ခင္ခNovember 3, 20121min55327
ကြို့ထိုးတာကို ရပ်စေလိုလျှင် ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကိုစိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်းတွေထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။ ၁) အချိုစားပါ ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။ ၂) နားထဲ လက်ချောင်းထည့်ပါ နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁ဝ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ […]


ခင္ခNovember 2, 20121min39027
ရုံးပတီသီးက ပေးတဲ့ ကျန်းမာရေး ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိူင်တဲ့ အကျိုးကျေးဇူးတွေကတော့ – အရိုးကိုသန်မာစေသည်။ – နှလုံးကိုကာကွယ်ပေးသည်။ – အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။ – သွေးပေါင်ချိန်ကိုထိန်းပေးသည်။ – သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။ ရုံးပတီသီးက ကျန်းမာရေးအတွက် အထောက်အကူပြု အကျိုးကျေးဇူးအနေနဲ့အောက်ပါအတိုင်း ရရှိနိုင်တာလေ့လာတွေ့ရပါတယ်။ (၁) နှလုံးရောဂါကာကွယ်သည် ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ်သည်။ သွေးကြော နံရံများ မာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။ ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီ […]


ခင္ခNovember 1, 20121min42747
ငါးများများစားပါ နှင့် ကျန်းမာရေးအတွက် ထိရောက်သော ငါးစားနည်း။ ငါးလေးလို့ဆိုတဲ့ ငါးက ငါးသလဲထိုး လို့လည်းခေါ်ကြတယ်၊ ခေါင်းတစ်ရာသားလေးတွေလို့လည်း ခေါ်ကြ တယ်၊ တစ်ချို့ရယ်စရာပြောတာရှိတယ် တစ်ခါက ခေါင်းတစ်ရာငါးစားရင် ချမ်းသာသက်ရှည်တယ်ဆိုလို့ ကြက်၊ ဝက်၊ ဘဲငန်းများကို အကောင်တစ်ရာသတ်ပြီး ဟင်းပွဲတည်သည့် သူဌေးသားကတော့ မွဲသွားပါတယ်တဲ့၊ ခေါင်းတစ်ရာသားဆိုတာ ရှေးလူကြီးတွေပြောခဲ့တာ ဈေးသက်သာသည့် ငါးသလဲထိုး ငါးကို များများစားပါလို့ တင်စားပြောခဲ့တာဖြစ်ကြောင်း ဖတ်ဖူးပါတယ်။ ငါးသလဲထိုးမှာ ရေထဲတွင် အလွန်လျှင်မြန်စွာ ကူးနိုင်သောငါးအမျိုးအစားဖြစ်ပြီး မြန်မာတိုင်းရင်းဆေး ဆရာများ အဆိုအရ လေဖြတ် ဝေဒနာသည်များကို အာရုံကြောများ ပြန်လည်ရှင်သန်စေရန် အတွက် ငါးကလေးအိုးကပ် စားပေးသင့်ကြောင်း ညွှန်းဆိုကြပါတယ်၊ ငါးအမျိုးမျိုးတို့အပေါ် တိုင်းရင်းဆေးရှု့ထောင့်မှနေပြီး ဒီလိုခွဲခြားပြောပါတယ်၊ ငါးခူ၊ ငါးကျည်း၊ ငါးပြေမ၊ ငါးသလဲထိုး စသည်တို့မှာ တက်စာဖြစ်သည်။ […]


ခင္ခOctober 31, 20121min31225
နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး တဖန် နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး ပိဋကတ်တော်များတွင်လာရှိတာများကို ဖော်ပြပေးရမယ်ဆိုရင် (၁) နတ်တို့ချစ်မြတ်နိုးစေရန် မေတ္တာသုတ်ကို အမြဲရွတ်ဆိုပေးပါ။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၀၁) (၂) နတ်ဆိုတာ သမုတိနတ်၊ ဥပပတ္တိနတ်၊ ဝိသုဒ္ဓိနတ်ဆိုပြီး (၃)မျိုးသာ ရှိတယ်။ မင်း၊ မိဖုရား၊ မင်းသားတွေဟာ သမုတိနတ်များ ဖြစ်တယ်။ ဥပပါတ်ပဋိသန္ဓေနဲ့မွေးဖွားလာတဲ့ စတုမဟာရာဇ်စတဲ့ နတ်ပြည်(၆)ထပ်ဟာ ဥပပတ္တိနတ်များ ဖြစ်တယ်။ ပူဇော်အထူးကို ခံယူထိုက်တဲ့ ဘုရား၊ ရဟန္တာများဟာ ဝိသုဒ္ဓိနတ်များ ဖြစ်တယ်။ အလှူပေးခြင်း၊ ဥပုသ်သီလစောင့်ထိန်းခြင်းများ ပြုလုပ်သူဟာ မင်းစည်းစိမ်၊ သူကြွယ်စည်းစိမ်၊ နတ်ပြည်ခြောက်ထပ်စည်းစိမ်တို့ကို ခံစားရပါတယ်။ လူတို့ရဲ့အသက်ဟာ အသက်(၁၀၀)ကနေ တစ်ရာထက် အနည်းငယ်လွန်ပြီး (၁၆၀)မျှလောက်သာ အသက်ရှည်ကြပါတယ်လို့ မြတ်ဗုဒ္ဓက မိန့်ကြားခဲ့ပါတယ်။ (ဝိဘင်္ဂပါဠိတော်-၄၃၇) (၃) ကုသိုလ်ကောင်းမှုပြုပြီးတိုင်း နတ်တို့ကို […]


ခင္ခOctober 31, 20121min58423
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ကိုးကွယ်ခြင်းနဲ့ ပတ်သတ်၍ မေး။ ။ အရှင်ဘုရား တပည့်တော်စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေး တစ်ခုမေးလျှောက်ခွင့်ပြုပါဘုရား။ အဘဘိုးဘိုးအောင် ဘိုးမင်းခေါင်တို့သည် ဘုရားဟောပိဋကတ်တော်တွင် ပါဝင်သည်ဆိုတာ ဟုတ်ပါသလားဘုရား။ တပည့်တော်ငယ်စဉ်ကတည်းက ယခုအချိန်ထိ အနန္တောအနန္တငါးပါးကိုသာ ကိုးကွယ်ပူဇော်ဦး ချရာဟု သတ်မှတ်ထားပါသည်ဘုရား။ ဘုရားဝတ်ပြုတိုင်းတော့ အမျှဝေရာတွင် အဘဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ကို အမျှဝေပါတယ် ဘုရား။ သို့ပေမဲ့ ဦးချရှိခိုးခြင်းတော့မပြုပါဘုရား။အဲဒါတပည့်တော်မှာ အပြစ်ရှိပါသလားဘုရား။ တပည့်တော်မရဲ့ မိတ်ဆွေအချို့က ရှိခိုးသင့်တယ်။ ပိဋကတ်တော်မှာ သူတို့အကြောင်းပါတယ်စသဖြင့်ပြောကြပါတယ်ဘုရား။ တပည့်တော်ခံယူတာကတော့ အနန္တောအနန္တငါးပါးကလွဲ၍ ပူဇော်ရာရှိခိုးဦး ချရာမရှိဟု သတ်မှတ်ပါသည်ဘုရား။ တပည့်သိချင်တာလေးကို ဖြေကြားပေးတော်မူပါဘုရား။ ဖြေ။ ။ ကိုးကွယ်ရာနဲ့ပတ်သတ်ပြီး ပိဋကတ်တွင်လာရှိတာများကို ပထမဦးဆုံး ဖော်ပြပေးပါမယ်။ (၁) မိမိကိုယ်ကိုသာ အားကိုးရာ ဖြစ်တယ်။ တစ်ပါးသူဟာ အားကိုးရာမဟုတ်ပါ။ မိမိကိုယ်ကိုအားကိုးပြီးကြိုးစားအားထုတ်မှသာ […]


ခင္ခOctober 30, 20121min34741
အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ရှိသည့်သူများ ဖတ်ရန်အတွက်။ ကိုယ်ကျင့်သီလဟာ အသက်ရှင်နေခြင်းထက် ပိုအရေးကြီးတယ်ဆိုတာကို နားမလည်ကြတဲ့ လူတွေရဲ့ ပါးစပ် ဖျားမှာ ရေပန်းစား နေတဲ့ အူမတောင့်မှသီလစောင့်နိုင်မယ် ဆိုတဲ့စကားကို ကျွန်တော်နားယဉ်ခဲ့တာ ကြာပါပြီ။ သောက်စရာရေမရှိ လို့ မိုးခါးရေသောက်ကြရသလို အသက်အသေခံ၊ ဆင်းရဲဒုက္ခခံပြီး သီလမစောင့် နိုင်ကြ တာကို လောကီအမြင်နဲ့ ကြည့်ရင်တော့ အပြစ်မဆိုသာဘူးပေါ့။ အသက်ရှင်ရပ်တည်ရေးအတွက် လူ့ကျင့်ဝတ်တွေအကုန်လုံးကို မစောင့်ထိန်းနိုင်ပါဘူးလို့ဆိုရင် တတ်နိုင်တဲ့ ကျင့်ဝတ်တွေကို ကြိုးစားပြီးစောင့်ထိန်းသင့်ပါတယ်။ တစ်ပါးသီလလောက် ဖြစ်ဖြစ်ပေါ့။ တစ်ပါးသီလ ဆိုတဲ့ ဇာတ်လမ်းကို မြန်မာ့ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မကြာခဏ ထုတ်လွှင့်ခဲ့တာကို နားထောင်ဖူး၊ ကြည့်ဖူးတဲ့သူ တွေ ရှိမှာပါ။ မသိလိုက်တဲ့သူတွေအတွက်  မှတ်မိသလောက် ပြန်ပြောပြချင်ပါတယ်။ ဇာတ်တော်တခုခုကို အခြေခံထားတာလားတော့ သေချာမသိပါဘူး။ ဘဘဦးသုခ ရိုက်ကူးခဲ့တာလို့တော့ သိရပါတယ်။ […]


ခင္ခOctober 29, 20121min32024
ဓလေ့မတူသော်လည်း အနှစ်သာရတူလို့ ဂါရဝပြုကန်တော့ကြရာဝယ်။ ရွာထဲ သီတင်းကျွတ်သက်ဆိုင်တဲ့ ပိုစ့်လေးတွေ ဖတ်ရတော့ စိတ်ထဲကြည်းနူးမိပါတယ်။ ငါ့တို့ရွာကြီး ဂါရဝတရားနဲ့လျော်ညီလို့ ကြည်းနူးစရာယဉ်ကျေးမှု့လေးတွေနဲ့ ပြည့်နေပါလားလို့။ အဲဒီမှာ ကိုယ့်ရဲ့မိဘ ဆွေမျိုးနဲ့ ကိုယ်ထက်အသက်အရွယ်ကြီးသူ ဝါအားဖြင့်ကြီးသူ အကြောင်းတစ်ခုခုအရ လေးစားထိုက် ကြည်ညိုထိုက်သူတွေကို ဂါရဝတရားရှေ့ထားလို့ မြန်မာတွေဟာ ကန်တော့ကြ တစ်နှစ်ပတ် လုံး ကာယကံ ဝစိကံ မနှောကံ နဲ့ပြစ်မှားတာများရှိရင် ခွင့်လွတ်ဖို့တောင်းပန်ကာ ကန်တော့ပန်းဆင်ကြ လူကြီး သူမ တွေကလည်း အမှတ်သညာမရှိတဲ့အကြောင်း ကျန်းမာ ချမ်းသာလို့ ကောင်းကျိုးဖြာရေး ဆုတွေပေးကာ ချစ်ခင်လိုက်ကြတာ အတော်ကိုဝမ်းသာကြည်နူးစရာပါဗျာ။ တစ်ချို့ဆို မုန့်ဖိုးတောင်ပြန်ပေးသဗျ။ ခင်ခက ရန်ကုန်မှာလည်းနေခဲ့ပြီး မန်းမှာလည်းနေသူမို့ အဲဒီမှာ ဓလေ့မတူပေမည့် အနှစ်သာရတူညီတဲ့အရာ လေးတွေ့ရလို့ ရေးမလို့လေ။ ရန်ကုန်နဲ့ အောက်မြန်မာပြည်မှာက မိဘ ဘိုးဘွား […]


ခင္ခOctober 26, 20121min23913
ဗိုက်ဆီကျစေတဲ့ အစားအစာများ အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။ ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပါပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ […]


ခင္ခOctober 26, 20121min32219
ဦးနှောက် ကို ပျက်စီးစေသော အကြောင်းတရား (၁၀) ခု ခင်ခရဲ့တိုလီမိုလီစာပေစုတွေထဲက ဖတ်ဖူးတဲ့စာအုပ်တစ်ခုထဲမှ ဦးနှောက် ကို ပျက်စီးစေသော အကြောင်းတရား (၁၀) ခု အကြောင်းလေးကို ကျန်းမာရေး ဗဟုသုတအဖြစ် မျှဝေရေးပေးမိတာပါ။ ဦးနှောက်ကို ပျက်စီးစေတဲ့ အကြောင်းတရား (၁၀) ခုကတော့ အောက်ပါအတိုင်းပါဘဲဗျာ။ ၁) စကားနည်းခြင်း အသိဉာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။ ၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။ ၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် […]


ခင္ခOctober 25, 20121min52331
”ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့” ခင်ခရေးတင်လိုက်တဲ့ ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများ ပိုစ့်မှာ Mobile ရဲ့  “ ကင်ဆာရောဂါ မဖြစ်ခင်မှာ တစ်ရက် ရေနွေးကြမ်း ၂ လီတာ ပုံမှန်သောက် သုံးပေးပါက ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်´´ လို့ ကွန်မန့်ပေးထားတာလေးမှာ ရေနွေးကြမ်း သောက်ခြင်းသည်ကင်ဆာကို ကာကွယ်တဲ့ အကြောင်းလေးပါလို့ ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲက ပြန်ရှာပြီး မျှဝေရေးမိ လိုက်တာပါ။ ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ဝိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေ တာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့  ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို […]


ခင္ခOctober 24, 20121min26520
ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများ ၁။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း မိန်းကလေးအများစုက ကိုယ်အလေးချိန် လျော့နည်းသွားတာကို သဘောကျတတ်ကြပါတယ်။ လေ့ကျင့်ခန်း မလုပ်ပါဘဲ၊ အစားအသောက် လျော့စားတာမျိုး မရှိပါဘဲ တစ်လအတွင်း ကိုယ်အလေးချိန် ၁ဝ ပေါင်လောက် ရုတ်တရက် ကျသွားတဲ့အခါ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းတာက ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိသလို တခြားအကြောင်းဖြစ်တဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုတွေ များနေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသပါ။ ဆရာဝန်က သိုင်းရွိုက်ဂလင်းနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ၊ ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါ အစိတ်အပိုင်းတွေကို CT ရိုက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ၂။ လေပွခြင်း လေပွတာက အများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ သားဥအိမ်ကင်ဆာမှာလည်း လေပွတာ […]


ခင္ခOctober 24, 20121min22620
ရချင်ရင် ပေးပါ မပေးဘဲ မရချင်ပါနဲ့။ ကိုယ်ကရချင်ရင် ကိုယ်ကအရင် ပေးပြရမှာ ဖြစ်ပါတယ်။ ပေးရတယ်ဆုိုတဲ့ စကားက ပေးရင် ရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို ပေးလိုက်တဲ့အတွက် ရလာတဲ့ အခါမှာလည်း ကုိုယ်ပေးလုိုက်တဲ့ အရာနဲ့တန်အောင်တော့ ပြန်ရကြတာပဲ ဖြစ်ပါတယ်။ ဒီပေးခြင်းဟာ ပစ္စည်း ဥစ္စာပေး ခြင်းမျိုးကိုပဲ ဆိုလုိုတာ မဟုုတ်ပါဘူး။ ရုပ်ဝတ္ထု အသွင်အပြင် စိတ်နေစိတ်ထား အနေအထား အားလုုံးနဲ့ သက်ဆုိုင်နေတာပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ကုိုယ်ဘာလုိုချင်လဲဆုိုတာ ကိုုယ်ကုိုယ်တုိုင် ရွေးချယ်ပြီး ကုိုယ်က အပြုံးလုိုချင်ရင် ကုိုယ်ကအရင် ပြုံးပြရမှာဖြစ်သလုို ကုိုယ်က အကောင်းကြားချင်ရင်လည်း ကုိုယ်ကအရင် အကောင်းပြောပြရမှာ ဖြစ်ပါတယ်။ အဲဒီလုိုပဲ ကုိုယ့်ကုို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင် ကုိုယ်ကအရင် အကောင်းဆုုံးဖြစ်အောင် ပြုမူနေ […]


ခင္ခOctober 23, 20121min12512
ဝေဖန်ခြင်း အပေါ်အတွေး။ လူလောကမှာနေဖြစ်ကြတဲ့အခါ ကိစ္စရပ်တစ်ခု၊ အပြုအမှုတစ်ခု၊ လုပ်ဆောင်မှု့တစ်ခု စသည်အပေါ်တွေမှာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေ ဝေဖန်ခံရမှု့ အပေါ်အတွေးလေးပေါ်လာလို့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေထဲက ပြန်ဖတ်ပြီးတော့ မျှဝေရေးမိတာပါ။ လူတွေက သူတို့အတွေးနဲ့ သူတို့ ချီးမွမ်းချင်တိုင်း ချီးမွမ်းမယ် …..ကဲ့ရဲ့ချင်တိုင်း ကဲ့ရဲ ့မယ် …..တစ်ခါတစ်လေ ချီးမွမ်းစရာ မဟုတ်တာကို ချီးမွမ်းတတ်တယ် ၊ ကဲ့ရဲ့စရာမဟုတ်တာကို ကဲရဲ့တတ်တယ် …အဲဒါတွေကြောင့် ကိုယ်ကလိုက်ပြီး စိတ်လှုပ် ရှားနေရင် ကိုယ်ဟာ တော်တော် စိတ်ဓါတ်မခိုင်မာတဲ့ သူ ဖြစ်နေမှာပေါ့။ ချီးမွမ်းတာ ကဲ့ရဲ့တာကို ဘယ်လိုမှ သဘောမထားဘဲ ကိုယ့်ဟာကိုယ် စိတ်တည်တည်ငြိမ်ငြိမ်အေးအေး ချမ်းချမ်းနဲ့ ကိုယ် လုပ်သင့်တဲ့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှသာ စိတ်ဓာတ် ရင့်ကျက်သူလို့ ခေါ်နိုင်ပါတယ်။ သူတို့ ဝေဖန်တိုင်း […]