kolumbusOctober 31, 20131min1291
ရပ်နားသွားပြီဖြစ်တဲ့သူရိယအလင်းဂျာနယ်နဲ့ အသစ်ထွက်လာတဲ့ သူရိယနေဝန်းဂျာနယ်တို့ဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်လိုက်တယ်။ သူရိယနေဝန်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမိုးဟိန်းက ဂျာနယ်လစ်ကွန်ရက်ရဲ့ သဘောထားကို အသိအမှတ်မပြုဘူးလို့ ဆိုတယ်။ သူ့အပြောက “အာဏာရှင်တွေနဲ့ ခရိုနီတွေရဲ့ ဩဇာကရော၊ ကျနော့်ကို ပြောတဲ့ ပုဂ္ဂိုလ်တွေကရော ကင်းလွတ်ရဲ့လား။ သူတို့ကို ကိုယ်စားပြုပြီး ကျနော့်ကို မေးနေတာလားဆိုတာ မေးမယ်။ သူရိယ အလင်းနဲ့ သူရိယနေဝန်းသည် ကမာ္ဘ့စာနယ်ဇင်း၊ အမေရိကန်တို့လို၊ အင်္ဂလန်တို့လို ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ရှိတဲ့ စာနယ်ဇင်း ကျင့်ဝတ်ကိုပဲ ကျနော်တို့ စံလုပ်ထားတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း ဒီမိုကရေစီ ရတဲ့ တနေ့မှာ မြန်မာပြည်ရဲ့ စာနယ်ဇင်းကျင့်ဝတ်သည် ကမာ္ဘ့စာနယ်ဇင်း ကျင့်ဝတ်နဲ့ တသားတည်း ဖြစ်စေရမယ်။ အဲဒီမတိုင်ခင် စပ်ကြားကာလမှာ ကျနော်တို့ကို သူတို့တိုင်းချင်တဲ့ […]


kolumbusOctober 13, 20131min28513
ဒီရက်ပိုင်း သတင်းတွေဖတ်ရင်း သတိပြုမိတာကတော့ ကုလားနဲ့မလုံလောက်ရင် တရုတ်အရေးလာမယ့် သဘောတွေတွေ့ရတယ်။ ရခိုင်အရေး၊ မြစ်ဆုံအရေး၊ လက်ပံတောင်းအရေး၊ ကျောက်ဖြူအရေး၊ မိတ္ထီလာအရေး၊ မိုးစက်ဝိုင်အားလုံးဟာ တစ်နေရာမှာ မြစ်ဖျားခံနေတယ်ဆိုတာ သတိပြုမိကြမှာပါ။ တစ်နည်းဆိုရရင် turning point တွေပါ။ ဒီတစ်ပွိုင့်မှာ မလှည့်ရင် နောက်တစ်ပွိုင့်မှာလှည့်အောင် ကြိုးစားကြမှာပါ။ ဒီ turning point တွေမှာ သူတို့လိုချင်တဲ့ ဘက်ကိုလှည့်အောင် ကြိုးစားကြသလို၊ ကျနော်တို့ကလည်း ကိုယ်လိုချင်တဲ့ဘက်ကို လှည့်အောင်ကြိုးစားဖို့လိုပါတယ်။ အခြေအနေအရပ်ရပ်အရ တည့်တည့်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။ သူတို့က ဘယ်ဘက်ကိုလှည့်ရင်၊ ကျနော်တို့က ညာဘက်လှည့်မယ်။ သူတို့ကညာဆိုရင် ကျနော်တို့ကဘယ်၊ သူတို့ဆွဲတဲ့ဘက်ကို မကွေ့ဖို့လိုတယ်။ အဓိက က ပန်းတိုင်ကိုရောက်ဖို့ပါ။ မိုးစက်ဝိုင် ကိစ္စနဲ့ပတ်သက်ရင် မြန်မာပြည်ဖွားတရုတ်တွေ စနိုးစနှောင့်ဖြစ်စရာမလိုပါဘူး။ No Big Deal ပါ။ […]