aungnng87February 6, 20121min42212
တကယ်တော့ လူသားတွေဟာ တော်တော်ရက်စက်ကြပါတယ်။ အသိဉာဏ် ရှိသလောက်စဉ်းစားပြီးတော့ကို ရက်စက်ကြတာပါ။ ဥပမာဆိုရရင် ABSDFကလူတွေ ကျောင်းသားခေါင်းဆောင်ဆိုသူတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်တာမျိုး၊ ဒါကလူတွေသိအောင် အင်တာနက်ပေါ်တင်ပြီး ပြောလို့ လူတွေသိလိုက်တာမျိုး၊ တချို့လူတွေမသိဘဲနဲ့ ရက်ရက်စက်စက်အသတ်ခံရပြီး သေရတာမျိုး၊ နှိပ်စက်ခံရတာမျိုးတွေ အမျိုးမျိုးပါဘဲ။ စားစရာဆိုပြီး ဝက်မြေမနင်းသားလေးတွေ၊ ငါးအရှင်တွေ အစုံအစုံ လူတွေလုပ်စားကြတာတွေ၊ မကြားချင်မှအဆုံး၊ မမြင်ချင်မှအဆုံး။ ယုတ်စွအဆုံးပြောရရင် လူတွေဟာ ဇာတ်တူသားတွေတောင် စားလာတာ လူတွေအသိဘဲလေ.။ နောက်ပြီးတော့ အယူအဆမတူရင် အမြင်ခံစားချက်ခြင်းပါတော်တော်ကွဲပြားနိုင်ပါလားလို့လဲ သင်ခန်းစာရပါတယ်။ အထူးသဖြင့်တော့ ကိုယ်နေတဲ့နိုင်ငံက မူဆလင်အယူဝါဒဆိုတော့ ကိုယ့်ဘေးနားက အပေါင်းအသင်းတွေက မူဆလင်တွေဘဲများတယ်။ ကံကောင်းစွာနဲ့ဘဲ အဲဒီလူတွေကပညာတတ်တွေဆိုတော့ ဘာသာရေးနဲ့ပါတ်သတ်ပြီး ပြသနာ သိပ်မရှိလှပါဘူး။ ကိုယ်တွေကတော့ ဗုဒ္ဓဘာသာပီပီ အစားစားရင် အသေသားမှဝယ်စားတယ်။ အဲဒီတော့ ကိုယ်သူငယ်ချင်းအ. […]


CharTooLanOctober 7, 20101min34314
မူရင်း Blog ပိုင်ရှင်ကတော့ သူမရဲ. အမည်၊ အသက်၊ နေရပ် အကုန်ရေးထားတယ် … ပီးတော့ သူမကို တော်တော်လေး ရှုတ်ချထားတယ် … ကျွန်တော်ကတော့ အဲတာတွေ ထည့်မရေးလိုက်တော့ဘူးနော် … ဒီလိုအမှားမျိုး လုံးဝ မမှားဖို. သူငယ်ချင်းတွေ အားလုံးကို ပြောချင်ပါတရ်နော် … သူများဆီမှာလဲ အပြောခံရမရ် … ငရဲလဲကြီးအုံးမယ် … မိအေးနှစ်ခါနာ ဆိုတာ ဒါမျိုးပေါ့ … Burmese young girl is insulting Burmese’s religious by sitting like a Buddha and joking