ရှယ်အိုးအေ မြန်မာဗိုင်း အသံလွှင့်ဌာနဂျုပ်တွင် မြန်မာနိုင်ငံ သမ္မတ ဦးကြောင်ကြီးမှ တက်ရောက်လာသော ရွှေပွဲလာ ပရိတ်သတ် အစုံ၏ မေးဂွမ်းများအား ဖြေကြားရာ.. အဟမ်း..မေးဂျင်တာ ပွင့်ပွင့်လင်းလင်း မေးပါ.. ကျနော့်အနေနဲ့ အယင်ပွဲတုံးကလို ဟိုသွားစရာရှိဒယ် ဒီသွားစရာရှိဒယ်ဆိုပီး လစ်ထွက်မသွားတော့ပါဘူး.. တုတ်တုတ်ခြင်း လေလေခြင်း ရင်ဆိုင်သွားပါ့မယ်.. အဟွတ်.. မောင်ရဲထွက်ရေ.. သွေးကျဆေး တလုံးလောက် ပေးစမ်းပါအုံး..။ တပည့်ကျော်ပဲလှော်ပေးသော ဆေးလုံးအား ရေနှင့်မျှောချလိုက်ပီးနောက် ကဲ..ကဲ စနိုင်ပါပီ… ကိုသမ်းလျင်ထိုး…။ ကျေးဇူးတင်ပါဒယ် သမ္မတကြီး.. ပိတ်သက်ကြီးကလည်း သမ္မတကြီး ကျန်းမာရေး ငဲ့ညှာပြီး သက်ညှာစွာမေးဖို့ တောင်းပန်ပါရစေ.. ဖြေရင်းတန်းလန်း ဂန့်သွားရင် ဒွတ်ခ… ဒီရုံးမှာတော့ အသေခံနိုင်ဘူး.. ကြက်သရေမရှိ မင်္ဂလာမရှိ။ ပထမဆုံး မေးမည့်သူမှာ သူဌေးဂျီး ဦးပန်ကာ ဖြစ်ပါတယ်။ ခြစ်ခင်ရပါသော […]


ယမန်နေ့က အင်းစိန်ထောင်မှ လွှတ်ပေးလိုက်သော နိုင်ငံရေးသမား စာရင်းတွင် ဟေမာနေဝင်း ပါဝင်ပြီး အခြားထင်ရှားသူတဦးမှာ ဗိုလ်ဂျီးဟောင်း နေမျိုးဇင် ဖြစ်သည်ဟု သစ်ထူးလွင်ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ ကိုးကား http://www.thithtoolwin.com/2013/05/blog-post_9809.html?utm_source=BP_recent ခံဝန်ချက်ဖြင့် လွတ်လာသူများအား ပြန်လည်ထောင်ချခွင့်ရှိသည့် ပုဒ်၄၀၁ ဥပဒေကျင့်သုံးမှုအား အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း ကြယ်ပွင့်ပြ မေးခွန်းထုတ်လျင် ကြံဖွတ်ပါတီအမတ် မလိုတမာက တိမ်မည်းဖုံး ကန့်ကွက်သွားမည်ဟု ဆိုခြင်းအပေါ် ဘွားဒေါ်ဂျီးမှ လမင်းထိန်ဗျူဟာ ရှာဖွေနေသဖြင့် စစ်အုပ်စုဖက်ကလည်း နေမင်းသူရိန်ထိုးစစ် ဆင်နွှဲသွားရန်ရှိရာ မြန်မာနိုင်ငံရေးသည် အပြောကျယ်သော စတြာဝဠာဂျီးထဲ စက်ပျက် မျောနေသော အာကာသယဉ်သဖွယ် ဘယ်သောဝ်ဘယ်ကမ်း ဆိုက်မည်သိရန် ခဲယဉ်းကြောင်း ဆိုကြသည်။ ကြက်သန်းတရာရှိလျင် ဘဏ်ဒါရိုက်တာ အရွေးခံနိုင်ကြောင်း မွေးရေဘဏ်မှ ဆိုသဖြင့် ဦးကြောင်ကြီး ကြက်ခြံ ခိုးဝင်၍ သန်းအကောင်တရာတိတိ […]


အပိုင်း(၁)ကို ဤနေရာတွင် ဖတ်ပါ။ ကြေးမုံဂျီး ထွက်ပြေးလွတ်မြောက် သွားသောနေရာမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး အခြေစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ဖြစ်၏။ အစ္စလာမ့်ရန်သူ ၉၆၉ ဦးကြောင်ကြီးအား လူသားမျိုးနွယ်တုံး သတ်ဖြတ်မှုဖြင့် မတရားစွဲရန် ကြေးမုံဂျီးအား တရားလို လုပ်ခိုင်းမည့် မာမွတ်ရှာပွတ် ဦးခိုမ်၏ ယုတ်မာပက်စက်သော အကြံအစည်ဖြစ်သည်။ သူ့အား လေဆိပ်တွင် လာကြိုသူမှာ ယိုဟမ်ဂျာလွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင် တာလီဘန် ဧဝဒီဂျီး (ခ) အဗ္ဗဒူလာမုတ်ဆိတ် ဖြစ်သည်။ ရခိုင်တိုင်းရင်းသား ယိုဟမ်ဂျာဆိုသော်လည်း မြန်မာစကား မပြောတတ်သဖြင့် ခြေဟန်လက်ဟန်သုံး စကားပြောရသည်။ စာဖတ်သူမြင်အောင် ကောက်နှုတ်ပြသော် ကြောင်ကြီး အစ်အစ်.. ထိုသို့ မီးကျိုးမောင်းပျက် ပြောဆိုလျက် လည်ပင်းအား ဓါးလှီးဟန် လုပ်ပြသည်ကို ကြေးမုံဂျီးမှ လျက်ဆား ပဂိုးဆား ပင်လယ်ဆား အိုင်အိုဒင်းဆားဟု သိုးဆောင်းစဂါးဖြင့် […]


ဒိန်း ဒက်..ဒက် ဝုန်း ဒိုင်း အုံး ဂွမ်း.. ကမာ္ဘပျက်မတတ် ပေါက်ကွဲသံများ ဆူညံပွက်နေသည်။ ပစ်ကွာ အလွတ် မပေးနဲ့.. ရှိသမျှ လက်နက်ကြီး အကုန်သုံး.. လေယဉ်ပေါ်ကနေ တန်၅၀၀ဝ တောင်ဖြိုဗုံးချ၊ ပစ်မလွဲပဲ့ထိန်း တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေ ပင်လယ်ထဲကလွှတ်ထည့်။ ကောင်းကင် ထောက်လှမ်းရေး ဂြိုလ်တုကို ၂၄နာရီ မျက်ခြေမပြတ် စောင့်ကြည့်ခိုင်း.. ကုန်ကုန်ပြောမယ်ကွာ.. ညူကလီးယားဗုံးကြဲဖို့ပါ စီစဉ်ထား။ လူ့အခွင့်အရေး ဘာရေးညာရေး နောက်မှရှင်းမယ်။ ဘာဖြစ်ဖြစ် ကမာ္ဘမြေက ဒင်းအစအန ပျောက်သွားရင် ကျေနပ်ပီ။ စစ်ရုံးချုပ် အမိန့်ပေး ဆက်သွယ်ရေးစက်မှလာသော တပ်ချုပ်ကြောင်ကြီး ကြိမ်းဝါးသံဖြစ်၏။ ကတုတ်ကျင်း အတွင်းပုန်း နေသူမှာ တိုင်းပြည် ဆူးညှောင့်ခလုတ် မဟာရမ်သူ တရုတ်သဗုံ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် ဖြစ်သည်တမုံ့.. […]


မနက်ဖြန် တနင်္ဂနွေနေ့ ရီးရဲမက်ဒရစ်အိုးပင်း ဒဗလျူတီအေ (Premier Mandatory) အမျိုးသမီး တင်းနစ်ပြိုင်ပွဲ  နောက်ဆုံးပွဲစဉ်အဖြစ် ကြောင်ကြီးသမီးလေး ရုှရှားသူ အပျိုဆင် ရှာရာပိုဗာ (ကမာ္ဘ့အဆင့် ၂) နှင့် ရွာထဲရှိ တရုတ်သဗုံ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်အား မြှောက်ထိုးပင့်ကော် အားပေးအားမြောက် ပြုလုပ်ပေးနေသူ ဝစစ်သမီး  ခရစ်စတယ်လှိုင်း၏ဂျီးဒေါ် အမေရိကန်လူမဲမဂျီး ဆာရီနာဝီလျံ (ကမာ္ဘ့အဆင့် ၁) တို့ယှဉ်ပြိုင် ဗိုလ်လုကြမည်ဖြစ်သည်။ ၎င်းပွဲအနိုင် ရရှိသူသည် ဒဗလျူတီအေ ကမာ္ဘ့အဆင့် သတ်မှတ်ချက် ထိပ်ဆုံးနံပါတ်၁အား ဆက်လက်ထိန်းသိမ်း (သို့မဟုတ်) လွှဲပြောင်းရယူမည်လည်း ဖြစ်သဖြင့် ပိုမိုဆိတ်ဝင်စားဖွယ် ဖြစ်လို့နေသည်။ ပဲ အဲ အဲ….. ထို့ကြောင့် ၎င်းပွဲနှင့် စပ်လျဉ်း၍ ဂဇက်ရွာ ခိုင်ဘုံးရုံးဒေါ်မှ ဦးကြောင်ကြီး (ဒူးတိုက်လျောက်ထားသူ တယားလို) […]


အမျိုးတားဒမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲအနိုင်ရလျင် ညွှန့်ပေါင်းအစိုးရဖွဲ့မည်ဟု ဗဟိုအလုပ်မှုဆောင် တဦး၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ ပါတီဥက္ကဌ ဘွားဒေါ်ဂျီးမှ အာရ်အက်ဖ်အေ သတင်းထောက် မေးခွန်းကို ဖြေကြားရာတွင် ယခုအချိန်သည် စောသေးကြောင်း ညမိုးချုပ်မှ ပြန်လာခဲ့ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။ သို့သော် အာရ်အက်အေသတင်းဒေါက် မိုက်ကယ်ဂျော်နီအောင်ပု ညနေပိုင်းရောက်သည့်အခါ ဘုံဆိုင်တခုတွင် အမူးလွန်မှောက်လဲ နေခဲ့သဖြင့် အဆိုပါ အင်တာဗျူး မလုပ်ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာပြည်တွင် စီမံကိန်းများ ဆောင်ရွက်နေသည့် တလုပ်ကုမ္မဏီများ ပွင့်လင်းမြင်သာမှုရှိရန် ကူမြူနစ်ပါတီမှ ညွှန်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် တလုပ်မလေးများ ဘီကီနီရေကူးဝတ်စုံ ယူနီဖောင်း ပြောင်းလဲဝတ်ဆင်ကြရာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားသူများ လွန်စာနှစ်ထောင်းအားရ ဖြစ်ကုန်ကြောင်း ဒေါက်တာချက်ကြီးဆိုက်တွင် မူဗွီဖိုင်နှင့်တကွ အသေးစိတ် ကွက်ကွက်ကွင်းကွင်း တင်ဆက် ထားသည်။ မြန်မာ့ပညာရေး […]


တလုပ်ပြည် ခြစ်ကျည်ရေးခရီး ရောက်နေသော အမျိုးတားဒမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဇောင် ၁၂ဦးအား ယမန်နေ့နံနက်ပိုင်းက ဟိုတယ်တွင် လဖက်ရည် အီကြာကွေး၊ ပေါက်ဆီတို့ဖြင့် ဧည့်ခံပြီး တရုတ်ဘုံကျောင်း တခုသို့ လိုက်လံပြ၍ နေ့လည်ပိုင်း၌ ဆီချက်ခေါက်ဆွဲ၊ ဘဲပေါင်း ကျွေးမွေးကာ တရုတ်စာသင် ကျောင်းတွင် ဗူးသီးငါးပေါင်းကြော်နည်း ရှင်းလင်းပြသခဲ့သည်။ ညစာအတွက်မူ ခေါက်ဆွဲကြော်၊ ထမင်းပေါင်းတို့ဖြင့် စားရပြီး တရုတ်တန်းညဈေး ဝယ်ခွင့်ပြုခဲ့ရာ ယခုခရီးမှာ မြန်မာပြည် တရုတ်တန်း သွားလည်ရသည်နှင့် မထူးကြောင်း ကိုယ်စားလှယ်တဦးမှ ယနေ့ ထုတ်ဖော်ပြောကြားသည်။ ကိုယ်စားလှယ်ခေါင်းဆောင် ဦးညီပုမှ ဤခရီးသည် မိမိတို့ပါတီအား သီးသန့်အလေးထား ဖိတ်ကြားသည်ဟု နားလည်ကြောင်း၊ မိမိတို့ဖက်ကလည်း တရုတ်ကူမြူနစ်ပါတီအား ပြန်လည် အလေးပေး ဆက်ဆံခဲ့သည်ဟု ထုတ်ဖော်ပြောဆိုရာ ၎င်းတို့ တရုတ်ပြည် မသွားခင် စံပြဈေးငါးသည် ဒေါ်အာကျယ်ထံမှ […]


အင်္ဂလန်က ခရစ်နှစ် ၄၆၅မှာ စကော့တစ်ရှ်တွေရန် ကာကွယ်ဖို့ ဂျာမနီမှ Hengist and Horsa လူစွမ်းကောင်း နှစ်ယောက် အကူအညီယူခဲ့ရတယ်။ အဲဒီအချိန်တုံးက ဂျာမနီတွေက ခရစ်ယာန်ဘာသာဝင် မဟုတ်သေးဘူး၊ Pagan ခေါ်တဲ့ ဘာသာခြားတွေ…။ စကော့တွေရန်လည်း ငြိမ်းသွားရော ဂျာမန်မင်းသားနှစ်ပါးက အင်္ဂလန်မှာ အခြေစိုက်ဖို့ ရဲတိုက်မြေနေရာတောင်းတယ်။ ဘုရင်က ဘာသာမတူလို့ ငြင်းတယ်၊ ဒါနဲ့ ဟင်းဂစ်မင်းသားက  သားရေပြားတချပ်စာ ပတ်လည်အထွာရှိတဲ့ မြေကွက်တောင်းတော့ အဲလောက်တော့ ပြသနာမရှိထင်ပြီး ဘုရင် ခွင့်ပြလိုက်တယ်။ အဲဒီမှာတင် ကိုဘေးနွားအရွယ် ကျွဲရိုင်းတကောင်သတ် အရေခွံခွာ ရဲတိုက်ဆောက်၊ ဂျာမနီက သူ့လူတွေ အင်္ဂလန်ခေါ်သွင်းတော့တာပဲ..။ သမိုင်းဆရာမဟုတ်၊ အင်္ဂလန်ရာဇဝင်လည်း ရေးတာမဟုတ်လို့ ဒီလောက်နဲ့ အဲဒီအကြောင်းရပ်မယ်၊ သိချင် ပေးထားတဲ့ ဝီကိပီးဒီးယားလင့်ခ်မှာ သွားဖတ်ကြပါ။ မိုက်ကယ်ဂျော်နီအောင်ပု […]


ဂဇက်ရွာအုပ်ချုပ်သူ အကြီးအကဲ သဂျီးဦးခိုင်၏ ခြစ်လှစွာသော သမီးဒေါ်ဂလေး မွေးနေ့ ယနေ့မေလ(၅)ရက် တနင်္ဂနွေနေ့တွင် ကျရောက်ရာ ဝမ်းမြောက်ဝမ်းသာ အဦးဆုံး ဂုဏ်ပြုစကားပြောကြားသော ကကြောင်ကြီးအား ဂဇက်ရွာ သဂျီးရုံး ညွှန်ကြားရေးမှူး ခန့်အပ်သည်။ ထို့နောက် ဥပဒေကဲ့သို့ အာဏာတည်သော ဂဇက်ပျံတမ်း အမိန့်အမှတ် ၁၊၂၀၁၃ အဖြစ် အမေရိကန်နှင့် ဥရောပတိုက်အား တရုတ်ပြည်မှ အကြွေးဖြင့် သိမ်းတော့မည်ဟု ပေါက်ပေါက်မြောက်မြောက် ထင်ရာပြောဆို ရမ်းကားနေသော တရုတ်ကူမြူနစ်ပါတီ နိုင်ငံရေးမှူး ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်အား သုံးလတိတိ ရွာထဲဝင်မလာရန် သဂျီးရုံးညွှန်ကြားရေးမှူး ဦးကြောင်ကြီးမှ လက်မှတ်ထိုး ပိတ်ပင် တားမြစ်သည်။ တလုပ်ကူမြူနစ်ပါတီ ဖိတ်ခေါ်ချက်ဖြင့် အမျိုးတား ဒမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တလုပ်ပြည်သို့ ခြစ်ကျည်ရေးခရီး သွားမည်ဖြစ်ရာ ခရီးစဉ်အတွင်း မြန်မာပြည် ကြေးအိုး […]


တရုပ်နိုင်ငံမှ အမ်အိုင်၁ရ ဒုံးကျည်တပ် စစ်ရဟတ်ယာဉ်ငါးစီး ဝယ်ယူထားသည်ဆိုသောသတင်း မမှန်ကြောင်း ဝတပ်မဒေါ် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြေးမုံဂျီး ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ဝစစ်တပ် ဒုံးပျံတပ်မှူး ဗိုလ်ချုပ် ကဝေအောင်မှ ၂၀၀၃ခုနှစ်တွင် အမေရိကန်မှ ပစ်လွှတ်ခဲ့သော ကိုလံဘီယာ အာကာသလွန်းပျံယာဉ် ပျက်ကျခဲ့ရမှုသည် ၎င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။ ဧပြီ၃ဝရက်နေ့ မီးလောင်မှုဖြစ်ပွားရာသို့ လာရောက်သော မီးသတ်ကားများအား ဦးစားပေးလမ်းရှင်းပေးသော ရွှေဂုံတိုင်မီးပွိုင့် ယဉ်ထိန်းရဲများအား တဖက်ယဉ်ကြောတွင် စောင့်ဆိုင်းနေခဲ့ရသည့် ပြည်ထဲရေး ဒုဝံကျီး ရဲဂျုတ် ကျော်ကျော်ထွန်း ဂဒေါ် ကြိမ်းမောင်း ဆဲဆိုခဲ့သည်။ ရဲဂျုတ်မှ ထိုဖြစ်ရပ်အပေါ် ဒေါကီးသွားပြီး သူ့မိန်းမအား တုတ်ကြီးကြီးဖြင့် ရိုက်မည်ဟု ကြိမ်းဝါးပြောဆိုကာ ရုံးစောစောဆင်းကြောင်း ထိုနေ့က ၎င်းထံသို့ အေဘီစီ စတောက်ဘီယာ၊ ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီး ပို့ပေးခဲ့ရသူတဦးမှဆိုသည်။ လက်ပံတောင်း […]


လက်ပံတောင်း ဝမ်ပေါင်ကြေးနီးတောင် စီမံကိန်းအရေး ဆောင်ရွက်နေသော ခေါင်းဆောင်များအား အမှုပေါင်း မြောက်မြားစွာဖြင့် တရားစွဲမည့် စစ်ကိုင်းတိုင်းရဲအဖွဲ့၏ ကြေငြာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဒီမိုကရေစီ တပ်ဦးခေါင်းဆောင် ဦးကြောင်ကြီးမှ စစ်ကိုင်းတိုင်းရဲမူးဂျီး အပါအဝင် ရဲရှစ်ယောက်အား ပြည့်တန်ဆာများအား မတရားဖမ်းဆီး ဖရီးဝါးမှု၊ တည်းခိုခန်း၊ အနှိပ်ခန်းများတွင် အခမဲ့ တည်းခိုပျော်ပါးမှု၊ အရက်ပုန်းချက်သူများထံမှ ငွေညှစ်မှု၊ စားသောက်ဆိုင် ဘီယာစတေရှင်များအား ဆက်ကြေးကောက်မှု၊ အချုပ်သမားများအား ထမင်းဖိုး ရေဖိုး မီးဖိုးတောင်းမှု၊ မင်္သကာသူများအား ရိုက်နှက်ငြင်းပန်း နှိပ်စက်မှု၊ လာဘ်ငွေရယူပြီး တရားရုံးသက်သေ လိမ်လည်ထွက်ဆိုမှု၊ အမှုဖွင့် အမှုပိတ်ခတောင်းမှု၊ ကာရာအိုကေဆိုင် ချဲဒိုင် အင်တာနက်ဆိုင်များမှ လစဉ်ကြေး လက်ခံမှု၊ ဘုရားပွဲ လောင်းကစားဒိုင်များနှင့် ပေါင်းစားမှု စသည့်အမှုပေါင်း တသောင်းခြောက်ထောင်ဖြင့် တိုင်ချက်ပြုလုပ် အမှုဖွင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ အမျိုးသားဒီမိုကရေစီ […]


ရှာရာပိုဗာကြောင်ကြီး နိုင်သွားပါပြီခင်ဗျာ.. နှစ်ပွဲပြတ်နဲ့ ဖြစ်ပါတယ်။ ပထမဆုကြေးငွေ ဒေါ်လာ ၁၂၅၀၀ဝ အပြင် ဒေါ်လာသိန်းကျော်တန် ၉၁၁ ပိုရှေးပြိုင်ကားကိုပါ ရရှိသွားပါတယ်…။ မနှစ်ကလည်း ရှာရာလေးပဲ အနိုင်ရရှိ ဗိုလ်စွဲခဲ့တာပါ။ ဦးကြောင်ကြီးကတော့ ပြောထားတဲ့အတိုင်း ငှီးလျောင်း ငှီးလျောင်း… ပျားရည်ဆမ်းခရီး ခရစ်စတယ်လေးနဲ့  😳 မနက်ဖြန် နံနက် ၈နာရီ စတူးဂတ်မြို့မှာ (ယူအက်စ်အရှေ့ဖက်ခြမ်း စံတော်ချိန်)  ပြုလုပ်မည့် ပိုရှေးဒဗလျူတီအေ ကမာ္ဘ့တင်းနစ်ပြိုင်ပွဲ WTA Porsche Tennis Grand Prix ဗိုလ်လုပွဲတွင် အမေရိကန်နိုင်ငံတွင် နေထိုင်သူ ရုရှားမလေး ဖြူဖွေးဖွေး ရွှေရောင်ရေဆေးငါး တတုံးတခဲ နုနုထွတ်ထွတ် အပျိုဆင် ရှာရာပိုဗာကြောင်ကြီး နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံရေးမှူး ဗိုလ်မှူးကြီး ခရစ်စတယ်လိုင်း၏ အမျိုးလည်းဟုတ် ဖေးဗရိတ်ဖြစ်သူ နလီဂျီးတို့ […]


ယမန်နေ့က မုံရွာကြေးနီတောင်စီမံကိန်းမှ မတရားသိမ်းထားသော လယ်မြေများပေါ်တွင် ထွန်ရေးငင်ကြသော ဆန္ဒပြလယ်သမားများအား လုံထိန်းရဲများမှ ကိုယ့်အမျိုးသားခြင်း ကိုယ်ချင်းမစာ စကောလောက်မျှစောက်မနက် အသားထဲလောက်ထွက် ရက်ရက်စက်စက် ရိုက်နှက်ပစ်ခတ် ဖြိုခွင်းတိုက်ခိုက်ရာ သေနတ်ဒဏ်ရာ အပါအဝင် ထိခိုက်ဒဏ်ရာရမှုနှင့် ဖမ်းဆီးမှု အများအပြား ရှိခဲ့သည်။ ထိုဖြစ်ရပ်အပေါ် တရုတ်ကူမြူနစ်ပါတီ မြန်ကျင့်ဒေသ အကြီးအကဲ ဘွားဒေါ်ဂျီးမှ စိတ်ဆိုးဒေါသထွက်ကြောင်း ကြားသိရသဖြင့် အားကိုရာမဲ့ ဖြစ်နေရှာသော အဖိနှိပ်ခံ လယ်သ္မားများ ရန်ကုန်မြို့ တပ်ကပ်သူရိပ်သာလှမ်းသို့ သွားရောက်တင်ပြရာ ဆန္ဒပြသူများအပေါ် စိတ်ဆိုးခြင်း ဖြစ်သဖြင့် ကားခကုန်တာ အဖတ်တင်ကြောင်း ပြောဆိုနေသည်။ လယ်သမားဂျီးများ၏ နောက်ဆုံးအားကိုးရာဖြစ်သော ခြစ်ကိုယ်ဂျီး မင်းကိုနိုင် မှ ဘွားဒေါ်မဝင်လျင် သူဝင်မည် ဖြစ်ကြောင်း လက်သီးလက်မောင်းတန်း ကြိမ်းဝါးလိုက်ရာ အင်းစိန်ထောင် အထူးတိုက်အား ရှင်းလင်းထားပြီး ဖြစ်ကြောင်း ပေါက်ကြားလာသော […]