khin ooNovember 1, 20141min1369
မိမိဝါသနာမှာစာရေးခြင်း စာဖတ်ခြင်းတို့ဖြစ်သည် ။ ဒီဝက်ဆိုက်ကို မရောက်မှီက တနည်းဆိုသော် မန်ဘာမဖြစ်မှီက ဝင်ဖတ်ခဲ့ပါသည် ။ စာဖတ်ရင်းဖြင့် မိမိဝါသနာပါသော စာရေးခြင်းကို စတင်ချင်မိသောစိတ်ဖြစ်မိသည် ။ မည်သည့်အကြောင်းများကိုရေးရမည်မသိဖြစ်မိသည်။ ကျွန်တော်ရေးမိသောအကြောင်းအရာများတွင် မှားယွင်းမှုများပါမည်ကိုစိုးရိမ်မိသည် ။ ဤသို့ဖြင့် အချိန်ယူပြီး ရေးသင့် မရေးသင့် စဉ်းစားမိသည် ။ ကျွန်တော်တို့သည်ငယ်စဉ်အခါက စာစီစာကုံးများရေးသားခဲ့ဘူးသည် ။ စည်းကမ်းပေါင်းများစွာဖြင့် ရေးသားစေခဲ့သောကြောင့် ထိုစာစီစာကုံးများရေးသားရခြင်းကို စိတ်ဝင်စားခြင်းအလျင်းမရှိကြပေ ။ အမှတ်ပေးစည်းမျဉ်း အရ မည်သို့ရေးရမည်ဟု ဆရာများကပြောသည် ။ ကျွန်တော်တို့ရေးလိုသော ဖွဲ့စည်းပုံများကို လက်ခံခြင်းမရှိသောကြောင့် ကျွန်တော်တို့စာစီစာကုံးများသည် ခေတ်အဆက်ဆက် တပုံစံတဲသာဖြစ်နေကြသည် ။ ယနေ့ကာလသည် အွန်လိုင်းဘလော့များ Fb အကောင့်များတွင် လွတ်လပ်စွာရေးသားနိုင်ပြီဖြစ်သောကြောင့် မိမိဝါသနာပါသောအကြောင်းအရာတို့ကို ခံစားတင်ပြလာနိုင်ပြီဖြစ်သည် ။ ထို့ကြောင့် ကျွန်တော်လည်း မိမိတွေ့ကြုံခံစားကြားဖူးသည်များကို […]