ရခိုင်တိုးလို ့ခေါ်နေတဲ့(RNDP)ပါတီက ထုတ်ပြန်တဲ့သဘောထား ~လတ်တလော ရခိုင်ပြည်နယ်မှ အဓိကရုဏ်းများကြောင့် ဘင်္ဂါလီများနှင့်ရခိုင် တိုင်းရင်းသားများကို နေရာခွဲ၍ ချထားကြောင်း၊နောက်ပိုင်းတွင် ဘင်္ဂါလီများကို တတိယနိုင်ငံများမှခေါ်ယူသွင်းသင့်ကြောင်း ~ရခိုင်ပြည်နယ်တွင်းရှိ မြို ့၊ရွာများတွင် ဘင်္ဂါလီနှင့် ရောနှောနေထိုင်ခြင်းမရှိရအောင် စီစဉ်ရန်လိုအပ်ကြေ ာင်း။စသည်ဖြင့် ရသလောက်မှတ်မိသရွေ  ့ပြန်ရေးချလိုက်သည်။ ရခိုင်ပြည်နယ်အရေးအခင်းတွင် လိုအပ်သည်ထက်ပို၍ ဖိနှိပ်နေသဖြင့် ရခိုင်ပြည်နယ်တွင်းရှိ ဘာသာခြား များ(မရမာကြီး၊ကမန်၊ဘင်္ဂါလီ) ဟိန္ဒူများနှင့် အစ္စလာမ်ဘာသာဝင်အများအပြား ဒုက္ခပေးခံနေရသည်။ ကျွန်ုပ်တို ့၏ဘိုးဘေး များလက်ထက် လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ကျော်ကပင်နေထိုင်လာသည်မှာ အနှိမ်ခံ ဘဝသာသာပင်ဖြစ်သည်။ဘယ်သောအခါမျှ နိုင်လိုမင်းထက်မပြုမူဖူးပါခင်များ။ အိုးပစ်၊အိမ်ပစ် ပြေးလွှားနေရသော ကျွန်ုပ်တို ့ကို အကူအညီပေးရန် လာရောက်လိုသူများကိုလဲ အမျိုးမျိုး နှောင့်ယှက် ဟန် ့တားနေသည်ကို မိတ်ဆွေတို ့မသိကြ၊မကြားကြပါလော။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ရမ်းဗြဲ၊ရသေ့တောင်၊စစ်တွေမြို့များတွင် အဓိကကြိုးကိုင် စေခိုင်းသော ရခိုင်တိုးတက်ရေးပါတီမှ ပါတီဝင်(၄)ဦးကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်သည်။ ရခိုင်တိုးတက်ရေးပါတီမှ ဦးဆောင်၍ တောင်ကုတ်မြို ့အကြမ်းဖက်မှုသည် […]