CharTooLanSeptember 24, 20101min691
ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ မိုးရေတို့ကြောင့် ပိုမိုမဲမှောင်နေလောက်ရော့မယ် ။ ရန်ကုန်ဟာ ဒဏ်ရာတွေ ပွထနေပေမယ့် လှသွေးကြွယ်နေဆဲ စစ်ဘုရင် ရွှေနန်းကြော့ရှင် တစ်ပါးလိုပဲ .. အနောက်တောင်မုတ်သုံလေရဲ့ မိုးရေစက်တွေရဲ့အောက် လှချင်တိုင်းလှနေတော့မှာတော့ သေခြာတယ်။။။ အနီရောင်တွေနဲ့ ရန်ကုန်ရဲ့အလှကို ဆင်မြန်းနေကြတဲ့ စိန်ပန်းတွေက ကြွေကျလာတဲ့ ပွင့်ဖက်တချို့က ဝန်ကြီးများရုံးရဲ့ အနောက်ဘက် ဗိုလ်အောင်ကျော်လမ်းမ တလျှောက် အဆုတ်လိုက် ကျဲဖြန့်ထားသလိုဖြစ်နေပေလိမ့်မယ်။။။ ပင်လယ်ဝကနေ တိုးဝှေ့လာတယ်လို့ ထင်ရတဲ့ လေနုအေးလေးတွေကြောင့် ခံစားမှုတွေကို ပိုပြီး အေးဆက်သွားစေလိမ့်မယ်။ အီမိုဖက်ရှင်နဲ့ လူငယ်တစု … နောက်တကြိမ် မိုးမမိအောင်လို့ .. ဗိုလ်အောင်ကျော် တာဝါဆီကို ပြေးလွှားဝင်ရောက်သွား ကြလိမ့်မယ်။ ကားဟွန်းသံတွေ မကြားရပေမယ့် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာတဲ့ ကားအချို့ရဲ့ စက်သံတွေကတော့ ရန်ကုန်ရဲ့ သရုပ်ကို ဖော်ဆောင်နေတုန်းပဲ။။ […]


CharTooLanSeptember 24, 20101min1101
စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး asiaone.com စက်တင်ဘာ ၂၀၊ ၂၀၁ဝ Khatib MRT ဘူတာရုံ (photo: h88.com.sg) ယမန်နေ့ နံနက်စောစောပိုင်းက စကာင်္ပူရှိ Khatib MRT ဘူတာရုံတွင် မြန်မာပြည်သားတဦး ရထားကြိတ်ခံရခြင်းကြောင့် သေဆုံးသွားသည်။ ရထားလမ်းပေါ် ပြုတ်ကျသွားသူ ဆောက်လုပ်ရေး ကုမ္ပဏီ တခုမှ project supervisor ကိုသန်းစော (Mr Than Saw) သည် အရက်သောက်ထားသည်ဟု ယူဆရသည်။ နံနက် တနာရီ မထိုးမီ (12.45am) တွင် ရထားလမ်းပေါ် ကျသွားခြင်း ဖြစ်သည်။ ကိုသန်းစောကို ရထားအောက်မှ ဆွဲထုတ်ရန် မိနစ် ၂ဝ ခန့် ကြာခဲ့ပြီး ဘယ်ခြေထောက် အောက်ဘက်ကို ဖြတ်တောက်ခဲ့ရသည်ဟု စင်္ကာပူ […]


CharTooLanSeptember 17, 20101min650
ပဲခူးမြို့မှာ အရပ်သားလူငယ် ၂ ဦးကို ပစ်သတ်မှု ဖြစ်အပြီး တပတ်ကျော် အချိန်မှာပဲ ပဲခူးမြို့က လူစည်ကားရာ နာရီစင် ပန်းခြံမှာ ၂၀၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ပလတ်စတစ် ဗွီနိုင်းဆိုင်းဘုတ်ကြီး တခုကို လုံခြုံရေး တင်းကျပ်တဲ့ ကြားကပဲ ချိတ်ဆွဲသွားကြောင်း မြို့ခံတွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။ စစ်တပ်က ပစ်သတ်လို့ သေဆုံးသွားတဲ့ အရပ်သားလူငယ် ၂ ဦးရဲ့ ဈာပနအပြီး လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတဲ့ ပဲခူးမြို့မှာ မနေ့ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲမပေးဘဲနေဖို့ ဆန့်ကျင်စာများ ထွက်လာခဲ့သလို ဒီနေ့မှာတော့ ၅ ပေ x ၆ […]


CharTooLanSeptember 16, 20101min911
သွေးအမျိုးအစားအလိုက် လူတွေရဲ့ စရိုက်က ဘယ်လိုရှိသလဲဆိုတာ ဖတ်ကြည့်ပါဦး။ မှန်မမှန်တော့ ကိုယ့်ဘာသာကိုယ်သာ ဆုံးဖြတ်ကြပါလို့။ A သွေး စေ့စပ်သေချာသူတွေပါတဲ့။ အရာရာကို စနစ်တကျ၊ သပ်သပ်ရပ်ရပ် လုပ်ကိုင်လိုပြီး လူကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာကြပါတယ်တဲ့။ လူမှုရေး စည်းကမ်းတွေ၊ လူ့ဘောင်အသိုက်အဝန်းတွေကို အလွန်ဂရုစိုက်တတ်ကြသူတွေတဲ့ ။ လွယ်လွယ်ကူကူ ဥပမာပေးရရင်တော့ အေသွေးပိုင်ရှင်တွေက စာမေးပွဲရှိပြီဆိုတာနဲ့ စာကျက်ဖို့ ပြင်လိမ့်မယ်။ သူတို့ရဲ့ ဖတ်စာအုပ်တွေမှာ စာရှင်းပြတာကို မှတ်ထားတာကလွဲပြီး တခြားဘာအရာမှ တွေ့ရမှာမဟုတ်ဘူး။ နောက်ပြီး ဆရာဆူမှာတို့၊ ကျောင်းနောက်ကျမှာတို့ကို တော်တော်စိုးရိမ်တတ်ကြတဲ့ လူတွေပေါ့။ သမားရိုးကျဆန်ပြီးတော့ စာမှန်မှန်ကျက်တဲ့လူတွေ၊ အလုပ်အကြွေးမထားတဲ့လူတွေ၊ စိတ်လွတ်ကိုယ်လွတ် မနေတတ်တဲ့လူတွေတွေ့ရင် အေသွေး လို့သာ မှန်းလိုက်တော့။ ဂျပန်လူမျိုးတွေရဲ့ ၈၀% ဟာ အေသွေးပိုင်ရှင်တွေပါတဲ့။ B သွေး အေသွေးနဲ့ […]


CharTooLanSeptember 13, 20106min20712
Miss Thailand သို့မဟုတ် ၂၀၁ဝ မယ်စကြဝဠာ ပြင်ပွဲမှ အလှဆုံး အာရှသူ၏ ပုံရိပ်များ ကမာ္ဘတစ်လွား အလှမယ်များကြားတွင် ချစ်စဖွယ် သွင်ပြင်နှင့် ပြေပြစ်ချောမောမှုတို့ ပေါင်းစပ်ထားသော ထိုင်း အလှမယ် Fonthip Watcharatrakul သည် ၂၀၁ဝ မယ်စကြဝဠာ ပြင်ပွဲတွင် ဓါတ်ပုံ အစားဆုံးဆုနှင့် အကောင်းဆုံး နိုင်ငံ့ရိုးရာ ဝတ်စုံဆု နှစ်ခုစလုံးကို တစ်ဦးတည်း သိမ်းပိုက်နိုင်ခဲ့သည့် အလှဆုံး အာရှသူဖြစ်သည်။ ထိုင်း အလှမယ် Fonthip Watcharatrakul သည် ထိုင်းဆင်ပေါ်တွင် ဝတ်ဆင်ပေးသည့် အဆင်တန်ဆာများဖြင့် ဒီဇိုင်းထုတ်ထားသော “Siam Iyara” (Elephant of Thailand) ဟုအမည်ရသည့် ဆန်းဆန်းပြားပြား ရိုးရာဝတ်စုံဖြင့် မယ်စကြဝဠာ ပြင်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အရပ်အမြင့် […]


CharTooLanSeptember 13, 201012min613
ကျောက်နံရံမြင့်မြင့်မားပေါ်က အံ့ဩဖွယ်ဘုရားကျောင်း လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မဆီကို သူငယ်ချင်းတစ်ယောက်က ပို့လိုက်တဲ့ အီးမေလ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘုရားကျောင်းတစ်ခုရဲ့ ပုံတွေ ပါလာပါတယ်.. ပုံတွေချည်းဘဲကြည့်ရတာကို အတော်စိတ်ဝင်စားမိတာကြောင့် အခြားသူများကို ပြန်လည်ဝေမျှချင်မိတဲ့စိတ်နဲ့ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် ဓာတ်ပုံများ အချက်အလက်များကို အင်တာနက်ကနေ ရှာဖွေပြီး ဒီဘလောဂ့်ပေါ်ကတစ်ဆင့် ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ တောင်ခြေရှိ ဘုရားကျောင်းအဝင် မုဒ်ဦး ကျောက်သားပေါ်က ကျောင်းဆောင်များ မတ်စောက် မြင့်မားလှတဲ့ တောင်စောင်းမှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့  ဘုရားကျောင်း ဆိုတာ တရုတ်ပြည် စန်းရှီးပြည်နယ် ဟောင်ယွန်ခရိုင်ကနေ  ၅ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ဟန်စန်းတောင်ခြေရဲ့ ကျောက်သားနံရံပေါ်မှာ တွယ်ကပ်ပြီး တည်ဆောက်ထားတဲ့ ဘုရားကျောင်းတစ်ခုပါ။ ဟန်စန်းတောင်ဆိုတာ တရုတ်ပြည်မှာတော့ အထွတ်အမြတ်ထားတဲ့ နံမည်ကျော် တောင်ကြီး ၅ခုမှာ […]


CharTooLanSeptember 11, 20101min27412
မြန်မာနိုင်ငံမှာ နေလိုလလိုထင်ရှားတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့မဟာစည်ဆရာတော်ဘုရားကြီး လက်ထက် ၁၉၅၂ ခုနှစ်မှာ ရိပ်သာမှာ တရားလာအားထုတ်တဲ့ရသေ့မလေးတစ်ပါးဟာ ရိပ်သာရောက်ပြီး ၁ဝ ရက်အကြာမှာ သူများနားမလည်တဲ့စကားတွေပြောနေသံ ကြားရတာကြောင့် သူ့ကို ဆရာတော်ကြီးဆီကိုခေါ်သွားကြပါတယ်။ ဆရာတော်ကြီးနဲ့တွေ့တော့ သူဟာ နတ်ပြည်က နတ်မင်းတစ်ပါးဖြစ်ကြောင်းနဲ့ ဆရာတော်ကြီးနဲ့တရား စကားဆွေးနွေးလိုကြောင်းတို့ကို ပါဠိဘာသာနဲ့လျှောက်ကြားပါတယ်။ ဆရာတော်ကလည်း နောက်တစ်နေ့ညမှာ ဆွေးနွေးကြမယ်လို့ ချိန်းဆိုလိုက်ပါတယ်။ နောက်တစ်နေ့ရောက်လို့ အချိန်ကျတော့ ရသေ့မလေးပါးစပ်က ပါဠိစကားသံတွေထွက်လာပြီး ဆရာတော်နဲ့ နိမ္မာနရတိနတ်ပြည်က နတ်သားတစ်ပါးတို့(ရသေ့မလေးကိုကြားခံပြီး) အမေးအဖြေလုပ်ကြပါတယ်။ ဒီစကား ဝိုင်း ကိုဆရာတော်ရဲ့တကာတွေက အသံဖမ်းယူထားပြီး မြန်မာဘာသာပြန်လို့ မြန်မာ့အသံကနေတစ်နိုင်ငံလုံး ကို ထုတ်လွှင့်ဖို့ပြင်နေတုန်း သတင်းစာဆရာတစ်ယောက်က“နတ်နဲ့လူနဲ့ စကားပြောတာဟာ ယုံတမ်းစကားပဲ။ မဖြစ်နိုင်ဘူးလို့”ဝေဖန်လိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ ဆရာတော်ကြီးက အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုကိုခေါ်ပြီး မလွှင့်နဲ့တော့လို့တားလိုက်ပါတယ်။ အကြောင်းကတော့ ဒီအသံကိုလွှင့်ခြင်းဖြင့် အကျိုးရှိသူတွေရှိနိုင်သလိုအကျိုးမရှိသူတွေလည်း ရှိနိုင်တယ်လို့ […]


CharTooLanSeptember 10, 20101min1617
MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်… မင်္ဂလာ ရှိသော မနက်ခင်းပါ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်းမှ ထို်င်နေသာ ခရီးသည်များနှင့် မတ်တက်စီးနင်း လိုက်ပါလာသော ခရီးသည်များကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး သူရိန် ဖြစ်ပါတယ်။ လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့် မတ်တက်ရပ်သူများ သေချာ မတ်တက် ရပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မြန်မာ့ လေကြောင်း မှ ခရီးစဉ်အချိန် ၄ရက် နောက်ကျသွားခြင်းကြောင့် ဝမ်းနည်းပါတယ်။ ရာသီဥတု မကောင်းတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ Flight 747 စင်္ကာပူ မှ မြန်မာပြည် ကို ပျံသန်း နေခြင်းဖြစ်ပါတယ်။ လေယာဉ် ဘယ်နား ရပ်နားမယ်ဆိုတာတော့ ပြောလို့ […]


CharTooLanSeptember 10, 20103min1052
လွယ်ကူလှသည်တော့ မဟုတ်ပါ အသက်မွေးမှု နယ်ပယ်တွင်လည်း ဓါတ်ပုံ ပညာရှင် တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုရသည်မှာ လွယ်ကူသည့် အလုပ်တော့ မဟုတ်ပါချေ။ တန်ဖိုးကြီးမားသော လုပ်ငန်းသုံး ကင်မရာနှင့် ရိုက်ကူရေး ပစ္စည်းများ ရင်းနှီး မြုတ်နှံရသကဲ့သို့ ၊ ခေတ်မှီ တည်းဖြတ်ပစ္စည်းများ နှင့် ဆော့ဝဲလ် နည်းပညာများ လည်း အသုံးပြုရသေးသည်။ ထို့ပြင် တစ်ခါတစ်ရံ မိမိလိုချင်သော ပုံကောင်းတစ်ပုံ ရရေးအတွက် သက်စွန့်စံဖျား ရိုက်ကူးရသည်များလည်း ရှိသေးသည်။ မိမိလိုချင်သော ဓါတ်ပုံကောင်း တစ်ပုံ ရရှိနိုင်ရေးအတွက် ကမာ္ဘအရပ်ရပ်ရှိ ဓါတ်ပုံပညာရှင် အချို့၏ ထူးထူးခြားခြား ရိုက်ကူကြပုံများကို PatheinCity News ပရိသတ်များအတွက် စုစည်း တင်ဆက်လိုက်ပါသည်။ | Photo:asiantown , CNTV Source: http://patheincity.com/news/index.php/2010/09/not-easy-to-be-photographers/#ixzz0z9nelYwK


CharTooLanSeptember 10, 20101min1759
ကဲ အခု ၁ ကနေ ၁၀ဝ ထိ ဆုံးအောင် ဖတ်လိုက်ကြဦးနော်။ ပြီးရင် မပါသေးတဲ့ အချက် ကို ရေးပေးကြပါဦးနော်…… ၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။ ၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။ ၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက .. အစာလုံးဝမစားရ။ (သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ ) ၄။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေးများ အများအပြားရှိသည်။ ၅။ ထိုယောက်ျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်ကြသည်။ ၆။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့် လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။ […]