kohtetDecember 14, 20101min873
ယနေ့…ခေတ်မှီလာသောအလှူခံများ အကျွနုပ်သည်အချိန်များစွာအားလပ်နေလေ့ရှိသောကြောင့်မိမိစိတ်ပါဝင်စားသော အကြောင်းအရာတို့ကိုလေ့လာခြင်းဖြင့်ပျော်မွေ့နေမိလေသည်။ ၂၀၁ဝ ခုနှစ်အတွင်းမြန်မာနိုင်ငံတွင်း၌ စီးပွားရေး၊နိုင်ငံရေးအပြောင်းအလဲများနှင့်အတူအခြားသောအပြောင်းအလဲများကို လည်းတွေ့မြင်ခဲ့ရပါသည်။ ယနေ့ခေတ် ၂၀၁ဝ ခုနှစ်အတွင်းတွင်မြန်မာ့အလှူခံများသည် Globalization ၏ရိုက်ချက်များကြောင့် များစွာGlobal ဆန်ှလာသည်ကို ထူးခြားစွာတွေ့ရှိရပါသည်။ Waka Waka သည်မြန်မာ့အလှူခံသီချင်းဖြစ်လာခြင်း၊ ယခင်မြန်မာ့အဆိုတော်ကြီး များနေရာတွင် Micheal Jackson, Akon,  DJ Remix များနေရာအခိုင်အ မာရပ်တည်လာခြင်းကြောင့်မြန်မာတို့၏အလှူခံခြင်းပုံစံတွေကသိသာစွာပြောင်းလာ ခဲ့ပြီဖြစ်သည်။ ခေတ်မှီဖက်ရှင်ပုံဆန်းများ၊အမျိုးသားများမှအမျိုးသမီးများကဲ့သို့ဝတ်ဆင်ကာကပြအသုံးတော်ခံခြင်း မှာစေတနာအလှူရှင်တို့အားဆွဲဆောင်ဖို့ရာနည်းလမ်းကောင်းတစ်ခုဖြစ်ပြီးပရိတ်သတ်အထူးနှစ်ခြိုက် ခြင်းကိုခံရသည်။ ၎င်းအဝတ်အစားမှာရှာဖွေရလွယ်ကူခြင်း၊သီချင်းနှင့်လိုက်ဖက်မှုရှိခြင်း၊လွတ်လပ်မှုရှိ ခြင်း၊စေတနာရှင်အလှူရှင်တို့၏ကျေနပ်နှစ်သက်မူကိုရရှိခြင်းကြောင့်ယခင်မြန်မာ့ရိုးရာ လမ်းစဉ်များနေ ရာတွင်အစားထိုးလာခြင်းဖြစ်သည်ဟုယူဆရပါသည်။ Waka Waka သီချင်းနောက်ခံဖြင့် နိဗ္မာန်ရောက်ကြောင်းတရားများနာကြားရသည့်မနက်ခင်းတိုင်းရင်ထဲဝမ်းသာပီတီဖြစ်ရသည် မှာလည်း အကြိမ်ကြိမ်ပင်ဖြစ်သည်။ ဤသို့ခေတ်မှီသောကမာ္ဘကြီးတွင်၊ခေတ်မှီသောသီချင်း၊ခေတ်မှီသောအကအလှတို့ဖြင့် ခေတ်မှီမြန်မာ့အလှူခံတို့ကိုမြင်ရတိုင်းအတွေးများစွာပွားများရပါတော့တယ်။


kohtetNovember 26, 20101min900
customer တစ်ဦးဆုံးရူံးတဲ့အခါ Costs Of Losing a customer? (customer ဆုံးရူံးခြင်းအတွက်ကုန်ကျစရိတ်များ) customer တစ်ဦးတစ်ယောက်ဆုံးရူံးတဲ့အခါ company၊ organization အနေနဲ့အများကြီးဆုံရူံးပါတယ်။ဒါတွေအကုန်လုံးကိုလေ့လာကြည့်ကြရအောင်။ အရေးကြီးတဲ့ customer? Customer ဆိုတာဟာ….. (1) Disposable income (ကုန်ကျမှုအပေါ်သုံးစွဲနိုင်တဲ့ဝင်ငွေရှိတဲ့သူ) (2) Can make choice (လွတ်လပ်စွာရွေးချယ်နိုင်စွမ်းရှိတဲ့သူ) လို့ဆိုပါတယ်။ customer တွေဟာ “freeman” တွေဖြစ်တဲ့အတွက်ကိုယ်ရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုအပေါ်မကျေနပ်တာနဲ့၊အလိုမကျတာနဲ့တစ်ပြိုင်နက်ကိုယ့်ပြိုင်ဘက်ရဲ့ customer ဖြစ်သွားမှာဖြစ်ပါတယ်။ Management Guru တစ်ယောက်ဖြစ်တဲ့ Peter f. Drucker က“The sole purpose of a business is to create a customer” “စီးပွားရေးလုပ်ငန်းတွေရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ဟာ […]


kohtetNovember 25, 20101min832
Myanmar Economy Trend In 2010 * ၂၀၁ဝတွင် Tata ကား company စတင်ရင်းနှီးမြုပ်နှံ။၂၀၁၁ မတ်လတွင်စတင်မြည်ဟုဆို။ * 2010 May၊ April လများတွင် ဗီယက်နမ်-မြန်မာ စီးပွားရေးသဘောတူညီချက်များစွာရေးထိုးထားခဲ့ပြီး၊ ဗီယက်နမ်ရင်းနှီးမြုပ်နှံသူများသည် ရေလုပ်ငန်းနှင့်အိမ်ခြံမြေဈေးကွက်များကိုပိုမိုစိတ်ဝင်စားကြောင်းတွေ့ရှိရပါသည်။ * ၂၀၁ဝ ခုနှစ်အတွင်းတွင်တရုတ်သည်မြန်မာနိုင်ငံ၏သဘာဝဓါတ်ငွေ့အများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်လာသည်။ * မြန်မာနိုင်ငံမှဗီယက်နမ်နိုင်ငံသို့သစ်တောထွက်၊လယ်ယာထွက်ကုန်၊ရေထွက်ကုန်ပစ္စည်းများတင် ပို့နေရပြီး၊ဗီယက်နမ်မှမြန်မာနိုင်ငံသို့ စတီး၊လျှပ်စစ်၊ဆေးဝါး၊စက်ရုံသုံး၊ဓါတုထွက်ကုန်၊ computer and Related၊ ပလတ်စတစ်၊အလှကုန်နှင့်စက်သုံးဆီများတင်သွင်းလျှက်ရှိပါသည်။ * August ,13, 2009 တွင် India-Asean free Trade လက်မှတ်ရေထိုးခဲ့ပြီး..June,11,2010 တွင် Myanmar-India လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်စတင်အသက်ဝင်။ * မြန်မာနိုင်ငံတွင် ၂၀၁ဝပြည့်နှစ်သည်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအမြင့်ဆုံးနှစ်ဖြစ်ခဲ့ပြီး အောက်တိုဘာလကုန်တွင်အမေရိကန်ဒေါ်လာ၃၂ဘီလီယံနီးပါးရှိခဲ့။ * ၂၀၁ဝ နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာစစ်တွေရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင်အပြီးတည်ဆောက်မည်ဖြစ်သည်။ […]


kohtetNovember 19, 20101min570
What is an Entrepreneur? …………… • “An entrepreneur is an individual who accepts financial risks and undertakes new financial venture”. • Entrepreneur ကိုစီးပွားရေးလုပ်ငန်းတစ်ခုကိုဖွဲ့စည်းတည်ထောင်လုပ်ဆောင်ပြီးလုပ်ငန်းအောင်မြင်အောင်စွန့်စားတီထွင်ဆောင်ရွက်သူ” ဆိုပါသည်။ • Entrepreneur သည် ပြင်သစ်စကားလုံး “entre” (to enter) and “prendre” (to take) မှဆင်းသက်လာခြင်းဖြစ်သည်။ • Entrepreneurအတွက်အကောင်းဆုံးနဲ့အရှင်းဆုံးသောအဓိပါယ်မှာ…“စွန့်၊ဦး၊တီထွင်၊လုပ်ငန်းရှင်”ဖြစ်ပြီး “စီးပွားရေးလုပ်ငန်းသစ်တစ်ခုကိုစွန့်စားလုပ်ကိုင်သူ၊ဦးဆောင်မှုပြူသူ၊တီထွင်ကြံဆသူ” ဟူရျ်ဖြစ်ပါသည်။ Who is an Entrepreneur? စွန့်ဦးတီထွင်သူသည်……………… 1. Need for Achievement (အောင်မြင်ချင်တဲ့စိတ်ပြင်းပြခြင်း) 2. Perseverance (ကြံ့ကြံ့ခံနိုင်တဲဇွဲရှိခြင်း) 3. Moderate […]