မြစပဲရိုးSeptember 17, 20151min27418
ဘာရယ်တော့ မဟုတ်ပါဘူး။ သမ္မတကြီး ဦးသိန်းစိန် တို့ အစိုးရ ရဲ့ နိုင်ငံရေး၊ စီးပွါးရေး အတွက် ဒေါ်လာများစွာကြေးကြီး ပေး ငှားထား တဲ့ အမေရိကန်လော်ဘီ အဖွဲ့ကြီး ဘာတွေများ အလုပ်ရှုပ်နေကြသလဲ လို့ပါ။ .တော်ကြာ အစိုးရ လော်ဘီ ဆိုတော့ အတိုက်အခံ ကိုလဲ မသိမသာ ပညာတွေ ပြနေမစိုးလို့ မေးကြည့်တာပါ။ သူတို့ နဲ့ရောပြီး အသားထဲက လောက်မထွက် ကြပါစေနဲ့ လို့တော့ ဆုတောင်းပါတယ်။   ဒီလောက် မဲစာရင်း က ဖြစ်ချင်သလိုဖြစ် ပွစာကြဲ အမှား တွေ ဖြစ်နေလဲ သက်ဆိုင်ရာ တာဝန်ရှိသူများ ဒီ အတိုင်း ငြိမ်နေကြတယ်။ . ရွေးကောက်ပွဲ လုပ်တာ ၁၉၉ဝ မှာတစ်ခါ၊ […]


မြစပဲရိုးSeptember 15, 20151min55636
ကျွန်မ နိုင်ငံရေးကျွမ်းကျင်သူမဟုတ်ပါ။ ဒါပေမဲ့ ကျွန်မလဲ အများတကာ (အထူးသဖြင့် – ဒေါ်အောင်ဆန်းစုကြည် စပယ်ရှယ်လစ် ဝေဖန်ရေးသမားကြီးများ)  ကဲ့သို့ ဝေဖန်ရေး လုပ်တတ်ပါတယ်။ .ဝေဖန်ရေးလုပ်တာက လက်တွေ့လုပ်စရာမှမလိုတာကိုး။ နော။ ဒီတော့ ပြောပါပြီ။ . ပြောသာပြောရ။ တကယ်တော့ ဝေဖန်ရေးထက် ရှေ့နေလိုက်ပေးတာဆို ပိုမှန်ပါလိမ့်မယ်။ .ရွေးကောက်ပွဲ နီးလာလေ လူတွေ ပိုစကားများလာလေ တနည်း လေတိုက်ပွဲ တွေ ပြင်းလာလေပါဘဲ။ ဒီတစ်ပါတ် ထဲ လက်ရှိအစိုးရအသိုင်းအဝိုင်း အကြိုက်တွေ့ဆောင်းပါး ကို နိုင်ငံခြား သတင်းစာ တစ်စောင် က ဖော်ပြခဲ့တယ်။ အဲဒီမှာ မြန်မာပြည်ထဲက နိုင်ငံရေးသမားတစ်ချို့အပြင် ပြင်ပက တစ်ချို့လဲ ပါတယ်။ ထုံးစံအတိုင်းပါဘဲ။ ဒီချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အုပ်ထားတာ။ အမျိုးတစ်ယောက် […]


မြစပဲရိုးSeptember 14, 20151min32614
.မြ တစ်ယောက် တွေ နေသည်။ .ကြားလိုက်ရသော စကားတစ်ခွန်းကြောင့် ဖြစ်သည်။ နည်းပညာကျေးဇူး ကြောင့် ဈေးပေါသော စမတ်တယ်လီဖုန်း နှင့် ကဒ် များ ဖန်တီးပေးနိုင်သည် မှ မြန်မာပြည် တွင်လဲ တောရော၊ မြို့ပါ မကျန် ဆက်သွယ်ရေးကောင်းမွန်ခဲ့သည်။ နယ်မှ အဒေါ်များနှင့် လဲ အဆက်အသွယ် ပြန်ရလာသည်။ အပါတ်တိုင်း သူတို့ နှင့် ဗိုင်ဘာ မှတစ်ဆင့် စကားပြောရတော့သည်။ အဒေါ်အပျိုကြီး နှစ်ယောက် အနက် အငယ် သည် ရပ်ရွာထဲတွင် ဟိုဟိုဒီဒီ လူမှုရေးများ လုပ်သည်။ ထို့ကြောင့် သတင်းစုံ ကြားရတတ်သည်။ မနေ့က သူ့ကို မဲထည့်ရန် တိုက်တွန်းလိုက်တော့ ကြံ့ဖွံ့ ကိုလဲ မထည့်၊ ဒီချုပ် ကိုလဲ မကြိုက် […]


မြစပဲရိုးSeptember 13, 20152min38914
ကျွန်မ သူ့ကို လော်စရာ မလိုပါ။ သွားလော်လိုက်ရင်တောင် သူ့ နယ်ကသူ တွေ က သူတို့လောက်တောင် သိလို့လား လို့ ပြန်မေးကြမှာ။ ဟုတ်ပါတယ်။ ကျွန်မ ချစ်သူငယ်ချင်း “နီနီဒွန်း” က ငယ်ဘဝ မှာ သူ့ကျောင်း က “လသာ (၂)” ပါ။ သူငယ်တန်း ကနေ ဒသမတန်း ထိပေါ့။ ချစ် အစ်မဒုံ တို့ ချစ်မမ တို့ ရဲ့ ညီမတော်ပေါ့။ သူလဲ အပျိုကြီး ပါဘဲ။ . နောက်တော့ စီးပွါရေးတက္ကသိုလ် က ဘီကွမ်း ဘွဲ့ ရပါတယ်။ . ကျောင်းပြီးတာ နဲ့ သူ့ အမေ ဆေးခန်း ရှိရာ အရပ် “ပေါက်ခေါင်းမြို့” […]


မြစပဲရိုးSeptember 1, 20151min51421
ချစ်လှစွာသော “သူမ လေး”  ရဲ့ ဒီနေ့ကျရောက် တဲ့  မွေးနေ့ မှ သည် * ပျော်ရွှင်သော * ငြိမ်းချမ်းသော * လှပသော * အေးမြသော * အောင်မြင်သော * နေ့ရက်ပေါင်းများစွာ ဖြင့်  နောင်နှစ်ပေါင်းများစွာ ဖြတ်သန်းနိုင်စေသောဝ်။ ချစ်တဲ့ အရီး xxxxx


မြစပဲရိုးAugust 20, 201526min50446
အစကတော့ ရွာထဲ က လူတွေထဲ ခြေလှမ်းဦး မဲကျ တဲ့ လူတွေ ကို ဘဲ စစ်တမ်း လုပ်ဖို့ပါဘဲ။ ဒါပေမဲ့ အခုတော့ အားလုံးပါပြီး စည်ကားသွား အောင် မောင်အံ ရဲ့ စာရင်း နဲ့ ဇီကလေးရဲ့ စာရင်း ကို ညှိပြီး ရွာသန်းခေါင်စာရင်း လုပ်လိုက်ပါတယ်။ အဲဒီ စာရင်းထဲ မှာ ရွာသက်တမ်း ကို ရက် နဲ့ တွက်ပြီး အစဉ် အတိုင်း လုပ်ထားပါတယ်။ ရွာသက်တမ်း ကို ပို့စ် စတင်တဲ့ နေ့ နဲ့ သူနောက်ဆုံး ပို့စ် တင်ခဲ့ တဲ့ Active ရက် ကို ခြားနားပြီး တွက်ထားတာပါ။ (Last Date […]


မြစပဲရိုးAugust 20, 20151min44419
ပွိုင့် တစ်သိန်း ပြည့်သွားပေမဲ့ လက်ကျန် မဲ တစ် မဲ ကျန်နေသေး သည်။ ထိုနောက်ဆုံး နံပါတ် ကိုကြည့်ပြီး ဗိုက်နှိပ်ရီ မိသည်။ (အမှန်တကယ်ကြီး ပါ၊ ပြဇာတ်ကတာ မဟုတ်ပါဘူး) ရွာထဲ လက်ရှိ ငုတ်တုတ် ရှိနေဆဲသူ တစ်ယောက် အပြင် ရွာ့ ကင်မ်ချိ တုံး ကြီး မို့ နှိုက်မိတဲ့လက် ကို ဆုပေးရမလား၊ ဒါဏ်ပေး သင့်သလား မသိ။ ဒါပေမဲ့ ဒီလောက် သောင်းကျန်း နေသူ ရဲ့ ရာဇဝင် ကို တူးရမှာလဲ စိတ်ဝင်စားဖို့ကောင်းတာမို့ တစ်ဖက်ကလဲ ဝမ်းသာမိသည်။ ထိုသူသည် မည်သူဟု ထင်ပါသလဲ။ သူ့ ခြေလှမ်းဦး ကို ဖတ် ကြည့်ကြည့် ကြပြီးရင် […]


မြစပဲရိုးAugust 19, 20151min1545
ရွာ မှာ ပျောက်နေတဲ့ လူတွေထဲ မှတ်မှတ်ရရ ရှိဖူး တဲ့ တစ်ယောက် ရှိခဲ့ပါတယ်။ နောက်ဆုံး မဲ တစ်မဲ ကို မနှိုက်ခင် Result လုပ် ထားတဲ့ အဲဒီ ကလေးတစ်ယောက် ရဲ့ ခြေလှမ်းလေး တွေ ကိုလဲ ပြောပြလိုက်ချင်ပါသေးတယ်။ သူကတော့ ဂဇက်ရွာထဲ အသက်အငယ်ဆုံး ဖြစ်တယ်လို့ သတ်မှတ်နိုင်တဲ့ “သားပု” ပါ။ ရွာထဲ သူစ ဝင်ချိန်တုန်းက ၉တန်း တက်နေပြီး ၁ဝတန်းစာမေးပွဲ ဖြေခါနီး ပျောက်သွားတာ အခုထိပေါ့။ ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ သိချင်စမ်းပါရဲ့။ သူ့ ကလောင်နာမည်က တော့ Burma ပါ။ သူ ရွာထဲ ရှိတုန်း မှာ စုစုပေါင်း ၄၆ ပုဒ်ရေးထားပါတယ်။ […]


မြစပဲရိုးAugust 18, 20151min1656
Quota က သုံးပုဒ် ဘဲ ကျန်တော့ လို့ မဲ ဆက် မနှိုက် သေးဘဲ Result ထားတဲ့ ကိုယ့်ရဲ့ ဖေးဘရိတ် ရွာသူ တစ်ယောက်ကို အရင် ဖော်ပြလိုက်ပါတယ်။ သူကတော့ ဂဇက်ရွာ ရဲ့ “အမေ” တီချယ်ကြီး တီတီနု ပါ။ တီချယ်ကြီး တီတီနု ကို လူတိုင်း နီးပါး သိကြမှာပါ။ သူ့ရဲ့ တတ်ကျွမ်းတဲ့ ပညာရပ် ကို ရွာထဲ က သား သမီး တွေ ကို အချိန်တွေမျှပေးပြီး သင်ကြားပေးခဲ့တာပါ။ တီချယ်ကြီး ကို ရွာထဲ ဆွဲခေါ်လာပေးတဲ့ ပုချ်လေး ကို လဲ အထူးကျေးဇူးတင်ပါတယ်။ တီချယ်ကြီး ရဲ့ ပထမ ခြေလှမ်း က […]


မြစပဲရိုးAugust 16, 20151min32318
ပြီးခဲ့တဲ့ ၃ပါတ်လောက် က အလုပ် ထဲမှာ ရခဲ့တဲ့ အီးမေး  အကြောင်းလေးပါ။ လက်ရှိအလုပ်က ချာရတီ အဖွဲ့အစည်း တစ်ခု ရဲ့ Bookkeeper ခေါ်ခေါ်၊ စာရင်းကိုင် ခေါ်ခေါ် ဆိုပါတော့။ တာဝန်ယူရတာ တွေထဲ မှာ ဘော့စ် ကို Supplier  ကို Payment လုပ်ဖို့အတွက် စာရင်း ပြင်ပေးရတာလဲ ပါပါတယ်။ Supplier တွေထဲ က တစ်ယောက် ကို ဟိုးအရင်လ တုန်းက ပိုက်ဆံ နှစ်ခါ ထပ်ပေးမိခဲ့တယ်။ အဲဒီအကြောင်း ကို အဲဒီ Supplier ဆီ email ပို့ ခဲ့တယ်။  Refund လုပ်ပေးဖို့။ ဒါကို သူက စာရင်းမှတ်ထားမယ်ပြောပြီး Refund မလုပ်ပေးဘူး။ […]


မြစပဲရိုးAugust 16, 20151min1894
ဒီတစ်ခါ မဲ ကျသူက Aye Lwin Oo လို့ခေါ်ပါတယ်။ နာမည်ကြည့်ပြီး သိပ်ပြီး မမှတ်မိဘူး။ ဒါပေမဲ့ သူ့စာ တွေ ဖတ်လိုက်တော့ မှတ်မိခဲ့ပါတယ်။ သူ့ ပထမဆုံး ရွာထဲ အဝင် ခြေလှမ်းက Sep 25, 2013  မှာ “မင်းနဲ့အတူ” ဆိုတဲ့ ကဗျာတစ်ပုဒ် ပါ။ တစ်ချို့ ချွဲတတ်သူ တွေကတော့ ” မင်းလေးသာ အနားရှိ တစ်ခြားဘာမှ မလိုပါ” ဘာညာ သာတကာပေါ့။ ဒါပေမဲ့ သူကတော့ အဲလိုမဟုတ်။ တစ်ခြား အရာ တွေ လိုသေးပုံရေးထားတာရော။ အသေအချာဖတ်ကြည့်တော့  သူက အဲဒီ တစ်ခြားဟာ တွေ ကို ပိုတောင် လို နေတာလား မသိပါဘူး။ […]


မြစပဲရိုးAugust 14, 20152min2969
နံပါတ်တွေ က ကပ်ရက် ကပ်ရက် ဖြစ်နေလို့ မဲ နံပါတ် တွေ က မှောက်လိုက် သွန်လိုက် ဖွလိုက် မွှေလိုက် အမျိုးမျိုး လုပ်ပါတယ်။ စိတ်တိုင်းကျ ခနှောက်ဆန်ပြီး နှိုက်လိုက်ချိန် လက်ထဲ ပါလာတာ က ၁၀၁။ ပြီးခဲ့တဲ့ တစ်ခုကျော်က ကျထားတာက ၁၀၀။ ဘယ်တတ်နိုင်မလဲ ဆိုပြီး နာမည်ကြည့်တော့ “Asiamasters” တဲ့။ လူဟောင်းကြီး တွေကတော့ ကောင်းကောင်းသိမဲ့ ပုံပေမဲ့ ကိုယ့်အတွက်တော့ သိပ်ပြီး မယဉ်ပါးတဲ့ မမှတ်မိတဲ့ နာမည်ပါ။ ဒါနဲ့ ပိုပြီး စိတ်ဝင်စားသွားတယ်။ သူ့ရဲ့ ပထမဆုံးရွာကိုချခဲ့တဲ့ ခြေလှမ်းက Oct 17, 2010 မှာပါ။ ၂၀၀၉ နှစ်နှောင်း ပိုင်းမှာမှ လူသိများ လာတဲ့ […]


မြစပဲရိုးAugust 11, 20151min25911
ဒီတစ်ခါ အလှည့်ကျ လက်ထဲ ပါ လာသူက တော့ “မှန်မှန် ပြောတဲ့ မနှင်းဖြူ” လေးပါ။ သူကလောင် နာမည်က “မနှင်းဖြူမှန်မှန်ပြော”  တဲ့။ သူ ပို့စ် စတင် တော့ “Hnin” ဆိုတော့ ရွာထဲ  “နှင်းနှင်း” (ယခု ဝီလီလေး တို့ အမေ) နဲ့ လူမှားခဲ့ ကြသေး။ ဒီကလေးမလေး ရွာထဲ ကို ချလိုက် တဲ့ အဦးဆုံး ခြေလှမ်း က Jan 7, 2013  နေ့မှာ  “နောက်ဆုံး ဘူတာ “ ဆိုတဲ့ ဘာသာပြန် စာစု လေးနဲ့ပါ။ ရထားစီး ခရီးသည် ကောင်မလေး တစ်ယောက် နဲ့ ကောင်လေး တစ်ယောက် […]