hmeeOctober 25, 20113min22813
ညာဘက်က တံတားလေးကနေ တက်သွားရတာပါ။ ဒေးဗစ်ဘုရင် အုတ်ဂူပါ။   ဒီတစ်ခါ အိမ်ကစထွက်တော့ မနက်(၈)နာရီ  ဂျေရုစလင်ရောက်တော့ (၁၀)နာရီ ကျော်ကျော်ပဲ ရှိသေးတယ်။ Dom of The Rock က  (၁၂) နာရီမှ ဖွင့်မှာ စောနေသေးလို့  ဂျေရုစလင်မြို့ထဲ  လျှောက်သွားပါတယ်။  ဂျေရုစလင် အသည်းနှလုံးလို့ တင်စားထားတဲ့  Ben Yehuda Street  မှာ လမ်းလျှောက်ဖို့ ကြံကြပါတယ်။  လမ်းမရောက်ခင်မှာ ကားပေါ်ကဆင်း ပြီးတော့ အဲ့ဒီလမ်းဆီ ခြေလျှင် ချီတက်ကြပါတယ်။ အဲ့လမ်းက ကားဝင်လို့ မရပါဘူး။  သူက တောင်စောင်းလို ဆင်ခြေလျှော တလျှောက် ရှိနေတဲ့လမ်းပါ။ ဘေးနှစ်ဖက်က ဆိုင်တွေ လမ်းလယ်မှာက ခုံတွေခင်းထားပါတယ်။ တချို့နေရာလေးတွေမှာ လမ်းလယ်ပန်းဆိုင်က အလှအပနဲ့   သစ်ပင်ကြီးတွေ […]


hmeeOctober 23, 20117min21525
မြို့ဟောင်းရဲ့ မြို့ရိုးကြီးပါ။ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေပါ။ ရှေးအလွန်ကျတဲ့ ဂိတ်တွေပါ။ ဘုရားကျောင်းထဲက လက်ရာတွေပါ။ နံရံက ပန်းချီမှာ ရေတကောင်းလေးပုံပါတယ်။ ရေတကောင်းလေး ထင်တာပဲ။ ရှင်သန်ထမြောက်တဲ့နေရာ။ လူတွေ ဝင်ဖို့ တန်းစီနေကြတာ။ Holy sepulchre ရဲ့ ရှေ့ဘက်ပုံ။ ဝဲဘက် ဝင်ပေါက်လေးက ဝင်ရင် ဝင်ဝင်ခြင်း ကျောက်ဖျာကို တွေ့ရတာပါ။ ကျောက်ဖျာ နောက်ဖက်က နံရံက ပန်းချီပုံပါ။ အလွန်အသက်ဝင်ပြီး လှပါတယ်။ သခင်ယေရှုအလောင်း တင်ခဲ့တဲ့ ကျောက်ဖျာပါ။ သခင်ယေရှု လက်ဝါးကတ်တိုင် ထမ်းပြီး လျှောက်ခဲ့တဲ့လမ်းပါ။ တချို့နေရာတွေက ကျဉ်းပြီး မှောင်နေလို့ ဓါတ်ပုံရိုက်မရပါဘူး။ ခပ်လှမ်းလှမ်းက မြင်နေရတဲ့ လက်ဝါးကတ်တိုင်ဟာ ဘုရားဖူးခရီးသည်တွေ လမ်းတလျှေက် ထမ်းလာပြီး ထားခဲ့တဲ့ နေရာမို့ တွေ့ရတာပါ။ မြို့ဟောင်းက […]


hmeeOctober 21, 20112min31626
ရဘိုင်တွေ ဘုရားရှိခိုးနေတာ။ ရဘိုင်တွေပါ။ လိုချင်တဲ့ဆုကို စာရွက်မှာရေး ပြီးတော့ ကျောင်းတော်ဟောင်းရဲ့ အုတ်ကြားထဲ ထည့်ပြီး ဆုတောင်းကြပါတယ်။ အုတ်ကြားထဲက အဖြူလေးတွေက စာရွက်လေးတွေပါ။ ဂျေရုစလင်က တောင်ပေါ်မြို့လေးပါ။ တောင်စောင်းတွေမှာ တိုက်တွေတည်ထားတာများ အလွန်လှပါတယ်။ တောင်စောင်းတွေမှာ တည်ထားလို့များ ကားလမ်း မပေါက်ဘူးမထင်နဲ့  ချောင်လျှိုချောင်ကြားမကျန် ကားလမ်းပေါက်ပါတယ်။ သူတို့နိုင်ငံရဲ့ အထိမ်းအမှတ် ပစ္စည်လေးတွေဟာ ဂျေရုစလင်မြို့ပုံစံကို ပုံဖော်ထားတယ် ထင်တာပါပဲ။ တောင်စောင်းမှာ တည်ထားတဲ့ မြို့ပုံစံလေးတွေ ထွင်ထားတာပါ။ ဂျေရုစလင်ဟာ အစ္စရေးရဲ့ မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့ပါ။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝခန့်က ဒေးဗစ်ဘုရင်က တည်ခဲ့တာပါ။  အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်လို့ ဝန်ကြီးဌါနအားလုံး (ကာကွယ်ရေးဝန်ကြီး ဌါနမှ လွဲပြီး)  ဂျေရုစလင်မှာ ရုံးစိုက်ကြပါတယ်။ အနာဂါတ်မှာ ပေါ်ထွန်းလာမဲ့ ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော် […]


hmeeOctober 20, 20112min42624
အစ္စရေးငွေတွေပါ။ ပိတ်ရက်မို့ ကမ်းခြေမှာ လူတွေအပြည့်။ Telaviv ကမ်းခြေပါ။ Telaviv ကနေ Jaffa မြို့ဟောင်းကို မြင်ရတာပါ။ ကမ္ဘာမှာ ဒုတိယ ရှေးအကျဆုံးမြို့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၅၀၀)က မြို့ပါ။ Jaffa မြို့ဟောင်းဘက်ကနေ Telaviv ကို လှမ်းမြင်ရတာပါ။ ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့  မြေထဲပင်လယ် ဆိုတာကို အခုလို မျက်မြင်တွေ့ရမယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။ အခုတော့ ကမ်းခြေမြို့ ဖြစ်တဲ့  တဲအဗီးလ် ( Tel Aviv)  မှာ နေတာဆိုတော့ မမြင်ချင်အဆုံး အမြဲကို တွေ့နေရတာ။  တဲအဗီးလ်မြို့ဟာ မြေထဲပင်လယ် အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး လူဦးရေ အထူအထပ်ဆုံးမြို့ပါ။  နိုင်ငံရဲ့ စက်မှု၊ စီးပွါးရေး၊ ငွေကြေးနဲ့ ယဉ်ကျေးမှု အချက်အချာကျသော […]


hmeeOctober 19, 20113min34337
ရွှံလူးထားတဲ့သူ။ ရွှံလူးနေတာ။ရေပေါ် ပေါလော ပေါ်နေတာ။ရွှံလူးထားတဲ့လူ။ကမ်ခြေဘက်ကို ရိုက်ထားတာ။ကမ်းခြေစောင့်တဲ။ရေချိုနဲ့ ပြန်ချိုးတဲ့ နေရာ။ ပင်လယ်သေဟာ ရေပိတ်ကန်တခု ဖြစ်ပြီး ပင်လယ်ပြင် sea level အောက် မီတာ ၄၀ဝ နိမ့်ပါတယ်။  ကမ္ဘာ့သဘာဝ ရေနက်အိုင်ကြီးများ အနက်  ပင်လယ်ပြင်အောက် အနိမ့်ဆုံးနဲ့ ဆားအငန်ဆုံးအိုင်ကြီး ဖြစ်ပါတယ်။  လွန်ခဲ့တဲ့ နှစ်ငါးသန်းက ဆီရီးယားနှင့် အာဖရိကမြေပြင်ကြီး နိမ့်ဆင်းသွားရာမှ  ပင်လယ်သေ၏  အောက်ခြေချိုင့်ဝှမ်း မျက်နှာပြင် ပေါ်ထွန်းလာခဲ့တာပါ။  ပူပြင်းသော ဒေသမို့ အမြဲရေငွေ့ပျံ  ဆုံးရှုံးတာကြောင့် ပုံသဏ္ဍန် အမြဲပြောင်းလဲ တတ်ပါတယ်။  အရှည် ၇ဝ ကီလိုမီတာ၊ ၁ရကီလိုမီတာကျယ်ပြီး  စုစုပေါင်း ၁၀၀ဝ စတုရန်းကီလို မီတာ ကျယ်ပါတယ်။  ရေထဲမှာ ဆားဓါတ် အရမ်းများလို့ အရမ်းငန်ပါတယ်။ ကျွန်မတော့ ငန်လွန်းလို့ […]


hmeeOctober 11, 20111min125840
အင်း….ဆံပင်တွေက ရှည်နေပြီ။ ပုံမကျ ပန်းမကျမို့  နဂိုရှိရင်းစွဲထက် အသက်ကြီးသလိုလို။ အမှန်တော့ ငယ်လည်း ငယ်မှ မငယ်တော့တာ။ ထွက်လာကာစက  ညှပ်နေကျ  ဆိုင်မှာ  “ညီမရေ   အမနဲ့   လိုက်မယ် ထင်တာထဲက  အတိုဆုံးပုံ ညှပ်ကွာ”  ဆိုပြီး ညှပ်ခဲ့သော်လည်း အခုတော့ သူရှည်လေပြီ။ ဟိုး…. အရင်ကတော့  အိမ်ရှိ လူကုန်   အားကိုးပြီး နေခဲ့သမျှ     အခုတော့ ဒုက္ခရော လှလှရောပါ တွေ့ပြီ။  နီးရာလူ သားကိုထိန်း  ကိုယ်က အေးဆေး ဆံပင်ဆိုင်မှာ။ အခုတော့ ဆီသည်မ လက်သုတ်ဘဝ နေ့ခြင်းညခြင်းကို ရောက်တာ။  အိမ်အလုပ်၊ သားအလုပ်နဲ့ တနေ့တနေ့ လျှာအလျှားလိုက် ထွက်လုလု။ နေ့စဉ်  မိုးလင်းတာနဲ့   အိပ်ရာ ကပြာကယာထ။ ဆံပင်ကို […]


hmeeSeptember 28, 20111min19914
“အဖေကြီး…..အမေက  ကလေးမွေးခ  ပေးလိုက်ပါဦးတဲ့” “ဟ…ဒီကောင်  ဘယ်နှယ့်ပြောလိုက်တာတုံး” လမ်းမက အော်သံနဲ့   မရှေးမနှောင်း   အိမ်ပေါ်မှာ တီဗွီကြည့်နေတဲ့ အဖေရဲ့ စိတ်ပျက်လက်ပျက် အသံထွက်လာပါတယ်။ “ဒီ..မဲတူဟာလေ  ပြောရော့မယ်” အမေက ပြုံးပြုံးကြီးနဲ့  အလုပ်သမားခ လာရှင်းနေတဲ့ လေးမတင်အေး ဘက်လှည့်ပြောလိုက်တော့ “ပြောမနေနဲ့ မမြိုင်ရေ  ဒီကောင်  ဘာမှနားလည်တာမဟုတ်ဘူး။ ကိုယ်ပြောတာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း  မသိဘူး။” “မသိတဲ့လူက  ငါနဲ့ပဲ မွေးလို့ အခလာတောင်းသလိုလို  တကဲ့ကောင်”  အိမ်ပေါ်ပြတင်းပေါက်မှာ  ရပ်ပြီး  မီးဖိုရှေ့ တန်းလျှားမှာ ထိုင်နေတဲ့ အမေတို့ကို ငုံကြည့်ပြီး ပြောပါတယ်။ “ဟဲ့..ကောင်လေး…ဒီဘက်ကိုလာ”  အိမ်ရှေ့ ခြံစည်းရိုးမှာ ရပ်နေလို့ မီးဖိုဖက်ကို လာဖို့ အမေက လှမ်းခေါ်။ ဒါတောင် ခြံထဲ ဝင်မလာပဲ ရပ်နေလို့ […]


hmeeSeptember 13, 20111min22815
“အမ… အစ်ကိုရှိလား” ခြံဝကနေ မီးဖိုချောင် ဝင်ပေါက်တံခါးဘောင်ကို မှီပြီးရပ်နေတဲ့ အမေ့ကို မြင်ပြီး လှမ်းမေးတာပါ။ အမေက ခေါင်းငြိမ့်ပြတော့ ခြံထဲလှမ်းဝင်လာပါတယ်။ အိမ်အောက်ဖက် တန်းလျားမှာ အဖေထိုင်နေပေမဲ့  အရှေ့ဘက် လမ်းမကနေ ဖုန်မဝင်အောင် ကာထားတဲ့ ထရံကွယ်နေလို့ မမြင်ရပါဘူး။  “ဘယ်သူတွေတုံး” အဖေကလည်း ဝင်လာတဲ့ လူတွေကို မြင်ရအောင် တန်းလျားလက်တင်ကို   လက်ထောက်ကာ  ကဲကြည့်ပြီး မေးတော့ “ အစ်ကို ကျွန်တော်တို့ပါ”  ပြန်ဖြေရင်း  အုတ်ခုံပေါ်လှမ်းတက် အဖေ့မျက်နှာခြင်းဆိုင် တန်းလျားမှာ  ဝင်ထိုင်ပါတယ်။  “ဘာကိစ္စ ရှိလို့တုံး”    “ဘာမှတော့  အထွေအထူး ရှိပါဘူး။  အစ်ကို့ မတွေ့တာ ကြာလို့  ဝင်လာတာ”   “နင်… အရှေ့ကမ်း  ရွှေ့သွားပြီဆို”   အသစ်ထပ်ခတ်လာတဲ့ ရေနွေးကြမ်းအိုးကို ချရင်း အမေကမေးတော့  […]


hmeeAugust 31, 20111min33716
အိမ်ရှေ့ခန်းမှာ အဖွားကြီးတသိုက် ချိန်ခွင်တခုနဲ့ အလုပ်တွေ ရှုပ်လို့။ “ကလေးအင်္ကျ ီတထည် ထပ်ပေးဦး” “ဘယ်ဟာ ပေးရမတုန်း”  “မူးစိ အင်္ကျ ီဖြစြ်ဖစ် တထည်ထပ်ပေးဟယ်” ချိန်ခွင်ထဲကို ထပ်ပေးတဲ့ အင်္ကျ ီ ထည့်လိုက်တော့ ချိန်ခွင်လျှာက ဒီဘက်က သာပြန်ရော။ သူတို့ဘာသာသူတို့ တိုးလိုက် လျှော့လိုက်နဲ့ ခဏနေတော့ အဆင်ပြေသွားပါတယ်။ ဒီဘက်ဘေးကို လှမ်းကြည့်လိုက်တော့ ဦးလေးကြီးက ဧည့်သည်တွေနဲ့ စကားပြောနေတယ်။ “ဟေ့ကောင်တွေ.. အဲ့ဒီ  ရေဗူးတွေ ဒီထဲလာထည့်ပါကွ ဒီမှာ မပြည့်သေးဘူး” မောင်လေးနဲ့ သူ့သူငယ်ချင်းတွေ အပြန်အလှန်ပြောသံ အလုပ်လုပ်နေတဲ့ အသံတွေက တချက်တချက် အိမ်ပေါ်ကို ပြန့်လွင့်လာပါတယ်။  ညီမလေးကတော့ အိမ်ရှေ့ထွက်လာလိုက် နောက်ဖေးဘက် ပြန်ဝင်သွားလိုက်နဲ့ ဘာတွေ အလုပ်ရှုပ်နေမှန်း မသိပါဘူး။ ကိုကြီးကတော့ ကားတွေယူဖို့  […]


hmeeAugust 25, 20111min24214
“သံ…ယော…ဇဉ်   စကားလေး သုံးလုံးတည်းမို့ ညွှန်းဆိုချက်လည်း နည်းတယ်ထင် တကယ်ပင် တွေးကြည့်ပြန်တော့ မသေးတဲ့ အားအင် ကမ္ဘာမြေတခွင်လုံး သိမ်းကြုံးပြုပြင် သူခိုင်းစေသမျှတာဝန် လူတိုင်း နေရတာပင်” တဲ့ စာသားလေးတွေကလည်း အဓိပ္ပါယ်ရှိ ဆိုတဲ့သူကလည်း ဂရုဏာသံလေးနဲ့  ကောင်းလိုက်တဲ့ သီချင်းလေးပါ။ တကယ်ကိုပါပဲ စာလုံးလေးက သုံးလုံးတည်းမို့ အထင်မသေးနဲ့  သူ့ရဲ့ နှောင်ဖွဲ့တတ်တဲ့ အားကတော့ မည်သူမဆို ရုန်းထွက်ရန် အင်မတန် ခက်လှပါတယ်။ လူလူခြင်း၊ လူနဲ့ တိရိစ ္ဆာန်၊ တိရိစ ္ဆာန် နဲ့ တိရိစ ္ဆာန်ခြင်း သံယောဇဉ်နှောင်ကြိုး ထုံးဖွဲမိပြီ ဆိုမှတော့  အတူတူနေတော့ ပိုပြီးရစ်ပတ်  ကွဲကွာ ခွဲခွာ ပြီ ဆိုတော့လည်းမလွယ်  သံယောဇဉ် အတိမ်အနက်ကို လိုက်လို့ ခံစားရမှာ မလွဲပါဘူး။ […]


hmeeAugust 18, 20111min27627
“ဟဲ့ သမီး ညည်းအဖေ ချောင်းထဲ ရေချိုးဆိုပြီး သွားတာ ကြာလှပြီ ချစ်ဦးဆိုင် ရောက်နေပလား မသိဘူး သွား..ခေါ်ချေ” နေ့လည်စာ ထမင်းစား စောင့်နေတဲ့ အမေ စိတ်မရှည်လို့ အဖေ့ကို လိုက်ခေါ်ခိုင်းတဲ့ အသံ မဆုံးသေး လမ်းမက “ဟုတ်ပါ့ အမြိုင်ရေ တော့်ယောက်ကျားကြီး  ချစ်ဦးဆိုင်မှာ ကြက်အကြောင်းပြောနေတယ် ရေတောင်မချိုးရသေးဘူး”လို့ သတင်းပေးသွားပါတယ်။ “သမီး သွား အဖေ့ကို ရေမြန်မြန် ချိုးပြီး ပြန်ခဲ့တော့လို့ ဘယ့်နှယ့် စောင့်ရတာ ကြာနေပြီ” ကျွန်မလည်း ဟုတ်ဆိုပြီး အပြေးသွားပြောမှ စကားဖြတ်ပြီး ချောင်းဘက်ကို ငိုက်စိုက်ငိုက်စိုက် ထွက်သွားပါတယ်။ ထန်းရည်သောက်တာလည်း မဟုတ်ပဲ  ဦးချစ်ဦး ထန်းရည်ဆိုင် အမြဲသွားတာ။ ဧည့်သည်လာလို့ အဖေ့လိုက်ရှာရမယ်ဆို တခြားမရှာနဲ့ မြေကြီးလက်ခတ်မလွဲ ဦးချစ်ဦးဆိုင်မှာ ရှိတာ […]


hmeeAugust 4, 20111min21615
ပြီးခဲ့တဲ့ ရက်က ညီမလေးနဲ့ ဂျီတော့မှာ  စကားပြောဖြစ်တယ်။ ကျွန်မ ထွက်လာစ ကတည်းက ဒါဟာ ပထမဆုံး တွေ့ဆုံခြင်း။ အမေ့မောင် အကြီးဆုံးရဲ့သမီးမို့ ကျွန်မနဲ့  တဝမ်းကွဲ  တော်သူစပ်သူပါ။  ရောက်တတ်ရာရာ စကားတွေ ပြောနေရင်း သူက “အမေမမြိုင်တို့  တမြန်နေ့က  အမေကြီးဆီ သွားကြတယ်”တဲ့။ ကျွန်မ အမေကို တမျိုးလုံးက ကလေးတွေက အမေမမြိုင်လို့ ခေါ်ပြီး အဖေ့ကိုတော့ အဖေကြီးလို့ ခေါ်ကြတယ်။ “ဟဲ့….ဘာဖြစ်လို့တုံး” “အမေကြီး နေသိပ်မကောင်းဘူးပြောတယ်” “ ငါပြန်လာရင် တွေ့မှ တွေ့ရပါဦးမလားဟယ်” “ပြောမရဘူးလေ အသက်က တအားကြီးနေပြီဟာကို” တဲ့။ ကျွန်မလည်း စိတ်ထဲမှာ တမျိုးကြီး ခံစားရပြီး စာဆက်မရိုက် နိုင်တော့ဘူး။ သူလည်း ဘာဖြစ်သွားလည်းမသိ ဆက်မပြောတော့ပဲ ideal ဖြစ်သွားတယ်။ […]