Foolish GirlAugust 30, 20131min23411
တိတ်ဆိတ်တမ်းတ ကြိတ်မှိတ်လွမ်းရတဲ့ တဖတ်သတ်ဆိုတဲ့အမည်နာမနဲ့မရပ်တည်ဘူးတဲ့ အခုတော့ ငါ့မာနတွေပျောက်ရှ အတ္တတံတိုင်းကိုချိုးဖောက်လို့ တဖတ်သတ်အချစ်ကထောင်ပြေးဖြစ်ခဲ့ပြီ


Foolish GirlAugust 6, 20131min1234
ဟိုးအရင်ကငါ့ရဲ့ကောင်းကင်မှာ ထွန်းလင်းခဲ့တဲ့ကြယ်လေးရေ ကြွေချိန်တန်ရင်ကြွေမယ်ဆိုတာသိပေမယ့် မင်းကြွေမှာကိုစိုးမိတယ် မင်းသာကြွေခဲ့ရင်ဆိုတဲ့အသိကြောင့် ညတိုင်းမင်းနဲ့စကားပြောခဲ့တယ် တစ်ရက်တည်းပါ တစ်ရက်ပါပဲ မင်းနဲ့မတွေ့လိုက်မိတဲ့အချိန်မှာ မင်းဟာငါ့ရဲ့ကောင်းကင်ကို ကျောခိုင်းပြီး ကြွေသွားခဲ့ပြီလေ


Foolish GirlAugust 6, 20131min1776
ဟိုးအရင်က ငါ့ရဲ့ကောင်းကင်မှာကြယ်တွေလင်းလက်ခဲ့ဖူးတရ် ဒါပေမယ့်  အဲဒီကြယ်စင်တွေဟာ ငါ့ရဲ့ကောင်းကင်အတွက်မဟုတ်ခဲ့ဘူး…… ဖြတ်သန်းခဲ့ပါတယ် အထီးကျန်တဲ့နေ့တွေကိုပျင်းရိစွာနဲ့ပေါ့ လမိုက်ညပေါင်းများစွာကလည်း တိတ်တခိုးလှောင်ရယ်နေကြတယ်…… ဒါပေမယ့် တစ်ခုသောဆောင်းရာသီရဲ့လမိုက်ညမှာ ငါ့ရဲ့ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့တယ် လင်းလက်တဲ့အဲဒီကြယ်ပွင့်ဟာ ငါ့အတွက် တခဏတာလား ? ဒါမှမဟုတ်……. တဘဝစာလား..? စဉ်းစားရင်းတွေဝေခဲ့ရတယ် ဘယ်လိုဘဲဖြစ်နေပါစေ ကြယ်ပွင့်လေးရယ် မင်းကိုခင်တွယ်နေပါရစေ ကြယ်လေးကြွေချိန်ထိတိုင်ပေါ့……….