doekalayDecember 14, 20101min1136
ငရဲပြည်ကို အရှင်လတ်လတ် ရောက်သွားခဲ့ဖူူးတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဘုရားလောင်း နေမိမင်းအကြောင်းကို အားလုံး ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော်က ဘုရားလောင်းနေမိမင်းနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် ကျွန်တော်လည်းငရဲပြည်ကို အရှင်လတ်လတ်လိုလို၊ အိပ်မက်လိုလိုနဲ့ ရောက်သွားခဲ့ဖူးတယ်။ ခင်ဗျားတို့ယုံချင်ရင်ယုံ၊ မယုံချင်ရင်လည်းနေကြပါ။ ကျွန်တော်ကတော့ ငရဲမင်းကြီး အမိန့်ရှိခဲ့တဲ့အတိုင်း ငရဲပြည်က သတင်းအချက်အလက်တွေကို သိသင့်သူတွေသိစေဖို့ ပြန်ပြောပြဖို့တာဝန် ရှိနေတဲ့အတွက် အားလုံးကို ပြောပြချင်ပါတယ်။ အဖြစ်ကဒီလိုပါ…။ အဲဒီ့နေ့က … တိတိကျကျပြောရရင်တော့ အဲဒီ့ညနေကပေါ့…။ ကျွန်တော့်ကို ငရဲသားခန့်ခန့်ကြီးနှစ်ယောက်က သူတို့ရဲ့ စီးတော်ယာဉ်ကြီးနဲ့လာခေါ်သွားတယ်။ ဟိုရောက်တော့ သူတို့က ကျွန်တော့်ကို ငရဲမင်းကြီးနဲ့မိတ်ဆက်ပေးတယ်။ အဲဒီ့မှာပဲ ငရဲမင်းကြီးက ကျွန်တော့်ကိုပြောတယ်… “ မင်းကို ဒီခေါ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေအကြောင်း လူပြည်က အချို့သောသူတွေကို သတင်းပေးချင်လို့ပဲ၊ မင်းက သတင်းထောက်တစ်ယောက် […]


doekalayDecember 14, 20101min814
ဇာဂနာနှင့် နေဘုန်းလတ် ပူးတွဲဆုရရှိ …….. နိုင်ငံကျော် ဟာသ ပညာရှင် ကိုဇာဂနာနှင့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်တို့သည် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF)၏ ၂၀၀၈ ခုနှစ်အတွက် ဆိုက်ဘာ အတိုက်အခံ ဘလော့ဂ်ဂါဆုကို ကြာသပတေးနေ့တွင် ပူးတွဲ ရရှိလိုက်သည်။ ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့သည် ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် ကာလများက စစ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုများ အကြားက ပြည်တွင်းနှင့် ပြည်ပမှ ပြည်သူများ သတင်းမှန် ရရှိရေးအတွက် ဘလော့ဂ်များမှ တဆင့် တင်ပြပေးခဲ့၍ ယခုဆုကို ချီးမြှင့်ခြင်း ဖြစ်သည်ဟု RSF ၏ သတင်းစာ မျက်နှာများတွင် ဖော်ပြထားသည်။ ထောင်ထဲမှာပင် လူပြောများဖွယ် ပြက်လုံးများ ပြောကြားခဲ့သေးသည့် ကိုဇာဂနာကို ထောင်ဒဏ် […]


doekalayDecember 14, 20101min441
နအဖ သည် လမ်းပြမြေပုံ (၇)ချက်ကို ၂၀၀၃ ခုနှစ် ဩဂုတ်လတွင် ချမှတ်ခဲ့သည်။ ထိုလမ်းပြမြေပုံပါ အ ချက်များကို ၂၀၀၄ ခုနှစ် မေလမှစတင်ကာ တဆင့်ခြင်း အကောင်အထည် ဖော်ခဲ့ရာ ပဉ္စမအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်း ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁ဝ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ နောက်တနေ့တွင် ၁၉၉၅ ခုနှစ်က အပစ်အခတ် ရပ်စဲထားခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် လက်မခံသော ဗိုလ်မှူးချုပ် စောလားပွယ် ခေါင်းဆောင်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတို့ မြဝတီ၊ ဘုရားသုံးဆူ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုအခြေအနေသည် သံသယများဖြင့် (၁၅)နှစ်ကြာ တည်ဆောက်ထားသော […]


doekalayDecember 14, 201011min652
သေမှာကို မေ့နေကြပြီလား ကျော်သူ ဒီဇင်ဘာ ၉၊ ၂၀၁၀ ၂၀၁ဝ ခုနှစ် ဒီဇင်ဘာလ ရ ရက်နေ့သည် ကျွန်တော့်အတွက်၊ ကျွန်တော်တို့အသင်း နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက်၊ ဗမာပြည်သူလူထုတရပ်လုံးအတွက် မဟာဆုံးရှုံးမှုတရပ်ပင် ဖြစ်တော့သည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ရ ရက်နေ့က ကျွန်တော် မေမြို့တွင် ကိုယ်တိုင်ဒါရိုက်တာ သရုပ်ဆောင်အဖြစ် ရိုက်ကူးနေသော “ဇာတ်ကြမ်း” DVD ဇာတ်ကားကို ရိုက်ကူးနေစဉ် ကျွန်တော်တို့၏ လူမှုရေး၊ ဘာသာရေး၊ အနုပညာရေးတို့တွင် ရှေ့ဆောင်လမ်းပြဖြစ်သော ကျေးဇူးရှင် ဘဘ ဦးသုခ ဆုံးပါးသွားကြောင်း သိရှိရသည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် ရုပ်ရှင်အဖွဲ့သားများ၊ သရုပ်ဆောင်များအား တောင်းပန်လျက် ဘဘ ဦးသုခ၏ ကျန်ရစ်သော ခန္ဓာအား သင်္ဂြိုဟ်မည့်နေ့ရက်၊ ဂူသွင်းမည့် နေ့ရက် […]


doekalayDecember 14, 20101min39
VOA အင်တာနက် စာမျက်နှာမှ ကူးယူ ဖော်ပြသည်။ ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ် ဆိုတဲ့အခါ အဖွဲ့ချုပ်အတွက် သိပ် အားတက်စရာဖြစ်ပါတယ်။ နောက် အဖွဲ့ချုပ်ကို ထောက်ခံတဲ့လူတွေ ဒီမိုကရေစီ လိုလားတဲ့လူတွေကလည်း အင်မတန် အားတက် ဝမ်းသာ ဖြစ်ကြပါတယ်။ အဲဒီလို စိတ်ဓါတ်ရေးရာ အရှ့အားတက်စရာ ဖြစ်လာတဲ့အပြင် လက်တွေ့ နိုင်ငံရေးအားဖြင့်ရော ဘယ်လိုများ တိုးတက်ပြီးတော့ လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်း တွေ့ရပါသလဲ။ ဦးတင်ဦး ။ ။ အများကြီး တိုးတက်ပါတယ်။ ကျနော်တို့ ဆောင်ရွက်နေတာထက်စာရင် သူရဲ့ဆောင်ရွက်ချက်က အင်မတန် ကြီးမားပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာရော သူရဲ့နိုင်ငံရေးရုပ်လွှာ၊ ရုပ်ထု၊ ဥပဓိရုပ်ဟာ အင်မတန် ကြီးမားလာပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအရေး၊ […]


doekalayDecember 14, 20101min1403
ဒီဇင်ဘာ ၁၃၊ ၂၀၁၀ ဘန်ကောက်မြို့ အနီရောင် ရပ်ကွက် အရက်ဆိုင်တန်းမှ ဘီယာပုလင်းထည့်သည့် ခွက်တွင် တွေ့ရသော ဝေရှောက်ခမ်း အမေရိကန် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ DEA နှင့် ထိုင်းအရာရှိများက ၎င်းတို့ အလိုရှိနေသော ဝေရှောက်ခမ်းကို ဖမ်းမိနိုင်ရေးအတွက် ဒေါ်လာ ၂ သန်း ဆုငွေ ထုတ်ထားခြင်းအား ပိုမို လူသိများစေရန် လုပ်ဆောင်လိုက်သည်။ ဝေရှောက်ခမ်း မကြာခဏ သွားရောက်လေ့ရှိသည်ဟူသော အရပ်ဒေသများတွင် တွေ့နိုင်သည့် ဘီယာခွက် (beer bottle holders) ပေါ်၌ သူ၏ ဓာတ်ပုံကို ရိုက်နှိပ်လိုက်ခြင်း ဖြစ်သည်။ ဝ တိုင်းရင်းသား စစ်ခေါင်းဆောင် ဝေရှောက်ခမ်းသည် ရွှေတြိဂံဒေသ၏ အထင်ရှားဆုံး မူးယစ်ရာဇာ ဖြစ်လာသည်။ သူ၏ လုပ်ငန်းများရပ်ဆိုင်းသွားစေရေးအတွက် DEA က ယခင်ကပင် […]


doekalayDecember 14, 20101min583
“ဝီ ကီ လိ နှင့် ပေါတာကြီး ရဲ့ အထုပ်ဖြေပွဲ” “အမလေးတော် … မြန်မာပြည်နေပြီး ဒီယဉ်ကျေးမှုလေးမှ မသိ။ ဘယ်လို ဂွ စာ မိန်းမကြီးပါလိမ့်…” တနေ့ တခြား အရွယ်အစား သေးကြုံ့လာ သော ဈေးဆွဲခြင်းလေးထဲမှာ ပုစွန်ဆိတ်ကလေး နဲနဲ နဲ့ ကန်စွန်းရွက်လေး ၂ စည်းကို ခပ်သိုသို လေး ဝယ်ထဲ့ရင်း ဂျီးဒေါ် ဈေးက ပြန်လာစဉ်။ ရှေ့နားမှာ မျက်နှာချင်းဆိုင် လျှောက်လာသော လူစိမ်း တယောက်က … “ဂျီးဒေါ် … ဂဏ န်း ရ လား” လို့ မေးလာတယ်။ သူ့ကို ကိုယ်မသိ သော် လည်း “အင်းးးး ငါက နာမည်ကြီး […]


doekalayDecember 14, 20101min1000
“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” ကေသီပန်အဖွဲ့ ရပ်တည်ချက် မာမာအေး ဒီဇင်ဘာ ၁၂၊ ၂၀၁၀(photo – Khin Maung Lay) (အသံဖိုင် လင့် http://www.bbc.co.uk/burmese/programmes/2010/12/101209_mmaye_358.shtml ) သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ … ဒီဇင်ဘာလတောင် ရောက်လာပြီနော်။ ဘာလိုလိုနဲ့ ‘သက္ကရာဇ် ၂၀၁၀’ နေရစ်တော့မှာပါလား။ ဒီဇင်ဘာအလွမ်းနာကျတတ်တဲ့ မာအေး အလွမ်းမကျတကျ ဂီတလေးတွေ နားထောင်ရင်းနဲ့ နှင်းဖွေးဖွေးကို ငေးမယ်၊ တွေးမယ်လို့ ကြံပြီး ကိုယ့်ရှေ့တွင် တင်ထားတဲ့ ကွန်ပြူတာလေး ပိတ်မယ်လို့ မျက်နှာချင်းဆိုင်လိုက်တဲ့အခါမှာ မောင်ကလေး အောင်ဝေးရဲ့ “မစ်ရှီဂန်မှ ပေးသောစာ […]


doekalayDecember 6, 20101min611
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောက သူ့ ရဲ့ ၉၁ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ လုပ်ကိုင်နေကြတာကို အားရတဲ့အကြောင်းနဲ့ တပ်မတော်ကိုလည်း ပြည်သူလူထုဖက်က ရပ်တည်ဖို့ သမီးဖြစ်သူကတဆင့် သတင်းစကား ပါးလိုက်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ယာ)နှင့် သမီး ဒေါက်တာ လှကျော်ဇောတို့၏ (နေ့စွဲမသိ) မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA) ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောဟာ ကျန်းမာရေး အခြေအနေကြောင့် လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့က ဆေးရုံမှာ ဆေးကုသခံယူနေတာဖြစ်ပါတယ်။ ဒိအရင်နှစ်တွေကမွေးနေ့တွေမှာ ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောကိုယ်တိုင် မီဒီယာတွေကို သူ့ရဲ့အသံနဲ့ တပ်မတော်နဲ့ ပြည်သူကို ပန်ကြားလေ့ရှိပေမဲ့ ဒီနှစ်တော့ မပြောနိုင်ခဲ့ပါဘူး။ တပ်မတော်သားများအနေနဲ့ ပြည်သူနဲ့အတူ […]


doekalayDecember 6, 20101min562
ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့ မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့ တုန့်ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ အားတက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အမျိူးသားရေးလုပ်ငန်းတွေ အစီအစဉ်တွေကို အားလုံးက အဆင်ပြေ ချောမွေ့ အောင်မြင်စေဖို့ ဆုမွန်ကောင်းတွေ တောင်းနေကြတယ်၊ မေတ္တာပို့နေကြတယ်၊ ထောက်ခံ အားပေးလျက် ရှိတယ် ဆိုတဲ့ အကြောင်းကို အရင်ဆုံး တင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျမတို့ အခုလို ကြားသိရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ နောက်တခုကတော့ ပြည်ပမှာ မြန်မာအမျိုးသားတွေကလည်း လူမှုရေးကွန်ယက်တွေအဖြစ် […]


doekalayNovember 29, 20101min440
Biweekely ဂျာနယ်မှာလူငယ်တွေရဲ  ့အနာဂတ်မှာ ရသရဲ  ့အတွေးတွေကိုသတ္တိရှိရှိတွေ ့မြင်ရပါတယ်။သူဟာ လူငယ်ပီပီပွင် ့လင်းမှုရှိပြီးလူငယ်တိုင်းလိုလိုနိုင်ငံရေးကို စိတ်ဝင်စားသင် ့တယ်ဆိုတဲ ့အကြောင်းလူငယ်တွေကပိုမိုစိတ် ဝင်စားသင် ့တဲ ့အကြောင်းတွေကိုသူကပြောပြထားပါတယ်။ သူဟာNDFပါတီဝင်တစ်ဦးဖြစ်ပြီးNDFပါတီအတွက်အကျိုးပြုလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ကြောင်းနှင် ့နိိုင်ငံရေးဆိုသောအကြောင်းအရာ သည်လူတိုင်းကြောက်ဖို ့မလိုကြောင်းလူငယ်များစည်းလုံးမှသာနိုင်ငံတိုးတက်မည်ဖြစ် ကြောင်းအားလုံးစည်းစည်းလုံးလုံးရှိသင် ့ပါကြောင်းပြောကြားထားတာကိုတွေ ့ရပါတယ်။ အားလုံးကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျ……….ဝေဖန်ပေးကြ ပါအုံးလို ့………………….


doekalayNovember 29, 20101min505
ရက်ကွက်ထဲမှလူတွေတော်တော်များများပြောနေကြပါတယ်။ အထူးသဖြင် ့အစိုးရရုံးကဝန်ထမ်းတွေပါပဲ။သူတို ့ကတစ်ယောက်ကို နှစ်မဲထည် ့ပေးနေရတယ်လို ့ပြောနေကြပါတယ်။ပထမတစ်မဲကတော ့နေဲပည်တော် အတွက်ထည် ့ပေးရတာဖြစ်ပြီးနောက်တစ်မဲကတော ့ မိမိတို ့ရပ်ကွက်အတွက်ထည် ့ပေးရတဲ ့မဲပဲဖြစ်ပါတယ်တဲ ့ အားလုံးပဲဝေဖန်ဆန်းစစ်ပေးကြပါအုံးလို ့………သူတဲ ့သူများရှိရင်လည်းပြန်လည်ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။


doekalayNovember 10, 20101min999
ဗိုလ်ချစ်သူ ၏ သိန်းထောင်ကျော်တန် အိမ် ပြာပုံဖြစ်အောင် ဖျက်ဆီးခံရ နှင့် မြဝတီ နှင့် ဘုရား သုံးဆူ တိုက်ပွဲ များ အတွင်း သေဆုံး၊ဒဏ်ရရသူ စာရင်း ဖျက်ဆီးခံလိုက် ရသည့် DKBA တပ်မှုး ၏ အိမ် ဓာတ်ပုံ-ဧရာဝတီ သတင်းဌာန ကိုပု(မြဝတီ)၊                ၊ထိုင်းအင်ဂျင် နီယာများ ကို အသုံးပြုကာ သိန်းထောင်ချီ အကုန် အကျခံပြီးဆောက်လုပ်ထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ၉၉၉မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ မြဝတီ ရွေကုက္ကုလ် မြိုင် ကျေးရွာမှချစ်သူ မြိုင် စံအိမ် သည် ပြာပုံဖြစ်အောင် ဖျက်ဆီးခံ လိုက်ရကြောင်း FNG မှ သတင်းရရှိသည်။ ထိုအိမ် […]