင်ရာ အသီးသီးက တရားစွဲဆိုတာကို လက်မခံဘဲ […]


zaw mgJanuary 29, 20111min1055
ဓာတ်ငွေ့ပိုက်လိုင်းနား ချိန်ကိုက်ဗုံးတွေ့ဟုဆို ဒေးဒရဲ-ဖျာပုံကားလမ်းတွင် ချိန်ကိုက်မိုင်းတလုံး ယခုလ ၂၆ ရက်က တွေ့ရှိခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဖေါ်ပြပါရှိကြောင်းသိရသည်။ ကားလမ်း မိုင်တိုင်အမှတ် ၁၂/၅ က တံတားအမှတ် ၁/၁၃ အောက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဘေးတွင် ထိုချိန်ကိုက်ဗုံးကို တွေ့ရှိဖယ်ရှားနိုင်ခဲ့သည်ဟုသိရသည်။ ချိန်ကိုက်ဗုံးသည် အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ အထူ ၁ လက်မရှိပြီး ယမ်းတုံး ၄ တုံး၊ အရှည် ရ ပေခန့်ရှိ ယမ်းကြိုးတကြိုး၊ ဝါယာကြိုးတကြိုး၊ စနက်တံ၊ ဓာတ်ခဲ လေးလုံး ပါဝင်ဖွဲ့စည်းထားသည်ဟု သိရသည်။


zaw mgJanuary 29, 20111min905
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ခေတ်မီနည်းပညာရပ်တွေနဲ့ အခြေခံ အဆောက်အဦးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်လို့ ကမ္ဘာ့ဦးဆောင် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ကြောင်းအင်တာနက်သတင်းများအရသိရသည်။ သို့သော် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား စဉ်းစားနေကြသူတွေအနေနဲ့ပါ တရားဥပဒေကို လေးစား လိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသ်ိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ ပေးရေးနဲ့ အလုပ်အကိုင်ဖန်တီးရေး စတာတွေကို အာမခံချက် ပေးရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ သဘာဝသယံဇာတတွေ အလျှံပယ်အောင် ပေါကြွယ်ဝပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အများကြီး ခေတ် နောက်ကျ ကျန်နေတဲ့ မြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံကြပါရန် […]


zaw mgJanuary 28, 20111min742
စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရာတွင် ဒေသခံ အလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ ———— ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကို ယခုအခါ စတင် တည်ဆောက်နေရာ အဆိုပါ ဆိပ်ကမ်းတွင် အလုပ် လုပ်ကိုင်နေကြသော နေ့စား အလုပ်သမားများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ လုပ်အား ခေါင်းပုံ ဖြတ်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။အမည်မဖေါ်လိုသူ အလုပ်သမား တစ်ဦးက “ ပေးတာကတော့ တစ်နေ့ ၁၅၀ဝ ကျပ်ပေးပါတယ်။ ခုလို ကျောက်သယ် ကျောက်ပြောင်း အလုပ်ကြမ်းတွေအတွက် တစ်နေ့ ပိုက်ဆံ ၁၅၀ဝ ဆိုတာ အလွန်နည်းပါတယ်။ အဲသလို နည်းတဲ့ အပြင် နံနက် ၆ နာရီကနေ ညနေ ၆ […]