breezeMay 13, 20101min1265
သူငယ်ချင်းတို့ဘဝမှာ ကတ်သီးကတ်သပ် အခြေအနေလေးတွေ ရှိခဲ့ဖူးမှာပဲနော်။အဲ တခါတလေကျတော့လဲ တချို့ဟာတွေကတကယ်ကိုဘေးကျပ်နံကျပ်ပဲ။ တချို့သူငယ်ချင်းတွေက ကတ်သီးကတ်သပ်တွေ ဝါသနာပါတယ်။အဲလိုသူငယ်ချင်းတွေအတွက် လက်ဆာင်ပေးချင်တာမို့ လွယ်တယ်ထင်ထင် ခက်တယ်ပြောပြော တချက်လောက်ကြည့်လိုက်ပါအုံးနော်။ (၁)  မိန်းကလေးတစ်ယောက်အနေနဲ့ပေါ့နော် ကိုယ့်ရှေ့မှာတခြားကောင်လေးချောချောတွေရှိနေတုန်း သူတောင်းစားကလေးတွေက အလိုက်မသိ  ပိုက်ဆံလာတောင်းပါရော။ ကောင်လေးကလဲကြည့်နေပြီ။အဲဒီအချိန်ဆိုရင်  ဘာလုပ်သင့်ပါသလဲ။ မရှိဘူးပြောလိုက်ရမှာလား?????ဒါမှမဟုတ် လာတောင်းတဲ့သူတောင်းစားမှန်သမျှကို ပိုက်ဆံပေးနေရမှာလား????? (၂)  ထောက်ခံစာလေးလိုချင်လို့ ရပ်ကွက်ရုံးလေးသွားမိပါတယ်။ စေတနာကြေးတဲ့။ ဘယ်လိုလုပ်ရပါ့။ တကယ်ပဲသူတို့ပြောသလို စေတနာရှိသလောက် ပေးရမှာလား????? မကောင်းတတ်လို့ သူများပေးသလိုလိုက်ပေးရမှာလား????? (3)   ဒီနေ့ကသူငယ်ချင်းတယောက်ရဲ့ ဆေးခန်းဖွင့်ပွဲ။ လကုန်ခါနီး ပိုက်ဆံကလဲမရှိ။မသွားလို့လဲ  မကောင်း။လူမှုရေးကရှိသေးတယ်မဟုတ်လား။ အိမ်မှာကလဲအသစ်ဆိုလို့ ပိုစတာနှစ်ချပ်တော့ရှိတယ်။ တခုက  ”ဝင်လာမစဲ တသဲသဲ” တဲ့။ နောက်တခုက ” မမှားသောရှေ့နေ မသေသောဆေးသမား” တဲ့။ ဘာပေးရင်ကောင်းမလဲနော။ (4) အင်တာဗျူးတခု […]


breezeMay 11, 20101min782
အမေကိုသတိရလွန်းလို့ပါ။အမေလွမ်းတဲ့သူတွေအလွမ်းပြေအောင်လက်ဆင့်ကမ်းပါရစေ။ပိုလွမ်းလာရင်တော့ ဖုန်းလေးတချက်ဆက်လိုက်ပါစို့။အမေပျော်သွားမှာပါ။forward mail ဖတ်နေရင်းသူငယ်ချင်းတွေကိုမျှဝေချင်လို့ပါ။ ကျွန်တော် ငယ်စဉ်ဘဝလေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်.. ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်.. တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး… ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်.. သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ ” သားလေးစားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ” ….    ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ… ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်… မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ်… တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်..ရလာတဲ့ […]


breezeMay 11, 20101min943
forward mail ကရတာလေးပါ။သူငယ်ချင်းတို့အတွက်မျှဝေပါရစေ။ပိုင်ရှင်သူငယ်ချင်းလည်းစိတ်မဆိုးလောက်ပါဘူး။ တစ်ခါတုန်းက ကိုယ့်ကိုယ်ကို မုန်းတီး စိတ်ပျက်အားငယ်နေတဲ့ မျက်စိမမြင်ရှာသူ မိန်းခလေးတစ်ယောက်ရှိပါတယ်…. သူမဟာ မမြင်နိုင်တဲ့ လောကကြီး အတွက် အရာရာ အားလုံးကို မုန်းတီးရင်း အလိုမကျ စိတ်တွေနဲ့ အမြဲတမ်း ပူလောင်နေတတ်ပါတယ်.. ကောင်မလေးရဲ့ ချစ်သူ ကောင်လေးကတော့ ကောင်မလေးဘေးမှာ လိုအပ်တာ လုပ်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေတတ်ပါတယ်.. ချစ်သူ ကောင်လေးကိုတော့ မိန်းခလေးက အားလဲကိုး ချစ်ခင်မြတ်နိုးစိတ်လဲ ရှိပါတယ်.. သူမ မမုန်းတဲ့ အရာဆိုလို့ လောကကြီးမှာ သူ့ချစ်သူ ကောင်လေး တစ်ယောက်သာ ရှိပါတယ်.. ကောင်မလေးက ကောင်လေးကို ပြောနေကျ စကားတစ်ခွန်းက ငါသာ လောကကြီးကို မြင်ရပြီဆိုတဲ့ တစ်နေ့ မင်းကို ငါလက်ထပ်မယ် ဆိုတာဘဲ […]