လမ်းကလေး ရောက်ခဲ့ပြန်ပါပြီ။ ဘယ်တော့မှ ထပ်မရောက်နိုင်တော့ပါဘူးလို့ ထင်ခဲ့တဲ့လမ်းကလေးဆီ နောက်တကြိမ် ရောက်ခဲ့ပြန်ပါပြီ။ အဖြစ်အပျက်တွေ အားလုံးဟာ ဒေါ်ခင်သူ စိတ်ထဲမတော့ မနေ့တနေ့ကလိုပင်။ အချိန်ဆိုတဲ့ သမားတော်ဟာ အရာရာကို ကုစားနိုင်ပေမဲ့ ဒေါ်ခင်သူကိုတော့ ချန်လှပ်ထားခဲ့ပုံရသည်။ ဒေါ်ခင်သူသာ မပြောင်းလဲပေမဲ့ လမ်းကလေးကတော့ ပြောင်းလဲခဲ့ပြီ။ ဟိုတုန်းက မြေနီလမ်းကလေးဟာ အခုတော့ ကွန်ကရစ်လမ်းလေးဖြစ်နေပြီ။ စိတ်ကို လန်းဆန်းစေခဲ့သော စိမ်းစိမ်းစိုစို ပုဏ္ဏရိတ်ပင်တန်း ခြံစည်းရိုးလေးတွေ နေရာမှာ အုတ်တံတိုင်းတွေက အစားထိုးနေလေပြီ။ အဆုတ်လိုက်ပွင့်နေသော ပုဏ္ဏရိတ်ပန်းနီနီလေးတွေ၊ တချို့နေရာမှာ ပန်းရောင်ဖျော့ဖျော့၊ တချို့နေရာမှာတော့ အဝါရောင်လေးတွေနှင့် အလှဆင်ထားကြသော သဘာဝအလှတရားတို့ ဘယ်တုန်းကများ ပျောက်ကွယ်သွားပါလိမ့်။ ဒေါ်ခင်သူ့ အတွေးထဲမှာတော့ လမ်းကလေးကို တွေးမြင်လေတိုင်း သည်သဘာဝ အလှလေးတွေက ဘယ်တော့မှ ပြောင်းလဲမသွားခဲ့ပေ။ အခုတော့ ဒေါ်ခင်သူ မျက်မြင်မှာတော့ […]