ဒီမနက် အိပ်ယာကနိုးနိုးခြင်း မျက်လုံးဖွင် ့ကြည် ့လိုက်တော ့ ၈နာရီကွက်တိ။ စိတ်ထဲ အတော်ကျေနပ်သွားတယ်။ ခါတိုင်းနေ ့တွေထက် နာရီဝက် တစ်နာရီပိုစောနိုးနိုင်လို ့။ ကွက်တိနိုးပေမပေါ ့ ဖုန်းနာရီကို alarm ပေးထားသကိုး။ တတီတီမြည်နေတဲ ့ ဖုန်းalarmကိုပိတ်ပြီး ဟိုတစ်လောက အင်တာနက်လေလိုင်းကနေတဆင် ့ ဖုန်းမန်မိုရီထဲရောက်လာတဲ ့ ဆံပင်ဖို ့ရိုးဖားယား  အမည်မှန်မသိရတဲ ့ နတ်မိမယ်လေးတစ်ပါးကို goodmorning အာဘွား တစ်ချက်ပေးလိုက်ပြီး တဖက်ကိုစောင်းလှဲ ့မှောက်လဲအိပ်လိုက်ရင်း ဒီကနေ ့ လုပ်ရမယ် ့ အစီအစဉ်တွေကို စဉ်းစားနေကြည် ့လိုက်တယ်။ ပထမဦးဆုံး အိပ်ယာကထမယ်။ ( ဒီအလုပ်က ဒီကနေ ့လုပ်ရမယ် ့ အလုပ်တွေထဲမှာ အခက်ခဲဆုံးနဲ ့ အပင်ပန်းဆုံးအလုပ်တစ်ခုဖြစ်လိမ် […]


ပေါ်နွေလလျှင် တောင်ကခြိမ် ့မြူးး မင်းလွင်ဦးနဲ့  ့ ~~~~~ ~ ~~~~~~ ငှက်သွင်ပျံကြွ မတတ်သော်။ ကျောင်းသားဘဝတုန်းက သင်ခဲ ့ဖူးတဲ ့ နတ်ရှင်နောင်ရတုပါ။ အကုန်အားလုံး မမှတ်မိတော ့ပေမယ် ့  နတ်သွင်ပျံကြွ မတတ်သော် ဆိုတဲ ့နောက်ဆုံးအချပိုဒ်လေးကတော ့ ဒီအချိန်ထိတိုင်အောင် အင်အားပြင်းပြင်းနဲ ့ စွဲငြိနေဆဲ။ ကိုယ် ့မြေ ကိုယ် ့ရေရဲ  ့အဝေးမှာ အနေကြာလာတော ့ အကြောင်းတိုက်ဆိုင်လို ့ အမှတ်တရလေးတွေများပေါ်လာခဲ ့ ကိုယ်လည်း ငှက်ကလေးတစ်ကောင်လိုသာ တောင်ပံဖြန် ့ဝဲ အိမ်အပြန်လမ်းကို အပြေးလေး ပြန်လိုက်မိချင်ရဲ  ့။   စစ်မြေပြင်က စစ်ဘုရင်မင်းသား နတ်ရှင်နောင်မင်းသား ရှေ  ့တန်းစစ်မြေ စခန်းတစ်နေရာမှာ ရာသီပန်းကလေးတွေမြင်တွေ […]


( ကြက်ခြေခတ် မှတ်စု ) ဖုတ်၍ ဖုတ်၍ သော်လည်းကောင်း ပြုတ်၍ ပြုတ်၍ သော်လည်းကောင်း ကြော်၍ လှော်၍ သော်လည်းကောင်း လူမျိုးပေါင်းတကာတို ့ တညီတညွတ်တည်းဆိုကြသည်မှာ သူနဲ ့အလိုက်ဖက်ဆုံးသောအတွဲသည်ကား …. ” ငပိ ” ++++++++++++++++++++++++ တောလည်ကနေ အပြောကြွယ်တာရယ် မဟုတ် ဒီလ ဒီရာသီ ဒီတော ဒီတောင်တစ်ခွင်မှာ အနံ ့တကြိုင်ကြိုင်နဲ ့ ဒင်းတို ့တစ်တွေ လှိုင်လှိုင်သီးပါလေ ့ လေဝှေ ့ရာနွဲ ့ယိမ်းကခုန် နတ်ကိန္နရာမလေးတွေလို ကိုင်းဖျားမှာတဲ ့ ယီးလေးခိုရင်း တေးလေးဆိုလို ့ မြူးကြတယ်။   တောနေပျော် ဆွေမတော် မျိုးတော်တို ့ကလည်း ဝမ်းပွတ်ကာ နံငယ်ကားအောင် မြို […]


နွဲ ့ဆိုးရယ်၊ နွဲ ့ဆိုးမမ ညိုလေးရယ် ကျနော်ရယ် သုံးယောက်သား တစ်နေရာမှာ ထိုင်နေကြတယ်။ နွဲ ့ဆိုးက ကျနော ့ ပုခုံးပေါ် သူ ့ခေါင်းလေးမှီချလိုက်တော ့၊ ကျနော် သူ ့ပုခုံးလေးကို အသာလေး ပြန်ထွေးဖက်ထားလိုက်တယ်။ နွဲ ့ဆိုးတစ်ယောက် တတွတ်တွတ်နဲ ့ မမောနိုင်မပန်းနိုင် စကားတွေ အများကြီးပြောလို ့။ ညိုလေးနဲ ့ ကျနော်က ဘာတစ်ခွန်းမှပြန်မပြောဘဲ နွဲ ့ဆိုးပြောသမျှ အသာနားထောင်ရင်းက နွဲ ့ဆိုးကိုစောင်းငဲ ့ကြည် ့လိုက်တော ့ သူ ့မျက်နှာလေး ကြည်လင်ဝင်းပ ရွှင်ပျလို ့။ နွဲ ့ဆိုးတစ်ယောက် ပြုံးနေရယ်နေတယ်လေ……. အိပ်ယာကနိုးလာပြီး ဘေးက ဖုန်းနာရီကြည် ့လိုက်တော ့ […]


အမှားအမှန် မရှိ အစွန်းတဖက်ရောက် အမုန်းတရားအောက်မှာ ဘဝကိုစတေး၊ အသက်ကိုပေးဖို ့ လည်ဝပ်စင်းလို ့ ခံခဲ ့ရပြီကွယ်။ ဖေကြီး၊ မေကြီး အကိုကြီးနဲ ့ အိမ်ကကျန်ရစ် ချစ်နှမတွေ ကျနော် မိုက်မှား၊ ရှိသမျှအပြစ်များ ကြေပါစေကြောင်းရယ် ဝန်ချတောင်းပန် ကန်တော ့ခဲ ့ပါရစေ။ ချစ်သော BABY…! I LOVE YOU နော်….. ရင်ထဲက စကား၊ နောက်ဆုံးစကား နင်ကြားသိအောင် တိုးဖွဖွဆိုရင်၊ ကြိုးစားပြုံးမယ် မငိုပါနဲ ့ကွယ် နှုတ်ဆက်ခဲ ့ပါတယ်။ တောတွင်းပျော်ရေ….. အဝေးက ချစ်သူငယ်ချင်း မင်းရင်ထိရှ၊ ကွဲကြေမွလည်း ခုချိန်လေးမှာ… ငါ ့ကိုရည်စူး ဆုတောင်းလေးတစ်ခု ပြုပေးလိုက်ပါ၊ သူငယ်ချင်းရာ.. ပူလောင်မှုငြိမ်း၊ အငြိုးတရားကင်းတဲ ့ […]


ပြီးခဲ ့တဲ ့ MALAY HARIRAYA (မလေးနှစ်သစ်ကူး) မှာ စခန်းရှိ လူအကုန် အလျှိုလျှိုပြန်ကုန်တော ့ ထုံးစံအတိုင်း တောတွင်းပျော်တစ်ယောက်တည်း စခန်းစောင် ့ကျန်ခဲ ့တယ်။ စခန်းမှာ စက်ယန ္တရားတွေ အများကြီးမို ့ အစောင် ့မရှိလို ့မရ။ နောက်ပြီး တောတွင်းပျော် ကိုယ်တိုင်ကလည်း မြို ့ပေါ်တက်ချင်စိတ်မရှိ။ စခန်းမှာ အိပ်စားအိပ်စားနဲ ့ ကင်းခရလည်း မနည်းဘူးပဲ။ တောနက်ခေါင်ခေါင် အင်တာနက်လိုင်းမရှိ၊ ဖုန်းလိုင်းမရှိပေမယ် ့ အပြင်ဖက် ကမ္ဘာနဲ ့တော ့ အဆက်အသွယ်တော ့ မပြတ်။ နေ ့ရော ညပါ ခေါင်းပေါ် ဖြတ်ဖြတ်ပျံနေတဲ ့ လေယာဉ်တွေက တောတွင်းပျော်ရဲ ့ အပြင်ကမ္ဘာပဲ။ […]


ဝဲသီလာရွာမှာ အသံမစဲပဋ္ဌာန်းပွဲလုပ်တော ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေးတစ်ခု ဖြစ်သွားသေးတယ်။ (ဒါက ဂေဇက်ရွာသူ၊ရွာသားတွေ ဝေဖန်ဆွေးနွေးနိုင်ကြအောင်လို ့ပါ။ တောတွင်းပျော်ကတော ့ ဉာဏ်မမှီတော ့ ဘာမှ ဝင်မဆွေးနွေးတော ့ပါဘူး) ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ ပြောပြကြလို ့ တစ်ညနေ ကျောင်းအဆင်းမှာ ဝဲသီလာရွာကို ကျောင်းသားလေးတွေနဲ ့ လိုက်သွားခဲ ့တယ်။ သူတို ့ပြောတဲ ့အတိုင်း အဟုတ်ပါပဲ။ ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေ၊ ကိုရင်တွေထိုင်တဲ ့ စားပွဲရှေ ့က လူပရိဿတ်နဲ ့ ခြားထားတဲ ့ ရာဇမတ်ကာ တန်းပေါ်မှာ ငှက်လေးတစ်ကောင်။ ငှက်အမျိုးအစား နာမည်ကိုတော ့ တောတွင်းပျော် မခေါ်တတ်။ ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေဖက်လှည် ့ပြီး […]


နောက်တစ်ယောက်က နော်စီမံကိန်း ခေါ် နော်မြင် ့မြင် ့အေး။ စကားအပြောအဆိုနည်းပြီး မကြာမကြာ မျက်ရည်ဝဲတတ်သူ။ ဘယ်ပုစ ္ဆာမဆို ၂ခါ ရှင်းပြစရာမလို၊ ချက်ချင်းတွက်တယ်။ လက်ရေးညီညီညာညာ သေသေသပ်သပ် ရေးတတ်ပြီး စာတော်တဲ ့သူ ့ကြောင် ့ အတန်းတင်စာမေးပွဲဖြေဆိုနေချိန်မှာ တခြားအုပ်စုကျောင်းက ဆရာမကြီးတွေက ဆရာ ့တပည် ့မလေး၊ ဆရာ ့တပည် ့လေး ဆိုပြီးဝိုင်းချီးမွန်းခံရတော ့ ကျနော ့မှာ သူ ့ကြောင် ့ တပည် ့ကောင်းဆရာ ပန်းကောင်း ပန်လိုက်ရသေးတယ်။ ဒီနှစ် စာမေးပွဲမှာ နော်စီမံကိန်းက အမှတ်အကောင်းဆုံး၊ အများဆုံးနဲ ့ပထမရသွားခဲ ့တယ်။ နော်စီမံကိန်း တစ်ယောက်သာ တက္ကသိုလ်ရောက် ဘွဲ ့ရသည်အထိတက်နိုင်ခဲ ့ပြီး သူနဲ […]


နေ ့လည်ကျောင်းဆင်းတော ့ နေ ့လည်စာကို ဘုန်းကျောင်းမှာပဲ ဘုန်းကျောင်းသားတွေနဲ ့အတူစား။ တောကျောင်းဆိုတော ့ ဟင်းဘာမှ ဖွယ်ဖွယ်ရာရာမရှိ။ တို ့စရာနဲ ့ ငပိဖျော်ရည်သာ အဓိက။ ကျောင်းသား ၆ယောက်နဲ ့ ဆရာ ၂ယောက် ရှိသမျှ မျှစားရတယ်။ မွန်းလွဲကျောင်းပြန်တက်တော ့မှပဲ ကျောင်းသားတွေ သင်ထားခဲ ့တဲ ့ သင်ခန်းစာတွေပြန်စစ်ပြီး သင်ကြားမှု စတင်ပါတော ့တယ်။ တောတွင်းပျော် စာသင်ပုံက ဘာသာရပ်လိုက် အချိန်ခွဲမနေတော ့ပဲ လိုနေတဲ ့အပိုင်းကို ဖိသင်တာပါ။ စာသင်ချိန်က တစ်လတည်းရှိတော ့တာမို ့။ စာသင်စမှာ ကိုယ်လုပ်နေကြအလုပ်မျိုးမဟုတ်တော ့ အိုးနင်းခွက်နင်းဖြစ်ခဲ ့ပေမယ် ့ နောက်တော ့လည်းအဆင်ပြေသွားတယ်။ အရင် […]


အကို၊ အကို… ခေါ်သံနဲ ့အတူ ခြေထောက်ကနေ လှ ုပ်နှိုးခံရလိုက်ရတာမို ့ စောင်ခြုံကွေးအိပ်ပျော်နေတဲ ့ကျနော် လန် ့နိုးထ လာတယ်။ ချမ်းချမ်းစီးစီး ဆောင်းတွင်းမနက် အိပ်လို ့ကောင်း၊ ကွေးလို ့ကောင်းတုန်း! ကျနော်မျက်လုံးဖွင် ့ကြည် ့လိုက်တော ့ ကျနော ့ခြေရင်းမှာ မောင်တင်ဋ္ဌေး… ဟား တင်ဋ္ဌေး၊ စောစောစီးစီး ဘာကိစ္စရှိလို ့လဲဟ! ကျနော်မေးလိုက်တော ့ ဟား! အကိုကလည်း အကို ဒီနေ ့ကျောင်းတက်ရမှာလေ… ဟေ! ငါကဘယ်ကျောင်းတက်ရမှာလဲဟ? အကိုတော ့လုပ်ပြီ၊ သီတာရွာကလူကြီးတွေပြောတော ့ အကိုဒီနေ ့ အလုပ်ဝင်ရမှာဆို…… ဟား! ပြန်သတိရပြီ… ဟုတ်သားပဲ။ ပြီးခဲ ့တဲ ့နှစ်ပတ်ကျော်လောက်က တောတွင်းပျော် ့အိမ်ကို […]


တောထဲကထွက် online ပေါ်ရောက်တော ့ ဖတ်စရာတွေက အများသား။ mail တွေကိုစစ် စာပြန်သင် ့တာတွေပြန်.. facebook ထဲဝင် like တွေ လျှောက်ပေး comment ရေးနဲ ့.. နောက် ထုံးစံအတိုင်း တစ်စုံတစမယောက်ကို.. တွေ ့ပြီ…တွေ ့ပြီ! နှုတ်ခမ်းနီရဲရဲဆိုး မိတ်ကပ်ထူထူလိမ်းထားတဲ့ အသက် ၃ဝ ကျော်စ အပျိုရိုင်းမလေးတစ်ယောက်.. ကျနော် သူ ့ကိုသဘောကျမိတယ်။ ဒီတော ့ ခလုပ်လေးတွေနှိပ်ပြီး စာသဝဏ်ပါးလိုက်ပါတယ်။ အဲဒီ ့ခူးခက်ခက်ပန်းကိုမှ ခင်လို ့သာတွယ် ခူးဆွတ်လို ့ တစ်သက်ရွယ်ပန် အပျိုရိုင်းမလေးနှုတ်က စကားတွေ ထွက်ကျလာတယ်။ နင်တို ့ယောက်ျားတွေ online ပေါ်ရောက်လာရင် လျှာရိုးမရှိတိုင်း တဲ ့။ ပြောမယ် […]


ငါရေးတဲ ့ဇာတ် ငါကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ငါကိုယ်တိုင် ဒါရိုက်တာလုပ်တဲ ့ ငါ ဆိုတဲ ့ ငါ ့ပြဇာတ်မှာ မင်းသားကြီးက ငါ… အဆိုလည်း ငါ အကလည်း ငါ အသောလည်း ငါ အလွမ်းလည်း ငါ အရယ်လည်း ငါ အငိုလည်း ငါ.. ငါ..ငါ…ငါ… ငါအထပ်ထပ်နဲ ့ ငါနဲ ့အတုတ်ခံရတာလည်း ငါ ငါနဲ ့တုတ်တာလည်း ငါ ခဲ ထု ဆုအချခံရတာလည်း ငါ ခဲ ဆုချတာလည်း ငါ… ဪ! ပရိဿတ်ကလည်း ငါ…