kaunglayMarch 13, 20121min1996
သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျွန်တော်သည် တပ်မတော်မှအငြိမ်းစားစစ်မူထမ်းဟောင်းတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တပ်ကအနားယူသည့်အချိန်တွင်ကျွန်တော်၏သားမှာ (၁၀) တန်းအောင်ပြီးခါစဖြစ်ပါသည်။ ဤအချိန်တွင်တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သို့ကျွန်တော်ကိုယ်တိုင် ကျွန်တော်၏သားအားပို့ဆောင်ခဲ့ပါသည်။ကျွန်တော်၏သားသည် စစ်သား သားသမီး ပီပီ စည်းကမ်းလည်းရှိပါသည် ပျော်ပျော်ရွှင်ရွှင်လည်းနေတက်ပါသည်။ ကျွန်တော့်သားလေးမှာ ကျောင်းဆင်းပြီးလို့ မိဘအိမ်ခွင့်ပြန်လာသောအခါအရင်လိုမဟုတ်တော့ပဲ တစ်ခုခုအလိုမကျဖြစ်ဖြစ်နေပါတယ်။ သားလေးအားမေးကြည့်တော့မှ အဖေ ကျွန်တော်ဘဝက အနာဂါတ်ပျောက်နေတယ်၊ သားကစစ်တပ်မှာ Foreign Body ဖြစ်နေတယ်တဲ့။ ငါ့သားရယ်မင်းစကားကအဆန်းပါပဲ ဘာတွေများဖြစ်နေလို့လဲ့လို ့မေးကြည့်တော့  ပြောတာမှစုံနေတာပါပဲ။ အဲ့တာနဲ့ ငါသားရယ်မင်းတစ်ယောက်ထဲ ဖြစ်နေတာလားလို့မေးကြည့်တော့  မဟုတ်ပါဘူး အကုန်ဖြစ်နေတာပါလို့ပြောပါတယ်။ကျွန်တော်သူပြောတာတွေကိုအကုန်မယုံပါဘူး။အဲ့တာကြောင့် ဆေးရုံ (၅) ခုကို ကိုယ်တိုင်သွားပြီး စုံစမ်းပါတယ်၊ ကကရေးကိုလည်း လက်လှမ်းမှီသလောက်စုံစမ်းပါတယ်။ကျွန်တော့သားပြောတာတွေ တော်တော်မှန်နေတာသွားတွေ့ပါတယ်။ ကကရေးမှာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဆင်းတွေကို ဘယ်တိုင်မှာထည့်သလဲဆိုတော့ သူတို့အတွက်တိုင်မရှိသေးဘူး၊တိုင်ထူမယ်ဆိုရင်တောင် သူတို့မှာမေဂျာမတူတာတွေရှိသေးတယ်တဲ့။အပတ်စဉ်(၁) ကျောင်းဆင်းတော့ လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင် (ယခင် […]


kaunglayMarch 9, 20121min1566
လွန်ခဲ့တဲ့ 7နှစ်လောက်ကပေါ့ဗျာ ၊ ကျွန်တော် ရွှေလီမြို့ကို အလည်သွားခဲ့ပါတယ်။ အဲမှာသွားရင်းလာရင်းနဲ့ စပ်စုမိတာတွေ့တာလေးတွေ၊ ဒီနဲ့မတူတာလေးတွေကို ဖောက်သည်ချမလို့ပါ။ ကျွန်တော်သွားမယ့်ကားက မန်းလေးကနေ ညရနာရီလောက်မှာစထွက်တယ် မနက်8နာရီခွဲလောက်ကို မူဆယ် ကိုရောက်တယ် ၊ အဲဒီမှာ မူဆယ်ရောက်တော့ ရွှေလီမှာရှိတဲ့ ဦးလေးဆီဖုန်းဆက် လာကြိုခိုင်းတာပေါ့ ၊ ဦးလေးကကျွန်တော်ရှိတဲ့နေရာကို ကားနဲ့လာကြို ပြီးတော့ မြန်မာဘက်ကလူဝန်မှုကြီးကြပ်ရေးမှာ လိုအပ်တာတွေလုပ် ပြီးတော့ တရုတ်ဂိတ်ဝမှာလည်း လိုအပ်တာတွေလုပ်ပေါ့ ကားကိုတော့ ကြယ်ခေါင်မှာပဲ ထားခဲ့ရတယ် ၊ပြီးတော့ အခုမန်းလေးမှာပေါနေတဲ့ လျှပ်စစ်ဆိုင်ကယ်လေးနဲ့ ဦးလေးရဲ့ဆိုင်ရှိရာကိုသွားခဲ့တယ် ။ ဟိုရောက်တော့ တောသားမြို့ရောက်သလို အထူးအဆန်းလျှောက်ကြည့်တာပေါ့ဗျာ … မူဆယ်ကနေ တစ်ဖက်ရွှေလီ ကိုလှမ်းကြည့်ရင် ပထမဆုံးမြင်လိုက်ရတာတွေကတော့ တိုက်တာအဆောက်အဦးတွေပေါ့၊ ရွှေလီထဲရောက်သွားတဲ့အခါမှာတော့ သူတို့လမ်းတွေပေါ့ နိုင်လွန်ကတ္တရာလမ်းတွေ/ကွန်ကရစ်လမ်းတွေ ဒီမှာလိုတော့ လှိုင်းလုံးဝမရှိဘူး လှိုင်းမထဘူး ကားအင်ဂျင်သံစက်သံလောက်ပဲကြားရတယ်၊ […]


kaunglayMarch 9, 20121min60825
လူကြီးတွေပြောပြဘူးတဲ့ဖြစ်ရပ်မှန်လေးအရင်ပြောပြမယ်ဗျာ … ကျွန်တော့် အဖိုးအဖွားတွေနေတဲ့အိမ်မှာ နဂါးသိုက်ဆိုတာရှိတယ် အိမ်ဝန်းထဲမှာပေါ့ဗျာ မောင်နှမနှစ်ယောက်နေတာလို့ပြောတယ်။ အဲဒီမှာသူတို့နေဖို့အတွက် စင်လးတစ်ခု လုပ်ပေးထားရတယ် ၊သစ်သားစင်လေးပေါ့၊ အခုတော့ အုတ်နဲ့ လုပ်ထားတဲ့စင်လေးဖြစ်နေပါပြီ ၊ထားပါတော့ အဖိုးတို့ဆီမှာ အလုပ်လာလုပ်တဲ့တစ်ယောက်ရှိတယ် သူကအထက်ဂိုဏ်းကလိုလိုနဲ့ဗျ မယုံဘူးပေါ့ သူကအိမ်ထဲမနေရဘူး နှင်မယ်ထုတ်မယ်ပေါ့ သူကတရားစာတွေလား၊ဂါထာမဏ္ဍန် တွေလားမသိဘူး နေရာတိုင်းထောင့်စေအောင်လိုက်ကပ်တယ် အိမ်သာပါမကျန်ပေ့ါ၊ အဲဒီမှာစတာပဲ သူကအိမ်သာတက်တယ်ပေါ့ဗျာ အဲမှာအိမ်သာထဲကနေအော်ပြီးပြေးထွက်လာတယ် အမလေးကြောက်ပါပြီ နောက်မလုပ်တော့ပါဘူးဆိုပြီး တန်းနေအောင်ပြေးတာ သူ့အိမ်ထိရောက်တယ်ဆိုပဲ ။အဲဒါနဲ့ အိမ်ကလူတွေက လိုက်မေးကြတာပေါ့ ဘာဖြစ်တာလဲဘာလဲပေါ့ ဘယ်လိုမှမေးမရဘူးဗျာ ဘယ်လိုကြောက်စရာပုံစံလုပ်ပြလိုက်သလဲဆိုတာတော့မသိဘူး အဲဒီနေ့ကစပြီး အလုပ်တောင်မလာတော့ဘူး ၊ ဘယ်လိုမှလိုက်ခေါ်လို့မရတော့ဘူး ၊တောင်းပန်ပြီး အလုပ်ပြန်လုပ်ပါပြောတာကိုမရတော့တာပဲ အခုချိန်ထိပဲဆိုပါတော့ဗျာ …ဒါကတော့ လူကြီးတွေပြန်ပြောပြတဲ့ ဖြစ်ရပ်မှန်ပါ…….. နောက်တစ်ခုက ကျွန်တော် 8တန်းပြီးချိန်လောက်ကပဲ အဖိုးအဖွားတို့အိမ်မှာအလုပ်လုပ်ရင်းအိပ်တယ် ၊အဲတုန်းက မီးကလည်းအချိန်နဲ့လာတာလေအလှည့်ကျနဲ့ပေါ့ဗျာ။ ည11လာရင်မနက်လင်းရင်ပျက်တယ် […]


kaunglayMarch 8, 20127min27114
နားရက်တစ်ရက်မှာ ရွာထဲကတင်ထားတဲ့ပုံတွေအားကျလို့ ရိုက်ကြည့်မိတာပါ။ မနက် ၉နာရီကျော်လောက်မှာ ပထမဆုံး ဦးပိန်ကိုရောက်ခဲတယ်။ ဦးပိန်ကအပြန်မှာတော့ လေးပေါက်ပြောတဲ့ ငွေတိုက်ဆိုတဲ့နေရာကိုရောက်ခဲ့တယ်.. ပြီးတော့ ကန်တော်ကြီးက ပြည်ကြီးမွန်ဖောင်တော်ကိုလည်း ရိုက်ယူခဲ့ပါတယ်။ ညနေရောက်တဲ့အချိန်မှာတော့ ဘယ်သွားရိုက်ရင်ကောင်းမလဲစဉ်းစားတော့ နေဝင်ဆည်းဆာကိုရိုက်ချင်တဲ့စိတ်ပေါ်လာခဲ့တယ်။ ဒါနဲ့ပဲ 35လမ်းတိုင်းအနောက်ကိုဆက်သွားရင်းနဲ့ ဂေါဝိန်ဆိပ်ကမ်းကို ရောက်ခဲ့တယ် ၊ အဲဒီမှာ နေဝင်ချိန်ထိ တောက်လျှောက် ရိုက်ယူခဲ့ပါတယ်။ အားပေးကြပါဦး… လိုတာရှိလည်း သင်ပေးကြပါလို့ ပြောရင်း……..အားလပ်ရက်တစ်ရက်ကိုကုန်လွန်စေခဲ့ပါတယ်။ နောက်အပတ်များမှာလည်း……….


kaunglayMarch 5, 20121min1946
မန္တလေးမြို့ ၊ 82 လမ်း၊ 27 & 28 လမ်းကြား AGB ဘဏ်၏ဘေး မီးလောင်မှု မြင်ကွင်းဓာတ်ပုံ။ နွေရာသီရောက်လာတဲ့ လူတိုင်းလူတိုင်းမီးဘေးအန္တရာယ်ကို အထူးဂရုပြုကြပါလို့ ကျွန်တော် သည်နေရာကနေ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။


kaunglayFebruary 28, 20121min18016
ဒီပုံကတော့ သူများဖုန်းထဲကနေ share ထားတာပါ။တစ်ကယ်ဟုတ်မဟုတ်တော့ မပြောတတ်ဘူး ရိုက်တုန်းကတော့ နောက်မှာ ဘယ်သူမှ မရှိဘူးလို့တော့ ပြောပါတယ်။ရွာထဲကလူတွေ ကြည့်လို့ရအောင် တင်ပေးလိုက်တာပါ။ ပုံထဲက မိန်းမကြီးကတော့ ထမိန်ရေရှားနဲ့တွေ့ရတာပဲ။


kaunglayFebruary 21, 20124min1357
မန်ဘာတွေတင်ထားတာကို အားကျလို့ စမ်းတင်ကြည့်တာပါ။ စာတော့ဘယ်လိုရေးတင်ရမလဲ မသိလို့ မရေးတော့ပါဘူး ဝေဖန်ပေးကြပါဦး ခင်ဗျာ။ စနက်ရှော့မဟုတ်ဘဲ လက်ဆော့ထားတာပါ။ မန္တလေးတောင် အမှတ်တရ (19-2-2012)


kaunglayFebruary 11, 20121min1417
မြင်သမျှတွေ့သမျှ နဲ့ စိတ်ထဲရှိတာပြောကြည့်မလို့ဗျာ… ၁. မော်တော်ပီကယ်မရှိတဲ့အချိန်ဆို တစ်လမ်းမောင်းတွေမှာ လမ်းပြောင်းပြန်မောင်းကြတယ်ဗျာ (သတိပေးဆိုင်းဘုတ်ကိုမမြင်တာများလား)… ၂. မတက်ရဆိုတဲ့ ဂုံးကျော်တံတားလည်း ညဆို တက်ကြတယ်ဗျာ……. ၃. ကွမ်းထွေးရင်လည်း နောက်လှည့်မကြည့်ပဲ စည်းကမ်းမရှိ ထွေးချင်သလို ထွေးကြတယ်ဗျာ… ၄. လမ်းမှာတပ်ထားတဲ့ အချက်ပြမီးတွေ ကောင်းကောင်းမမြင်ရဘူး မီးနီသလား၊ဝါသလား၊စိမ်းပြီလားဆိုတာသေချာကြည့်ယူရတယ်(ပျက်နေရင်ပြင်/မကောင်းရင်လဲဖို့လိုတယ်လေ).. ၅. တံခါးဖွင့်ပြီးဝင်လာပေမယ့် လူတော်တော်များများ တံခါးပြန်ပိတ်ပေးဖို့ကို ဝန်လေးကြတယ် ၆. Toilet သုံးပြီးရင်လည်း  ရေလောင်းခဲ့ပေးဖို့ကို မလုပ်ကြဘူး(ကိုယ့်အိမ်မှာဆိုရော အဲလိုနေတာလားမသိ) ၇. လူတော်တော်များများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာကြဘူး (မသိလု့ိပဲလား).. ၈.ရေမြောင်းထဲကို စည်းကမ်းမဲ့အမှိုက်သရိုက်တွေ ပစ်ချကြတယ်(ရေမြောင်းကမပိတ်ဘဲ နေမလား) စည်ပင်ကလည်းလမ်းမကြီးတစ်ချို့ကိုသာမြောင်းဆည်ကြတယ်..(ကျန်ရှိနေတဲ့ရေမြောင်းတွေကဒီအတိုင်းပဲထားတော့မလား)…. ၉.လိုင်စင်မဲ့ဆိုင်ကယ်တွေအရမ်းများလာတယ် ဖမ်းမလား၊လိုင်စင်ချပေးမလား(တစ်ခုခုလုပ်ဖို့ လိုအပ်လာတယ်ထင်တာပဲ.. Accident ဖြစ်ရင် ဘယ်လိုလိုက်ကြမလဲ/အရေးယူကြမလဲ) ၁၀.လမ်းတွေကျဉ်းပေမယ့်လည်း ကား/ဆိုင်ကယ်တွေ အရမ်းများလာတယ်.. […]


kaunglayJuly 22, 20111min62
မန်းလေးမှာ ကွန်နက်ရှင်တွေ ဘယ်လိုများလုပ်ထားကြလဲမသိဘူး ….. တက်လို်က်ကျလိုက်ကို မိနစ်တောင်မခြားပဲ ဖြစ်နေတယ် … ပိုက်ဆံတွေထားစရာနေရာမရှိလို့ အင်တာနက်ချိတ်ထားတာ မဟုတ်ဘူး .. အလုပ်လုပ်ဖို့ အတွက် ချိတ်ထားတာ…အဲလိုတာ နေ့တိုင်းဖြစ်နေရင် ဘယ်လိုစီးပွားရေး လုပ်စားရမလဲ ဘာတွေလုပ်နေကြလဲ Yatanarpon Teleport , MPT , Redlink & Fortune…. တိုးတက်အုန်းတော့မှာပဲ …………. ဒီထက်ပိုကောင်းဖို့ အဆင်ပြေစေဖို့ရာကို Customer တွေ အတွက် လုပ်မပေးကြတော့ဘူးလား……….. Complain တက်တော့လည်း ဟိုကဖြစ်တာလို ဒီကဖြစ်တာလို့နဲ့ .. ဘယ်သူမှ တာဝန်ယူပြီးဖြေရှင်းမပေးကြဘူး .. တစ်ယောက်ကို တစ်ယောက်(service တစ်ခုနဲ့တစ်ခု) အပြစ်ပဲ တင်ပြီးလွဲချနေတယ်.. ဟိုဘက်ကပါ ဒီဘက်ကပါနဲ့… Customer တွေ သုံးစွဲရတာ အဆင်ပြေအောင် လုပ်ပေးဖို့ကို […]