လောကဓံ (၈)ပါးနဲ့ အထုအထောင်းခံ   ကိုယ်အပျင်းပြေချင်ရုံ သက်သက်နဲ့ သူတပါးထိခိုက်မဲ့အလုပ်ဆို ပင့်ကူအိမ်တောင် မဖျက်ဖူးတဲ့ကောင် အခုတော့………………. လောကဓံ(၈)ပါးက သူ့ဘဝကို အပျင်းပြေကစားလို့ ချစ်ခိုင်းလိုက် လွမ်းခိုင်းလိုက် အမြင့်တင်လိုက် ပုတ်ချလိုက် အောက်စီဂျင်ပေးလိုက် ရေနစ်လိုက်နဲ့ ဘဝကြမ္မာရဟတ်က သူတို့နဲ့တင် တပတ်ပြီးတပတ်လည်နေတော့တယ်။ ကံအကျိုးပေးပုံက ငွေရမလားလို့ ထီထိုးပါတယ် အက္ခရာအစ ဂဏန်း ၆လုံးပါလွဲတယ် အကုန်အကျသက်သာအောင် လိုင်းကားစီးကာမှ  ကပ်ပြီးတော့အနှိက်ခံရတယ်(ခါးပိုက်နှိက်) အသားဝယ်ဖို့ဈေးသွားပါတယ် ကန်စွန်းရွက်တင် ၁စည်း ၁၀ဝတဲ့ဗျာ။


မှော်   အိပ်မက်နတ်သမီးရဲ့ အနမ်းသစ်သီးကို မွတ်သိပ်စွာခူးဆွတ်မိသူ……………။ ပန်းမုန်တိုင်းကြားမှာ အိပ်မက်လှိုင်းတွေထန်ခဲ့ပေါ့။ “ချစ်တယ်” ………. သူနဲ့တွေ့ရင် ဒီစကားတခွန်းပဲ ပြောတက်တော့တယ်။ ခွဲခွာခြင်း ပုံပြင်ကို သူပြောတုန်းက “ဟိုးရှေးရှေးတုန်းက” လို့မစခဲ့ဘူး။ ကိုယ့်အနာဂတ်က သူ့လက်ထဲကပန်းအိုးတစ်လုံးပါ ကံကြမ္မာဆိုတာ သူစေညွန်ရာပေါ့။ အဲဒီလို ရူးခဲ့တဲ့ကောင်ရဲ့ ညတိုင်း…………. အိပ်မက်တွေရိုင်းခဲ့တယ်။  


ည….. တိတ်ဆိတ်နေသည် ကြယ်စုံ၍ လသာသည် ထိုကြောင့် ကျွန်တော်အကြင်နာကို အရမ်းလွမ်းမိသည်။ နံရံပေါ်မှ အိမ်မြောင်တစ်ကောင်၏ စုပ်သပ်သံကြားရသည်။ ကျွန်တော် ဝေဒနာကို သနား၍ဖြစ်မည်။ အဝေးမှ သူ့ရယ်သံကိုကြားရသည် ဓါတ်ပုံထဲမှ အကြင်နာက ကျွန်တော်ကို ပြုံးပြသည်။ ကျွန်တော် နှလုံးသွေးများ လျင်မြန်စွာလည်ပတ်၍ ရင်ခုန်နှုန်းများ မြင့်တက်လာသည်။ စားပွဲပေါ်မှ စက္ကူဘူးကိုဖွင့်လိုက်သည် ကျွန်တော်ရူးသွပ်မြတ်နိုးစွာ သိမ်းဆည်းထားသော သူသုံးပြီးသား Tissue များထွက်လာသည်။ ထိုအခါ သူ၏ကိုယ်သင်းနံအချို့ကိုရလိုက်၏ ဤအချိန်တွင် အကြင်နာကို ပို၍လွမ်းမိပြန်သည်။ ကံကြမ္မာက အကြင်နာနှင့် ကျွန်တော်ကို ဝေးကွာစေခဲ့သည်။ ကျွန်တော်တို့ချစ်လျက်နှင့် ဝေးခဲ့ရ၏။ သို့သော် ဝေးလျက်နှင့်ပင် ကျွန်တော် အကြင်နာကို ချစ်နေသေးသည်။ မြားနတ်မောင်သည် ဘယ်ဆီတွင် နေမှန်းကျွန်တော်မသိ၍ မဆက်သွယ်ခဲ့ပါ။ အပိုလို၏ အချစ်ကို ဒါဖနိကရှောင်ပယ်ခဲ့၍ ဩဂုတ်လမွေးဖွားသူ(သိဟ်ရာသီဖွား)တို့ […]