candle .August 2, 20131min42816
    Cambodia မြေကို ခြေချလိုက်တယ်ဆိုရင်ဘဲ လေဆိပ်ပတ်ဝန်းကျင်နားမှာ သန် ့ရှင်းရေး အမတစ်ယောက် ဖုန်း သုံးလုံးနဲ ့အလုပ်ရှုပ်နေတာ မြင်လိုက်ရတော့ အံ့ဩမိတာပေါ့ ။ Candle တို ့များ ငါးသိန်းတန် ဖုန်းလေးတောင် အနိုင်နိုင်ရယ်လေ ။ ( အဲ့တုန်းက နှစ်သိန်းတန်ဖုန်းက ပေါ်သေးဘူးရယ် ) ။ နောက်နေ ့မနက်မှာ အရင်တည်းကရောက်နှင့်နေတဲ့ မြန်မာ GM က ဖုန်းဝယ်ဖို ့စီစဉ်ပေးတော့မှ  အော် ဒါ့ကြောင့်ကိုး ။ ဆင်မ်းကဒ်တစ်ခုကို  1500 Riel      လက်ရှိ ဒို ့နိုင်ငံနဲ ့တူတူပါဘဲလို ့ထင်သွားလား ။ တစ်ကယ်က 1500 ပေးရတာချင်းတူတယ် ။ သူတို ့ဆီမှာ      1$ = […]


candle .July 19, 20133min29615
မနေ ့က ကိစ္စတစ်ခုကြောင့် ဖနွမ်းပင် မြို ့ထဲကိုသွားရတယ် ။ Candle နေတဲ့နေရာကနေ နာရီဝက်လောက် ကားမောင်းရပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင် မဲဆွယ်တဲ့ အဖွဲ ့တွေနဲ ့တိုးနေတော့ Candle စပ်စုမိပြန်တာပေါ့ ။(မိုးတွေရွာပြီး မိုးချုပ်သွားတဲ့အထိ) ။  28 JULY  မှာ CAMBODIA  နိုင်ငံမှာ ရွှေးကောက်ပွဲရှိပါတယ် ။ အဲ့ဒီအတွက် ပါတီတစ်ခုရဲ ့မဲဆွယ်နေတဲ့ ဓာတ်ပုံလေးတွေ ဘာရယ်မဟုတ် ရွာထဲက  အမျိုးတွေကို မျှဝေလိုက်ပါတယ် ။ အင်အားကြီးပါတီ သုံးခု ရွေးကောက်ပွဲဝင်မှာပါ ။ လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတ ဟူဆန် အဖွဲ ့ရယ် ပြည်သူအများကကြိုက်ကြတဲ့ ဆမ်ပရာစီ ခေါင်းဆောင်တဲ့ အဖွဲ ့ရယ် ပြီးခဲ့တဲ့နှစ်က ဘဝတစ်ပါးပြောင်းရှာတဲ့ ဘုရင်ကြီး စိန် […]


candle .July 15, 20131min45028
” ဆူးလေရောက်ပြီ ”   စပယ်ယာလေးရဲ ့အသံ ကျမ အဓိပတိ အထူးလိုင်းကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ဘဲ လူလေးငါးယောက်ခန် ့ ဘေးနားကို ဝိုင်းကပ်လာပါတော့တယ် ။ ” အစိမ်း ( အမေရိကန်ဒေါ်လာ ) ရောင်းတယ် ဝယ်တယ် အမ ” ” ပစ္စည်းမှန်တယ် ဈေးမှန်တယ် အမ ” အင်း .. စပ်စုချင်တဲ့ ကျမရဲ ့အကျင့်ကြောင့် ” ဘယ်ဈေးပေါက်လဲ ” ” ….. ” အယ်.. မဆိုးဘူးဘဲ ။ တစ်ကယ်တော့ ကျမက သန်ဘက်ခါဆို အပြင်ထွက်မှာမို ့ SUN FAR မှာ လေယာဉ်လက်မှတ် လာဝယ်တာပါ ။ SUN FAR မှာ […]


candle .December 6, 20121min43522
candle တို ့အလုပ်ရဲ ့ ထုတ်လုပ်မှုဆိုဒ်ထဲမှာ လှည့်စစ်ဆေးနေတုန်း.. ဖက်ကနဲဆို အကောင်လေးတစ်ကောင်ကျလာလို ့ကြည့်မိတော့.. ဟယ်..လှလိုက်တဲ့ ပင့်ကူလေး.. ကောင်မလေး လှလှ တစ်ယောက်ရဲ ့မျက်နှာမျိုးနဲ ့.. တစ်ခါမှ အဲ့ဒါမျိုးလေးမမြင်ဘူးခဲ့ဘူး.. ဒါပေမဲ့ သနားစရာ.. လက်တစ်ဖက်မပါရှာဘူး.. လှုပ်ရှားပုံကတော့ မြန်မာပြည်မှာ တွေ ့ရတဲ့ ပင့်ကူလေးတွေနဲ ့အတူတူပါဘဲ.. ဒါ့ကြောင့်.. ရွာထဲက အမျိုးတွေကို ရှဲယ် ပေးလိုက်တာနော်.. အခု သူ ့ကို candle နေတဲ့အခန်းထဲကိုအလည်ခေါ်ထားတယ်…. အားလုံးကိုခင်မင်လျှက်….


candle .November 30, 20121min30717
                 ပန်းတစ်ပွင့်ကို.. နွမ်းလို ့ ပစ်ဖူးချင် ပစ်ဖူးကြမယ်….                  လူတစ်ယောက်ကို.. လွမ်းဖို ့ဘယ်သူ ချစ်ဖူးပါ သတဲ့လဲ….                  ပစ်ခဲ့တဲ့ ပန်းကို.. ဘယ်သူမှ သတိတရ မရှိနိုင်ကြပေမဲ့….                   ဖြစ်ခဲ့တဲ့ အလွမ်းကြောင့်.. ရင်မှာ မထိရှတဲ့လူ….                   ဘယ်သူ ရှိနိုင်ပါသတဲ့လဲ ..မောင်….   ကိုသုရှင်..ရဲ ့  မ…ကိုယ်စား အပြေးအလွှား….  *မှတ်ချက် *  ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့.. မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ ့ ကဗျာလေးဖြစ်ပါတယ်..


candle .October 25, 20121min25923
ငါးနှစ်ဆိုတဲ့ အချိန်ကာလကြာမြင့်ခဲ့ပေမဲ့လည်း ယခုထိ မမေ့နိုင်ခဲ့သေးပါ.. ရေဝေးသုဿန်ရဲ ့မီးသဂြိုလ်စက်ရှေ ့မှာပေါ့.. ဝိဉာဉ်ကင်းမဲ့နေပြီဖြစ်တဲ့ ကိုကြီးရဲ ့အလောင်းဘေးမှာ ဆွေမျိုးအနည်းအကျဉ်းန ဲ့… မိသားစုဝိုင်းနေတယ်.. ဒီအထဲမှာ candle လည်းအပါအဝင်ပေါ့ ခင်ပွန်းသည်ကတော့ လက်ကိုဆုပ်ကိုင်အားပေးနေပါရဲ ့.. အလောင်းကိုစက်ထဲမထည့်မီ အားရအောင်ကြည့်နေကြတယ်လေ.. အမေ့ရဲ ့တွတ်တီးတွတ်တာဖွဲ ့နွဲ ့ငိုယိုနေပုံ ၊ သူ ့သားကြီးအတွက်ဖြေသိမ့်နိုင်ဖို ့ကြိုးစားနေတဲ့ အဖေ့မျက်နှာ ၊ မင်းရဲ ့အသက် ( 36 ) နှစ်ဘဲရှိပါသေးတယ်ကွာလို ့ရေရွတ်ပြီးအံကြိတ်ထားတဲ့ ကိုကြီးရဲ ့အချစ်ဆုံး ဦးလေး ၊ နီးစပ်ရာဆွေမျိုးတွေနဲ ့ရပ်ဆွေရပ်မျိုးတို ့ရဲ ့ကြေကွဲနေတဲ့ရေရွတ်သံ အမျိုးမျိုး.. ဒါတွေအားလုံးကို ကျွန်မသိနေခဲ့ပါတယ်.. မျက်ရည်ကျနေမဲ့အသံထွက်လို ့မရဘူးဖြစ်နေတယ်.. အတွေးတွေက ဟိုးငယ်ငယ် ကလေးဘဝတွေမှာ မိဘတွေခရီးသွားနေရင် ကိုကြီးက […]


candle .September 19, 20121min37434
ယောက်ျားလေးများသော မိသားစုတွင် ကြီးပြင်းခဲ့ရသည့်အလျောက် ယောက်ျားလေးများနှင့် ပတ်သတ်သည့် ဆေးနည်းကောင်းလေးများကို အမှတ် ထင်ထင် ရှိခဲ့ရပါသည်။ အကိုများ မောင်များ၏ လက်တွေ ့ကျကျ ရောဂါ ပျောက်ကင်းမှုများကြောင့်လည်း နီးစပ်ရာ အမျိုးသားသူငယ်ချင်း မိတ်ဆွေများကို လက်တို ့လမ်းညွှန်ကြည့်ရာ အမှန်တကယ်ပျောက်ကင်း ကြကြောင်းသိရပြန်ပါသည်။ သို ့နှင့် နှစ်ပေါင်းများစွာ နှုတ်၏ စောင်မခြင်းနှင့်ဆေးညွှန်းပေးခဲ့ရာ ယခုလည်း ဤရွာလေးထဲမှ ဦးဦး၊ အကို၊ မောင်လေးများသို ့ထပ်မံမျှဝေလိုပါသည်။ ဆေးနည်း မှာ အမျိုးသားများ ယခင်ပုံမှန် အခြေအနေထက် အကြိမ်ရေ ပိုများစွာ မကြာခဏ ဆီးသွားနေပါက မောပန်းနွမ်းနယ်၍ အားအင်ကုန်ခမ်းသလို ဝေဒနာခံစားလာရပါမည်။ ထိုအခါ မီးဖိုချောင်သုံး ဂျင်း အနည်းငယ်ယူ၍ ခပ်ပါးပါး ခပ်မျှင်မျှင်လေးများဖြစ်အောင်လှီးပါ။ ကွမ်းသီးခပ်ကြီးကြီးတစ်လုံးစာခန် ့ရသောအခါ သကြားကွမ်းသီးတစ်ခြမ်းစာခန် ့ထည့်ှု၍နယ်ပြီး […]


candle .September 18, 20121min22010
ညီမလေး.. ယောက်ျားတစ်ယောက်က..မင်းဘဝကို.. အချစ်.. အချစ်.. ဆိုပြီး.. နင်းချေ..စုတ်ပြတ်စေခဲ့လည်း.. အတင်းဖြေကာ..မင်း အခြေဆက်ပေမဲ့.. အချိန်တန်ပြီ.. ညီမလေးရယ်… မင်းရဲ  ့.. မိုးကောင်းကင်..အိပ်မက်တွေကနေ.. ပြေးထွက်ခဲ့ပေတော့.. ဟိုး.. အရှေ့မှာ ငါမြင်.. မင်းအတွက် ရောင်ခြည်လေး.. ခပ်မှေးမှေး ဆိုပေမဲ့.. အားတင်းကာထွေးပေတော့.. လက်တွန် ့မနှေး……….  


candle .September 13, 20121min28213
မိုးရာသီနှင့် လိုက်ဖက်မည့် သပြုသီးဟင်းလေးပါ.. ၁) ပထမဆုံး သပြုသီးရဲ ့ အပေါ်က အကြမ်းဖက် နှစ်ခု သုံးခု ကိုခွာပြီး လွှင့်ပစ်လိုက်ပါ။ ပြီးလျှင် ကျန်နေသေးတဲ့ ခပ်နုနု အခွံလေးတွေကို ရေဆေးသန် ့စင်ပြီး အရှည်လိုက်လေး တွေ ခပ်ပါးပါးလှီးပါ။ လခြမ်းပုံ ခပ်ကွေးကွေးလေးတွေ ရပါမယ်။ (နဂိုက ချွဲတတ်တဲ့ သဘာဝ မို ့ ရေဆေးပြီးမှ လှီးပါက တအားပိုချွဲ ပါလိမ့်မယ်) 2) လှီးပြီးသား သပြုသီးဖက်လေးတွေကို အချို ၊ အငန် သင့်တင့်ရုံ နှင့် ငပိစိမ်းစား အနည်းငယ် ထည့်ပြီးနယ်ထားပါ။ 3) ကြက်သွန်ဖြူ / နီ ၊ အရောင်တင်မှုန် ့(သို ့) ထောင်းထားသော ငရုပ်သီးစိမ်းလေးများ ထည့်၍ဆီသတ်ပြီးလျှင် […]


candle .August 18, 20121min30718
ရိုးသားသော မြန်မာအမျို ုးသမီးလေးများ အလွယ်တကူအညာမမိစေရန်ရည်ရွယ်၍ ဤပို ့စ်ကိုတင်ပါသည်။ ယခင်တင်ဖူးပြီးသားရှိ ခ ဲ့ပါကတိုက်ဆိုင်မှူကြောင့်တူညီနေခြင်းသာဖြစ်ပါလိမ့်မည်။ ကျွန်မ အင်တာနက်ကျွမ်းကျွင်စွာမသုံးတတ်ပါ။ သူငယ်ချင်းတစ်ယောက်၏်ဖော်ဝဒ်မေးလ်ထဲမှတဆင့်Zorpia ဟူသောဝဒ်ဆိုက်ထဲတွင်မန်ဘာဝင်ဖြစ်ခဲ့ပါသည်။  Anderson Kelvin Smith အသက် ( 52 )( မန်ချက်စတာ ယူနိုက်တက်ကင်းဒမ်း) ဆိုသူနှင့်သူငယ်ချင်းဖြစ်ခဲ့ပါသည်။ Skype video call မှသူ ့ကိုမြင်ရသဖြင့် တင်ထားပုံနှင့်လူမှာအမှန်တကယ်ဖြစ်ကြောင်းသိရပါသည်။ ကံကောင်းသည်မှာကျွန်မကွန်ပျူတာတွင်ကင်မရာတပ်မထားခြင်းကြောင့်ကျွန်မတင်ထားသောဓာတ်ပုံသာသူမြင် ်ရပါလိမ့်မည်။   ကျွန်မတို ့အချိန်တိုအတွင်းအတော်များများချက်ကြရာမှအတန်အသင့်ရင်းနှီးမူရခဲ့ကြသည်ဟုပြောရပါမည်။ သူသည်အရှေ့တိုင်းနိူင်ငံများအားအလွန်စိတ်ဝင်စား၍ အထူးသဖြင့်မြန်မာနိုင်ငံဖြစ်ကြောင်း ၊ အလည်အပတ်လာရောက်ချင်ကြောင်း သို ့သော်သူ ့ ့တွင်အသိအကျွမ်းမရှိသောကြောင့်မလွယ်ကူခဲ့ကြောင်း၊ ယခု သူငယ်ချင်းရပြီဖြစ်သောကြောင့်အခွင့်အလမ်းရပြီဖြစ်ကြောင်းပြောပါသည်။ ကျွန်မထံသို ့ တစ်နေ ့လျှင်သုံးကြိမ်ခန် ့မက်ဆေ ့ချ်ပို ့၍နှစ်ကြိမ်ခန် ့ဖုန်းဆက်ပြီး သူကျွန်မကို မည်မျှထိတန်ဖိုးထားခင်မင်မိကြောင်းများပြောပါသည်။ +44 နှင့်စသောဖုန်းနံပါတ်ကိုကြည့်ခြင်းအားဖြင့်အမှန်တကယ် UK မှဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို ့နှင့်ခင်မင်၍ငါးရက်ခန် ့ကြာသောအခါသုူ ့လေယဉ်လက်မှတ်ကွန်ဖန်းဖြစ်၍ ခရီးသွားရမည်ဖြစ်ကြောင်း၊သွားမည့်နေရာမှာ  Venezuela South […]