aye.kkDecember 10, 20141min26222
အစဆိုတာ…. အားလုံးအတွက် အကောင်းဆုံးပါ ။ အစဆိုတာ… ပြန်စလို ့ရရင်…. ကောင်းမှာလို ့ခံယူတတ်ကြလို ့ပါ ။ အစဆိုတာကောင်းမှ အနှောင်းဆိုတာက သေချာပါတယ် ။ အဆုံးဆိုတာ… ပြီးဆုံးပြီဆိုတဲ့သဘော… ပြင်လို ့မရတဲ့ နောင်တဆိုတဲ့သဘောပါ ။ အစနဲ ့အဆုံးဆိုတဲ့… နှစ်ခုကြားမှာ… မေတ္တာဆိုတဲ့ကြိုးနဲ့သာ လျှောက်လှမ်းခဲ့ကြရင်… အားလုံးအတွက်က အကောင်းဆုံးနဲ ့အသေအချာဆုံးဖြစ်တဲ့ အဖြေမှန်သော ပုစ္ဆာ တပုဒ် ကိုသာရမှာပါ ။။            


aye.kkDecember 3, 20141min29018
ခွဲကွာသွားတဲ့ အတိတ်တွေနဲ ့…. မလာသေးတဲ့ အနာဂတ်ဆိုတာ…။ ငါမှမပိုင်တာ…..။ ငါနဲ ့ဆိုင်နေတဲ့ ပစ္စုပ္ပန်ကိုသာ ငါမြတ်နိုးတတ်ရမယ်…။ ပြီးခဲ့တဲ့ပန်းချီကားသစ်ဆိုတာ ငါ့အတွက်တော့မဲညစ်ညစ်….။ ပြန်စဉ်းစားလို ့အသစ်မဖြစ်တာ…ငါသိနေတာပဲ…။ မလာသေးတဲ့အနာဂတ် ရွှေရောင်ကွတ်ထားတဲ့ ဇာပဝါအနားစလို လှနေပါစေ ၊ ငါမျှော်လင့်လို ့မှမရတာ….။ ပစ္စုပ္ပန်ဆိုတာ..ငါနဲ ့ဆိုင်နေတုန်းမှာသာ….။ ငါ့အတွက်ဆိုတာ…မရှိဘို ့…..။ ငါတန်ဘိုးထား မြတ်နိုးတတ်ရမယ်…။ ငါဆိုတဲ့အသိစိတ်မှာ…. ငါဆိုတာဘယ်အရာကိုမှ…. မပိုင်တာကိုသိရလို ့…. မလွမ်းလည်း မလွမ်းတော့ဘူး….။။  


aye.kkDecember 2, 20141min1245
လက်ဦးဆရာဆိုတာ ပုဗ္ပာစရိယမိနဲ ့ဘပါပဲ ။ ငယ်စဉ်တောင်ကျေး ကလေးဘဝ အရွယ်ကနေ စတင်လာကတည်းက ဗုဒ္ဗဘာသာဝင်များပီပီ အမေက ဥပုသ်နေ ့ရောက်တိုင်း ဘုရားကျောင်းကန်တွေသွားပြီး ယဉ်ကျေးလိမ္မာအောင်လို ့ ဘုရားကျောင်းကန်တွေရဲ ့ဇောင်းတန်းတွေမှာ တွေ ့မြင်ရတဲ့ ဗုဒ္ဓဝင်မှာပါတဲ့ ဇတ်နိတော်ပါ ပန်းချီကားချပ်တွေ ပြသလို ့အကျိုးအပြစ်တွေ ပြောပြပြီး ဆုံးမပဲ့ပြင်ပေးပါတယ် ။ သီလကို အခြေခံထားပြီး ငါးပါးသီလရဲ ့ အကျိုးအပြစ်တွေ ကြောင့်အပါယ်ငရဲ ဘယ်လိုကျရောက်ရတယ်ဆိုတာကို နှလုံးသားထဲစိမ့်ဝင်သွားစေအောင် ပြောဆိုဆုံးမပဲ့ ပြင် ပေးလာခဲ့ပါတယ် ။ ကျမ နားလည်လာတဲ့ ဆယ်ကျော်သက် ဝန်းကျင် အရွယ် ရောက်ပြန်တော့ ကျောင်းပိတ်ရက်နေ ့တွေ ရောက်တိုင်း အချက်အပြုတ် နဲ ့လက်မှုပညာတွေ သင်ကြားပြသပေးပါတယ် ။ နွေရာသီကျောင်းပိတ်ရက်ရှည် တွေမှာ […]


aye.kkNovember 30, 20141min31514
ရုပ်နာမ်တွေရဲ ့မမြဲမှုတွေ ထင်ရှားဖြစ်ပေါ်နေတဲ့ ၊  မသိတတ်တဲ့ရုပ်တရားနဲ ့ သိတတ်တဲ့ နာမ်တရားတွေကိုမှီပြီး ၊ စိတ်ဆင်းရဲခြင်း ၊ ကိုယ်ဆင်းရဲခြင်းတွေ ဖြစ်ရတာဟာ ကိုယ်တွေ ့ကျင့်ကြံမှသာ ၊ သိရမြင်ရတဲ့ တရားဆိုတာကို ကျမကိုယ်တိုင်ကိုယ်ကျ လက်ခံနားလည်လာလို ့ပါပဲ ။ ကျမ အနေနဲ ့က ၊ မဟာသတိပဌာန် ဝိပဿ       နာ ဘာဝနာတရား အားမထုတ်ခင် အချိန်က ၊ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ သဘောတွေကို ၊ သုတအသိ အနေနဲ ့သာသိလာခဲ့တာပါ ။ မဟာသတိပဌာန်ကို နည်းမှန်လမ်းမှန်နဲ ့ကိုယ်တိုင်ကျင့်ကြံပွားများ အားထုတ်ကြည့်မှသာ ၊ အမှန်သိမြင်လာနိုင်ခဲ့ပါတယ် ။ သုတအသိနဲ ့အမှန်သိက တစ်ခြားစီဆိုတာကို ၊ ကျမကိုယ်တွေ ့သိမြင်ခံစားလိုက်ရပါတယ် […]


aye.kkNovember 30, 20141min1946
တကယ်လို ့သာ ကျမအနေနဲ ့စိတ်ကူးအဆိုးအာရုံထဲဝင်မိပြီး ၊ ချက်ခြင်းမရှုမှတ် လိုက်နိုင်ရင်တော့ ကြောက်စိတ်တွေ တဖွားဖွားဖြစ်ပေါ်ခံစားရမှာက အမှန်ပါပဲ ။ ဆရာတော်အနေနဲ ့လည်း တစ်ရက်ခြား တရားစစ်ပေးမှု ၊ တရားလမ်းကြောင်း မလွဲသွားအောင် ၊ ပြင်ပေး တည့်မတ်ပေးမှု ၊ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ ကျမအနေနဲ ့ကလည်း ၊ တရားတော်တွေကိုနေ ့တိုင်းနာယူ မှတ်သားရနေလို ့လည်း ၊ ဓမ္မသာဝနကုသိုလ် ဖြစ်နေပါတယ် ။ တရားအားထုတ်တဲ့ အချိန်ကတည်းကစပြီး ၊ ရှစ်ပါးသီလ မကျိုးမပေါက်အောင် ၊ သီလနဲ ့ပြည့်စုံအောင် နေထိုင်နိုင်ရပါတယ် ။ သီလနဲ ့ပြည့်စုံအောင် မနေထိုင်တတ်ခဲ့ရင် သမာဓိ မဖြစ်လို ့ပါ ။ သမာဓိမဖြစ်ရင် တရားလည်းမတက်နိုင်ပါဘူး။ ဝိပဿ       […]


aye.kkNovember 28, 20141min1405
ရိပ်သာမှာ ရက်နှစ်ဆယ်အားထုတ်ပြီး အားမရခဲ့ပါဘူး။ ကျမ ဝန်ထမ်းလုပ်သက်ပြည့်နေပြီမို့ ။ လုပ်သက်ပြည့် ပင်စင်တင်လိုက်ပါတယ် ။ ခွင့်ပြုမိန် ့ကျလာတော့ အေးဆေးစွာ အားထုတ်ခွင့်ရတာမို ့၊ ဆရာတော်ဘုရားရဲ ့ကျောင်းမှာပဲ ရိပ်သာပြန်ဝင်ခဲ့ပါတယ် ။ ဆရာတော်ဘုရားက အနည်းဆုံး ၊ သုံးလသတ်မှတ်ထားတာမို ့ ၊ဘယ်လောက်နေမလည်း ပြန်မေးပါတယ် ။ ကျမက သုံးလပါဘုရားလို ့၊ လျောက်တော့ ဆရာတော်ဘုရားက ခွင့်ပြုပေးခဲ့ပါတယ် ။ ဆရာတော်ရဲ ့ကျောင်းမှာအစစအရာရာ ၊ လိုလေးသေးမရှိအောင်  ပြည့်စုံနေတဲ့အတွက် ၊ အေးအေးဆေးဆေး အားထုတ်နိုင်တဲ့ အခွင့်အရေးရခဲ့ပါတယ် ။ သုံးလဆိုပေမယ့် ၊ ၁နှစ်နီးပါးမျှ  အားထုတ်နိုင်ခဲ့ပါတယ် ။ ဆယ့်တစ်လနဲ ့ဆက့်ငါးရက် ဆိုတဲ့အတိုင်းတာထိပါ ။ ဆရာတော်ဘုရားကျောင်းက ၊ ထုတ်ပြန်ထားတဲ့ […]


aye.kkNovember 27, 20141min1406
မဖြုတ်ချင်တဲ့စိတ်က ပီတိစိတ်ဆိုတာ သိတ်ပြီးတော့နားမလည်ခဲ့ပါဘူး ။ တရားထိုင်လိုက်တိုင်းလည်း ၊ မိနစ်အနည်းငယ်ဆို ကြည်လင်တဲ့စိတ်ဖြစ်ပေါ်လာတာမို ့၊ တစ်ခါတစ်ခါမှာ ကိုယ့်ဘေးက ပါလာတဲ့အဖော်ကို အားနာမိပြီး ဖြုတ်လိုက်ရတာမျိုး လုပ်ရပါတယ် ။ ဒါက ငယ်တုန်းက တရားထိုင်ခဲ့ဘူးတဲ့ အကျိုးတရားပါ ။ အသက်အရွယ်ရလာတဲ့အချိန် ၊ကျမဘာဝနာတရား အားထုတ်ချင်တဲ့စိတ် ပြင်းပြင်းထန်ထန် ဖြစ်လာလို ့ ခင်ပွန်းသည်ကလည်း  ကြည်ကြည်ဖြူ ဖြူ  အားထုတ်ဘို ့ခွင့်ပြုပေး ပါတယ် ။ ကျမဘဝမှာ ဒုတိယအကြိမ် တရားအားထုတ် ဖြစ်ခဲ့ပါတယ် ။ ကျမနေထိုင်နေတဲ့မြို ့ရဲ ့ ငွေတောင်ဦးကမ္မဌာန်း ကျောင်းမှာပါ ။ ဆရာတော်ဘုရားက ဘယ်နှစ်ရက်ဝင်မှာလည်း မေးတော့ ကျမက ရက်နှစ်ဆယ်ပါ ဘုရားလို ့လျှောက်ပါတယ် ။ ရက်တိုဝင်ခွင့်ကို ဆရာတော်က […]


aye.kkNovember 26, 20142min1989
စိတ်ဆိုတာ ဆန်းကျယ်လှပါတယ် ။ ငယ်တုန်းက စိတ်မရှည် အငေါ်တူးတတ်တဲ့ ကျမကို အမေက ရိပ်သာကို လက်ဆွဲပြီးပို ့ခဲ့ပါတယ် ။ ကျမစိတ်မပါပေမယ့် အမေ့ကိုကြောက်တဲ့စိတ်နဲ ့မဟာဗောဓိ ကိုးထောင် ရိပ်သာမှာ သင်္ကြန်ရက်အတွင်း ဆယ်ရက်တရားစခန်းဖွင့်လို ့၊ အမေ့ရဲ ့အစ်မဖြစ်သူ ကြီးကြီးနဲ ့အတူ ရိပ်သာဝင်ခဲ့ရပါတယ် ။ ရိပ်သာဝင်တော့ ရောက်တာနဲ ့ ရှစ်ပါးသီလခံယူရပါတယ် ။ ဘုန်းဘုန်းဘုရားက ရှစ်ပါးသီလချပေးပါတယ် ။ ရိပ်သာမှာ စဝင်ပြီဆိုကတည်းက အမှတ်နဲ ့နေ အမှတ်နဲ ့စား ၊ အမှတ်နဲ ့သွား ၊ အမှတ်နဲ ့အိပ်ရတာမို ့ ကျမ ဆယ့်တစ်နှစ်အရွယ် ၊ ငယ်တယ်ဆိုပေမယ့် ပြောပြရင် သိတတ်နားလည်တဲ့ အရွယ်ဖြစ်နေပါပြီ ။ […]


aye.kkNovember 24, 20141min1626
ပန်း ဆို တာ လှ နမ်း မ ဝ တဲ ့ရ နံ ့နဲ ့သင်း ပျံ  ့မွှေး ပါ မှ ။ မေတ္တာဆိုတာ ပေး မ ဝ ၊ ကိုယ် က ပဲ ပေး ပါ မှ ။ လူ ဆို တာ လူ လို သိ ပါ မှ ။ သာ ယာ ချမ်း မြေ ့ ပြည့် စုံ မယ် ။။  


aye.kkNovember 20, 20141min45930
ငယ်ငယ်တုန်းက သတိမေ့တတ်လွန်းတော့ မိတ်ဆွေဘကြီးက မမေ့တတ်အောင် သင်ပေးတယ် ။ ဥပမာပြောပြပြီး လက်တွေ ့သင်ပေးတာ။ ပြူတွင်းတံခါးပေါက် ကို ဘကြီးက သူကိုယ်တိုင် ပိတ်ပြတယ် ။ ပထဦးဆုံး ပြူတင်းတံခါးဂျက်ကို စတင်ကိုင်လိုက်တော့ ကိုင်တာကို ကိုင်တယ်လို ့မှတ်ခိုင်းတယ် ။ ပြူတင်းပေါက်ပိတ်ဘို ့အတွက်လက်နှစ်ဖက်နဲ ့ပြူတင်းတံခါးရွက်နှစ်ဖက်ကို အတွင်းဘက်ကိုဆွဲယူလိုက်တော့ ယူတယ် ယူတယ်လို ့မှတ်ခိုင်းတယ် ။ ပြူတင်းပေါက်ဂျက်ကို ချလိုက်တဲ့အချိန် ချလိုက်တာကို ချတယ်လို ့မှတ်ခိုင်းတယ် ။ ပြူတင်းတံခါးနှစ်ဖက် ပိတ်ပြီးသွားတော့ ပိတ်ပြီးပြီ ပိတ်ပြီးပြီလို ့ မှတ်ခိုင်းတယ် ။ မမေ့တဲ့နည်းလေးပေါ့ ။ သတိရှိဘို ့အတွက် လေ့ကျင့်ပေးလိုက်တာပါ။ ဘာပဲလုပ်လုပ် အမှတ်ပါရင် တော့ တော်ယုံမေ့ဘို ့မလွယ်တာ အမှန်ပါပဲ ။ […]