Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူတို ့ဆီက မဲဆွယ်ပုံ

candle .July 19, 20133min56415

မနေ ့က ကိစ္စတစ်ခုကြောင့် ဖနွမ်းပင် မြို ့ထဲကိုသွားရတယ် ။

Candle နေတဲ့နေရာကနေ နာရီဝက်လောက် ကားမောင်းရပါတယ် ။

တိုက်တိုက်ဆိုင်ဆိုင် မဲဆွယ်တဲ့ အဖွဲ ့တွေနဲ ့တိုးနေတော့ Candle စပ်စုမိပြန်တာပေါ့ ။(မိုးတွေရွာပြီး မိုးချုပ်သွားတဲ့အထိ) ။

 28 JULY  မှာ CAMBODIA  နိုင်ငံမှာ ရွှေးကောက်ပွဲရှိပါတယ် ။

အဲ့ဒီအတွက် ပါတီတစ်ခုရဲ ့မဲဆွယ်နေတဲ့ ဓာတ်ပုံလေးတွေ ဘာရယ်မဟုတ

ရွာထဲက  အမျိုးတွေကို မျှဝေလိုက်ပါတယ် ။

အင်အားကြီးပါတီ သုံးခု ရွေးကောက်ပွဲဝင်မှာပါ ။

လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတ ဟူဆန် အဖွဲ ့ရယ်

ပြည်သူအများကကြိုက်ကြတဲ့ ဆမ်ပရာစီ ခေါင်းဆောင်တဲ့ အဖွဲ ့ရယ်

ပြီးခဲ့တဲ့နှစ်က ဘဝတစ်ပါးပြောင်းရှာတဲ့ ဘုရင်ကြီး စိန် ့ဟာနု ရဲ ့သားတော်အကြီး အဖွဲ ့ရယ်

( လက်ရှိမှာ သားတော်အငယ် စိန် ့ဟန်မိုနီ ကဘုရင်ရာထူးပါ ) ။

အခုဓာတ်ပုံတွေကတော့ ဆမ်ပရာစီ အဖွဲ ့ရဲ ့မဲဆွယ်ပုံတွေပါ ။

9 10 11 12 15 17 30 31 32 14 18 1 3

မိုးချုပ်တဲ့အထိ
မိုးချုပ်တဲ့အထိ

ဓာတ်ပုံဘေးမှာ စာရေးလို ့အဆင်မပြေတော့လို ့ပန်းကုံးနဲ ့မျက်မှန်နဲ ့ကတော့ ပြည်သူ ့အချစ်တော် ဆမ်ပရာစီပါ ။အဲ့ဒီပုံ နှစ်ပုံကတော့ 18 JULY  မှာ သူ ့ကို အမေရိက ကအပြန်မှာ သွားကြိုလာကြတဲ့ပုံပါ ။(နှစ်နှစ်နီးပါး တိမ်းရှောင်နေရာမှ အပြန်ခရီး) ။

မဲလိုက်ဆွယ်တဲ့အထဲမှာတော့ သူကိုယ်တိုင်မပါ ပါဘူး ။

ခင်မင်လျှက်

Candle

15 comments

  • Ma Ma

    July 19, 2013 at 6:56 pm

    Candle ရဲ့ အတွေ့အကြုံတွေ ဖတ်ရဖို့ စောင့်မျှော်နေပါတယ်။
    ဂဇက်စီဂျေပီသစွာ တကူးတက သတင်းယူပြီး တင်ပေးတာလည်း ကျေးဇူးတင်ပါတယ်။
    ဓာတ်ပုံနဲ့ စာ တတွဲထဲ တင်ချင်ရင် ဓာတ်ပုံတင်တဲ့အခါ caption မှာ စာရေးရပါတယ်။ 🙂

    • candle .

      July 20, 2013 at 12:46 pm

      candle အတွေ ့အကြုံလေးတွေဖတ်ဖို ့စိတ်ဝင်စားတယ်ဆိုလို ့ဝမ်းသာမိပါတယ် မမ
      တစ်ပုံတင်ပြီးတိုင်း စာတစ်ခါရေးရတာလား ဟင်
      candle ကပုံအားလုံးတင်ပြီးမှစာရေးပြီး အင်းဆက်တူပို ့စ် လုပ်တော့တစ်ပုံဘဲရတာထင်တယ် ။
      ကျေးဇူးအများကြီးတင်ပါတယ်နော် ။

      • Ma Ma

        July 20, 2013 at 4:48 pm

        Candle ရေ-
        ပုံတင်ရင် စာကို သူ့သက်ဆိုင်ရာပုံတင်စဉ် သူ့ရဲ့ caption မှာ ရေးရပါတယ်။

        နိုင်ငံရေးဆိုတာကတော့ ရှုပ်ထွေးမှုတွေရှိမှာပါပဲ။
        ဘုရင်စနစ်ဆိုတော့ ပိုဆိုးတော့မပေ့ါ။

        ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာဆင်နွှဲပြီး ဆင်းရဲတွင်းထဲကျခဲ့တဲ့ ဗီယက်နမ်နိုင်ငံက မြန်မာပြည်ထက်စာရင် တိုးတက်တာ စနစ်ကျပြီး မြန်ဆန်သလိုပဲ။
        အခုဆိုရင် မြန်မာပြည်ကိုတောင် အိပ်စပို့ လုပ်တဲ့ပစ္စည်းတွေ တွေ့တွေ့နေရတယ်။

        တိုးတက်ဖို့ဆိုရင် အမှီကောင်းရှိဖို့လည်း လိုတယ်။
        (မှီခိုနေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။)

        မြန်မာပြည်ရဲ့လက်ရှိအခြေအနေတွေနဲ့ တိုင်းပြည်တိုးတက်ဖို့ဆိုတာ…….
        နှစ်တစ်ထောင်ကျိန်စာမိထားသလိုပါပဲ။ 🙁

  • padonmar

    July 19, 2013 at 8:28 pm

    Bravo!!!! CJ candle
    ဒို့တွေက ဘုရင် သီဟာနု လို့ ခေါ်တာကို စိန့်ဟာနု လို့ အသံ ထွက်တယ်လား။
    သမ္မတ ကိုလည်း ဟွန်ဆန် လို့ ရေးကြတယ်။
    သားအငယ်က ဘုရင် ဖြစ်ပြီး သားအကြီးက မဖြစ်ဘူးနော်။
    သူတို့ဆီက နိုင်ငံရေးလည်း သိချင်ပါတယ်။

    • Don Juan Ronald

      July 19, 2013 at 11:14 pm

      Sri Lanka ကို သီရိလင်္ကာ ဖတ်သ လို ၊

      Sihanouk ကို သီဟာနု လို ဖတ် တာ ဖြစ် နိုင် တယ် ၊

      ကျ နော် တို့ တရုတ် တွေ က တော့ စီဟာနု လို့ ဖတ် ပါ တယ် ၊

      လက် ရှိ ဘုရင် က သီဟာနု ရဲ့ သား အကြီး နဲ့ တူ ပါ တယ် ၊ Wiki မှာ တော့ အဲ လို ရေး ထား တယ် ထင် တာ ဘဲ ၊

      “ Norodom Sihamoni (Khmer: នរោត្តម សីហមុនី; born 14 May 1953) is the King of Cambodia since 29 October 2004.[1] He is the eldest son of Norodom Sihanouk and his second wife Norodom Monineath Sihanouk. ”
      http://en.wikipedia.org/wiki/Norodom_Sihamoni

      ဗိုလ်ချုပ် အောင်ဆန်း ရဲ့ “ ပဲပြုတ် နဲ့ နံပြား စားချင် တယ် ” ကို ဗမာ ပြည် သူ တရပ် လုံး က ကြိုက် သလို ၊

      သီဟာနု လည်း ဘုရင် ဖြစ် လျက် နဲ့ စက်ဘီး စီး ပြီး ရုံး တက် တာ ကို ၊ သူ့ ပြည် သူ တွေ က သူ့ ကို မချစ်ခင် ၊ မ ရို သေ ဘဲ ဘယ် နေ နိုင် ပါ့ မ လဲ ။

      အ ရင် ခေတ် က ခေါင်း ဆောင် နဲ့ အ ခု ခေတ် ခေါင်း ဆောင် များ အ ရမ်း ကွာခြား နေ ပါ ကလား !!!

      • candle .

        July 20, 2013 at 9:07 am

        Don Juan Ronald ပြောတာ မှန်ပါတယ် Norodom Sihamoni က second wife ကမွေးတဲ့ သားနှစ်ယောက်ထဲမှာတော့ သားအကြီးပါ ။ သားအငယ်က လက်ရှိ ဘုန်းကြီးဝတ်နေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ ။ နောင်များမှ ဓာတ်ပုံလေးနဲ ့တင်ပေးပါဦးမယ် ။
        အထက်မှာ candle ပြောခဲ့တဲ့ အတိုက်အခံပါတီရဲ ့ခေါင်းဆောင် Norodom Ranorith က first wife ကမွေးတဲ့တစ်ဦးတည်းသော သားပါ ။
        Norodom Ranorith နဲ ့ယှဉ်လျှင်တော့ လက်ရှိ ဘုရင်ရာထူးယူထားတဲ့ Sihamoni ကသားအငယ်ဖြစ်နေပါတယ် ။
        သူတို ့နှစ်ယောက်က အမေ မတူကြပါဘူး ။
        အော်..သိထားသလောက်တော့ ဘုရင်ကြီး Sihanuk က တရားဝင်ယူထားတဲ့ဇနီး က ခုနှစ်ယောက်ပါတဲ့ ။
        ထိုဇနီး ခုနှစ်ယောက်ထဲမှ ကျော်ကြားပြီး ပြည်သူ အသိအမှတ်ပြုတဲ့ သားသမီးက လေးယောက်ပါ ။
        ခုနကပြောခဲ့တဲ့ အတိုက်အခံပါတီ ခေါင်းဆောင်ကြီး Norodom Ranorith (တစ်ယောက်သောဇနီးမှ)။
        လက်ရှိဘုရင်ရာထူးယူထားတဲ့ Norodom Sihamoni နဲ ့ ရာသက်ပန်ဘုန်းကြီးဝတ်နေတဲ့ Chakro Pong က(တစ်ယောက်သောဇနီးမှ) ။
        သမီးတော် Bopha tevi ဘို ့ဖန်းဒေဝီ က( တစ်ယောက်သောဇနီးမှ ) ဖြစ်ပါတယ် ။
        ဝင်ရောက်အားပေးဆွေးနွေးကြတဲ့ အံတီပဒုမ္မာ နဲ ့Don Juan Ronald, ့မမ , အလင်းဆက် , ဦးကြောင်ကြီးတို ့အားလုံးကိုကျေးဇူးအထူးတင်ပါတယ် ။

    • candle .

      July 20, 2013 at 12:52 pm

      အမေတူတဲ့သားနှစ်ယောက်ထဲတွင် သားအကြီးဖြစ်၍
      ဖေတူတဲ့သားထဲတွင်တော့ သူက သားအငယ်ပါ ။
      သူတို ့ဆီက အရေး ကလည်းအရှုပ်သားကလား အံတီရယ်
      တကယ်တော့ ဒီမိုနိုင်ငံ ပါဘဲ..သို ့သော်…………
      …..ဤသို ့သာ…ပါဘဲရှင်..

  • ဦးကြောင်ကြီး

    July 20, 2013 at 8:29 am

    ကမော္ဘဒီးယားနဲ့ မြန်မာသည် အာဆီယံမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်ပါတယ် … သို့ပေသိ ဓာတ်ပုံထဲမှာ အဲဒီကလူတွေ ဝတ်ဆင်ထားတာ လမ်းပန်းအနေအထား သန့်ရှင်းသပ်ရပ် တောက်ပြောင်နေတာ မြန်မာပြည်ထက် အပုံဂျီးသာတယ်… မျှော်လေးဒိုင်းမှိုင်းရီ အိုဗယ့်မြန်မာပြည်…. 🙁

    • kai

      July 20, 2013 at 8:45 am

      ထေရာတွေရဲ့.. ဝါဒခံအုပ်ချုပ်ကြတာခြင်းအတူတူ.. အမြင်မှာတင်… ဘာကွာသလည်း… သတိထားမိလား…
      ပုံတွေထဲ.. လူတန်းစားတခု… လုံးဝ…မပါရေးချမပါ..

      ဆိုတော့…
      အဲဒီနိုင်ငံ.. ရှေ့လျှောက်.. တိုးတက်သွားဖို့က.. မြန်မာပြည်ထက်ပိုနီးစပ်ပါကြောင်း.. :mrgreen:

      Theravāda has been the predominant religion of Sri Lanka (now about 70% of the population) and most of continental Southeast Asia (Cambodia, Laos, Myanmar, Thailand).

      ဒန့်တန်တန်…။

      • ဦးကြောင်ကြီး

        July 20, 2013 at 8:59 am

        ပါမလား သဂျီးရဲ့ သံဃာတွေက နေ့လည် ဆွမ်းချိန်အမှီ ကားနဲ့ ရှေ့မှာ ကြွသွားဂျပြီ… နေသာသလို နေပါ သဂျီးရယ်… ကိုယ့် အရှေ့အလယ်ပိုင်း ဆီးရီးယား ပြည်တွင်းစစ် အရေးသာပူ…. 👿

    • မင်းမင်း

      July 20, 2013 at 9:37 am

      အဲဒါ သူတို့ရဲ့ စနစ်အခြေအနေကို

      ပြသလိုက်တယ်လို့ ထင်ပါတယ်။

      စနစ်နဲ့ လူ(စိတ်ဓါတ်) သဟဇာတ

      ဖြစ်နေတယ်လို့ မြင်နေရပါတယ်။

  • Wow

    July 21, 2013 at 8:22 pm

    မသိတာလေးတွေ ဖတ်သွားမှတ်သွားပါတယ်… ဖယောင်းတိုင်လေးရေ..
    ကြုံဖြစ်ရင်တော့ အိမ်နီးခြင်း ဗီယက်နမ်အကြောင်းလေးတွေလဲ တင်ပေးပါဦး…

  • Inz@ghi

    July 22, 2013 at 8:20 am

    တိုင်းရေးပြည်ရေး မဆွေးနွေးချင်တော့ဘာဘူးလေ… ကျော်က အိမ်ထောင်ပြုတော့မှာ ကလား ..
    ငိငိ..။

    • ဦးကျောက်ခဲ

      July 22, 2013 at 9:07 am

      ဥပုသ်နေ့ကြီးမှာ ဟာလေးလူးလျာ လုပ်မည့်သူတွေကို ကျောက်စ်ညစ်တယ် ဒယ်ဒီပါပါးချစ်ဖေဖေ… :mrgreen:

Leave a Reply