fattyOctober 15, 20101min1297
ဒါ ….အားလုံး ၆၀၀ဝ ဘိုးလောက်ရှိတယ် ………………………………။ ပြန်ရောင်းရင် ..၇၅၀ဝ လောက်တော့ရမယ် …………………………………………..။ တနေကုန်လျှောက်ရတာဆိုတော့ …ညညကျ ဒူးဆစ်တွေတော့အတော်ကိုက်တယ် ……………………………………။


fattyOctober 14, 20101min40335
ယခုခေတ်ကိုဆိုလိုတာပါ …………………..။ မိန်းကလေးများ … အကယ်ရျ် … မင်းတို့က ယောကျာင်္းလေး တဦးဦးကို …စိတ်ဝင်စားနေပြီ (သို့) နှစ်သက်နေပြီ (သို့) ကြိုက်နေပြီဆိုလျှင် ……………. သူတို့သိအောင်မည်ကဲ့သို့ အချက်ပြကြပါသနည်း ……။ မှတ်ချက် …. ရန်မထောင်ရပါ။ အကောင်းဆုံး ကွန်မင့်ပေးနိုင်သူအား ထိုက်တန်စွာ ချီးမြှင့်ပါမည်။


fattyOctober 14, 20101min813
မဝေ နဲ့ တက္ကသိုလ်မှာဆုံခဲ့ကြပုံက ရုပ်ရှင်ဇာတ်ကားတွေထဲကလို ဆန်းဆန်းပြားပြား မဟုတ်ပေမဲ့ နဲနဲတော့ …. ပြောစရာဖြစ်နေပေမည်။ ရန်ကုန် တက္ကသိုလ်ကို ကျနော် တောင်ကြီးကောလိပ်က ပထမနှစ်ပြီးတော့ပြောင်းလာရသည်။ တတိယနှစ်ရောက်မှ ရန်ကုန်တက္ကသိုလ်၏ ပင်မ ကျောင်းဆောင်ကြီးတွေဘက်ကိုရောက်ဖူးသည်။ ဒုတိယနှစ်တနှစ်လုံး ရာမညဆောင်မှာသာကျောင်းတက်ရသည်။ ရာမညဆောင်က ပြည်လမ်းမကြီးဘက် .. လှည်းတန်းကားဂိတ်ဖက်နီးတာမို့ ပင်မ ဆောင်ကြီးများနှင့် နဲနဲအလှမ်းဝေးသည်။ ကျနော်ဆိုတဲ့ကောင်ကလဲ … နယ်ကပြောင်းလာခါစမို့အူလည်လည် …အဆောင်ကနေ စာသင်ခန်းထဲသို့သာတန်းဝင်သည်။ ဟိုဟိုဒီဒိ လျှောက်လိမ့်တာမျိုးမရှိ … အလွန်ဆုံ့း …ဦးချစ်လဘက်ရည်ဆိုင်လောက်သာသွားထိုင်တတ်သည်။ …..အဲဒီစာသင်နှစ်တနှစ်လုံး ပင်မ ဆောင်ကြီးတွေဘက်မရောက်ဖြစ်တော့ … ဘယ်လောက်စည်ကားသလဲဆိုတာလဲမသိ ….။ အူလိုက်ပါဘိ။ တတိယနှစ်ရောက်တော့ … ပင်မ သိပ္ပံ ဆောင်ကြီးမှာ ကျောင်းစတက်ရသည်။ ကျောင်းဆောင်ကြိးကလည်း ခန့်ညားလှပါလား …. တက္ကသိုလ်ကျောင်းသူတွေကလည်း လှလိုက်တာ […]


fattyOctober 13, 20101min827
ယနေ့နေ့ခင်း အငယ်တန်း လျှပ်စစ်ဝန်ထမ်းတဦးနှင့် စကားလက်ဆုံကျ ရင်း မေးမြန်းကြည့်ရာ ဂက်စ်ပိုက်လိုင်းများရန်ကုန်မြို့သို့ သွယ်တန်းပြီးနေသော်လည်း ရန်ကုန်မြို့ရျှိတာဘိုင်စက်ကြီးများမှာ ဟောင်းနွမ်းနေပြီဖြစ်သဖြင့် ခွဲတန်းနှင့်သာပြန်လည်ပေးရဖွယ်ရှိကြောင်း ပြောကြားသွားသည် ။


fattyOctober 12, 20101min31820
ဒီနေ့ CITY MART ရောက်ဖြစ်တော့ ရွှေကူမေနှင်းရဲ့ ငါတို့တုန်းကတက္ကသိုလ် စာအုပ်တွေ့လို့ လှန်လှောကြည့်ဖြစ်ရသည်။ အိပ်ကပ်ထဲစမ်းကြည့်တော့ ဗလာမို့ဝယ်တော့မဝယ်ဖြစ်ခဲ့ … ရွှေကူမေနှင်း နာနတ်တောဘက်နေတုန်းကတော့တခါဆုံဖြစ်ကြသေးသည်။ သူ့ခေါင်းစဉ်ဖတ်ပြီး feel ကဝင်သွားပြန်ပြီ ……. တခါတုန်းက တက္ကသိုလ်ကို အမှတ်ရပါဘိခြင်း ……။ ၁၉၇၈ ၁၉၇၉ တုန်းက ပင်းယဆောင်မှာနေရသည်။ ထမင်းစား သံချောင်းခေါက်တော့ ဦးအောင်ပြေးရသည် …။ နို့မို့ ဘယ်ကောင်းကောင်းကျန်လိမ့်မတုန်း .. ဒါတောင် အကောင်းဆုံးထမင်းဝိုင်းရွေးထိုင်တာတောင်မှ … ဝက်သားဆို လက်တဆစ်လောက်အတုန်းလေးတွေ သုံးတုန်းလောက်ပါတာကိုး …။ အိမ်ကပံ့ပိုးနိုင်သူတွေကတော့ ငပိကြော်ဗူးတွေဘာတွေနဲ့ပေါ့ …။ ထမင်းစောစောစားပြီး ..ထုံးစံအတိုင်း အဓိပတိလမ်းမကြီးပေါ် လမ်းသလားကြသည်။ တွေ့သမျှကောင်မလေးတွေ လိုက်ရှိတ်သည်။ …. တဖြည်းဖြည်းနဲ့မှောင်စပျိုးပြီ …။ recreation centre ဟုခေါ်သော ကျောင်းသားများ […]


fattyOctober 12, 20101min1257
မြန်မာနိုင်ငံမှာ လုပ်ငန်းရှင် Boss ကို ဘောစိ ဘောစိနဲ့ခေါ်နေကြတယ် .. ဘာကြောင့်ဘယ်လိုဆင်းသက်လာသလဲတော့မသိပါ ။ ကုမ္မဏီမှာအလုပ်လုပ်နေကြသူများ တချို့ဟာ လခရလို့လုပ်နေကြပေမဲ့ ကိုယ့်ကိုယ်ကိုယ် မကျေနပ် နေကြသူတွေအများအပြားရှိကြပါတယ်။ အထူးသဖြင့် ဘော့စ် တွေကို ရင်ထဲကမကျေနပ်ကြတာပါ။ အားလုံးကိုတော့ပြောတာမဟုတ်ပါဘူး။ တချို့ကိုသာဆိုလိုတာပါ။ သူကတော့ ဘော့စ် ဖြစ်နေတယ် ငါကသူခိုင်းတာလုပ်နေရတယ် … သူ့လိုလုပ်ငန်းရှင်ဖြစ်အောင်ကလည်း ..အရင်းအနှီးကမရှိ။ တကယ်တန်းတော့ အဲဒီနှစ်ဦးအကြားဘာကွာခြားနေလဲ ..အသေအချာစဉ်းစားကြည့်ရင် … အရင်းအနှီးရှိခြင်းမရှိခြင်း ကတချက်။ အရင်းအနှီးလေးထိုက်သင့်သလောက်ရှိရင်ကော … လုပ်ငန်းထူထောင်တတ်ပါသလား ……။ အဓိက ခြားနားချက်က .. အမြင်ကြယ်မှု လုပ်ငန်းတခုကိုစတင်ထူထောင်လုပ်လိုစိတ်ရှိမှု တွေကွာခြားနေတာပါ။ ညီငယ်တယောက်ရှိတယ် …တောဘက်ကတက်လာတာ … ပညာကသိပ်မတတ်လှဘူး …သူ့ကိုကျနော်အလုပ်ထဲသွင်းပေးလိုက်တယ်။ ရေသန့်ဖြန့်ချီရေးလုပ်ငန်းမှာပေါ့ … ဒါပေမဲ့သူ့ပင်ကိုစိတ်ကိုက ..သူများခိုင်းတာ မလုပ်ချင်ဘူး … […]


fattyOctober 11, 20101min1536
ကျနော်အရင်တတ်ဖူးတဲ့ခေါင်းစဉ်မှာ အခုတော့တလုံးထပ်တိုးလာရပြန်ပြီ ….။ ကိုယ့်ခေါင်းစဉ်ကိုယ်ပြန်ဖတ်ကြည့်တော့ .. တခုမှကောင်းတာမပါဘူးဖြစ်နေတယ် …။ ကဗျာကယာလဲလုပ်သေး …ပြီးတော့ဘိုသီဖတ်သီနဲ့ …သပ်သပ်ယပ်ယပ်မရှိ ..ပြီးတော့ ပြီးစလွယ်ပါလုပ်ကြတော့ .. ပြီးပါလေရောဗျို့။ အရေးကြီးတာက ..ကိုယ်နိုင်ငံအုပ်ချုပ်မဲ့ အကြီးအကဲများ ..အဲ .. သမတကြီး ဝန်ကြီးချုပ်ကြီး စစ်ဦးစီးချုပ်ကြီး လွှတ်တော်အမတ်ကြီးများ ကျနော့ခေါင်းစဉ်အတိုင်းမဖြစ်စေချင်တာပါ …။ အခုလောလောဆယ် TV ကနေ ၁၅ မိနစ်လား နာရီဝက်လား အမတ်လောင်းများကို စကားပြောခွင့်ပေးထားပါတယ် ။ တခါတလေတော့လဲ နားထောင်ကြည့်ဖြစ်ပါတယ် ။ တကဲ့ကို ကဗျာကယာပါဘဲ …။ သူတို့ပြောနေတာက မဲဆွယ်ဖို့လား .. REPORT ဖတ်ပြနေတာလား .. ကိုယ့်ပါတီရဲ့မူဝါဒတွေကို ပြည်သူတွေသိအောင်ရှင်းပြနေတာလား … အင်း ..အဲဒီရည်ရွယ်ချက်တွေအကုန်ပါမယ်ထင်ပါရဲ့ … ဒါပေမဲ့ … ဒီလောက်အရေးကြီးတဲ့ […]


fattyOctober 11, 20101min1488
အကိုဝမ်းကွဲရဲ့ ကလေးက ၂ တန်းကျောင်းသားလေး … စာကောင်းကောင်းမလုပ်ချင်ဘူး … စာညံ့တယ်ဘဲဆိုကြပါစို့ လက်ရေးကလည်း ဘလချာ ရမ်းနေတာဘဲလေ … စာကလည်းလုံးဝ မကျက်ချင်ဘူး …. အဖေက အင်ဂျင်နီယာ .. အမေက တက္ကသိုလ် က ကျူတာ ..ဆိုတော့ … သူတို့ကလေး ဒီလောက်ညံ့နေတာ ဘယ်အဖြစ်ခံနိုင်ပါ့မလဲ … သူတို့ကိုယ်တိုင်သင်ပေးတယ် … ကလေးကလဲ ..စာရေးခိုင်းရင် စာလုပ်ခိုင်းရင်ငိုပြီ။ အမေက အထူးသဖြင့်လက်သံပြောင်သလားမပြောနဲ့ တံမြက်စီးတွေ့ရင် တံမြက်စီးကျိုးအောင်ရိုက် … ဝါးခြမ်းပြား ရှိရင် ဝါးခြမ်းပြားကျိုးအောင်ဆော် … နောက်တော့ ကြိမ်လုံးသေးသေးလေး ဝယ်ထားပါရော … ကလေးကလည်း …ဘယ်လိုကျင့်ပေးပေး ..လက်ရေးကို ဝိုင်းအောင်မရးနိုင်ဘူး ……။ ကျနော်တို့ကလည်းဘေးကနေ ကြာတော့မနေနိုင်တော့ဘူး … ကဲရှိပါစေတော့ […]


fattyOctober 9, 20101min984
ကျနော်စာသင်ဘူးတယ် ….. သူငယ်တန်းကစပြီး ….. IELTS …GCE ထိ ……။ အဲဒီတော့ …ကလေးတွေရဲ့ course တွေကိုသိနေတယ် …။ အထူးသဖြင့် သူများနိုင်ငံနဲ့ ခြားနားချက်တွေ .. သင်ပုံသင်နည်း teaching method တွေပေါ့။ မတူတာကတော့မပြောပါနဲ့တော့ …. အတော်လေးနောက်ကျနေပြီ ..နိုင်ငံရပ်ခြားမှာ ပညာသင်ခဲ့သူတွေပိုသိမှာပေါ့ ….။ တကယ်တန်းက ကျနော်ဒီအကြောင်းတွေသာရေးနေတာ …ပညာရေးဝန်ကြီးရဲ့အလုပ်ဗျ ..။ ကျနော် ကလေးတွေသနားလို့ပါ …။ မလိုအပ်ဘဲ အလွတ်ကျက်ရ ..ကျူရှင်ယူရ ..နဲ့ စာနဲ့ဘဲအချိန်ကုန်နေကြရတာ … သူတို့ခေတ် အသက်ရှည်ရှည်နေရဘို့တော့လမ်းမမြင်ဘူး ..။ ပထဝီလိုမျိုး ..သမိုင်းလိုမျိုး ..သိပ္ပံလိုမျိုး အလွတ်ကျက်ရတာ နဲနဲ တော်သေးတာပေါ့ …။ အင်္ဂလိပ်စာ ဆို ပြဌာန်းထားတာတွေက … သိပ်အကျိုးမရှိလှဘူး […]


fattyOctober 9, 20101min752
လူတော်တော်များများကိုကြည့် …မအောင်မြင်တာများတယ် ….ဘာကြောင့်လဲ …. ဦးတည်ချက် တွေဝေဝါးနေလို့ရယ် …. မပြတ်သားတာရယ် … ဘာလုပ်ရမှန်းမသိပါဘူးကွာ ..ဆိုတာတွေရယ်ပေါ့ ဒါပေမဲ့ …တခုခု လုပ်ဖို့ idea ထုတ်အုံးမယ်ဆိုပြီး beer ဆိုင်ထိုင် … beer လေးတမြမြ နဲ့ တော့သိပ်မကောင်းလှဘူးနော် .. ကိုယ့်ကိုယ့်ကို ပြန်စစ်တမ်းထုပ်ပါ ….လိုအပ်တာတွေကိုဖြည့်ဆီးဘို့လုပ်ပါ … အပြောလွယ်သလောက်ခက်တော့ခက်တယ်ကွ .. ဖေဖေလဲ မှားခဲ့တာတွေအများကြီး … မင်းအလှည့်မှာအမှားနဲနဲ နဲ့ …အမြန်ကြီးပွါးတိုးတက်အောင် … ပြီးတော့ … ကိုယ်အတွက်ပြည့်စုံသလောက်ရှိပြီဆိုရင် …သူများတွေကိုကူညီနိင်အောင် … လုပ်မှ အဓိပ္ပါယ်ရှိမှာပေါ့ …။ မင်းတို့ခေတ်က ..စာဖတ်နဲကြတယ် …စာအုပ်ကောင်းတွေကလဲသိပ်မထွက်လှဘူး …ဒါကြောင့်စာအုပ်ဟောင်းတွေပြန်ဖတ်ပါ ..။ chatting တို့ ဖုံးလေးကိုင်ပြီးကလိ နေတာတို့နဲ့အချိန်မဖြုံးမိစေနဲ့ … […]


fattyOctober 9, 20101min1056
ဟလို ….အကိုင်းလား …နေ ကောင်းလား ..အင်း …ဒီလို …..ခင်ဗျားမှာ ပေါ်ဆန်း ဘယ်လောက်ရှိလဲ အင်း အကုန်လိုချင်တယ် ….. မနက်ဖန်ညနေ ၃ နာရီ နောက်ဆုံးအရောက် ကျုပ်ဂိုထောင်ထဲပိုးပေး ….ဟုတ်ပြီလား … လောလောဆယ် စရံ နဲနဲယူထားအုံးလေ …. ခင်ဗျားကလဲ မလုပ်ဘူးတဲ့သူတွေကြနေတာဘဲ ဟလို ……. ကိုစွပ် ….ကျနော်ပါ … ခင်ဗျားဆီက ..ရှယ်ပေါ်ဆန်း ..အကုန်ယူမယ် …အော် ..ပွင့်သွားလို့ပါ …. နောက်ထပ် ရသလောက် လိုချင်တယ် …… ခင်ဗျားနယ်ဆင်းနိုင်ရင်ဆင်းပေးအုံး …. အော် …. သဘက်ခါ ညနေ ၃ နာရီ အရောက်နော် …. စရံကို ကျုပ်ရုံးခန်း လာထုတ်ခိုင်းလိုက် ……….. ဆရာလား […]