julyMarch 12, 20111min1697
ကျွန်မ မငိုဘူးလို့ သူတို့ပြောကြတယ်။ မျက်ရည်ကလည်း အတုတွေပါတဲ့။ တောင်အမေရိကတိုက်က တောနက်တစ်နေရာမှာ ကျွန်မ မင်းမူကျက်စားတယ်။ ကျွန်မက ခွန်အားဗလပြည့်စုံတဲ့ မိကျောင်းတစ်ကောင်ပါ။ ကျွန်မဘာဖြစ်လို့ ငိုရမှာလဲ? အမှောင်ထဲကနေ ကျွန်မအမြဲလန့်လန့်နိုးတယ်။ ညတိုင်းမက်တဲ့ အိပ်မက်ထဲကနေ ကျွန်မ လန့်နိုးတယ်။ အိပ်မက်ထဲမှာ ကျွန်မ အင်အားမဲ့နေတယ်။ မျက်လုံးတွေ ဖျော့တော့နေတယ်။ ကိုယ်လက်တွေ လှုပ်ရှားလို့မရဘူး။ ကျွန်မကိုမွေးဖွားပြီး သိပ်မကြာခင်မှာ အမေနဲ့အတူ စွတ်စိုတဲ့ကမ်းစပ်တလျှောက် ကျွန်မတွားသွားနေခဲ့တယ်။ အဲဒီအချိန်က မနက်ခင်းဆိုတာကို ကျွန်မကောင်းကောင်းမှတ်မိနေတယ်။ နေရောင်ခြည်ကြောင့် လက်လက်ထနေတဲ့ အေးစိမ့်စိမ့်ချောင်းရေတွေက ကျွန်မကိုယ်ပေါ်ဖြတ်စီးနေတယ်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ထဲ ကျွန်မနစ်မျောနေမိတယ်။ ကျွန်မက အမေရဲ့အငယ်ဆုံးကလေးပါ။ ကျွန်မကို အစာပေးတယ်၊ နေရာအနှံ့ခေါ်လည်တယ်ဆိုပေမယ့် အမေဘယ်တော့မှ မပြုံးဘူး။ တစ်ခါတလေ အမေ့မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တွေ စွန်းထင်နေတတ်တယ်။ ဒါတွေဟာ […]


julyFebruary 3, 20111min1836
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ် ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ဝယ်ဖို့ လိုအပ် ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။ ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ […]


julyJanuary 29, 20111min1585
ကမ္ဘာကျေ ာ်လူမှုရေးကွန်ရက်ဆိုက် Facebook ၏ နောက်ဆုံးပေါ် ဝန်ဆောင်မှုတစ်ခုဖြစ်သော Facebook Messages ကို ပြည်တွင်း Facebook သုံးစွဲသူအချို့ ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ရယူသုံးစွဲနေသူအချို့၏ စမ်းသပ်တွေ့ရှိချက်များအရ သိရှိရသည်။ Facebook Messages ကို အသုံးပြုလိုသူများ အနေဖြင့် http://www.facebook.com.messages တွင် ဖိတ်ခေါ်မှု (Invitation) တောင်းခံရမည်ဖြစ်ပြီး Facebook မှ ဖိတ်ခေါ်မှုကို လက်ခံရရှိပါက Facebook Messages ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ လက်ရှိတွင် Facebook Messages ဝန်ဆောင်မှုကို Facebook သုံးစွဲသူအားလုံး ဝင်ရောက် အသုံးပြုနိုင်မည် မဟုတ်ဘဲ Facebook ဖိတ်ခေါ်ခြင်း ခံရသည့်သူများသာ အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုသူများ အနေဖြင့် မိမိ Username […]