ムラカミMarch 19, 20131min1718
ဟတ်ကောင် မောင်ဂီ့ .. မင်းအခွက်ကို ငါမကျိချင်ဘု..။ ဝေးရာရွေ့ဇမ်း ။ ထိုသို့ပြောလိုက်သည်မှာ ဗကသ(ဗရုတ်သုတ်ခ ကြောင် သိုးများ) ဥက္ကဌ ကိုကိုကြောင်ဖြစ်၏ ။ ဟုတ်သည်။ မင်းက ဘွားတော်လေကို လိုက်လို့ ငါတို့ရဲ့ သပိတ်စခန်းတွေကို ဥပဒေနဲ့ မညီဘူးပြောရတာလားကွ ..ဟေ.. တကယ်တော့ ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများ၏ ဆွမ်းစားပြီး ရေဆေးကာ မှောက်ထားသော သပိတ်များအတွင်း ဝင်ခိုပြီးသကာလ ငါးကြော်ဖွက်စားနေသည့် ကိုကိုကြောင်၏ သပိတ်စခန်း ကိစ္စ ဘုန်းကြီးကျောင်းသား မောင်ဂီ့ နှင့် အခြေအချ ပြောနေကြခြင်းဖြစ်သည်။ဟုတ်သည် ..သူတို့၂ဦးက တစောင်းဆေးနှင့် မျက်ချေး တည့်ကြတာမဟုတ်။ ကိုကိုကြောင်ဆိုတာ ကပ္ပိယ ဦးဝတုတ်ရဲ့ အချစ်တော်ကြောင်သိုးကြီး။ ခုလည်း ဘုန်းကြီးရဲ့ ငါးခြောက်ပြားကို ဦးဝတုတ် ဘတ်ကီးရိုက် သူကလိုင်းယွန်းရှယ်ယာကိုယူ ငါးခြောက် […]


ムラカミMarch 13, 20132min53249
မိအေး ရယ် ခြစ်လို့ပါကွယ်. ဘာမှ မဟုတ်ပါဘူးဗျာ မိအေဲးခရိုင်ထဲက နဘလီ (ငပလီ ) မဟုတ်ပါ ရောက်တုန်းက ရိုက်ခဲ့တဲ့ ရော်ရွက်ဝါ လက်ကျန်တွေကို ဖစ်လတာ အသစ်ရလို့ စမ်းပြီး တို့ပြီး ကြွေးဆပ်လိုက်ပါသည်       နောက်ဆုံးတပုံပဲ ကျန်ပါတယ်. B/Wနဲ့ တင်ပါ့မယ်. အားပေးတော် မူကြပါကုန်             အာဟိ  


ムラカミMarch 11, 20133min34428
♫♪♫..♫♪♫.. ကိုကို .. နေ့တိုင်းလာ လျှော်. .. မောင်မောင် ..နေ့တိုင်းလာ လျှော်… (လျှော်အုံး .. လို့..) ညှပ်ရုံလျှော်ရုံ မကဘဲ ..ညှပ်ရုံလျှော်ရုံ မကဘဲ .. ဟိုဟာ များလည်း ရနိုင်ဘာဒယ် ..မောင်…။ (ဟိုဟာ= ကံစမ်းမဲ) ♫♪♫…♫♪♫…   ၁။ ဟဲ့ဟဲ့ .. ဘယ့်နှယ့်ဟာဒွေတုန်း ကွယ်… ။ ဗြစ် ထွမ်…(ကွမ်းထွေးသံ) ထိုသို့ ပြောချလိုက်သူကား ရွာသူကြီး ဦးခိုင် ….။ ဟုတ်သည် …။ ဟောင်ကောင်း ရွာက ဦး ဂဲ(Girl)ကြောက် ဆိုသော လူပြိုကြီး SONI ဆိုနီ ဆိုပြီး အင်ထုရောင်းလိုက်သော LCD အပြားကြီး ဖြင့် တီဗီ ကြော်ငြာကြည့်ရင်း […]


ムラカミMarch 7, 20136min2236
စီးပွားနယ်ပယ်ထဲမှာ သိပ်ကို Smart ဖြစ်တဲ့ လူတွေ ပေါများစွာရှိနေပေမယ့် ပြောင်မြောက်တဲ့ မာကတ္တာတော့ နည်းနေသေးတယ် လို့ ခံစားရပါတယ်။ အောက်ကအချက် ရချက်ကတော့ ပြောင်မြောက်တဲ့ မာကတ္တာတွေရှိထားသင့်တဲ့အချက် ရချက်ဖြစ်ပါတယ်။   1. စားသုံးသူရဲ့သဘောကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်မှု ကျနော်ဟာ အမြရတစေ စားသုံးသူရဲ့ ပကတိအတွင်းသဘော ပါဝင်တဲ့ သတင်းအချက်အလက်များကို ရှာဖွေ လေ့ရှိပါတယ် Pepsi မှာတုန်းကပေါ့ ကျနော်တို့ဟာ စားသုံးသူအနေနဲ့ အများဆုံး သောက်သုံးလိမ့်မယ်လို့ မှန်းဆ တွက်ချက်ထားတဲ့ ပမာဏအတိုင်းဂိုထောင်ပြည့် အချိုရည်တွေကို ထုတ်လုပ်နိုင်ခဲ့ကြပါတယ်   သည်လို ထုတ်ပြီးတဲ့အခါမှာ ကမာ္ဘမှာ ပထမဦးဆုံးအနေနဲ့ ၂လီတာ ဝင်း ဗူးတွေ ကို မားကတ္တင်း အာရုံစူးစိုက်မှုနဲ့အတူ ဈေးကွက်ကို အရောက်ပို့ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ် […]


ムラカミMarch 5, 20135min51833
Status Quo ဒီစာလုံးကို ဘာသာပြန်ဖို့ လိုက်ရှာတော့ စကားပုံထဲမှာ သွားတွေ့လေရဲ့။ ဘာတဲ့ ပိုနေမြဲ ကျားနေမြဲ ဆိုတာ။ ခေတ်ပြောင်းစနစ်ပြောင်းမှာ စာဖတ်သူများ သိထားကြတဲ့အတိုင်း ပိုနေမြဲ ကျားနေမြဲ လုပ်နေလို့မရတဲ့ လုပ်ငန်းတွေ အများကြီးရှိပါရဲ့။ ဒီတော့ ပြုပြင်ပြောင်းလဲရေး ဆိုတာ လုပ်ဖို့ မဖြစ်မနေ လိုအပ်လာကြပါတယ်။ ဒါဆို ကျနော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲ ဆိုတာကို တွေးမိရင်း Change အကြောင်းကို ရေးဖြစ်ပါတယ်။ တကယ်တော့ပြုပြင်ပြောင်းလဲရေး ဆိုတာ စီးပွားလုပ်ငန်း အဖွဲ့အစည်း တခုခုရဲ့ အရွယ်အစား ၊ စီးပွား နယ်ပယ် နဲ့ ခေတ် စနစ် စတာတွေကိုလိုက်လို့ အချိန်နဲ့ တပြေးညီ ကျင့်သုံးသင့်တဲ့အရာဖြစ်ပါတယ်။ ယနေ့ ကမာ္ဘဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတယ် ဆိုရင် […]


ムラカミMarch 3, 20131min34320
ကျနော်တို့ဟာ ကန္တာရထဲမှာ လမ်းပျောက်နေပါတယ် အတိအကျပြောရရင် Reno မြို့ ကိုမရောက်ခင် အိုင် ၃ဝ အကွာမှာပေါ့ အဲ့သည့်ကို လမ်းညွှန်ပေးနိုင်ဖို့ ဖုန်းခေါ်တော့ ဖုန်းနံပ့တ်ရဲ့နောက်ဆုံး ဂဏန်း လေးလုံးဟာ (ဂဏန်းတွေရဲ့ သက်ဆိုင်ရာ စာလုံးဟာ ) F.U.C.K ဖြစ်နေတာကို သတိပြုမိအောင် ပြုမိလိုက်ပါသေးရဲ့ သည်လိုနဲ့ ကျနော်တို့ မြို့ထဲရောက်တော့ လမ်းအမှတ် 69 ကိုလိုက်ရှာပါတယ် အဲ့သည့်ရောက်တော့ ဟောသည့် ဆိုင်းဘုတ်က ကျနော်တို့ကို အဆင်သင့် ဆီးကြိုနေပါတော့တယ်ဗျာ Best Whorehouse in the West ပါတဲ့ သေခြာတာကတော့ သည်နေရာမှာ ကျနော်တို့ ဇာတ်လမ်းလေး တစ်ပုဒ်ကို နားထောင်ရဖို့ရှိတာပါပဲ ဒါဟာ Nevada State မှာ တရားဝင် ဖွင့်လှစ်တဲ့ ဆောင်ကြာမြိုင်ပေါင်း […]


ムラカミFebruary 14, 20133min19812
ခုတလော ဘာသာပြန်ရတာ အရသာတွေ့နေတာ ကတကြောင်း Copyright အကြောင်း စာကောင်းလေး ဖတ်ရတော့ ပြန်မျှဝေချင်တာကတကြောင်းကြောင့် Lifehacker ဆိုတဲ့ နာမည်ကျော် Weblog မှာ ဒီနေ့ပဲ တက်တဲ့ စာကို ဘာသာပြန်ပြီး ဖော်ပြလိုက်ရပါတယ်။   အကြောင်းအရာကတော့ Ralph လို့ခေါ်တဲ့ Liefhacker စာဖတ်သူတယောက်က Lifehacker ကို မေးထားတာလေး စိတ်ဝင်စားဖို့ ကောင်းလို့ပါ   ကိုယ်ပိုင် DVD တစ်ချပ်ကို အရံအနေနဲ့ Backup ပွားတာ တရားဝင်ပါသလား ??? တဲ့   Dear Lifehacker,   ကျနော်ပိုင်ဆိုင်တဲ့ DVDs နဲ့ Blu-Ray discs တွေကို အရံအဖြစ် ကူးယူသိမ်းဆည်းထားမှုဟာ တရားဝင်ပါသလား ။ ဒါနဲ့ပါတ်သတ်ပြီး […]


ムラカミFebruary 8, 20131min21412
ကမာ္ဘမှာ ဆိုရိုး တခုရှိဖူးတယ်.. ဘာတဲ့ .. ပြင်သစ်ပြည်ကို သွားလည်ပါ .. တရုတ်စာကို စားပါ .. ဂျပန်မ ကိုလက်ထပ်ပါတဲ့ … ပြင်သစ်ပြည်ကို သွားပါဆိုတာကတော့ အင်မတန်လှ အင်မတန် အနုပညာ ဖက်ရှင် ဒီဇိုင်း ရေမွှေး စသည်ဖြင့်ပေါ့လေ ပေါကြွယ်ဝလို့တဲ့ …(မူကွဲ တချို့ မှာ ဆွစ်ဇာလန် လို့ဆိုတယ်..) ထားပါလေ တရုတ်စာ ကို စားပါ ဆိုတာကတော့ အရသာရှိအောင် ကြံကြံဖန်ဖန် ထူးထူးခြားခြား ချက်ပြုတ်ထားတဲ့ အစားအစာတွေ မို့ပါတဲ့ .. အဲ … ဂျပန်မ ကို လက်ထပ် ပါဆိုတာကတော့ လင်သားအပေါ် ကျိုးနွံတာ ရိုသေတာ လိုလေသေးမရှိပံ့ပိုး တတ်တာ ပြိုင်စံရှား မို့လို့ပါတဲ့ …။ […]


ムラカミFebruary 6, 20131min15211
ဝလုံးကလေးမှ ဝိုင်းအောင်မရေးနိုင်ခင် ရွှေလင်းပန်းနဲ့ ထမင်းဆီဆမ်းရေ အမေဆိုပြလိုက်တော့ အတူတွဲစားမဲ့.. ဆတ်သားဖုတ် ပဲ မက်မောကာ …ငါဟာ ကောက်ကြိတ်ပလိုက်ပါတယ် ပုခက်တွင်းကဆင်းမြေဂျီးပေါ်နင်းကာစ စမူစာလေးနဲ့ နံပြားပုံပြင် အင်မတန် မွှေးပျံ့တဲ့ .. ကော်ပြန့်လိပ်ကို သိပ်ပြီး စားပြနေခဲ့တော့ ငါဟာ တောက်ညင့် ကပ်လာတယ်. မနက်တုန်းကတခွက် ဆွဲလာခဲ့ပါရက်နဲ့ ရင်ကို အရမ်းကြီး စွဲလမ်းသွားသူ ကျောက်ပတောင်း ကြီးအား အရမ်းကို ဂလုမိတော့… တို့ကျောင်းက ဂျမ်းပုံမတောင် တေနာလေးလို့ ..ငါ့ကိုခေါ် ဘိုင်စကုတ်ကြည့်တော့ အာလူးကြော်ထုတ်တွေကို အလွန်တရာနှစ်သက်တတ်ခဲ့တယ်. ငါ့နဘေးနားက ခြစ်သူလေးကတောင် တဖြည်းဖြည်းငါ့ကိုလန့်လာ.. ချွေတာ တတ်မယ့် တယောက်ကိုရှာ.. ဒီလိုနဲ့ ဝက်ဆီဖတ်ကြော်တွေကို စားသောက်ရင်း နေနေသလို.. ဗရာကြော်က ကောင်းပြီးတန်တယ်လို့ …သုံးသပ်တတ်လာဒယ်… ဟေ… အသိုးနဲ့အကောင်း တွဲနေတတ်တာကို […]


ムラカミJanuary 23, 20131min31716
      မြန်မာနိုင်ငံဟာ ၂၀၁၂ ရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ထုတ်ပြန်ကြေငြာခဲ့ပါပြီ ။ အဲ့သည့်မှာ ဘာကို ပြသလဲ ဆိုတော့ မြန်မာပြည်ကို လာရောက်တဲ့ ကမာ္ဘ ခရီးသွားတွေ ရုတ်ချည်း တိုးတက်ခဲ့ပြီး အဲ့သည်လို လာရောက်လည်ပတ်ခဲ့ကြတဲ့အတွက် ခရီးသွားလုပ်ငန်း ဆက်စပ် လုပ်ငန်းတွေပါ ဝင်ငွေတိုးတက် ကောင်းမွန်ခဲ့ကြပါတယ်။   ၂၀၁၁ခုနှစ်က ကမာ္ဘ့ ခရီးသွား ၈၁၆၀၀၀ လာရောက်ခဲ့ပြီး ၂၀၁၂ မှာတော့ ကမာ္ဘ့ခရီးသည်  ၁သန်းကျော် လာရောက်လည်ပတ်ခဲ့ကြပါသတဲ့။   တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းဟာ နှစ်စဉ်တိုးတက် မြင့်မားနေပါတယ်။ မနှစ်ကဆို ၆၇% ထိတောင် ဝင်ငွေ တိုးတက် ခဲ့ပါသတဲ့ ။ ဒါဟာ မြန်မာ့ခရီးသွားလုပ်ငန်း ၂၀၁၂ ဟာ US$534 million […]


ムラカミJanuary 22, 20132min48732
ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး (ဒုဝန်ကြီးချုပ်လည်း ဖြစ်သူ) တာရိုအာဆိုကတော့ သက်ကြီးရွယ်အိုတွေဟာ သက်တမ်းရှည်ကြာကြာ အသက်ရှင်ဖို့ ကျန်းမာရေး အထောက်အပံ့ ကုန်ကျစရိတ်တွေ အစိုးရကို ကုန်ကျစေမယ့်အစား စောစောနဲ့ မြန်မြန် သေလိုက်သင့်တယ် လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။     ဒုတိယဝန်ကြီးချုပ်အဖြစ်၂ကြိမ်တိုင်တိုင် ရွေးကောကတင်မြှောက်ခြင်းခံရတဲ့ .. ကမာ္ဘ့ပျမ်းမျှ သက်တမ်းအရှည်ကြာဆုံးနဲ့ သက်ကြီးရွယ်အို အပေါများဆုံး တိုင်းပြည်ရဲ့ ဒုတိယခေါင်းဆောင်က နိုင်ငံတော်အဆင့် လူမှု လုံခြုံရေး ပြန်လည်ပြုပြင်ပြောင်းလဲရေး ကောင်စီမှာ သည်လို ဆိုခဲ့ပါတယ်။ သင်ဟာ သေချင်နေတဲ့အချိန်မှာ  ဆက်လက်  အသက်ရှင်အောင် အတင်းအကျပ် အားထုတ်ခံရမှုမျိုးကို ကောင်းကင်ဘုံက တားမြစ် ပါတယ်။ ဒီအတွက် ကုန်ကျစားရိတ်တွေကို အစိုးရက ကုန်ကျခံနေရတယ် ဆိုတာကို သိခဲ့ရင် သင် ညဘက် ကောင်းမွန်စွာ […]


ムラカミJanuary 18, 20138min54219
မင်္ဂလာပါ ပိတ်သတ်ကြီးရေ …။ ဒီတခါ Branding ဘက်နည်းနည်း သွားချင်လို့ပါဗျာ…။ Theory တွေ Strategy တွေ မရေးချင်လို့ Brand တွေရဲ့ Physical image ဖြစ်တဲ့ Logo တွေ ၊ Packaging တွေမှာ သုံးတဲ့ အရောင်တွေက ပြောတဲ့ စကားတွေကို ဘာသာပြန်ချရေးရင်း ကိုယ်ထင်တာ ကိုယ် ပေါင်းစပ်ရေးသားလိုက်ပါတယ်ဗျို့…။     Brands တွေဟာ သူတို့ဟာ သန်မာသော စွန့်စားသော ပြင်းပြသော အသွင် ကိုဆောင်ချင်ရင် အနီရောင် ကို အသုံးပြုကြပါတယ်။   What it means: တကယ်တော့ အနီရောင်ဆိုတာ စွမ်းရည် နဲ့ ပြင်းပြမှု ကို အဓိပ္ပါယ် ဆောင်ပါတယ်။ […]


ムラカミJanuary 18, 20131min32523
မနေ့က တိုကီယို ရောက်တယ်…။ ဟိုစာအုပ်အနီလေး အသက်ဆက်ဖို့ရယ် အလုပ်ကိစ္စ ရယ် ဆိုပါတော့ … ။ ဘာရယ်မဟုတ် ၄-၅ရက်တော့ နေဖြစ်ဦးမပေါ့လေ…။ မနေ့က ရိုးရှင်းပြီး ထိရောက်တဲ့ မားကတ္တင်း တက္ကနီကွေး တခု မထင်မှတ်ဘဲ တွေ့ခဲ့တာလေး ဖောက်သည်ချချင်လို့ပါဗျာ…။ လွန်ခဲ့တဲ့ ၃ရက် က တိုကီယိုမှာ နှင်းတွေ ဖွေးဖွေးလှုပ်အောင် ကျခဲ့တယ်ဗျ…။ ပျမ်းမျှ ..တမိုက်ထု လောက်တောင် ရှိမလားပဲ ..။ အပူချိန် ရ ဒီဂရီ ကနေ အနှုတ်၁ လောက် ရှိတဲ့ကာလဆိုတော့ … ကျခဲ့တဲ့ နှင်းတွေက ရေခဲပုံတွေအနေနဲ့ နေရာတကာမှာ ခုထိ (နှင်းကျပြီး ၃ရက်မြောက်) ကျွင်းကျန်နေဆဲပေါ့ ..။ အဲ …လမ်းမတွေ မှာတော့ဖြင့် ကားတွေ […]