blackloverMarch 20, 20121min1176
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ သခင်ဖိုးလှကြီးလမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ နန ရှိ သံရည်ကျိုစက်ရုံတွင် သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ထုခွဲဖျက်ဆီးရာမှ ပေါက်ကွဲမှုတစ်ရပ် ၁၉-၃-၂၀၁၂ ရက် ယနေ့ ၁၁ နာရီ ၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်ဝန်းကျင် ယောက်ျားလေးနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာစစ်အင်ဂျင်နီယာတပ်မှ ကျန်ရှိသည့် သံရည်ကျိုပစ္စည်းဟောင်းများကို ရှင်းလင်းရှာဖွေရာမှ စစ်ကျန်ဗုံးများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ဒလက်ပါဗုံး၊ ဒလက် မပါ ဗုံးနှင့် ကျည်ဟောင်းများ စုစုပေါင်း ၂ဝ လုံးခန့်ဖြစ်သည်။ သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ကြိုတင်ဖြတ်တောက်ထုခွဲလေ့ရှိသည့်အတိုင်း ဖြတ်တောက်ထုခွဲနေရာမှ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခြင်း […]


blackloverMarch 20, 20121min1735
ယနေ့ နံနက် ၁၁း၃ဝ တွင် ဇရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ် ၆၈လမ်းနှင့်၆၉လမ်းကြား သခင်ဖိုးလှကြီးလမ်း နိင်စိုးပိုင် သံရေကြိုလုပ်ငန်း ပိုင်ရှင်ဦး ကျော်…၏လုပ်ငန်းခွင်တွင် တာဝေးပစ်ဗုံးအမျိုးစားဗုံးတစ်လုံးပေါက်ကွဲခဲ့ပါသည်။ အလုပ်လုပ်ကိုင်နေတဲ့ ကလေး၃ဦး ဖြစ်သော စိုးမိုးသူ (ဘ) ဦးအောင်ငွေ ၁၆နှစ် နံသာလှိုင်ရွာ ၊ မြင်းခြံမြို့နယ်မှဖြစ်ပြီး နောက်တစ်ဦးမှာ ကိုမိုး (ဘ) ဦးမင်းစိုး ၁၉နှစ် နှင့် ချစ်ကောင်း (ဘ) ဦးတင်သွင် မိုးထောင်ရွာ ငါးဇွန်မြို့နယ်တို့ ၃ဦးစလုံးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။စိုးမိုးသူ နှင့် ကိုမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ချစ်ကောင်းမှာတော့ ဆေးရုံကြီးသို့ပို့ဆောင်ပြီး ညနေ၃နာရီတွင်သေဆုံးခဲ့ကြောင်းသိရသည်။အဆိုပါ တာဝေးပစ်ဗုံးအမျိုးစားကို သံတူနှင့်ထုရာမှပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုမိုးမှာ ဘယ်ခြေပြတ် ၊လက်နှစ်ဘက်ပျက် နှင့် ဗိုက်ပွင့်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ပြီးအလားတူ စိုးမင်းသူမှာလည်း ခြေ၂ဖက်ပျက် ဗိုက်ပွင့်ဒဏ်ရာနှင့်သေဆုံးသွားခဲ့ကြပါသည်။ချစ်ကောင်းမှာ ခြေ ၊ […]


blackloverFebruary 29, 20121min2157
တစ်ခါတုန်းက ကောင်လေးတစ်ယောက်သည် ကွန်ပျူတာတွင် အသုံးပြုရန်အတွက် (သမီးရည်းစားဆော့ဝဲ)တစ်ခု ရလာလေ၏။ ထို(သမီးရည်းစားဆော့ဝဲ)အားကွန်ပျူတာထဲတွင်  ထည့်သါင်းအသုံးပြုခဲ့၏။ ထိုသို့အသုံးပြုခဲ့ပြီး တစ်နှစ်လောက်အကြာတွင် ၎င်း(သမီးရည်းစားဆော့ဝဲ)အား (ဇနီးမယားဆော့ဝဲ)အဖြစ် အဆင့်မြှင့်ခဲ့သည်။ ဤတွင် မမျှော်လင့်ဘဲ ၎င်း(ဇနီးမယားဆော့ဝဲ)က ကလေးမွေးဖွင်းခြင်းဖြစ်စဉ် ဆိုတော့ ဗိုင်းရပ်စ်တစ်ခုဖြစ်ပွားခဲ့ ပြီး ကွန်ပျူတာရဲ့ နေရာလွတ်တွေ၊ တန်ဖိုးရှိသောအရာတွေကို ဆွဲငင်နေရာယူလာပါတော့တယ်။ ၎င်း(ဇနီးမယားဆော့ဝဲ)သည် ကွန်ပျူတာထဲရှိအခြားသောဆော့ဝဲလ်များကိုလည်း ထိန်းချုပ်ကွပ်ကဲလာပါတော့သည်။ ဥပမာအားဖြင့် (ကာရာအိုကေမှာ တစ်ညတာဆော့ဝဲလ်)နှင့် (ဘီယာဆိုင်မှာ တစ်ညတာဆော့ဝဲလ်)များဟာ လုံးဝအလုပ်မလုပ်နိုုင်တော့အောင် ဇနီးမယားဆော့ဝဲလ်ကလုပ်ဆောင်ပါတော့တယ်။ ထို့ကြောင့်ကောင်လေးသည် ဇနီးမယားဆော့ဝဲလ်အား ကွန်ပျူတာထဲမှ ဖျောက်ဖျက်ပစ်ဖို့ လုပ်ဆောင်ပါတော့သည်။ သို့သော် Delete (ဖျက်လို့) လုံးဝမရတော့ပါ။ ထို့ကြောင့် (ဇနီးမယားဆော့ဝဲလ်)ကို ယခင်(သမီးရည်းစားဆော့ဝဲလ်)အဖြစ် ပြန်ပြောင်းလဲဖို့ ကြိုးစားသော်လည်း မအောင်မြင်တော့ပါ။ (ဇနီးမယားဆော့ဝဲလ်)က (သမီးရည်းစားဆော့ဝဲလ်)အဖြစ်ပြန်ပြောင်းလဲဖို့လက်မခံတော့ပါ။ ============================= အဲလိုပဲလားဟင် ယောကျင်္ားလေးတွေက…… ဇနီးမယားဆော့ဝဲလ် […]


blackloverFebruary 28, 20121min25223
ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်စတင်ချပေးမည် ငွေကျပ် တစ်သိန်း ရှစ်သောင်း တန် ဂျီအက်စ်အမ် ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ”အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုး ကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး” ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။ လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ် အမ်ဖုန်း များ၏ နံပါတ်ကို ဝ၉-၄၂ နံ ပါတ်ဖြင့် […]


blackloverApril 1, 20111min19528
ဘယ်လိုမှ မသိတော့လို့ အကူအညီတစ်ခုလောက်တောင်းကြည့်တာပါရှင် အဖြစ်ကဒီလိုပါ ကောင်းလေးနဲ့ကောင်မလေးနဲ့ချစ်ကြတယ် ဒါပေမယ့် ဖြစ်လာတာကတော့ ကောင်လေးကလွန်ခဲ့တဲ့ငါးနှစ်က အသည်းအစားထိုးထားပါတယ် ဒါကိုသူက ကောင်မလေးကိုပြောမပြမိပါဘူး။ နောက်တော့ ကောင်မလေးသိသွားခဲံပါတယ် သိသွားခဲံတာကလဲ ကောင်လေးကိုအသည်းအစားထိုးပေးတဲ့ကောင်မလေးကပြောလို့ပါ နောက်ဖြစ်လာတာက အဲလိုအစားထိုးပေးရင်ကောင်လေးနဲ့အသည်းအစားထိုးပေးတဲ့ကောင်မလေးနဲ့ပေးစားကြမယ်လို့ ကတိတွေပေးခဲ့ကြတာပါပဲ အဲအကြောင်းကိုတော့ ကောင်းလေးကမသိခဲ့ပဲ ဟိုဘက်ဒီဘက် မိဘနဲ့ အသည်းအစားပေးတဲ့ကောင်မလေးပဲသိခဲံပါတယ်။ အဲဒါကိုလဲ အသည်းအစားထိုးပေးတဲ့ကောင်မလေးက ချစ်သူကောင်လေးနဲ့ကောင်မလေးကိုပြောပြမှသိကြရပါတယ် အဲမှာကောင်လေးနဲ့ကောင်မလေးဘာဆက်လုပ်ကြမလဲ။ အရမ်းချစ်ကြတဲ့ချစ်သူတွေတဲံသူတို့က မခွဲနိုင်အောင်ပေါ့….. ကောင်လေးလဲစိတ်ညစ်နေတယ် ကောင်မလေးလဲစိတ်ဓါတ်ကျနေတယ် ဟိုဘက်ကလဲစကားလွန်ထားပြီးပြီ ဘာဆက်လုပ်ကြမလဲ ကောင်လေးကတော့သူ့ချစ်သူကောင်မလေးကိုပဲယူမယ်ဟိုကောင်မလေးကိုမယူနိုင်ဘူးပြောပါတယ်….ဒါပေမယ့်အဲကောင်လေးကရောသူ့အိမ်ကိုလွန်ဆန်နိုင်ပါ့မလား ကောင်လေးမိဘတွေကရော ချစ်သူကောင်လေးနဲ့ကောင်မလေးကိုသဘောတူ တစ်ဖက်မှာစကားလွန်ထားပြီးနေပြီ အဲတော့ဘာဆက်လုပ်ကြရင်ကောင်းမလဲအကြံဉာဏ်လေးပေးကြပါအုံးနော် april fool နေ့မှာရေးလိုက်ပေမယ့် april fool မဟုတ်ပါဘူးရှင် တကယ့်အဖြစ်ပျက်လေးကိုရေးပေးထားတာပါ အကြံဉာဏ်လေးပေးစေချင်ပါရှင်………..သူငယ်ချင်းတစ်ယောက်ဖြစ်နေတာလေးပါ သူလဲဘာလုပ်ရမှန်းမသိသူ့ကိုလဲဘယ်လိုအကြံဉာဏ်ပေးရမှန်းမသိနဲ့မို့ ဖိုရမ်မှာဝင်နေကြမို့ အကူအညီလေးတောင်းကြည့်တာပါရှင် တစ်ခါမှခုလိုအကူညီမတောင်းဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါရှင် ပြီးတော့ categories ကလဲဘယ်မှာတင်ရမှန်းမသိလို့ news […]


blackloverMarch 25, 20111min75
အိန္ဒိယပြတ်ရွှေ့ကြောင်းကြီးသည် အာရှတိုက်သို့ တစ်နှစ်လျှင် ၄ ဒသမ ၆ စင်တီမီတာနှုန်းဖြင့် ဆက်လက် တိုးဝင်နေမှုကြောင့် မြန်မာနိုင်ငံသည် ငလျင်ဘေးအန္ဘရာယ်ကို သတိပြုရန်လို အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ငလျင်ငယ်များလည်း ထပ်မံ ဖြစ်ပေါ်လာနိုင်ဟုဆို..


blackloverOctober 24, 20101min681
ဂီရိ မုန်တိုင်း အဓိက တိုက်ခတ်ရာ ကျောက်ဖြူ၊ မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ပြည်သူများ အနေဖြင့် ရေနှင့် အစားအစာ ပြတ်လပ်မူနှင့် ရင်ဆိုင်နေကြရသည်ဟု သတင်း ရရှိသည်။ မုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် မြေပုံမြို့ အကြားကို တစ်နာရီ မိုင် ၁၂ဝ နုန်းဖြင့် ဖြတ်သန်း တိုက်ခတ်ခဲ့သဖြင့် မုန်တိုင်းနှင့် အတူ ဒီရေများပါ တက်လာခဲ့သဖြင့် တာရိုးများ ကျိုးပျက်ကာ ကျေးရွာအများအပြားရှိ ရေကန်များကို ဆားငံရေများ ဝင်ရောက်သွားခဲ့သည်။ “အခု ဆိုးဆိုးရွားရွား ဖြစ်နေတာကတော့ ကမ်းသာယာ၊ ငပသုံ၊ လွမ်းလုံပိုက်၊ ငမန်းရဲကျွန်း စတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီမှာ လူတွေ မသေအပျောက်ရှိတယ်လို့ သိရပါတယ်။ ရွာတွေကို ရေမြုပ်သွားတဲ့ အတွက် ရေတွေ သောက်သုံးလို့ မရတော့ဘူး […]


blackloverOctober 22, 20101min982
ရွေးကောက်ပွဲ သပိတ်မှောက်ရေး စာရွက်ပါ မိုးပျံပူဖောင်းများ ယနေ့နံနက်တွင် ရန်ကုန်တိုင်း ၅ မြို့နယ်၌ ၎င်းတို့ လွှတ်တင်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူ လူငယ်တစုက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် “သံဃာကို သတ်၊ တိုင်းပြည်ဖျက်မယ့် စစ်အာဏာရှင်စနစ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြ၊ ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမပေးကြနဲ့” ဟု စာတမ်းပါ စာရွက်များကို လေပူဖောင်းများနှင့်အတူ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာနှင့် လှိုင်မြို့နယ်၌ နံနက် ၆ နာရီတွင် လွှတ်တင်ခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။ “ကျနော်တို့က စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို လက်မခံလို့ သပိတ်မှောက်ပါတယ်။ ပြည်သူတွေ ဘာ့လို့ မဲမပေးသင့်လဲဆိုတာ သိစေချင်လို့ပါ” ဟု လှိုင်မြို့နယ်မှ တက်ကြွသူ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။ မိုးပျံပူပေါင်း ကို  […]


blackloverOctober 22, 20101min24616
အထက်အမိန့်အရ ဌာနဆိုင်ရာပေါင်းစုံမှ နိုင်ငံတော်အလံအား ချက်ချင်းဖြုတ်ချ မီးရှို့ခိုင်းသည့်အတွက် ဝန်ထမ်းများ မကျေမနပ်ဖြစ်နေကြသည်။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများတွင် လွှင့်တင်ထားသည့် နိုင်ငံတော်အလံအား ယနေ့ မွန်းလွဲ(၃) နာရီအတွင်း အပြီးမီးရှို့ခိုင်းခြင်းဖြစ်ကြောင်း ဝန်ထမ်းတဦးက ပြောသည်။ “နိုင်ငံတော်အလံတွေကို ဖြုတ်ချပြီး မီးရှို့ဖျက်ဆီးတယ် (၃) နာရီထိုးမှာ အပြီးလုပ်ရမယ်ဆိုပြီး အရေးပေါ်လုပ်တာ၊ အားလုံးက စိတ်မကောင်းကြဘူး၊ အလံတွေကို ဘာကြောင့်ဖြုတ်ချ မီးရှို့ခိုင်းတယ်ဆိုတာ မသိရဘူး” ဟု ပြောသည်။ ယင်းကဲ့သို့ အလံများကို ချက်ချင်းဖြုတ်ချမီးရှို့ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ပေးလာမည့် အလံမရမချင်း အခြားမည်သည့်အလံမှ တင်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်ပြောသည်။ “သူတို့ပေးမဲ့အလံ မရောက်မချင်း ဘယ်အလံမှ မတင်ရဘူး အထက်ကအမိန့်လို့ ပြောတယ်၊ အလံကို ဖြုတ်ချပြီး ခဏသိမ်းဆိုတော်သေးတယ်၊ အခုလို […]