fattySeptember 26, 20121min24232
အားလုံး … အားလုံး ကို ကျနော်လွမ်းနေရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျနော် စာမရေးဖြစ်တာပါ။ ကျနော် Fatty ပါ ကျနော် ပြန်လာပါမည်။ ကျေးဇူးးတင်လျှက်ပါ။


fattyApril 3, 20121min18418
နိုင်ငံရပ်ခြားကနေ ကုန်တင်ပို့တဲ့အခါ အရင်က အကောက်ခွန်ကို တဒေါ်လာ ၄၅ဝ ကျပ်နှုန်းနဲ့မြှောက်ပြီးကောက်ပါတယ်။ အခု ၈၁ဝ လောက်နဲ့မြှောက်ပါတယ် ၂ ဆဆိုပါတော့ အဲတော့ ကုန်ဈေးနှန်းတွေတက်တော့မဲ့သဘောပေါ့။ ဥပမာ အာမခံကြေး ကို အရင်က တဒေါ်လာ ၆ ကျပ်ခွဲနဲ့မြှောက်ပြီး ၂ သောင်းကျော်ကျော်လောက်ဆောင်လာရတာ မနေ့ကတော့ အာမခံကြေးသွားဆောင်လိုက်တာ ၈၀ဝ ကျော်နဲ့မြှောက်လို့ ၃၅ သိန်းကျော်သွင်းလိုက်ရပါတယ်။ နားလည်သူများ ဆွေးနွေးပေးကြပါ။


fattyFebruary 14, 20121min23430
စာရှုသူတို့ခင်ဗျား … ဖက်တီးတို့အလွန်းရိုးလွန်းလို့ပါ .. ကိုယ့်ကိုယ်ကိုအားမရဘူး … ဘယ်လောက်ရိုး ဘယ်လောက်အသလဲဆိုတော့ အိမ်ထောင်သာကြရော တသက်နဲ့တကိုယ် ရီးစားတောင်မထားဖူးလိုက်ဘူး … ။ မိန်းမတောင် အမေကလက်ဆွဲပြီး ရော့အင့် ဒါကိုယူဆိုလို့ ဘူမသိဘမသိ ယူလိုက်ရတာပါ .. ။ အဲဒါကြောင့် အထက်ကခေါင်းစဉ်လေး … ရီးစားဆိုရင် ကျိန်မှတဲ့ … မိန်းမဆိုရင် လိမ်မှတဲ့ … နားလည်သူတွေရှင်းပြကြပါအုံးလို့နော …ဖက်တီးပညာယူပါရစေလို့ ။


fattyFebruary 12, 20121min45054
ကြည့်မြင်တိုင် RC 3 ရှေ့မှာဆုံရပ်လုပ်ပြီး လူစုခဲ့ကြပါတယ်။ အဲဒီကမှ ကားကူညီပေးသူတွေဆီကကားနဲ့ လိုက်ပါသူတွေမျှတင်ပြီး ကိုကျော်သူတို့နာရေးကူကူညီမှုအသင်းရှိရာကိုထွက်လာကြပါတယ်။ အားလုံးလှူဒါန်းငွေ တဆယ်သုံးသိန်းကျော်ပါ … ။ ထူးခြားတာလေးတွေကတော့ မန်းဂေဇက်မှာရေးနေကြသူမှားသာမက စာဖတ်သူများပါ ပါဝင်လိုက်ပါ အားပေးကြခြင်းပါဘဲဗျာ ..။ ကဲကျနော်ကတော့သတင်းလေးဘဲရေးတာပါ အပြည့်အစုံကိုတော့တယောက်ယောက် က တင်ပေးကြပါအုံးလို့ ..။ အဲ ကိုဘလက်ချောကြီးကတော့ ၁၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့ ကားလဲအကူအညီပေးသဗျ။ ကျနော့ကို ထမင်းလဲကျွေးသဗျား အားလုံးကိုအအေးနဲ့ ဒါနပြုပါသဗျား ။ ပိုပြီးစာစုံသွားအောင် ဝိုင်းဝန်းရေးသားပေးကြပါ။ ပိုစ်သပ်သပ်တင်ချင်တင်ပေးကြပါလို့ … ။ အလှူငွေပေးအပ်လှူဒါန်းသည့် group ပုံ ကျနော်ထံတွင်မရှိပါ ။ လုလင် တို့ကိုချောတို့ထံတွင်ရှိမည်ထင်ပါသည်။ တင်ပေးကြပါရန်မေတ္တာရပ်ခံပါသည်။


fattyFebruary 7, 20121min16210
အကောင်းဆုံးဇာတ်ညွှန်းဆု ခင်မောင်ဦး စိုးသိမ်းထွဋ် ပင်လယ်ထက်ကနေဝန်းနီ အကောင်းဆုံးရုပ်ရှင်တေးဂီတဆု မြနန်မာပြည်ကျောက်စိမ်း အငိုမျက်လုံးအပြုံးမျက်နှာ အကောင်းဆုံး တည်းဖြတ်ဆု ဦးမြင့်ခိုင် ပင်လယ်ထက်ကနေဝန်းနီ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ဝါဝါအောင် အမေ့ကျေးဇူးဆပ်ဖူးချင်တယ် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ဝေလုကျော် ပင်လယ်ထက်ကနေဝန်းနီ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု သက်မွန်မြင့် အာဒမ်ရယ်အေဝရယ်ဒသရယ် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ပြေတီဦး အာဒမ်ရယ်အေဝရယ်ဒသရယ် အကောင်းဆုံး ဓာတ်ပုံဆု ပန်းချီစိုးမိုး ပင်လယ်ထက်ကနေဝန်းနီ အကောင်းဆုံးဒါရိုက်တာဆု ခင်မောင်ဦး စိုးသိမ်းထွဋ် ပင်လယ်ထက်ကနေဝန်းနီ


fattyJanuary 16, 20121min20117
အားလုံးပေါင်းစီးမိကြပေပြီ။ နိုင်ငံရေးအကျဉ်းသားများလည်းလွတ်လာပေပြီ။ တိုင်းရင်းသားများနှင့် သဘောတူညီချက်စာချုပ်များလည်း လုပ်သင့်သလောက်လုပ်ပြီးနေပါပြီ။ အခြေအနေအရပ်ရပ်တို့အကောင်းဘက်သို့ဦးတည်နေပေပြီ။ ဘာဆက်လုပ်ကြမည်နည်း ….။ မြန်မာပြည်ကြီးကမ္ဘာ့အလည်မှာရသင့်သည့်နေရာထိုက်ထိုက်တန်တန်ရအောင် အဆင်းရဲ့ဆုံးနိုင်ငံအဖြစ်မှ လွတ်ကင်းအောင် လုပ်ကြရပါလိမ့်မည် …။ ဆိုရသော် မြန်မာ့စီးပွါးရေးတိုးတက်လာအောင် လုပ်ကြရပေအုံးမည်။ ထိုသို့လုပ်ရာတွင် သယံဇာတတွေချည်းထိုင်ရောင်းနေလို့လည်းဖြစ်အုံးမည်မထင်။ နည်းပညာထွန်းကားဖို့လိုသည် စက်မှုလက်မှုထွန်းကားဖို့လိုသည် နိုင်ငံခြားမှ မှန်ကန်သောရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာဖို့လိုပါသည်။ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရေးတွင် ၁၉၈၈ အပြီးက သင်ခန်းစာပြန်ယူဖို့သင့်လှသည်။ ထိုစဉ်က တိုင်းပြည်တခါးဖွင်းတယ်ဟေ့ဆိုတာနှင့် အကြံအဖန်သမားတို့ကအရင်ဝင်လာကြသည်။ သူတို့နိုင်ငံမှာအလုပ်ပြုတ်လာသူများ ပွဲစားသာသာများသာဝင်လာကြသည်။ ကျနော်လုပ်ခဲ့ဘူးသည့်ကိုရီးယားကုမ္ပဏီမှ ဘောစိဆိုလျှင် မြန်မာနိုင်ငံသို့တခေါက်ပြန်ဝင်လာလျှင်ဒေါ်လာ ၅၀၀၀ဝ ပါလာသည်။ တကယ်ပါလာသည်မဟုတ် လေဆိပ်တွင် တပုလင်းပေးပြီး ၅၀၀၀ဝ ပါလာကြောင်းစာရွက်ပေါ်တံဆိပ်တုံးထုခိုင်းသည် ဒီကလဲထုပေးသည် ကောင်းကြရော …..။ သို့ဖြင့်မြန်မာမာပြည်ကပွဲစားများနှင့် နိုင်ငံခြားမှပွဲစားများပေါင်းကာ ပြည်တွင်းမှရှာလို့ရသည့် ကျပ်ငွေများကို ဒေါ်လာဝယ်ကာ နိုင်ငံခြားသို့ပြန်ပို့၏ မကောင်းလေစွ ။ မြန်မာ့စီးပွါးရေးသည်ယခုထိပုံမှန်မဟုတ်သေးပါ။ သူများနိုင်ငံကကား ဖြုတ်ထုတ် […]


fattyJanuary 15, 20121min1859
ရေဆေးပန်းချီဟာ ပန်းချီကားတွေထဲမှာဆွဲရတာခက်ပါတယ်။ ရေအတိုင်းအဆ ထည့်ရတာပညာပါလှပါတယ်။ အရောင်နုနုလေးနဲ့ဆွဲလေ ခက်လေပါဘဲ။ နောက်များမှ ကျနော်ကိုယ်တိုင်ဆွဲတဲ့ပန်းချီကားတချို့တင်ပါအုံးမယ်။