Foolish GirlJuly 28, 20151min26220
* ကျွန်မချစ်သူက သူပြောသမျှခေါင်းငြိမ့်ပြီးထိုင်ဆိုထိုင်ထဆိုထ စေလိုရာစေလို့ရတဲ့ပုံစံဖြစ်စေချင်တယ် * ကျွန်မချစ်သူကသူ့အပြစ်ကိုထောက်ပြရင်မကြိုက်တတ်ကြဘူးသူတို့သာအပြစ်ထောက်ပြသူဖြစ်ချင်တယ် * ကျွန်မချစ်သူကသူ့အပေါ်အပေါ်ပြုမူဆက်ဆံမူမျိုး ပြန်ဆက်ဆံခံရရင် မကြိုက်ဘူး ဥပမာ –    သူစက်ပိတ်ထားရင်ထားမယ် တဖက်လူစက်ပိတ်ထားတယ်ဆိုစိတ်ဆိုးတယ် ကျွန်မခေါ်တဲ့ဖုန်းက သူ့ဘက်မှာ Miss Call တွေထပ်ခါထပ်ခါဖြစ်နေတာထက် သူတစ်ခေါက်ခေါ်လိုက်လို့ Miss Call တစ်ခါလောက်ဖြစ်သွားရင် စိတ်ဆိုးတယ် * သူတို့ကိုကြုံဆုံလို့ ဥပမာပေးပြီးဘယ်လိုခံစားရလည်းမေးရင်လည်းမကြိုက်ကြဘူး ခြေရာတိုင်းတယ်ထင်ကြတယ် * ကျွန်မချစ်သူက သူဖြစ်စေချင်သလိုသူလိုချင်သလိုလုပ်မပေးနိုင်ရင်မချစ်ဘူးလို့ထင်တယ် အကျိုးအကြောင်းဘယ်လောက်ပြည့်စုံပြီး ဘယ်လောက်ခိုင်မာနေပါစေ သူကနားလည်မပေးဘူး * ကျွန်မချစ်သူကတဖက်လူဖြစ်စေချင်သလိုတော့လုပ်မပေးချင်ဘူးသူလိုချင်တာကိုပဲရအောင်လုပ်တယ် * ကျွန်မချစ်သူကကျွန်မကြောင့် သူ့မှာကောင်းတဲ့ပြောင်းလဲမှုမျိုးရှိရင် ကျွန်မကြောင့်လို့ဝန်မခံတတ်ဘူး။ မကောင်းတာတစ်ခုခုဖြစ်ရင်တော့ မင်းကြောင့်ဆိုပြီးအပြစ်ဖို့တတ်တယ် * ကျွန်မချစ်သူကသူ့ကို ချိုချိုသာသာချွဲချွဲနွဲ့နွဲ့ပြောတတ်တဲ့မိန်းကလေးတွေနဲ့ဆိုသာယာတတ်တယ် * ကျွန်မချစ်သူက ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ပုံစံမျိုး ဒီအချက်တွေက ကျွန်မချစ်သူမှာမှမဟုတ်ပါဘူးလူတိုင်းမှာရှိပါတယ် ဒါပေမယ့် ချစ်သူတစ်ယောက် လက်တွဲဖော်တစ်ယောက်အတွက် ဒီလိုအချက်တွေကို […]


Foolish GirlOctober 21, 20131min27416
ရွာထဲလည်းမရောက်တာကြာပြီ ဘာမှလည်းမတင်ဖြစ်ဘူး၊ အခုတလောကော်နက်ရှင်မကောင်းတော့ ဖွင့်လို့တောင်မရဘူးလေ၊ ပြီးတော့ရေးလည်းမရေးဖြစ်တော့ဘာမှမတင်ဖြစ်တာပါ၊ ဒီနေ့တော့ခံစားမိတာလေးတစ်ခုပြောချင်တယ် တစ်ရက် သူငယ်ချင်းမွေးနေ့ပွဲလုပ်တယ် သူငယ်ချင်းတွေတူတူသီချင်းဆိုကြ ကဲကြပေါ့၊ အသောက်အစားလည်းပါတာပေါ့၊ မိန်းကလေး သူငယ်ချင်းတစ်ယောက်နဲ့ spy သောက်မလားဆိုတော့ သောက်မယ်ပေါ့ ဖြေလိုက်တယ်၊ အဲဒီအချိန်မှာ တစ်ခြားသူငယ်ချင်းတစ်ယောက်ကပြောတယ် တိုင်းရင်းသားတွေဆိုတော့ သောက်တတ်တာပေါ့တဲ့၊ သူပြောတာဟုတ်ရင်ဟုတ်မယ် ဒါပေမယ့် လက်မခံနိုင်ဘူး၊ တိုင်းရင်းသားမဟုတ်တဲ့မိန်းကလေးတွေ ဘီယာသောက်တာတပုံကြီးပါ၊ အဲဒီလိုအပြောခံလိုက်ရတော့ သူ့ကိုလဲဘာမှမပြောဘူး ကိုယ့်ကိုကိုယ်ပဲအပြစ်တင်လိုက်တယ် ၊ ဩ ငါအနေအထိုင်မတတ်လို့ ငါ့လူမျိုုးဝါးလုံးရှည်နဲ့ သိမ်းကြုံးခံလိုက်ရတယ်လို့၊ အဲဒီနောက်မှာ ကျွန်မ မူးယစ်စေမယ့်အရာတွေကိုရှောင်လာခဲ့တယ်၊ အစက တော့ဝိုင်သောက်တာ ကိုယ်ကမကောင်းတာမှမလုပ်တာ ဘယ်သူ့ကိုမှထိခိုက်မနေဘူးလို့ ထင်နေခဲ့တယ်လေ၊ တကယ်တမ်းကျတော့ ကျွန်မအထင်က အကြီးကြီးကိုမှားယွင်းနေတယ် ၊ အဲဒါကြောင့်ကျွန်မဆုံးဖြတ်လိုက်တယ် “ကျွန်မ မူးယစ်စေသောအရာများကို မသောက်သုံးတော့ပါ” လို့


Foolish GirlSeptember 6, 20131min1845
စနောက်ရယ်မောကြရင်း Carol သီချင်းတွေတူတူဆိုခဲ့ကြတာတွေ ခရစ္စမတ်ညမှာ ဂိမ်းတွေဆော့ရင်း အတွဲအညီဆုံးဖြစ်ခဲ့တာတွေ ခရစ္စမတ်လက်ဆောင်တွေအတွက်ပြင်ဆင်ရင်းအလုပ်ရှုပ်နေတဲ့ကြားကတယုတယပတ်ပေးခဲ့တဲ့နာရီလေးရယ် ချစ်တယ်လို့အဖြေပေးခဲ့တဲ့ New Year ညက နှစ်ယောက်သားပျော်ရွှင်ခဲ့တာတွေ ကန်ဘောင်လေးကထိုင်နေကျနေရာလေးမှာ ဝမ်းနည်းနေတဲ့ငါ့ကိုနှစ်သိမ့်ပေးခဲ့တဲ့အချိန်လေးတွေ တစ်နေရာစီဝေးနေပေမယ့် သတိတရနဲ့ မုန့်ဖိုးလေးတွေခြွေတာရင်းအချိန်အကန့်အသတ်နဲ့ဖုန်းပြောခဲ့တာလေးတွေ နင်ခရီးသွားနေတုန်းနင်ပေးခဲ့တဲ့ MP3 လေးကိုအလွမ်းပြေနားထောင်ရင်းအဖော်ပြုခဲ့တဲ့ရက်လေးတွေ ကြယ်ကြွေတာကိုစောင့်ကြည့်ရင်း နင်နဲ့ တူတူကြယ်ကြွေဆုတောင်းခဲ့ဖူးတာလေးကိုသတိရနေမိတာတွေ သင်္ကြန်ရက်တွင်းစိတ်ကောက်နေတဲ့ ငါ့ကိုနေတိုင်းရေလာလောင်းရင်းချော့ခဲ့တာလေးတွေ တစ်ယောက်တင်းရင်းတစ်ယောက်ကလျှော့ပေးရင်း ကုန်ဆုံးခဲ့တဲ့ရက်လေးတွေ ကျောင်းလစ်ပြီးနင်နဲ့တွေ့ခဲ့တဲ့ဝါးရုံတောလေးရယ် ကျောင်းနားကသစ်ပင်ကြီးအောက်မှာ နင်နဲ့တူတူမိုးခိုခဲ့တဲ့ရက်လေးတွေ အရာရာအားလုံးက မနေ့ တစ်နေ့ကမှ ဖြစ်ခဲ့သလိုပဲ ဒါပေမယ့်သေချာစဉ်းစားကြည့်ရင်လွန်ခဲ့သော ၅နှစ် နဲ့ ၁၄၅ ရက် ကအကြောင်းအရာတွေလေ ငါ့အတွက်ဒီအမှတ်တရလေးတွေကမဟောင်းပဲအသစ်အတိုင်းရှိနေဆဲပဲ နင်ကတော့ငါတို့ရဲ့အမှတ်တရတွေကိုအတိတ်မှာပဲထားခဲ့ပြီထင်တယ် ရပါတယ် မေ့လိုက်ပါ အရာရာအားလုံးငါ့အပြစ်တွေချည်းပဲ တောင်းပန်ပါတယ်လို့တောင်မပြောရဲပါဘူး နင့်ဆီကခွင့်လွှတ်မှုကိုလဲမခံယူရဲပါဘူး အတ္တကြီးတဲ့မိန်းမကိုစွန့်လွှတ်ခဲ့တာ နင့်အတွက်ကံကောင်းခြင်းဖြစ်မှာပါ အရာရာအဆင်ပြေပါစေချစ်သူ God Bless You and Your’s


Foolish GirlSeptember 6, 20131min1225
လွမ်းစရာရှိရင် နာတာနဲ့ဖြေတဲ့ ငါ့အတွက်နာစရာတွေကိုက လွမ်းစရာဖြစ်ခဲ့တော့ နှလုံးသားနဲ့ဦးနှောက်လွန်ဆွဲ စေတယ် နှလုံးသားကနိုင်လိုက် ဦးနှောက်ကနိုင်လိုက်နဲ့ နောက်ဆုံးတော့နှလုံးသားက စစ်မြေပြင်တစ်ခုလို မွစာကိုကြဲလို.


Foolish GirlSeptember 5, 20131min1053
ဖယောင်းတိုင်လေးတစ်ချောင်းရဲ့အလင်းရောင်ဟာ သာမာန်လူတစ်ယောက်အတွက်မပြောပလောက်ပေမယ့် ကမ်းပျောက်သူအတွက်တော့ မျှော်လင့်ချက်လေးတစ်ခုပါ


Foolish GirlSeptember 5, 20131min1413
ကိုယ့်ကိုထားရစ်ခဲ့တဲ့သူကိုမမေ့နိုင်သေးတာ သူမရှိရင်ငါမဖြစ်နိုင်လို့တော့မဟုတ်ဘူး တကယ်ကငါမရှိမှငါဆိုတာမဖြစ်မှာလေ ဒါပေမယ့်ငါဆိုတဲ့ဘဝတစ်ခုပြည်စုံဖို့က သူဆိုတာရှိမှဖြစ်မှာမို့လို့ပါ


Foolish GirlSeptember 4, 20131min1274
သူငယ်ချင်းဘဝဆိုတဲ့တိုက်ပွဲဝင်နေတုန်း အချစ်ဆိုတဲ့ကျိန်စာမိနေပြီလား ခေါက်လိုက်ပါစိတ်ညစ်မနေနဲ့ တိုက်ပွဲဝင်နေတဲ့သူတွေအားလုံးကကျိန်စာမိနေတာ…..


Foolish GirlSeptember 4, 20131min1675
အဝေးကိုထွက်သွားရက်တဲ့သူငယ်ချင်းရေ ချစ်တဲ့သူချစ်ရတဲ့သူပျော်ရွှင်ဖို.အတွက် နင့်ရဲ့ပေးဆပ်မှုကတန်ရဲ့လား နင့်ပေးဆပ်မှုကိုအပြစ်လို.ပြောတဲ့သူကရောမှန်ရဲ့လား ဘာဘဲဖြစ်ဖြစ်ပေါ့ နင့်ရင်ထဲကသိမ်းထားတဲ့အချစ်က အချစ်စစ်ပါလို့ သူသိလာရင် နားလည်လာရင် ခံစားတတ်လာရင် နင့်ပေးဆပ်မှုကအဖိုးတန်ပါတယ်ကွာ


Foolish GirlSeptember 3, 20131min1878
ခံစားချက်တွေ ရင်မှာပြည့်လို့ ချရေးမည်ကြံ ဘောပင်ကိုထုတ် စာအုပ်ထုတ်လို့ ထိုင်ငိုင်ကာတွေး ဘယ်ကစလို့ ဘယ်လိုဖွဲ့နွဲ့ မသိတတ်၍ ထပ်ကာစဉ်းစား တွေးပါသော်ငြား ခံစားချက်ကို မဖွဲ့တတ်၍ နေဝင်သော်သော် စာအုပ်ထက်၌ စာလုံးလေးလုံး ဖက်တင်ကျန်ရစ် ထိုထိုစာကား နင့်ကိုချစ်ဧ။် ပေတကား…..


Foolish GirlSeptember 3, 20131min1665
မျဉ်းပြိုင်နှစ်ကြောင်း မဆုံနိုင်မှန်းသိတယ် မဖြစ်နိုင်မှန်းလဲသိတယ်   ဒါပေမယ့် မှန်ဘီလူးခုံးနဲ့မဆုံဆုံအောင်ငါကြိုးစားအားထုတ်ခဲ့တယ် ဆုံနိုင်ပါတယ်ဖြစ်နိုင်ခဲ့ပါတယ် ဒါပေမယ့် အပြင်မှာဘက်မှာကနဂိုအတိုင်းဘဲလေ ဘယ်လောက်ဘဲကြိုးစားပါစေ မျဉ်းပြိုင်နှစ်ကြောင်းကမျဉ်းပြိုင်နှစ်ကြောင်းဘဲပေါ့ ဒါ့ကြောင့် သဘာဝကိုဆန့်ကျင်ပြီးငါဇွတ်မိုက်မေနေတော့ပါဘူးလေ