aungnng87February 17, 20121min31426
ဒီနေ.မနက်အင်တာနက်ကို ဝင်လည်လိုက်တာ စိတ်ဝင်စားစရာကောင်းတဲ့သတင်း ၄ခု သွားတွေ့တယ်။ ဒါနဲ့ရွာသားတွေကိုလည်းမျှဦးမယ်ဆိုပြီး….. တခုကတော့ ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်းတဲ့ (ခေါင်းစဉ်က) ဒါကတော့ ဦးရွှေမန်းရဲ့ ဝန်ထမ်းများလစာတိုးရေးအဆိုကို ဘဏ္ဍာရေးဝန်ကြီးက ပြောတာ ဝေးလံသီခေါင်သောဒေသများတွင်သွားရောက်လုက်ကိုင်နေသောဝန်ထမ်းများကိုတော့ ဒီနှစ်ထဲမှာရှိပါတယ်။ ဦးရွှေ့မန်းတင်ပြထားတဲ့ဝန်ထမ်းအားလုံး လစာတိုးဖို့ ကိစ္စကိုတော့ ၂၀၁၃-၂၀၁၄ ကျမှဘဲစဉ်းစားပါရစေဆိုပါတယ်။ နောက်တခုက အဲဒီအမေ့အိမ်ဝက်ဆိုက်မှာဘဲ ဖေါ်ပြထားတာက.. ပြည်သူ့ဝန်ထမ်းများအတွက် ဝမ်းမြောက်ဖွယ်ရာအထူးသတင်းဆိုပြီး ပြည်သူဝန်ထမ်းများအတွက် မူရင်းလစာထက်၂.၇%အား တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းပါတဲ့… ဒါပေမဲ့အဲဒီစာတမ်းကိုတော့ အကျယ်ကြည့်လို့မရပါဘူး။ ဘာကြောင့်လည်းတော့မသိဘူး။ အဲဒီနှစ်ခုကိုဖတ်မိပြီး နဲနဲခေါင်းစားသွားတယ်။ ရွာသားများသိရင် ရှင်းပြပါဦး။ ဘယ်လိုတုန်းလို့။ နောက်တခုက မိုးမခထဲက ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီးအတုကြီး ဆိုတာ သူကတော့ နံမည်က သူရိန်ထွန်း၊ အသက်ရနှစ်အရွယ်မှာ မိဘနှစ်ပါးနဲ့၊ သူ့ညီမလေးရယ ်သထုံဘက်ကားနဲ့ခရီးထွက်စဉ် စစ်တပ်က သူ့အမေကိုမုဒိန်းကျင့်၊အဖေ့ကို […]


aungnng87February 6, 20121min40012
တကယ်တော့ လူသားတွေဟာ တော်တော်ရက်စက်ကြပါတယ်။ အသိဉာဏ် ရှိသလောက်စဉ်းစားပြီးတော့ကို ရက်စက်ကြတာပါ။ ဥပမာဆိုရရင် ABSDFကလူတွေ ကျောင်းသားခေါင်းဆောင်ဆိုသူတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်တာမျိုး၊ ဒါကလူတွေသိအောင် အင်တာနက်ပေါ်တင်ပြီး ပြောလို့ လူတွေသိလိုက်တာမျိုး၊ တချို့လူတွေမသိဘဲနဲ့ ရက်ရက်စက်စက်အသတ်ခံရပြီး သေရတာမျိုး၊ နှိပ်စက်ခံရတာမျိုးတွေ အမျိုးမျိုးပါဘဲ။ စားစရာဆိုပြီး ဝက်မြေမနင်းသားလေးတွေ၊ ငါးအရှင်တွေ အစုံအစုံ လူတွေလုပ်စားကြတာတွေ၊ မကြားချင်မှအဆုံး၊ မမြင်ချင်မှအဆုံး။ ယုတ်စွအဆုံးပြောရရင် လူတွေဟာ ဇာတ်တူသားတွေတောင် စားလာတာ လူတွေအသိဘဲလေ.။ နောက်ပြီးတော့ အယူအဆမတူရင် အမြင်ခံစားချက်ခြင်းပါတော်တော်ကွဲပြားနိုင်ပါလားလို့လဲ သင်ခန်းစာရပါတယ်။ အထူးသဖြင့်တော့ ကိုယ်နေတဲ့နိုင်ငံက မူဆလင်အယူဝါဒဆိုတော့ ကိုယ့်ဘေးနားက အပေါင်းအသင်းတွေက မူဆလင်တွေဘဲများတယ်။ ကံကောင်းစွာနဲ့ဘဲ အဲဒီလူတွေကပညာတတ်တွေဆိုတော့ ဘာသာရေးနဲ့ပါတ်သတ်ပြီး ပြသနာ သိပ်မရှိလှပါဘူး။ ကိုယ်တွေကတော့ ဗုဒ္ဓဘာသာပီပီ အစားစားရင် အသေသားမှဝယ်စားတယ်။ အဲဒီတော့ ကိုယ်သူငယ်ချင်းအ. […]


aungnng87January 20, 20121min1485
  ဒီနေ့ အင်တာနက်မှာဟိုကြည့်ဒီကြည့်ကြည့်ရင်း သစ်လွင်ထူးဆိုက်မှာ The Lady ဇာတ်ကား ကို download link ပေးထားတာတွေ့တာနဲ့  ရွာသူရွာသားတွေအတွက် copy လုပ်ပေးလိုက်ပါတယ်။ Thursday, January 19, 2012 မြန်မာပြည်ကပရိတ်သာတ်အတွက်(သယ်လေဒီ)ဇာတ်ကားဒေါင်းလုပ်ပါ။   http://www.mediafire.com/?ob9csf59af94xs3%2Cwfbbtn34kw89z4o%2C9a29vqs7zgu8y60%2Cq6p129g1ot1q913%2Cgxv9wki9jwd7wpd%2Cieyi287v8pg46go%2C0pe4a3fkc4fw84a ဒီကနေ ဒေါင်းယူလိုက်ကြပါ။ RAR ခုနှစ်ဖိုင်ပါပါတယ်အကုန်ဒေါင်းပြီးရင်ဖိုင်တခုမှာစုထည့်ပြီးအပိုင်းတစ်ကိုနှိပ်လိုက်တာနဲ့ ကြည့်လို့ ရပါတယ်။ပြည်ပကသူတွေကတော့ရုံမှာအခကြေးငွေနဲ့ သွားအားပေးကြပါ။ Facebook မှာရှယ်နေတာတွေ့ လို့ ရှယ်လိုက်တာပါ။ http://www.thithtoolwin.com/2012/01/lady-movie.html မှာလည်းတိုက်ရိုက်ကြည့်လို့ ရပါတယ်။သစ်ထူးလွင်မှာ realplayerနဲ့ ဒေါင်းရင်လည်းရပါတယ်. ၁၄၆မက်ပဲရှိပါတယ်။


aungnng87October 21, 20113min18510
ပြီးခဲ့တဲ့sunday တုံးက ရန်ကုန်ကဧည့်သည်တွေကို genting highlandကိုလိုက်ပို.ပေးခဲ့တယ်။ ၃ခေါက်၄ခေါက်လောက်ရောက်ဖူးနေပေမဲ့ genting ကတစ်ခါသွားတစ်ခါအသစ်ဖြစ်နေတော့ လိုက်ပို.ပေးရ တဲ့ကိုယ်တို့တွေတောင်မျက်စိလည်ချင်တယ်။ အဲဒီ genting highland ဆိုတာကွာလာလမ်ပူကနေတနာရီလောက်ကြာအောင်ကားစီးရတယ်။တောင်ပေါ်မှာတည်ထားတဲ့ Resorts World ပေါ့။ ပင်လယ်ရေမျက်မှာပြင် ကနေတိုင်းရင် အမြင့်  ၁၈၆ဝ metre လောက်မှာတည်ထားတာပါ။ တောင်ပေါ်မှာတည်ထားတဲ့အတိုင်းတောင်ပေါ်ရောက်တာနဲ. အေးစိမ်.သွားတာဘဲ။ မြူတွကလည်းဆိုင်းနေတာဘဲ။ တည်ထားတဲ့သူတွေရဲ.idea ကတော်တော်ကောင်းတယ်။ အဲဒီမှာHotel တွေ၊ Resorts တွေ၊ ကာစီနိုတွေ။gamesတွေအမျိုးမျိုးနဲ.ရောက်သွားရင်တော်တော်ပျော်ဖို.ကောင်းတယ်။ ပြီးတော့ car cable လို.ခေါ်တဲ့ sky way ဆိုတာလည်းရှိသေးတယ်။  အဲဒီ sky way ကဗမာလိုဘဲပြောရရင်တောင်ပေါ်နဲ.တောင်အောက်ကိုဆက်ထားတာပေါ့။ အဲဒီsky way မစီးချင်ရင်လည်း ကားနဲ.ဘဲတောင်အောက်ဆင်းလို.ရတယ်။တောင်ပေါ်တန်းတက်လို.ရတယ်။ ကိုယ်ကတော့ sky way စီးရတာကိုကြ်ုတယ်။ မြင်ကွင်းတွေကိုအပေါ်စီးကနေမြင်ရတာပေါ့. ပြီးတော့ကြောက်လည်းကြောက်တယ်။ sky […]


aungnng87October 11, 20111min40726
အကျဉ်းသား ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု 11/Oct/2011 နိုင်ငံတော်အစိုးရသည် ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် အကျဉ်းသားများအားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောက်းမွန်သော အကျဉ်းသား (၆၃၅၉) ဦးအား ယင်းတို့၏ ကျန်ရှိသော ပြစ်ဒဏ်များအပေါ် (သီတင်းကျွတ်လပြည့်နေ့) ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ MRTV-4 နေ့လည် ၁ နာရီသတင်းတွင် ထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။ ဒီသတင်းလေးကို အင်တာက်မှာမွှေနောက်ကြည့်နေရင်း ခေတ်လူငယ်မှာတွေ့တာနဲ့ကော်ပီလုပ်ပြီး တင်ပေးလိုက်တာပါ။ ဒါပေမဲ့ဒီလူတွေဟာ နိုင်ငံရေးနဲ့ပါတ်သတ်ပြီးအကျဉ်းကျနေတဲ့သူတွေလား။ ဒါမှမဟုတ် ရာဇဝတ်အကျဉ်းသားတွေလား။ ၂ခု […]


aungnng87August 15, 20111min1123
ဒီနေ့အလုပ်ပိတ်ရက်ဖြစ်တာမို. အေးအေးဆေးဆေးနဲ့ ဘာဟင်းချက်စားရရင်ကောင်းမလဲတွေးပြီး ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ ရေခဲသေတ္တာကြီးက empty ဖြစ်နေတာမို့ ဈေးသွားရမယ်ဆိုပြီး အိမ်နီးချင်း အင်ဒိုမတယောက်က်ို ဖုန်းဆက်ပြီး ဈေးသွားဖို့ အဖော်ညှိလိုက်တော့ သူူကလည်း OK lah, pegi pasar lah ဆိုပြီး ၂ယောက်သားအိမ်ကအထွက်မှာ တခြားအင်ဒိုမတယောက်ကလည်း သူလဲ လိုက်မယ်ဆို ပြီး ၃ ယောက် သား pudu ဈေးကိုသွားကြတာပေါ့.pudu ဈေးဆိုတာကွာလာလမ်ပူမှာ နံမယ်ကြီးဈေးတခုဘဲ။ ကိုယ်အိမ်နဲ့ဆိုရင်သိပ်မဝေးတော့ မကြာခဏ သွားဖြစ်တယ်။ တနဂ`်နွေနေ့ဆိုရင် တရုတ်၊ ကုလား၊ မလေးနဲ့ လူမျိုးပေါင်းစုံ ပျံကျအလုပ်သမားတွေပေါင်းစုံနဲ့ ရှုပ်ထွေးတဲ့နေရာတခုပေါ့။ ဈေးလည်းတော်တော်ပေါတယ်။ တခါတခါဆို ဟင်းရွက်တွေ၁ရင်းဂစ်ဘိုးဆိုရင် တပွေ့တပိုက်ကြီး၊ ပစ္စည်းကပေါ လူကမသယ်နိုင် ကိုယ့်လောဘနဲ့ကိုယ်ဒုက္ခရောက်ရတဲ့နေရာပေါ့။ သွားတဲ့၃ယောက်ထဲကအင်ဒိုမတယောက်ဟာ ဒီကမလေးလူမျိုး(ရဲ) နဲ့ လက်ထပ်ထားတာ နံပါတ်၂မိန်းမပေါ့။ သူ့အကြောင်းအိမ်နီးချင်းအင်ဒိုမပြောပြောနေလို.အကြောင်းသိနေပြီ။ […]


aungnng87August 3, 20111min1605
ပြီးခဲ့တဲ့ဇူလိုင်လတုံးကတူတော်မောင်တယောက်ရဲ့မဂ`်လာဆောင်ကိုသွားခဲ့တယ်။ သူတိုကစွန်ဂိုင်းဘလုပ်မှာနေကြတာ။ ကိုယ်လည်းမလေးရှားမှာသာ၆နှစ်လောက်ရှိသွားတာ။ ကွာလာလမ်ပူမှာဘဲအနေများတာကြေားရင်င့်ဝေးဝေးလံလံတွေမရောက်ဖြစ်ဘူး။ တနေ.တနေအိမ်နဲ့.အလုပ်၊ အလုပ်နဲ.အိမ်။ တခါတခါshoppingထွက်။ ဒါလောက်ဘဲရှိတယ်။ ဒါနဲ.ကြုံတောင့်ကြုံခဲ ဆိုပြီး စွီန်ဂိုင်းဘလုပ်ဖက်ကိုသွားဖြစ်ခဲ့တယ်။ ်ကွာလာလမ်ပူကနေဆိုရင်စွန်ဂိုင်းဘလုပ်ကိုဆိုင်ကယ်နဲ.သွားရင်နာရီဝက်လောက်သွားရင်ရောက်ပေမဲ့ယောက်ကျားလုပ်သူကလမ်းမှားနေတော့၄၅မိနစ်လောက်ကြာသွားတယ်။ သူတို.နေရာလေးကသာသာယာယာလေးပါဘဲ။ အိမ်တွေကလည်းတထပ်တိုက်ပြားပြားလေးတွေဆောက်ထားတာ။အိမ်ပုံစံတွေက ၂အိမ်ကိုတခြံ၊ ပြီးတော့မီးဖိုချောင်၂ခုကဆက်ရက်ပေါ့။အဲဒီအိမ်တွေရဲ့နောက်မှာတောတန်းလေးရှိတယ်။ အဲဒီအိမ်ရဲ့ခေါင်းရင်း ဘက်မှာကြံပင်တွေစိုက်ထားတယ်။ စားချင်ရင်ခုတ်စားလို.တောင်ရတယ်။ ဒါပေမဲ့ဒါကသူတို.စိုက်ထားတာမဟုတ်ဘူး။ မျက်နှာချင်းဆိုင်ကတရုတ်တွေစိုက်ထားတာ။ ဗမာတွေကစားချင်ရင်ခိုးပြီးခုတ်စားကြတယ်။  အဲ…နောက်ဖက်ကတောတန်းထဲဝင်သွားရင်ဒူးရင်းပင်တွေစိုက်ထားတာတွေ့ရတယ်။ ဒူးရင်းသီးတွေကတော့အခင်းရှင်တွေရောင်းဖို.ဆွတ်ပြီးသွားပြီနဲ.တူတယ်။၄လုံး၊ ၅လုံး.လောက်ပဲ အပင်မှာကျန်နေတာတွေ.ရတယ်။ ကိုယ်.နဲ.ခင်ပွန်းဖြစ်သူနဲ.လည်း အနီးအနားတဝိုက်လျှောက်ကြည့်ပြီးပတ် ဝန်းကျင်ရဲ.သာယာမှုကိုခံစားနေမိတယ်။ ကွာလာလမ်ပူမှာဆိုဒါမျိုးဘယ်ခံစားနိုင်ပါမလဲ။ ကိုယ့်အိမ်အနီးအနား ပါတ်ဝန်းကျင်ကိုကြည့်လိုက်ရင်high way လမ်းရယ်၊ ရထားလမ်းရယ်။ဒါဘဲရှိတယ်။ အခုမ ှshopping mall တခုအသစ်ဖွင့်လို. နဲနဲ ကြည့်စရာလေးရှိတယ်။ အဲဒိလိုလေးသာယာမှုခံစားပြီးနဲနဲနေသူလာတာနဲ.အိမ်ထဲပြန်ဝင်လာပြီး အဲဒီအိမ်မှာနေတဲ့ကောင်မလေးတွေနဲ.စကားပြောနေတုန်း တခြားကောင်မလေးတယောက်က နင်တို.စကားဘဲပြောမနေနဲ.။ ဒီမှာဒန်ပေါက်ကထမင်းဘဲကျန်တော့တယ်။ ကြက်သားကုန်တော့မယ်။ဟင်းထပ်စီမံအုံးလို. သူတို.သမီးရဲ.တူမကိုလာပြောတယ်။ ကိုယ်လည်းအမှတ်တမဲ့ပါဘဲ။ နောက်စကားပြောရင်းနဲ.ညောင်းလာတာကြောင့် မတ်တပ်ထရပ်လိုက်ပြီးဘာရယ်မဟုတ်ပြတင်းပေါက်ဘက်ကိုမျက်စိကရောက်သွားတယ်။ အဲဒီမှာကြက်အရှင်တစ်ကောင်ကိုဗမာကောင်လေး၂ယောက်ကကိုင်ချုပ်ထားသိုမျိုးမြင်လိုက်ရတော့ ကိုယ်လည်းလန့်ပြီးအဲဒီကြက်ကိုဘာလုပ်မလို.လည်းဆိုပြီးေအော်လိုက်တယ်။ ဘယ်သူမှကိုယ်ကိုပြန်မဖြေကြဘူး။ ဒါ်နဲ.ကိုယ်လည်းမကြည့်ရဲတော့ […]