သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျွန်တော်သည် တပ်မတော်မှအငြိမ်းစားစစ်မူထမ်းဟောင်းတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တပ်ကအနားယူသည့်အချိန်တွင်ကျွန်တော်၏သားမှာ (၁၀) တန်းအောင်ပြီးခါစဖြစ်ပါသည်။ ဤအချိန်တွင်တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သို့ကျွန်တော်ကိုယ်တိုင် ကျွန်တော်၏သားအားပို့ဆောင်ခဲ့ပါသည်။ကျွန်တော်၏သားသည် စစ်သား သားသမီး ပီပီ စည်းကမ်းလည်းရှိပါသည် ပျော်ပျော်ရွှင်ရွှင်လည်းနေတက်ပါသည်။ ကျွန်တော့်သားလေးမှာ ကျောင်းဆင်းပြီးလို့ မိဘအိမ်ခွင့်ပြန်လာသောအခါအရင်လိုမဟုတ်တော့ပဲ တစ်ခုခုအလိုမကျဖြစ်ဖြစ်နေပါတယ်။ သားလေးအားမေးကြည့်တော့မှ အဖေ ကျွန်တော်ဘဝက အနာဂါတ်ပျောက်နေတယ်၊ သားကစစ်တပ်မှာ Foreign Body ဖြစ်နေတယ်တဲ့။ ငါ့သားရယ်မင်းစကားကအဆန်းပါပဲ ဘာတွေများဖြစ်နေလို့လဲ့လို ့မေးကြည့်တော့ ပြောတာမှစုံနေတာပါပဲ။ အဲ့တာနဲ့ ငါသားရယ်မင်းတစ်ယောက်ထဲ ဖြစ်နေတာလားလို့မေးကြည့်တော့ မဟုတ်ပါဘူး အကုန်ဖြစ်နေတာပါလို့ပြောပါတယ်။ကျွန်တော်သူပြောတာတွေကိုအကုန်မယုံပါဘူး။အဲ့တာကြောင့် ဆေးရုံ (၅) ခုကို ကိုယ်တိုင်သွားပြီး စုံစမ်းပါတယ်၊ ကကရေးကိုလည်း လက်လှမ်းမှီသလောက်စုံစမ်းပါတယ်။ကျွန်တော့သားပြောတာတွေ တော်တော်မှန်နေတာသွားတွေ့ပါတယ်။ ကကရေးမှာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဆင်းတွေကို ဘယ်တိုင်မှာထည့်သလဲဆိုတော့ သူတို့အတွက်တိုင်မရှိသေးဘူး၊တိုင်ထူမယ်ဆိုရင်တောင် သူတို့မှာမေဂျာမတူတာတွေရှိသေးတယ်တဲ့။အပတ်စဉ်(၁) ကျောင်းဆင်းတော့ လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင် (ယခင် […]