ကိုယ်ချင်းစာတတ်ကြလျှင်……
တကယ်တော့ လူသားတွေဟာ တော်တော်ရက်စက်ကြပါတယ်။ အသိဉာဏ် ရှိသလောက်စဉ်းစားပြီးတော့ကို
ရက်စက်ကြတာပါ။ ဥပမာဆိုရရင် ABSDFကလူတွေ ကျောင်းသားခေါင်းဆောင်ဆိုသူတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်တာမျိုး၊ ဒါကလူတွေသိအောင် အင်တာနက်ပေါ်တင်ပြီး
ပြောလို့ လူတွေသိလိုက်တာမျိုး၊ တချို့လူတွေမသိဘဲနဲ့ ရက်ရက်စက်စက်အသတ်ခံရပြီး သေရတာမျိုး၊ နှိပ်စက်ခံရတာမျိုးတွေ အမျိုးမျိုးပါဘဲ။ စားစရာဆိုပြီး ဝက်မြေမနင်းသားလေးတွေ၊ ငါးအရှင်တွေ အစုံအစုံ လူတွေလုပ်စားကြတာတွေ၊ မကြားချင်မှအဆုံး၊ မမြင်ချင်မှအဆုံး။ ယုတ်စွအဆုံးပြောရရင် လူတွေဟာ ဇာတ်တူသားတွေတောင် စားလာတာ လူတွေအသိဘဲလေ.။
နောက်ပြီးတော့ အယူအဆမတူရင် အမြင်ခံစားချက်ခြင်းပါတော်တော်ကွဲပြားနိုင်ပါလားလို့လဲ သင်ခန်းစာရပါတယ်။ အထူးသဖြင့်တော့ ကိုယ်နေတဲ့နိုင်ငံက မူဆလင်အယူဝါဒဆိုတော့ ကိုယ့်ဘေးနားက
အပေါင်းအသင်းတွေက မူဆလင်တွေဘဲများတယ်။ ကံကောင်းစွာနဲ့ဘဲ အဲဒီလူတွေကပညာတတ်တွေဆိုတော့
ဘာသာရေးနဲ့ပါတ်သတ်ပြီး ပြသနာ သိပ်မရှိလှပါဘူး။ ကိုယ်တွေကတော့ ဗုဒ္ဓဘာသာပီပီ အစားစားရင် အသေသားမှဝယ်စားတယ်။ အဲဒီတော့ ကိုယ်သူငယ်ချင်းအ. မလည်း ကို်ယ်နဲ့ဈေးတူတူသွားဖြစ်ရင် သူ့လည်း
အသေသားဘဲဝယ်ခိုင်းတယ်။ အဓိက ကတော့ ငါးတွေပါ။ ငါးတွေဖားတွေကအရှင်များပါတယ်။ကြက်တွေလည်း တချို့ကအရှင်ကိုသူတို့ရှေ့မှာသတ်ခိုင်းပြီးမှဝယ်ကြတာ။
ဒါတွေက မူဆလင်တွေသူတို့ဘာသာအရ လုပ်တာဆိုတာကိုနားလည်ပါတယ်။ ကို်ယ်က မကြည့်ချင်ဘူးဆိုရင်အဲဒီနေရာတွေကို မသွားရုံဘဲပေါ့။
တနေ့မှာ ကိုယ့်သူငယ်ချင်းနှစ်ယောက် ၊တယောက်က ဗုဒ္ဓဘာသာ တယောက်ကမူဆလင် နှစ်ယောက်လုံး မြန်မာတွေဆိုပါတော့..။ စားသောက်ဆိုင်မှာအလုပ်သွားလျှောက်ကြတယ်။ ဗုဒ္ဓဘာသာတယောက်ကလည်း
ဘာစိတ်ကူးပေါက်တယ်မသိဘူး။ kitchen room မှာ kitchen helper လျှောက်တယ်။ အဲဒီတုန်းကသူက
တခြားဆိုင်မှာ waiter လုပ်နေတာ။ မူဆလင်သူငယ်ချင်းအတွက် အလုပ်လိုက်လျှောက်ပေးရင်းနဲ့ အိမ်နဲ့လည်းနီးလို့ဆိုပြီး သူပါဝင်လျှောက်တာ ၂ ယောက်လုံး ရတယ်။ သူတို့ထင်တာကတော့ မူဆလင်က ဝက်
သားမကိုင်ချင်ရင် တရုတ်(မြန်မာ) ကကိုင်ပေးမယ်။ဆေးကြောပေးမယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာ အလုပ်ရှင်
ကသူတို့ကိုခိုင်းတာက ချက်ဖို့အတွက် ငါးကန်ထဲကငါးတွေဆယ်ယူပြီး သတ်ခိုင်းတာဘဲ။ သူတို့လည်းမသတ်တတ် သတ်တတ်နဲ့သတ်ရတာပေါ့။ သူပြောပြတာက (တရုတ်-မြန်မာ) ငါးတွေကိုစဉ်းတီတုန်းပေါ်တင်ပြီး ဒါးနှောင့်နဲ့ထုတာတောင်မသေဘူး။ ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ရှင်နေတယ်ဆိုပဲ။ ဒါနဲ့ဆိုင်ရှင်က ဗိုက်ခွဲခိုင်းလို့ ဗိုက်ခွဲလိုက်ပြီး အူတွေထုတ်ပြီးတာတောင် အသံ
ထွက်နေသေးတယ်တဲ့။ခေါခေါခွီးခွီးဆိုတာမျိုး…။ ဒါနဲ့မူဆလင်မြန်မာကို သတ်ခိုင်းတော့လည်း သူကလည်းမသတ်ရဲဘူးဆိုပြီးခေါင်းခါခါ လက်ခါခါနဲ့။ အဲဒါနဲ့သူတို့လည်း အဲဒီဆိုင်မှာဆက်မလုပ်တော့ဘဲ
ချက်ခြင်းပြန်လာခဲ့ကြတယ်။ အိမ်ရောက်တော့ သူငယ်ချင်းက သူမိန်းမ အ.မကိုငါဒီအလုပ်ကိုမလုပ်နိုင်ဘူး။
ဒီငါးတွေကိုငါမသတ်နိုင်ဘူးလို့ပြောတော့ သူမိန်းမက နားလည်တယ်။ ဒါပေမဲ့ မူဆလင်သူငယ်ချင်းကိုကျတော့
နင်ဘာကြောင့်မလုပ်နိုင်သလဲ။ နင်မူဆလင်မှ လားဆိုပြီးမေးတော့ သူငယ်ချင်းက ငါမူဆလင်ပေမဲ့ ဒါ မျိုးတော့မသတ်ရဲဘူးဆိုပြီးပြန်ပြောခဲ့တယ်။ နင်က မူဆလင်ဆိုပြီး ဘယ်လိုမူဆလင်လဲလို့ သူ့ကိုပြန်မေးပါတယ်။ ဟိုကလည်း ဘာဘဲဖြစ်ဖြစ် ဒါမျိုးတော့ငါမလုပ်နိုင်ဘူးဆိုပြီး ပြန်ပြောတယ်။
ဒီနေရာမှာ ကိုယ်အတွေးတချက်ဝင်မိတယ်။ ကိုယ်တွေနိုင်ငံနဲ့သူများနိုင်ငံနဲ့ မတူတဲ့ဟာလို့ပြောမလား၊
မတူသေးတာလို့ ပြောမလား။ ကိုယ်တွေတရုတ်ဆိုင်မှာ (မလေးမှာ) စားရင် waiter က မီနူးလာပေးရင် ငါး
ပေါင်းစားချင်တယ်ဆိုပါစို့။ ကို်ယ်ကစားချင်တယ်လို့သာ မိနူးမှာလက်ညှိုးလေးထောက်လိုက်တာ.. ချက်ရတဲ့သူက အထက်ပါနည်းအဆင့်ဆင့် အတိုင်း ငါးတွေကိုသတ်ပြီး လုပ်ပြီးချက်သွားတာ ။ ချက်တဲ့တရုတ်မတွေ၊ တရုတ်တွေကတော့ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အလုပ်တခုကို လုပ်သွားတာပါ။ ဒီနေရာမှာ ဘာသာရေးတို့၊
ကိုယ်ချင်းစာစိတ်တို့ဆိုတာသူတို့ တွေးနေမှာမဟုတ်ပါဘူး။ သူတို့ရုပ်ကလေးတွေကလည်း သန့်သန့်ပြန့်ပြန့်
လေးတွေပါဘဲ။ အဲတော့စဉ်းစားစရာက လူမျိုး ဓလေ့ကွဲပြားတာမို့ အတွေးအခေါ်ခြင်းလည်း ကွဲပြားသွားနိုင်တယ် ဆိုတာပါဘဲ။
ရွာသားများကကော အယူမတူရင် စိတ်အခြေခံတွေ ဘယ်လိုကွဲပြားနိုင်သလဲဆိုတာ စဉ်းစားပေးကြပါဦး.
ဒါကတော့ ဒီပါကိုရဲ့ဆားနဲ့ပါဘုရားကို ဖတ်မိရင်း တွေးမိတာကိုရေးလိုက်တာပါ။
12 comments
စိန်ပေါက်ပေါက်
February 6, 2012 at 7:33 pm
ကိုကတော့ ပုရွက်ဆိတ်တောင် သိပ်သတ်ရဲတာမဟုတ်
စားရင်တော့ ပုဇွန်ကနေ ဆင်ကောင်လုံးကြော်ထိ စားတတ်တယ်..
အသားမှန်သမျှ အကုန်စားတယ်
သတ်တော့ သတ်ရဲဘူးဗျ
ဗန္ဓုလသွေးပါလို ့လားသိဘူး..
အင်းလေ..
တစ်ချို ့ကျတော့လဲ ကို ့လိုမဟုတ်
အားအားယားယား သတ်နေရမှကျေနပ်တဲ့လူတွေရှိတယ်..
လေးဂွနဲ ့ သတ်လိုက်..သေနတ်နဲ ့သတ်လိုက်ပေါ့..(အဲတာက နဲနဲတော်သေးတယ်နော)
သားသတ်ရုံကလူတွေ…ဘယ်လိုစိတ်ထားနဲ ့သတ်နေကြလဲ မသိဘူး..သူများအသက်သက်ပြီး အသက်ရှင်နေကြတာ
အံ့ဩတဗျာ..
အပေါ်မှာပြောသလိုပါပဲ
ကိုကတော့ ဘာမှသတ်ရဲဘူး..
အကုန်တော့စားတယ်..ဟဲဟဲ
thit min
February 6, 2012 at 8:03 pm
သူ့အသက်သတ်တာမကောင်းဘူးလို့ ပြောနေရင်းဘဲ အသားဟင်းနဲ့ ထမင်း
စားနေတာပါဘဲ။ တော်တော် စဉ်းစားစရာကောင်းတဲ့ ပို့စ်လေးပါ။
ရသတဏှာကလည်းမလွန်ဆန်နိုင်တော့ စားနေကျမစားရရင် နေမထိ ထိုင်မသာ
ပါဘဲဗျာ။ အရက်စွဲ၊ဆေးလိပ်စွဲ၊ မြင်သာထင်သာရှိပေမဲ့ အသားစွဲ၊ငါးစွဲ၊
(ပြောရတာတောင်ထောင့်နေတယ်) မမြင်သာလှပေဘူးဆိုတာကို ပြောပြပေးတဲ့
စာစုလေးပါဘဲ။
ဘဲကင်လေးနဲ့တဲ့၊ ဝက်ခေါက်ကင်၊တုတ်ထိုး၊မာလာငါး၊မနေ့ကဆိုဂဏန်းလက်မ
ကြော်တဲ့ ၊ဟုတ်ကဲ့ပါ၊ ကိုယ့်လက်မကျ တံခါးညပ်ရင်တောင် အသဲခိုက်အောင်နာတာ။
ဟား မလွယ်ပါလား။မင်းကြီးများ။
တွေးအုန်းမယ်ဗျာ။
ကျေးဇူးတင်ပါတယ်ခင်ဗျား။
မောင်သစ်မင်း
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 6, 2012 at 8:19 pm
အင်း … ဒီပို့စ် ဖတ်လိုက်ရတော့ ရှင်မဟာရဋ္ဌသာရ ရဲ့ ဆုံးမစာလေးကို သွားသတိရမိတယ်ဗျ။
” ကိုယ်နှင့်လည်းစာ
သတ္တဝါကို
ကြင်နာလှစေ
သူ့အသက်ကို ချစ်ပါလေ ” … တဲ့ ခင်ဗျ။
မိုက်ကယ်ဂျော်နီငပွ
February 6, 2012 at 9:21 pm
သာဓု သာဓု သာဓု ပါခင်ဗျ
ဒီပို့စ်ကို ကျနော် ရင်နှင့်သီးခြား သာဓု ခေါ်ယူခြင်း မှတ်ယူစေလိုပါတယ်ခင်ဗျ
သဒ္ဓါ ( စေတနာ ) ဆိုတဲ့ ဘယ်လိုမှ လိမ်ညာခြင်းမရနိုင်တဲ့ သဘောလေးပါခင်ဗျ
အလွန်တန်ဖိုးကြီးတဲ့ သဘောလေးပါခင်ဗျ
အလွန် လက်တွေ့ကျတဲ့သဘောလေးပါခင်ဗျ
ဦးဦးပါလေရာ
February 6, 2012 at 11:51 pm
ကျုပ်ကတော့ ဘာမှမပြောတော့ပါဘူး…
သူများပြောတာကိုကြားဖူးခဲ့တာလေးတခု သတိရလို့ ဖေါက်သည်ချလိုက်ဦးမယ်။
ကျုပ်ခပ်ငယ်ငယ်က တောမြို့လေးတခုရဲ့ အလှုတခုမှာ လုပ်အားပေးတော့
ညဘက် မုန့်ဟင်းခါးချက်တဲ့ ဧရာမဒန်အိုးကြီးကိုမီးထိုးရင်း
ဝိုင်းထိုင်စကားပြောနေကြသူတွေကြား ရောက်နေတုန်းပေါ့..။
စကားဝိုင်းက ဟိုရောက်သည်ရောက်ကနေ ဘာသာရေးဘက်ရောက်
သူများအသက်သတ်တဲ့ကိစ္စဘက်ရောက်သွားတယ်။
အဲဒီဝိုင်းမှာ တောရွာကတက်လာပြီးလုပ်အားပေးတဲ့ ကျောင်းသားတွေလဲပါတယ်။
တောရွာဆိုတာကတော့ ကိုယ်စားဘို့ ဘယ်သူမှ သတ်ပေးတာမရှိဘူး – ကိုယ်တိုင်ပဲသတ်ချက်ရတာလေ။
ဒီတော့ ဟင်းလျှာအဖြစ်စားဘို့လောက်နဲ့ သူများအသက်မသတ်သင့်ကြောင်း အရှိန်ကောင်းကောင်းနဲ့ ပြောနေတဲ့ကျောင်းဆရာကို
တောရွာကလာတဲ့ကျောင်းသားက ဆင်ခြေပေးလိုက်တာက
“ ဘာသာရေးဆိုတာ ဇိမ်ခံပစ္စည်းပါဆရာရယ်။ ဆင်းရဲသူတွေနဲ့ မဖြစ်ပါဘူး..” …ဆိုပဲ…
(ကြားဘူးတာလေးရေးတာပါ။ အဲဒါကို ကျုပ်ကိုယ်တိုင်တော့ လုံးဝ လုံးဝ လက်မခံပါဘူးနော)
aungnng87
February 7, 2012 at 9:58 am
ပါဝင်ဆွေးနွေးပေးကြတဲ့ စိန်ပေါက်ပေါက်၊ ကိုသစ်မင်း၊ မဟာရာဇာ၊ ကိုမိုက်ကယ်ဂျော်နီ၊ ဦးဦးပါလေရာတို့ကို
ကျေးဇူးတင်ရှိပါကြောင်း…. အထူးသဖြင့် စိန်ပေါက်ပေါက် သူမန့်ထားတာ…. ပျောက်နေတာကြာပြီဆိုလို့ ကြိုးစားပြီးတင်လိုက်ရတာ…။ အမှန်က ကိုယ့်ဖာသာကို်ယ်ရေးရတာ နဲ့စာရင် သူများရေးထားတဲ့ပို့စ်ကိုဖတ်ရတာ ပိုကြိုက်တယ်။ ဖတ်ရတာလည်းအားရတယ်။ ကောမန့်ပေးဘို့လည်း ဦးတည်လို့ရတယ်။ ဟီဟိ…ဒါကြောင့် နောက်ထပ်ပို့စ်တွေမတင်ဖြစ်ရင်လည်း ခွင့်လွှတ်ပေးပါလို့…..
aungnng87
February 7, 2012 at 10:14 am
အော်…ဦးပါလေရာပြောတဲ့ ဘာသာရေးဆိုတာ ဇိမ်ခံပစ္စည်းပါဆရာရယ်။ ဆင်းရဲသူတွေနဲ့ မဖြစ်ပါဘူး..ဒါလည်းသေသေချာချာတွေးကြည့်ရင်….. တော်တော်စဉ်းစားစရာဘဲ အဲဒီမှာလူတွေပြောပြောနေကြတဲ့ ပါရမီရှင်နဲ့ ပါရမီဖြည့်ဘက်ဆိုတာရော….စားသောက်နေကြတဲ့သူတွေက
ပါရမီရှင်တွေ ဖြစ်ပြီးတော့ လုပ်ပေးရတဲ့သူတွေက ပါရမီဖြည့်ဘက်တွေလို့များပြောနိုင်မလား….စဉ်းစားမိတာပါ…
awra-cho
February 7, 2012 at 10:30 am
ဘာသာရေးဆိုတာ ဇိမ်ခံပစ္စည်းပါဆရာရယ်။ ဆင်းရဲသူတွေနဲ့ မဖြစ်ပါဘူး..
စာသား ကြိုက်တယ်ဗျာ။ အနက် ကိုတော့ သိပ်သဘောမတူပါဘူး။
စိန်ပေါက်ပေါက်
February 7, 2012 at 10:57 am
အန်တိရေ
အဆင်ပြေတဲ့အခါ…ဆက်ရေးပါဦး..
သများလဲ ဆယ်တန်းထိ စာစီစာကုံးရေးတာ တစ်မျက်နှာ မကျော်ဖူးပါဘူး..
ခုမှ ရွာထဲက တိုရီးမရီးတို ့ရေးတာ အားကျပြီး တစ်ခါတလေ လက်တည့်စမ်း ရေးတာပါ..
အားပေးပါတယ်
Khaing Khaing
February 17, 2012 at 3:23 pm
ဟိုတယ်တွေမှာအရှင်တွေကို သတ်ပြီးကျွေးတာဆိုနောက် ဟိုတယ်မှာ ချက်ချင်းသတ်လို့ရမယ့် ဟာမျိုးတွေဝယ်မစားတော့ဘူး ဈေးသွားရင်တောင်လူတွေက ငါခူလေးကလတ်နေတာပဲ အမြီးလေးတလှုပ်လှုပ်နဲ့ဆိုတာပါသေးတယ်…ခိုင်ကတော့ဘယ်တော့မှ အရှင်ကိုဝယ်မစားဘူး စားရင်တောင် သေပြီးသားပဲစားတယ် မလတ်လဲကိစ္စမရှိဘူး…ပါနာတိပါတာကိုကြောက်တယ်…
Ma Ma
June 12, 2015 at 10:33 am
ဒီပိုစ့်မှာ သဂျီးကွန်မန့်မပါတာ ထူးဆန်းနေတယ်။
ဦးပါလေရာပြောထားတဲ့ “ ဘာသာရေးဆိုတာ ဇိမ်ခံပစ္စည်းပါဆရာရယ်။ ဆင်းရဲသူတွေနဲ့ မဖြစ်ပါဘူး..” …ဆိုတာကို သဘောကျမိတယ်။
ကြောင်ဝတုတ်
June 12, 2015 at 2:59 pm
ပါဏာတိပါတာလေးများမပါတော့…. ဟာတိဟာတာကြီးပါပဲဗျာ…
အဟောင်းတွေကို ဘယ့်နှယ်တူးဆွနေပါလိမ့်…
မြိုု့သစ်ကြီးက ရှေးဟောင်းလက်ရာတွေပေါ့နော်…
ခင်မင်လျက်-
ဖက်ဖက်ကက်