cruzOctober 11, 20101min1683
မန္တလေးအောင်ပင်လယ်ရပ်ကွက်ရဲ့ရေကြီးနေတဲ့ ပုံတွေပါ.. တင်တာနောက်ကျတဲ့အတွက်တောင်းပန်ပါတယ် ခုချိန်မှာတော့ တစ်ချို့နေရာတွေ ရေပြန်ကျသွားပေမယ့် ခုပုံထဲမှာပါနေတဲ့နေရာတော်တော်များများကတော့ ရေထဲရောက်နေတုန်းပါပဲ … ကျန်တဲ့ မြို့သစ်တွေဖြစ်တဲ့ မြရည်နန္ဒာ ထွန်တုံး ပြည်ကြီးတံခွန်မြို့နယ်ထဲကနေရာအချို့ နဲ့ သမန်းကုန်းရပ်ကွက်တွေမှာလည်း ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်…လူအသေအပျောက်ရှိပါတယ်…ကယ်ဆယ်ရေးတွေလည်း အချိန်မှီလုပ်ခဲ့ကြပေမယ့် တစ်ချို့ရပ်ကွက်တွေဆို ရေတက်တာ အရမ်းမြန်တဲ့အတွက် ဆုံးရှုံးမှုတွေများတယ်လို့ သိရပါတယ်.. လွန်ခဲ့သည့်ရက်များက မန်းလေးမှာ မိုးများ သည်းထန်စွာရွာသွန်းပြီးဆည်များမှလည်းရေမထိန်းနိုင်တော့ပဲရေများဖောက်ထုတ်ခဲ့ရာမှ ခုလိုဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်…မြို့ပေါ်ရှိလူမှုရေးအသင်းအဖွဲ့များ စေတနာရှင်များမှရေဘေးဒုက္ခသည်များအတွက်လိုအပ်သည့် စားစရာနှင့်သောက်သုံးရေများကို လှူဒါန်းလျက်ရှိကြပါတယ် အားရစရာပါခင်ဗျာ.. လာလှူတဲ့အဖွဲ့တွေကလည်းမနည်းဘူးဗျ ခြင်္သေ့တွေလည်းပါတယ်(သိတယ်နော်) သူတို့ကထိပ်ဆုံးကပေါ့ ကျန်တဲ့တစ်ဦးခြင်းအလှူရှင်တွေဆိုလည်းမနည်းပါဘူးဗျာ လာပြီးကူညီနေကြတာဒုက္ခသည်တွေအတွက် အားတက်စရာပါဗျာ ပုံတွေကတော့သေးနေလို့ကောင်းကောင်းမတွေ့ကြရဘူးဆိုရင် တောင်းပန်ပါတယ်ခင်ဗျာ… ဖုန်းကင်မရာနဲ့ရိုက်တာဖြစ်တဲ့အပြင်..ဆိုဒ်ကိုလည်းချုံ့ရိုက်လိုက်လို့ပါ။


cruzOctober 7, 20101min820
လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ မားဆိုး ခြံအမှတ် (၅၄) မှာ ထူးတွေ အထပ်ထပ်နဲ့ မှတ်တိုင်တွေ (၆၅) တိုင် ရေးထိုးခဲ့ပြီ သေတဲ့အထိ မျက်နှာမငယ်စေရဘူး အမေ။ အမေရေ … တောခွေးအတွေ ဝိုင်းဟောင်ကြတယ် ဒါပေမယ့် “ဝုတ် … ဝုတ်” လို့ မမြည်ဖူး “ရွေးကောက်ပွဲ … ရွေးကောက်ပွဲ” လို့ မြည်တယ်။ ၂၀၁ဝ ထန်းလျက်ခဲ ချကျွေးတော့ မြိန်ရည်ရှက်ရည်ရှိလိုက်ကြပုံများ မော်ဒန်ဆရာလေးတချို့တောင် သက်တော်ရှည်အမတ်ဖြစ်မယ့်ခေတ် ကိုယ့်ကိုကိုယ် အရန်ခုံမှာ ထိုင်နေရမှန်း မသိကြရှာဘူး။ ဖွတ်စိမ်းတွေက တောင်ရှည်ဝတ် ခေါင်းပေါင်းစကို ညာ ချလို့ … လမ်းတွေဖောက်ကြသတဲ့ အရေခြုံ ကလိန်တွေစုံတော့ ဖွတ် မိချောင်းဖြစ်၊ မြစ် မချမ်းသာသပေါ့ အမေရယ်။ တကယ်တော့ […]


cruzAugust 22, 20101min620
မုံလယ်တောရဓမ္မရိပ်သာ…. ရေတံခွန်တောင်တိုက်ခွဲ အမှတ် (၃)ရဲ့ ရ ရက်တရားစခန်းကို ဖွင့်လှစ်နေပီဖြစ်ပါတယ်… ပထမအကြိမ်ကတော့ ဩဂုတ်လ ၁၃ ရက်ကနေ.. ၂ဝ ရက်နေ့ထိပါ…ပြီးသွားပါပီ.. ခု ဒုတိယအကြိမ်အနေနဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာစတင်မှာဖြစ်ပါတယ်…. စာရင်းပေးရမယ့်နေ့က… စက်တင်ဘာလ ၂ ရက်နေ့ဖြစ်ပါတယ်… ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများ…. တရားစခန်းဝင်လိုသူမိတ်ဆွေများ.. မုံလယ်တောရဓမ္မရိပ်သာ၊ရေတံခွန်တောင်တိုက်ခွဲ အမှတ် (၃)၊ဖုန်းနံပါတ် ဝ၂-၆၄၀၆၂ ကိုဆက်သွယ်စာရင်းပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ….။


cruzJuly 28, 20101min2075
(မြန်မာပြည်ရဲ့နိုင်ငံရေးသမားကြီးတွေကိုသရော်ထားတဲ့ ကာတွန်းဆရာကြီးဦးဖေသိန်းရဲ့ လက်ရာတစ်ခုပါ….Snap Shot ဂျာနယ် ဆရာဦးမြတ်ခိုင်းရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်ထဲကတွေ့လို့ နှစ်သက်မိတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်…. ။) ကျွန်တော်တို့ မြန်မာနိုင်ငံမှာ…ဒီလိုလူမျိုးတွေ အများကြီးရှိခဲ့တယ်ဆိုတာ… ဒီကာတွန်းလေးကဖော်ပြနေပါတယ်…ခုလည်း ရှိနေမှာပါပဲ…… ဒီတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့..အရွေးမမှားကြဖို့လိုပါတယ်လို့ကျွန်တော်ထင်ပါတယ်…. မီဒီယာတွေကနေလည်း အရွေးမမှားဖို့တော့တိုက်တွန်းနေကြတာပါပဲ…။ခက်တာက ကျွန်တော်တို့ မြန်မာလူမျိုးတွေက နိုင်ငံရေး အသိအမြင်အားနည်းတဲ့သူတွေများနေတဲ့အဖြစ်ကဆိုးတယ်…။ခုထက်ထိဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်လိုမျိုးမှန်းတောင်မသိတဲ့သူတွေ အများကြီး…။အဲထဲပါတဲ့အချက်အလက်တွေသိဖို့ဆိုတာ ဝေလာဝေး…။ သတင်းစာမှာ အချက်အလက်တွေကိုထည့်ပါတယ်ဆိုရင်တောင် သတင်းစာဖတ်တဲ့သူက ရှိတဲ့လူဦးရေပျမ်းမျှနဲ့တွက်ကြည့်မယ်ဆိုရင်..အတော်လေးကိုနည်းနေပါသေးတယ်…။ စာအုပ်ထုတ်တော့လည်း…လူတွေက ကိုယ့်ထမင်းကိုနပ်မှန်အောင်မနည်းရုန်းနေရတဲ့အချိန်….ဒီစာအုပ်တော့ ဝယ်ဖတ်ဖို့အတွက် ပိုက်ဆံအကုန်မခံနိုင်ဘူးဆိုပီး..နေတဲ့သူကလည်းအများသားခင်ဗျ…။ အင်း……..ဘယ်လိုတွေနားလည်နေကြလို့…ဘယ်လိုရွေးချယ်ကြမယ်ဆိုတာတော့ မသိတော့ပါဘူးဗျာ….။ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ အစိုးရဟာ…ကျွန်တော်တို့ မြန်မာနိုင်ငံကို…တိုးတက်သာယာဝပြောအောင် တကယ်ပြုလုပ်ပေးနိုင်မယ့်အစိုးရဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တို့မှားရင် ကျွန်တော်တို့တွေပဲခံရမှာပါ။ကျွန်တော်တို့အရွေးမမှားဖို့ လိုအပ်ပါတယ်…။ ပြောမယ့်သာပြောရတာပါ….. အားကခပ်လျော့လျော့ရယ်ပါခင်ဗျာ…။